TechSpace Journal
Stuff Myanmar Magazine
Samsung Galaxy NX ကင်မရာ
အခုတစ်လော Galaxy တွေအတန်းစီပြီး ထွက်နေလို့ ဝေဖန်သူတွေ ဆူညံနေတဲ့အချိန်မှာ ဒီတစ်ကြိမ်လည်း လာပြန်ပါပြီ၊ဒါပေမယ့် Android ဖုန်းအနေနဲ့လာတာမဟုတ်ပါဘူး၊ကင်မရာအနေနဲ့ထွက်ရှိလာမှာပါ၊
ထိတွေ့မျက်နှာပြင် Andorid OS နဲ့ထွက်ရှိလာတဲ့ Galaxy NX300 ကင်မရာဟာဆိုရင် မျက်နှာပြင်အကျယ် ၄.၃ လက်မ၊ ကင်မရာ mega pixel ကတော့ 20.3 MP နဲ့ထွက်ရှိလာပါတယ်၊
ဘတ္ထရီအားသွင်းတဲ့ စနစ်ဖြစ်ပြီး အင်တာနက် ချိတ်ဆက်အသုံးပြုလို့
ရနိုင်ပါတယ်၊စမတ်ဖုန်းတွေလို ဗီဒီယိုနှင့်သီချင်းများကိုပါ ကြည်ရှုခံစားလို့
ရမည့်အပြင် Android game များကိုပါထည့်သွင်းကစား လို့ ရစေမှာဖြစ်ပါတယ်၊
လာမယ့် ဇွန် ၂၀ ရက်နေ့ Samsung’s London Premier Event ပွဲမှာ မိတ်ဆက်ပြသ သွားမယ်လို့ ဆမ်ဆောင်းရဲ့ အကြီးကဲဖြစ်သူ CEO's JK Shin ကပြောကြားထားကြောင်းသိရပါတယ်၊
Ref:techblog
Khun Nay(stuff myanmar)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။