Aung Ko U
“နေ့စဉ်ပြောကြား အင်္ဂလိပ်စကား (၁၄)”
နေ့စဉ်စကားပြောရာတွင် မိမိကြိုက်နှစ်သစ်သည့် ရုပ်ရှင်၊ ဗွီဒီယို၊ တီဗွီ အစီအစဉ်၊ စာအုပ်၊ သရုပ်ဆောင်၊ အစားအစာ စသည်ဖြင့် အကြောင်းအရာမျိုးစုံကို ပြောလေ့ရှိကြပါသည်။ ယခုတစ်ပတ်တွင် မိမိ၏ နှစ်သစ်သည့် ကိစ္စရပ်များအတွက် ပြောဆိုရာတွင် အသုံးပြုသည့် စကားပြော ပုံစံများကို ဆက်လက် ရေးသား လိုက်ပါသည်။
Who ဖြင့် မေးသည့် မေးခွန်းပုံစံများ
- Who is your favorite singer?
မင်းရဲ့ အကြိုက်ဆုံး အဆိုတော်က ဘယ်သူလဲ
... - Who is your favorite athlete?
မင်းအကြိုက်ဆုံး အားကစားသမားက ဘယ်သူလဲ

What ဖြင့် မေးသည့် မေးခွန်းပုံစံများ
- What is your favorite movie?
မင်းရဲ့ အကြိုက်ဆုံး ရုပ်ရှင်က ဘာလဲ
- What is your favorite game?
မင်းရဲ့ အကြိုက်ဆုံး ဂိမ်းက ဘာလဲ
- What was the title of your favorite song?
မင်းရဲ့ အကြိုက်ဆုံး သီချင်းက ဘာလဲ
Where, When, How တို့ဖြင့်လည်း မေးနိုင်ပါတယ်
- Where is your favorite vacation spot?
အားလပ်ရက်သွားတဲ့အခါ အကြိုက်ဆုံးက ဘယ်နေရာလဲ
- When is your favorite time of day?
တစ်နေ့မှာ ဘယ်အချိန်ကို အကြိုက်ဆုံးလဲ
- How is your favorite noodles cooked?
ခေါက်ဆွဲကို ဘယ်လို လုပ်စားရင် အကြိုက်ဆုံးလဲ
သဒ္ဒါနည်းစနစ်အရ မမှန်သော်လည်း စကားပြောသည့်အခါ What ဖြင့်လည်း အောက်ပါအတိုင်း မေးနိုင်ပါတယ်။
- What is your favorite vacation spot?
- What is your favorite time of day?
အဖြေပုံစံများ
- My favorite movie is Air Force One.
ကျွန်တော် အကြိုက်ဆုံး ရုပ်ရှင်က “Air Force One” ပါ။
- My favorite singer is Taylor Swift.
“Taylor Swift” ကိုတော့ အကြိုက်ဆုံးပဲ။
- My favorite athlete is Tiger Woods.
အကြိုက်ဆုံး အားကစားသမားကတော့ “တိုက်ဂါး ဝုဒ်” ပါ။
အထက်တွင် ဖော်ပြခဲ့သည့် မေးခွန်းပုံစံများနှင့်လည်း မတူညီပဲ အကြိုက်ဆုံးကို အောက်ပါအတိုင်း မေးနိုင်ပါတယ်။
- What do you like to eat the most?
ဘယ်အစားအစာကို အကြိုက်ဆုံးလဲ
- My favorite food is ice cream.
ရေခဲမုန့်ကို အကြိုက်ဆုံးပါ။
- Which professors do you like the most?
ဘယ် ပါမောက္ခကို အနှစ်သစ်ဆုံးလဲ
- My favorite professor is Professor Kim.
ပါမောက္ခကင် ကို အနှစ်သစ်ဆုံးပါ။
ထို့အတူ Favorite ဆိုသည့် စကားလုံး မပါဘဲလည်း အောက်ပါအတိုင်း မေးနိုင်/ ဖြေနိုင် ပါတယ်။
- What is your favorite baseball team?
- I like Seattle Mariners the most.
- What is your favorite type of food?
- I love Italian food... especially pasta. They are so good.
- Who is your favorite music group?
- I really enjoy listening to Depeche Mode.
အောင်ကိုဦး (UMK)
Be the Best !

နေ့စဉ်ပြောကြား အင်္ဂလိပ်စကား(၁၅) ......အဲဒါ မတွေ့ပါခင်ဗျာ။ ပြန်တင်ပေးစေလိုပါတယ်။ အားလုံးအတွက် ကျေးဇူးပါ။
ReplyDelete