TechSpace Journal
Apple ရဲ့  အဓိကကျသော ပုဂ္ဂိုလ်က ဘယ်သူလဲ
ဇွန်လ ၁၀ ရက်နေ့က iOS 7 ကို Apple တို့ မိတ်ဆက်ပြသခဲ့ပြီး လူအတော်များများ မဖြေနိုင်တဲ့ မေးခွန်းကို ရှင်းလင်းသွားစေခဲ့ပါတယ်။ ယင်း ကတော့ Apple ရဲ့  လက်ရှိ အဓိက အကျဆုံးသူက Jonathan Ive ဖြစ်နေခြင်းပါ။
လေ့လာသူအားလုံး မှ တူညီသော အသံထွက်ရှိလာမှု ဖြစ်ပါတယ်။ စင်ပေါ် မတက်ခဲ့ ပေမယ့် Jonathan ရဲ့ ကြိုးပမ်းမှုကို ဗီဒီယိုမှာ ထည့်သွင်း ဖော်ပြတော့ Apple ရဲ့ iOS 7 ဖန်တီးမှုမှာ သူဘယ်လောက် အားပါတယ်ဆိုတာ သိသာ မြင်သာ စေခဲ့ပါတယ်။
အသက် ၄၆ နှစ်ရှိပါပြီ။ ၁၉၉၆ ခုနှစ်ကစလို့ Apple ကို Join ပြီး ကြိုးစား လုပ်ကိုင်လာသူ ဖြစ်ပါတယ်။ ယနေ့မှာ သူဟာ Senior Vice President ရာထူး ရရှိထားသူပါ။ iPhone 5S မှာလည်း Jonatha...n ရဲ့ ပြောင်မြောက်တဲ့ လက်ရာတွေ တွေ့ရအုံးမယ်လို့ယုံကြည်ထားကြပါတယ်။

သူက လန်ဒန်မှာ ဒီဇိုင်း နဲ့ အနုပညာမှာ ဘွဲ့ရထားသူ ဖြစ်ပါတယ်။ Apple ကိုယ်စားပြုပြီးတော့ တစ်နှစ်တာ ဒီဇိုင်နာဆုကိုလည်း ၂၀၀၃ ခှုနှစ်တုန်းက ရခဲ့ဖူးပါတယ်။ အင်္ဂလန်ကပေးတဲ့ တော်ဝင်ဒီဇိုင်နာဆုလည်း ရရှိပါတယ်။
Apple ရဲ့ တူမတူတဲ့ အသွင်အပြင်၊ဒီဇိုင်းအားလုံး Jonathan ဆီက လာတာမို့ ကမ္ဘာ့ နည်းပညာ လောကက လေးစားတဲ့လူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။
..
Ref:mashable
Aung Kham (TSJ team)
http://blog.techspace.com.mm/2013/07/apple.html

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။