Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, March 17, 2013

ခေါင်းဆောင်ကောင်း ကိုလိုချင်ရင် ခေါင်းရှိဖို့တော့လိုလိမ့်မယ်

 
လက်ပံတောင်းတောင် ပြဿနာနဲ့ ပတ်သက်ပြီး သဘောမတူတဲ့ဘက်က တချို့ ပြောကြားချက်တွေက အစီရင်ခံစာကို သေသေချာချာ မဖတ်ပဲ ပြောနေကြတာတွေကိုလဲ တွေ့ရတယ် ။ ဥပမာ မီးလောင်ဗုံး ပြဿနာဆိုပြီးထောက်ပြ နေကြတာကလဲ ကော်မရှင် စဖွဲ့ပြီးတာဝန်ပေးလိုက်ကတည်းက ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ အထိကရုဏ်းဖြစ်စဉ်ကို စုံစမ်းဖို့ တိကျစွာစေခိုင်းထားတာလဲ မတွေ့ရ ပဲ (င) ၎င်း စီမံကိန်းနှင့် ဆ...က်နွယ်၍ စိစစ်ရန် လိုသည်ဟု ကော်မရှင်က ယူဆသော အကြောင်းအရာများ၊ ဆိုတဲ့ ခေါင်းစဉ်ဖြင့်သာ လုပ်ပိုင်ခွင့် ရှိနေတာဖြစ်ပါတယ်
ဒါပေမဲ့ ဒီမီးလောင်ဗုံး ပြဿနာနဲ့ ပတ်သက်ပြီးတော့ အစီရင်ခံစာ ၉၀ ၊ ၉၁ ၊ ၉၂ များတွင် ကော်မရှင်၏ စစ်ဆေးတွေ့ရှိချက် အကြံပြုချက်များကို ဖော်ပြထားပါတယ် ။
အစီရင်ခံစာမှာ ဥပဒေပညာရှင်များမှ ဥပဒေရှုထောင့် စီပွားရေးပညာရှင်များမှ စီပွားရေးရှုထောင့် သဘာဝပတ်ဝန်းကျင် ကျွမ်းကျင်ပညာရှင်များ လူမှုဝန်းကျင် ကျွမ်းကျင်ပညာရှင်များ မှ အားနည်းချက် များကိုထောက်ပြပြီး အကြံပြုချက်များ ပါဝင်ကာ လယ်တီ ဆရာတော်ဘုရားကြီး လက်ပံတောင်တောင်တွေ သီတင်းသုံးခဲ့မှု ဆိုင်ရာတွေ့ရှိချက်နှင့် အခြားယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများ နှင့်ပတ်သက်၍လဲ သက်ဆိုင်ရာ ဆရာတော်ကြီးများနှင့် သမိုင်းပညာရှင်များ စီစစ်၍ သမိုင်းအထောက်အထား အလွန်နဲပါး၍ မသေချာ ပဲ ထိုပတ်ဝန်းကျင်ဟုသာ ဖော်ပြထားကြောင်းတွေ့ရသည်
ဒေသခံများနှင့်ပတ်သက်၍ လဲ လျော်ကြေးကို ကာလပေါက် ဈေးအတိုင်း ရရှိရန်နှင့်စီမံကိန်း ဒေသရှိ ပြည်သူများအတွက် အဖက်ဖက်မှ လိုအပ်ချက်များကို ဖြည့်စည်းပေးရန် အကြံပြုထားကြောင်းတွေ့ပါသည် ။ ရေရှည်အကျိုးစီးပွားအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းေ၇းလုပ်ငန
်းစဉ် များပါဝင်ပြီး နိုင်ငံအတွက် ရော အနာဂတ် မျိုးဆက်အတွက်ပါ ကြံရွယ်ပြီး လိုအပ်သည်များဖြည့်စွက်ကာ စာချုပ်သစ် ပြန်လည်ချုပ်ဆိုဖို့ကိုလဲ တိုက်တွန်းထားပါတယ်
တကယ်တန်းမှာတော့ ဒီအစီရင်ခံစာဟာ အလုံးစုံ ပြည့်စုံခြင်း မဟုတ်သော်မှ အဖက်ဖက်မှ ချင့်ချိန်၍ အကျိုးပြုနိုင်တဲ့ အစီရင်ခံစာ ဖြစ်တယ်ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး
သို့ပေမဲ့ တဖက်က ဘာကြောင့်များ အသဲအသန် ကန့်ကွက် နေပါသလဲ ? သူတွေရဲ့ အကြောင်းပြချက်ကတော့
၁ ။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှာကြောက်တဲ့ သဘာဝပတ်ဝန်းကျင် မြတ်နိုးသူများ
၂ ။ လယ်ယာမြေများ အဆုံးရှုံး မခံလိုတဲ့ လယ်ယာ ချစ်သူများ
၃ ။ တောင်ကြီးကို သိပ်ချစ်၍ တောင် မရှိရင် ဘဝရပ်တည်ဖို့ မဖြစ်နိုင်ပဲ ရင်ကွဲနာကျ သေနိုင်သူများ
၎ ။ အပြောင်းအလဲကို ကြောက်ရွံ့တဲ့ ရိုးမြေကျ နေလိုသူများ
၅ ။ စစ်တပ်ကျောထောက်နောက်ခံ ဦးပိုင် ကိုမကျေနပ်တဲ့ စစ်မုန်းရန်လိုများ
၆ ။ တရုတ် အစိုးရကို မကျေနပ်တဲ့ မျိုးချစ်ယောင်များ
၇ ။ DASSK ရဲ့ နိုင်ငံရေးလမ်းစဉ် အပေါ် .... မနှစ်မြို့တဲ့ နိုင်ငံရေး တဇောက်ကန်းများ
၈ ။ မင်းသား မလုပ်ရ ပတ်မကြီးထိုးဖောက်လိုတဲ့ ဖိုးပါချင်များ
၉ ။ transition တခုရဲ့ ပြယုဂ်ဖြစ်တဲ့ နုနယ်မှုများ
သဘာဝ ပတ်ဝန်းကျင် ထိခိုက်ခြင်းနဲ့ ပတ်သက်ပြီးတော့ အစီရင်ခံစာ တွင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနဲ့ ပတ်သက်သိအကြံပြုချက်များပါဝင်ပြီး စီမံကိန်းကို အကောင်အထည်ဖော်ရင်တော့ အနည်းနဲ့ အများ ထိခိုက်မှာကတော့ မလွဲပါပဲ ။ ဘယ်နိုင်ငံမှာ မှ သဘာဝပတ်ဝန်းကျင် ကို full recovery ပြန်မလုပ်နိုင်ပါဘူး ။ ဒါပေမဲ့ ထုတ်မရောင်း မဖြစ်တော့ ရောင်းချနေကြတာ နိုင်ငံ အတော်များများပါပဲ ။ အတက်နိုင်ဆုံး အထိခိုက် အနည်းဆုံးလမ်းကို ရွေးချယ် လုပ်ဆောင်ကြရမှာပါ။ ဒါကိုမရမက ကျွန်တော် ကျမတို့ကတော့ ဘယ်လိုပဲနေရနေရာ တောတွေတောင်တွေနဲ့ တောကြီးထဲမှာပဲ နေချင်တယ်ဆိုရင်တော့ ဘာသယံဇတမှ ထုတ်မရောင်းရသေးတဲ့ ( Amazon ) အမေဇုန် တော ဆိုတာရှိပါတယ် ပြောင်းနေနိုင်ပါတယ်

ကျွန်တော်ကျမတို့က ဦးပိုင်က ပေးတဲ့ အလုပ်ကို မလိုချင်ပါဘူး လယ်ယာပဲ စိုက်စားတတ်တာဖြစ်လို့လယ်မြေ မရှိရင် မဖြစ်ပါဘူးဆိုတဲ့ လယ်ယာမြေချစ်သူများအတွက် အစီရင်ခံစာမှ လယ်ယာမြေများ ပြန်လည်ဖော်ဆောင်ရေးဆိုတာလဲ ပါဝင်ပြီးသားဖြစ်သလို ဆုံးရှုံးသွားတဲ့ လယ်ယာမြေများအတွက် သီးပင်စားပင် သီးနှံများကိုပါ ကာလ ပေါက်ဈေး ( Market Value ) အတိုင်း ပေးချေဖို့ အစီရင်ခံစာက အကြံပြုထားပါတယ်

တောတောင်ထဲမှာပဲ နေချင်ကြတဲ့ တောတောင်ချစ်သူများအတွက် တော့ မဟာမြိုင် တောတောင်ထဲသာပို့ပေးစေလိုပါတယ်/ သို့မဟုတ် တောတောင်ရှိတဲ့ အရပ်ဒေသကို ပြောင်းရွှေ့စေပြီး ပြီ နေထိုင်ခိုင်းကြည့်လိုက်ပါ ။

လူတော်တော်များများဟာ လက်ရှိ ရှိနေတဲ့ အနေအထား အခြေအနေကနေ တစုံတခုပြောင်းလဲ လိုက်လို့ လက်ရှိအနေအထားထက် အခက်အခဲ အကြပ်အတည်းတွေနဲ့ ရုန်းကန်ရခြင်းတွေ ရှိလာမှာကို သေမလောက်ကြောက်ကြပါတယ် ဒါကြောင့်လဲ ဒီလို ကြောက်တတ်တဲ့ လူတွေမှာ အောင်မြင်ခြင်း အခွင့်အလန်းတွေ ဆုံးရှုံးရတယ်လို့ အောင်မြင်ခြင်းဆီသို့ ဆိုတဲ့ စာအုပ်ထဲမှာ ငယ်စဉ်က ဖတ်ဖူးပါတယ် ။ အောင်မြင်ခြင်းတရားဟောတာမဟုတ်လို့ ဒီမှာရပ်ထားပါရစေ

စစ်တပ်နဲ့ ဦးပိုင်ကို မုန်းတာကတော့ ဒေသခံတွေထက် အဟဲ နိုင်ငံရေး တဇောက်ကန်း ပရောဟိတွေက ပိုမယ်ထင်ပါတယ် ။ ဒီပြဿနာမှာ အကယ်၍ စီမံကိန်း ဖျက်ရလို့ တရုတ်ကို လျော်ကြေးပေးရရင် စစ်တပ် ကုမ္တွဏီ ဖြစ်တဲ့ ဦးပိုင်က လျော်ကြေး အမြောက်အများ ပေးရ။ဦးပိုင်လဲ ကွဲ အစိုးရနဲ့ တရုတ်လဲ ဆက်ဆံရေးကွဲကြ ပြဲကြ ဖြစ်စေလိုပုံရပါတယ် ။ ဒါဟာ ကိုယ့်ရဲ့ မကျေနပ်တချက်တခုတည်းကိုသာ ဦးတည်တဲ့ အတ္တဆန် နိုင်ငံရေးသမားတွေရဲ့ လုပ်ရပ်လို့ပဲ သတ်မှတ်ချင်ပါတယ် ။အကယ်၍ ဦးပိုင်နဲ့ စစ်တပ်က ဒီအနေအထားအထိအဖြစ်မခံပဲ ထုံးစံအတိုင်း လုပ်မယ်ဆို...................... စဉ်းစားပါ မတွေးရဲစရာပဲနော် ကိုယ့်လူတို့

တရုတ် အစိုးရကိုတော့ ကျွန်တော်တို့ မြန်မာတင်မဟုတ်ဘူး အမေရိကန်ကြီးလဲ ကြေနပ်ဘူးဗျ သူ့မကြေနပ်တဲ့ သူ သိပ်များတော့ ကိုယ်တွေက အေးဆေး........ ကိုယ်ဆော်စရာမလိုဘူး ကိုယ့်ထက်ပါဝါကြီးတဲ့ ကောင်တွေ ဆော်လိမ့်မယ် ။ ကြားထဲက အမုန်းမခံချင်စမ်းပါနဲ့ဗျာ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့တော့ တချို့က အစိုးရ အသုံးချတာ ခံနေရတယ် ။ သဘောထားပျော့ပြောင်းတယ် ။ စစ်အစိုးရ အရာရှိကြီးတွေ အပေါ်မှာ သီးခံစိတ်လွန်ကဲနေတယ် ။ သမ္မတ ဖြစ်နိုးဖြစ်နိုးနဲ့ မျှော်ပြီး ကျုံးသွင်းနေတာ ဘာညာပေါ့လေ ထားပါတော့ ။ ၁ အချက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတဲ့ စကားရှိတယ် တိုင်းပြည်နဲ့ ပြည်သူအတွက် ဆို သူမကို အသုံးချ မယ်ဆိုလဲ ခံဖို့ အသင့်ပါပဲ လို့ ပြောဖူးတယ် ။ဥပမာ တခုအနေနဲ့ အားကြီးပါတယ်ဆိုတဲ့ ဆင်ကို ကျုပ်တို့က ချွန်းလေးနဲ့ ထိန်းပြီး ခိုင်းတာဗျ ဒီလိုပဲ ကျုပ်တို့ နိုင်ငံ ပြောင်းလဲဖို့ ရင်ဆိုင်နေရတာဟာ အင်အားကြီးမားတဲ့ အုပ်စု ဖြစ်တဲ့ စစ်တပ်ဆိုတာ မမေ့ဖို့လိုတယ် ။ လက်နက်ရှိနေတဲ့ လူတွေအတွက် ဦးနှောက်မရှိရင် မထင်ရင်မထင်သလို လုပ်တတ်တယ်ဆိုတာ သမိုင်းစာမျက်နှာတွေမှာပြန်လှန်ဖတ်ကြည့်ပါ သိပ်မဝေးသေးသောစာမျက်နှာများမှာ ရှိပါတယ် ။ ဒီလိုအခြေအနေရောက်လာအောင် ကျုပ်တို့ နှစ်ဘယ်လောက်စောင့်ခဲ့ရလဲ ။ ဒီလောက်စောင့်ခဲ့ပြီးမှာ ဖြေးဖြေးပေါ့ ဆန္ဒတွေ သိပ်စောလွန်းရင် ငန်း သတ်သလို ကိုယ်ကျိုးနဲမယ် ။ကျုပ်တို့တတွေ လက်နက်အင်အားနဲ့လဲ ပြောင်းလဲဖို့ကြိုးစားခဲ့ပြီးပြီ နှစ်ပေါင်းရှည်ကြာစွာ ။ လူထုအင်အားနဲ့လဲ ကြိုးစားခဲ့ပြီးပြီ အသက်ပေါင်း သွေးမြေကျ ခြင်းများစွာနဲ့ ဒါကြောင့် သူမ လုပ်နေတဲ့ လမ်းဟာ ဆင်တစ်ကောင်ကို လိုရာ ထိန်းနေတဲ့ ချွန်း တချောင်းရဲ့ စွမ်းအင်ဆိုတာ မမေ့သင့်ပါ။

ဒါပေမဲ့ တချို့တွေက တချိန်က ဆရာကြီးယောင်ယောင်တွေ တော်လှန်ရေး ရှည်ကြာလာတဲ့ အမျှ သီလတွေ သမာဓိတွေ ဂုဏ်သိက္ခာတွေ မစောင့်ထိန်းနိုင်တော့ နာမည်တွေပျက် သိက္ခာတွေကျ နိုင်ငံရေး အသိုင်းအဝန်းမှလဲ အဖတ်ဆယ်မရ လူမှုရေး အဝန်းအဝိုင်းမှာလဲ ဝင်တိုးမရ ဖြစ်လာတဲ့အခါ အခုလို နိုင်ငံခေါင်းဆောင်တချို့က အင်းတိုက်အားတိုက် ကြိုးစား ရုံးကန်နေကြချိန်ရောက်တော့ ဝင်မပါရမဲ့ အတူတူ မြေခွေးမြေခွေးခြင်းပေါင်းပြီး ပတ်မကြီးထိုးဖောက်ဖို့ လုပ်နေကြတာ သတိပြုကြဖို့လိုပါတယ် ။

Transition ဆိုတာလေးတော့ ကျွန်တော် အကျယ်တဝင့် မပြောတော့ပါဘူး ကျွန်တော်တို့ နိုင်ငံက ( Transition from Dictatorship to Democracy )အာဏာရှင် စနစ်ဆိုတဲ့ ဖိနှိမ့်မှုတွေ တရားမမျှတမှုတွေ နိုင့်ထက်စီးနင်းပြုကျင့်မှုတွေနဲ့အသားကျပြီးသာ ကျွန်တော်တို့တွေကို Democracy ဆိုတဲ့ တရားမျှတခြင်းတွေ လူ့အခွင့်အရေးတွေ ဥပဒေ စိုးမိုးမှုတွေ နဲ့ လွတ်လပ်ခြင်းတွေ တန်းတူညီမျှမှုတွေ ဆီကို ပြောင်းလဲနေတဲ့ နေရာမှာ လူမျိုးရေး ပဋ္ဋိပက္ခတွေ ဘာသာရေး ပဋ္ဋိပက္ခတွေ ။ နိုင်ငံရေး သွေးထိုးစမ်းမှုတွေ နဲ့ တချိန်က အဖိနှိမ်ခံတွေကနေ လွတ်လပ်လာတဲ့ အခါမှာ တချိန်က နာကျည်းမှုတွေကို ကလဲ့စားချေလိုစိတ် နာကျဉ်းစိတ်တွေကနေ ကနေ မသိမသာ ကိုယ်တိုင်ကိုယ်ကျ ဥပဒေချိုးဖောက်မှုတွေပါ ဖြစ်လာတတ်ပါတယ် ။ ဒါတွေဟာ Democracy Transition တိုင်းမှာ ဖြစ်တတ်တဲ့ ဖြစ်ရိုးဖြစ်စဉ်ပါ ။ သို့ပေမဲ့ ကိုယ်ကချိုးဖောက်နေတာကို မသိပဲ တဖက်က နှိမ်နင်းလာတဲ့အခါ မလိုလားအပ်တဲ့ ပဋ္ဋိပက္ခလေးကနေတဆင့် ထိန်းမရအောင် ကြီးမားတဲ့ ပဋ္ဋိက္ခကြီးဖြစ်ကာ တိုးတက်ရာကနေ နောက်ပြန်ကန်သွားတဲ့ သာဓကတွေလဲ ရှိပါတယ် ။ သတိကြီးကြီးထား ဆင်ခြင်ကြဖို့လိုပါတယ်

နိဂုံးချုပ် အနေနဲ့တော့ ကျွန်တော်တို့ ပြောချင်တာက တခုခုကို ကိုယ်က လုပ်တော့မယ်ပြောဆိုဝေဖန်တော့မယ်ဆိုရင် အဘက်ဘက်က နိုင်းယှဉ်လေ့လာပါ အကျိုးသက်ရောက်မှုတွေကို စမ်းစစ်ပါ ။ နိုင်ငံရေးလုပ်တယ်ဆိုတာ နိုင်ငံချစ်ရုံနဲ့ မရပါဘူး ဦးနှောက်ရှိဖို့လဲ လိုအပ်ပါသေးတယ် ။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံ ရင့်ကျက်မှုတွေ အသိပညာ ဗဟုသုတတွေကို ကျွန်တော်တို့ရဲ့ အချိန်တွေ နုပျိုမှုတွေနဲ့ ရင်းပြီးမှ ရတာဖြစ်ပါတယ် ဒီလိုပဲ နိုင်ငံတနိုင်ငံဟာလဲ ရင်းသင့်သလောက်ရင်းရပါမယ် ။ ခေါင်းရှိဖို့တော့ လိုတာပေါ့ဗျာ ။

တချိန်က အမေရိကန်ပြည်သူတွေက Alaska ပြည်နယ်ကို ရုရှားတွေဆီက အစိုးရက ဝယ်ဖို့ ကြိုးစားတဲ့ အချိန်မှာ အတော်လေး အတိုက်အခံဖြစ်ခဲ့တယ် ။ ဒါပေမဲ့ သူတို့ နိုင်ငံက ခေါင်းဆောင် တချို့က Seward ((http://en.wikipedia.org/wiki/William_H._Seward)) လို့ပဲ ခေါင်းမာမာနဲ့(သာမန်ပြည်သူတွေ မမြင်နိုင်တဲ့ ) ရေရှည်အကျိုးစီးပွားကို သိလို့ ရအောင်ဝယ်ခဲ့တယ် ။ အခုအခါမှာတော့ Alaska ဟာ အမေရိကန်အတွက် သိပ်တန်ဖိုးကြီးနေပြီ ။ သယံဇာတတွေ တင် မကပါဘူး ကမ္ဘာကြီး ပူနွေးမူ့ကြောင့် ကျယ်ပြန်လာတဲ့ ပင်လယ်ရေမျက်နှာပြင်မကြာခင် ပြန်လည်ခွဲဝေရေးစွဲတဲ့အခါမှာ အမေရိကန်ရဲ့ အထက်ပိုင် ပင်လယ်ရေမျက်နှာပြင် ကြီးစိုးချုပ်ကိုင်မှုကို အများကြီးအထောက်အကူ ဖြစ်သွားစေတယ်
ဒါဟာ သူတို့ နိုင်ငံခေါင်းဆောင်တွေရဲ့ နှစ်ပေါင်းများစွာ
ကြိုမြင်တွက်ဆနိုင်ပြီး အကွက်ရွှေ့တက်တဲ့ အရည်အချင်းကောင်း အမြော်အမြင်ကောင်းဆိုလဲ မမှားဘူးပေါ့ဗျာ ။ ကျွန်တော်တို့လဲ ဒီလို ခေါင်းဆောင် မျိုးတွေ များများ ရှိဖို့လို အပ်သလို ခေါင်းဆောင်ကောင်းတွေ လိုအပ်တဲ့ ကျုပ်တို့မှာလဲ ခေါင်းရှိဖို့ လိုအပ်ပါတယ် ။


credit to အညတရ မင်းဆရာ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။