Guide Magazine
အစ္စရေးတို့ ဖန်တီးသော နည်းပညာသစ် မောင်းသူမဲ့ လေယာဉ်
အရှေ့ အလယ်ပိုင်းဒေသကို စစ်မီးမွေးစေမယ့် နည်းပညာသစ်လို့ သမုတ် နေကြပါတယ်။ အစ္စရေးကတော့ နည်းပညာသစ် နဲ့ မောင်းသူ မဲ့ လေယာဉ် တစ်မျိုးကို ထုတ်လုပ်လိုက်ပြီမို့ ဖြစ်ပါတယ်။
နေ့၊ည ကြည့်နိုင်ငံတဲ့ ဆွဲအားကောင်း ကင်မရာ ၂ လုံး၊ ရေဒါ၊ ဂြိုလ်တု ဆက်သွယ်ရေး စနစ်၊ လေဆာ သုံး ထောက်လှမ်းမှု စနစ်တို့ အခြေခံ ပါရှိပြီး စစ်လက်နက်များကို ကိုယ်လိုသလို တပ်ဆင်လို့ ရမယ့် လေယာဉ် ဖြစ် ပါတယ်။ ၂၄ နာရီပတ်လို့ မနားတမ်းပျံသန်းနိုင်ပြီး ရာသီ ဥတု ဘယ်လောက်ဆိုးဆိုး အတက်အဆင်း အလွယ်တကူ လုပ်နိုင် ပါတယ်။ ဝေဟင်မှာ လူမောင်းတိုက်လေယာဉ်များလိုပဲ ခပ်မြင့်မြင့် ပျံသန်းနိုင်ပြီး မြေပြင် ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာကအစ တိတိကျကျ ပုံရိုက်ကူ...းနိုင်ပါတယ်။

ယခုရက်ပိုင်းအတွက် အစ္စရေးမှ ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်ပြီင်္း ပါလက် စတိုင်းနဲ့ လက်ဘနွန်ကို ခြိမ်းခြောက်သလို ဖြစ်သွားပါတယ်။ ဒါကြောင့် လက်ဘနွန်အစိုးရ ဘက်မှ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ပြီး ပိုင်နက် နယ်မြေထဲသို့ အစ္စရေး လေယာဉ်များ ရောက်ရှိလာပါက ထိရောက်စွာ တုန့်ပြန်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
အစ္စရေးက အီရန်နဲ့လည်း မတည့်ပါဘူး။ ဒါ့အပြင် အီဂျစ်၊ တူရကီ တို့အပြင် အခြား ပတ်ပတ်လည်က ဘယ်နိုင်ငံနဲ့မှ ဆက်ဆံရေး မရှိတဲ့ နိုင်ငံ ဖြစ်ပါ တယ်။ ဒါကြောင့် မောင်းသူမဲ့ တိုက်လေယာဉ် တီထွင်ခြင်း၊ စစ်လက်နက် အသစ်အဆန်းများ ဖန်တီးထုတ်ဖော်ခြင်းက အစ္စရေးအတွက် အထောက် အခံကောင်းဟု ယူဆ ထားကြကြောင်း သိရ ပါတယ်။
.
Ref: techblog
Aung Kham (Guide Magazine)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။