နေ့တိုင်း သတိရနေတာလား ..
ဟင့်အင်း မဟုတ်ပါဘူး ..
အချိန်တိုင်း သတိရနေတာလား ..
ဟင့်အင်း .. မဟုတ်ပါဘူး ..
ဘာတော်စပ်လို့လဲ ..
ဟင့်အင်း ဘာမှမတော်စပ်ပါဘူး ..
သေချာတာတခု က တွေးလိုက်တိုင်း မဖြေနိုင်ပါဘူး ..
ဘာဖြစ်လို့လဲ .. သိချင်ကြမယ် ထင်တယ် ..
၁၉ ၉ ရ .. ခုနှစ် .. ရဲ့ နေ့ရက်များဟာ ..
ကျမ တို့ အိမ်ထောင်ဦး အစ ..
ချစ်တာခုတခုတည်း က အခြေခံပြီး တည်ဆောက်ခဲ့တဲ့ .. ဘဝ ထဲမှာ ..
သမီးကြီး ရောက်လာပြီးတဲ့ အထိ ..
ငွေရေး ကြေးရေး အတွက် .. ရတက်မအေးခဲ့ရတဲ့ ညပေါင်းများစွာ ..
ဗီဒီယို ထုတ်လုပ်သူ အနေနဲ့ .. တောင် အဆင်မပြေနိုင်တဲ့ ဘဝမှာ ..
တကယ်တမ်း သူ တည်ဆောက်ချင်တဲ့ သူ့ carrier က Film Director ပါတဲ့ ..
သူ့ရဲ့ ပထမဆုံးခြေလှမ်း မှာ သူ့ကို ဘယ်သူ က လက်ခံပြီး ရိုက်ကူးပေးပါ့မလဲ ..
ဘယ်မင်းသား ကို ရိုက်ပါရစေလို့ သွားပြောကြည့်ရမလဲ ..
မေးခွန်းပေါင်းများစွာ နဲ့ .. ကျမ တုန်လှုပ်ခြောက်ခြားနေတဲ့ အချိန်မှာ ..
၁၉ ၉ ၈ ခုနှစ် မတ်လ မှာ ကားစရိုက်ခွင့်ရခဲ့ပါတယ် ..
မဖြစ်ဖြစ်အောင်လုပ် ..
ကျနော် .. ရှိတယ် ..
ကျနော် .. အားပေးတယ် ..
ကျနော် .. ကူညီမယ် ..
ခု လုပ် တော့ ..
ချ .. တော့ ..
ဒီစကားတွေ နဲ့ တွန်းအား .. တခု ကို ..
သူ ပေးခဲ့တယ် ..
ရိုက်ကွင်းပေါ်မှာ ..
ရိုက်ကွင်း ဘုရင် ဆိုတာ ဒါရိုက်တာ ဆိုတဲ့ စည်းကို သူ လေးစားပြီး ..
ကျမ နံရိုးရှင် လိုချင်ခဲ့သမျှ ကို ..
မျက်နှာ တချက်လေးမှမပျက်ဘဲ ကူညီပေးခဲ့တယ် ...
သူ ကူညီလိုက်တာ .. ပါးပါးလေးပါ ..
တခုတ်တရ နင်တို့ကျေးဇူးတင်နေစရာလား
သူ နဲ့ ဆုံတိုင်း ခဏခဏ ပြောပေမဲ့ ..
ဘာပညာမှ မပြည့်ဝသေးတဲ့
ဒါရိုက်တာ ဝင်းထွန်းထွန်း ကို ..
၁၀၀% ယုံကြည်မှု အပြည့်ထည့်ပေးခဲ့တဲ့ ..
အဲဒီ စိတ်ဓါတ်အင်အား ..
ကျမ တို့ ဘယ်တော့မှ မေ့လို့မရဘူး ..
ဒါရိုက်တာ ဝင်းထွန်းထွန်း ဆိုတဲ့ အမည်နာမ တခု ရဲ့ ..
ပထမဆုံး ခြေလှမ်းဟာ ..
သူ့ရဲ့ ယုံကြည် အားပေးမှု နဲ့ စတင်တည်ဆောက်ခဲ့ရပါတယ် ..
သူ နဲ့ ကျမ နံရိုးရှင် နဲ့ သာ နောက်ပိုင်းတွေ့ကြ ဆုံဖြစ်ကြပေမဲ့ ..
ကျမ နဲ့ သူ တခါဖူးမှ အပြင်မှာ မဆုံတွေဖူးခဲ့ဘူး ..
၂၀၀၇ ခုနှစ် ရဲ့ မိုးတွင်းမှာ နံရိုးရှင် က စကားတခွန်း ပြောလာတယ် ..
" July ထဲမှာ အကို နဲ့ ကားရိုက်ရှိတယ်" .. တဲ့
အဲဒီမှာ ကျမ နံရိုးရှင် ကို ကျမ ပြောမိတဲ့စကားက ..
" ဒီတခါ ဦး ရှုတင်မှာ အကို နဲ့ ဆုံရင် .. အကို့ကို သစ် ရှိခိုးကန်တော့ပြီး ..
တဘဝစာလုံးအတွက် ကျေးဇူးတင်ကြောင်း ပြောပြရဦးမယ်" .. လို့ ..
ကျမ လား ..
ဟုတ်ကဲ့ ..
ကျမ သူ့ကို ကန်တော့ပြီး ..
" တဘဝစာလုံးအတွက် ကျေးဇူးတင်ပါတယ် အကို " လို့ ပြောခွင့်ရခဲ့ပါတယ် ..
အဲဒီနေ့ ညနေ က မိုးတွေရွာနေတယ် ..
ညနေဘက်မှာ ခပ်ဖွဲဖွဲရွာတယ် ..
တစ နဲ့ တစ သည်းလာတယ် ..
မိုးသည်းထဲမှာ နာရေးကူညီမှုကားကြီး က မောင်းထွက်သွားတယ် ..
အဲဒီ အချိန် မှာ .. လူတွေ အားလုံး ငိုကြတယ် ..
သူ ကြားမကြားတော့ မသိဘူး ..
ကျမ အဲဒီ အချိန်မှာ ပြောခွင့်ရလိုက်တာပါ ..
သူ ထွက်သွားခဲ့လိုက်တာ .. July 11 ရက်နေ့ ..
သူ နဲ့ ကျမ နံရိုးရှင် ကားရိုက်ရမှာ July 14 ရက်နေ့ ..
နေ့တိုင်း သတိရနေတာလား ..
ဟင့်အင်း မဟုတ်ပါဘူး ..
အချိန်တိုင်း သတိရနေတာလား ..
ဟင့်အင်း .. မဟုတ်ပါဘူး ..
ဘာတော်စပ်လို့လဲ ..
ဟင့်အင်း ဘာမှမတော်စပ်ပါဘူး ..
သေချာတာတခု က တွေးလိုက်တိုင်း မဖြေနိုင်ပါဘူး ..
ကျမ ရဲ့ " တဘဝစာလုံးအတွက် ကျေးဇူးတင်ပါတယ် အကို" ဆိုတဲ့ စကားတခွန်း ကို
ပြောခွင့်ရှိတဲ့ အချိန်မှာ မပြောဖြစ်ခဲ့တာအတွက် ..
ပြောခွင့်မရှိတော့တဲ့ အချိန်ကျမှ ..
တသသတွေးလို့ ..
တွေးလိုက်တိုင်း မဖြေနိုင်ပါဘူး ..
ဒါကြောင့် ကျမ ပြောပါတယ် ..
နောင်တတွေများလွန်းလို့ ..
ရှေ့လျှောက် .. ကျမ ..
နောင်တ နည်း ချင် ပါ တယ် .. လို့ .. လေ
ကျမ တို့ ချစ်သော အကို .. ကောင်းရာဘုံမှာ ပျော်ရွှင်နေနိုင်ပါစေ ..
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။