ငယ်ငယ်က တည်ငြိမ်တယ်ဆိုတာကို အခြေခိုင်ခိုင် တည်တည်ငြိမ်ငြိမ်ထင်ခဲ့တာဗျ။ ဖြစ်တယ်လောက်ပဲ သိပြီးတော့ ပျက်စီးတယ် ကျရှုံးတယ်ဆိုတာတွေက အာရုံထဲ သိပ်ရောက်ခဲ့တာ မဟုတ်တော့လေ။
ဘယ်လောက်ပဲ ခိုင်မာပါတယ်ပြောပြော၊ ဘယ်လောက်ပဲ တည်ငြိမ်ပါတယ်ပြောပြော၊ ဘယ်လောက်ပဲ အောင်မြင်နေပါတယ်ပြောပြော မမြင်နိုင်တဲ့ အခြေအနေလေး သတိမထားမိလိုက်တဲ့ အပြောင်းအလဲလေးတစ်ခုကြောင့် ဆန့်ကျင်ဘက်အနေအထားတွေ လုံးလုံးမထင်ထားတာတွေ ဖြစ်လာနိုင်ပါလားဆိုတာ တဖြည်းဖြည်းနဲ့ သဘောပေါက်လာပါတယ်။
ဆီးဆောဆစ်ခုပေါ်မှာ ရောက်နေသလိုပါပဲ ကိုယ့်ဘာသာကိုယ် ထိန်းချုပ်ရတာထက် ကိုယ့်ရဲ့ဆန့်ကျင်ဘက် အနေအထားတစ်ခုကို ကိုယ်လိုချင်တဲ့ အနေအထားရအောင် နည်းပေါင်းစုံနဲ့ ကြိုးပမ်းနေရတာ သိပ်မောတာပါပဲ။ ကြားထဲမှာ မမြင်နိုင်တဲ့ အထောက်အပံ့တွေ အဖျက်တွေလဲ ကြုံနေရ၊ ဆက်ပြီးလဲ ကြုံရဦးမှာပါပဲ။
ဒီလိုမျိုး ဆီးဆောနဲ့တူတဲ့ ဘဝကို လျှောက်လှမ်းနေရတယ်ဆိုတဲ့ သဘောတရားလေးတစ်ခု ခေါင်းထဲ ဝေဝေဝါးဝါးလေးေ...ပ်ါလာတဲ့အချိန်မှာတော့ ကျွန်တော်က ဆုံလည်မှတ်ကနေ အတော်လေး ခပ်ဝေးဝေးရောက်နေပြီဗျာ....။

Photo Credit: Getty Image
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။