Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, March 16, 2013

အူဝဲစကားနှင့် ဝန်ကြီးစကား နှိုင်းယှဉ်စဉ်းစားခြင်း။


Nik Nayman

အူဝဲစကားနှင့် ဝန်ကြီးစကား နှိုင်းယှဉ်စဉ်းစားခြင်း။

ဒီမိုကရေစီနိုင်ငံများရဲ့ ရွေးကောက်ပွဲ၊ မဲဆွယ်ပွဲကာလတွေမှာ ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းများအနေနဲ့ မဲဆွယ်ကြတာတွေ၊ စည်းရုံးဟောပြောတာတွေ၊ စကားစစ်ထိုးပွဲတွေ တွေ့ဖူးကြမှာပါ။ မိမိရွေးချယ်ခံရလျှင် စီးပွားရေးကို ဘယ်လိုပြုပြင်ပြောင်းလဲမှုလုပ်မယ်… ဆင်းရဲမွဲတေမှုကို ဘယ်လိုတိုက်ဖျက်မယ်… ပညာရေးကဏ္ဍကို ဘယ်လိုမြှင့်တင် မယ်… စသဖြင့် ပြောဆိုစည်းရုံးလေ့ရှိပါတယ်

ကျုပ...်တို့နိုင်ငံမှာလည်း သမ္မတရုံးဝန်ကြီးတစ်ယောက်က ၁ နာရီအတွင်းလုပ်ပေးမယ်။ ၁ နှစ်အတွင်းလုပ်ပေးမယ်။ ၃ နှစ်အတွင်းလုပ်ပေးမယ်နဲ့ အာဂကတိကဝတ်တွေနဲ့အတူ သမ္မတလောင်း မဲဆွယ်သလို ဘဝင်လေဟပ်၊ ပက်ပက်စက်စက်ပြောထွက်နေတာ နားခါးလွန်းလှပါတယ်ဗျာ။ ဝတ်မှုံရွှေရည်ရဲ့ Pillows ချောကလက်ဝေဖာကြော်ငြာ ထဲကလို ဘယ်လိုပြောရမလဲ… ဘယ်လိုပြောရမလဲ… ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တော့မယ်။ လျှာတော်ရှည် ဝန်ကြီးတစ်ပါး အစိုးရအဖွဲ့ထဲမှာ ရှိနေတာကြောင့် ကျွန်တော်တို့ အစိုးရအတွက်တော့ သိက္ခာကျစရာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဝန်ကြီးရဲ့လျှာမှာ ကမ္ဘာ့အကောင်းဆုံး ဆာဘိုဘရိတ်တစ်ခုတပ်ထားဖို့တော့ အမှန်တကယ် လိုအပ်နေပါပြီ။

နှုတ်ကြောင့်သေတတ်ပါတယ် ဝန်ကြီးရယ်… သမိုင်းကြောင်းလေးတွေက သိပ်မကြာလှသေးပါဘူး… မေ့ချင်ယောင်မဆောင်ပါနဲ့ဦး… ဖျောက်ဖျက်ဖုံးကွယ်ဖို့လည်း မကြိုးစားပါနဲ့… ခဲရာခဲဆစ်တူးဖော်ဖို့မလိုတဲ့ မဝေးသေးခင် ကာလကလုပ်ဆောင်မှုလေးတွေကို အင်တာနက်ပရိတ်သတ်ကြီးအတွက် Share လုပ်ပေးလိုက်ပါတယ်။ ကျောချမှ ဓားပြမှန်းသိရတယ်လို့ မဖြစ်ရအောင် ပြည်သူများသို့ ကြိုတင်အသိပေးခြင်းသဘောဆိုလည်း မှန်ပါလိမ့်မယ်။

ဦးစိုးသိန်းဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်စဉ်အချိန်တုန်းက ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုဗိုလ်ချုပ်ကြီး အဆင့်ထိရှိခဲ့ပါတယ်ဗျာ။ သူ့ရဲ့ ပြီးစလွယ်လုပ်ရပ်တွေ၊ လက်လွတ်စပယ်ပြောခဲ့တာတွေ၊ တပ်မတော်နဲ့ နိုင်ငံတော်အပေါ် လိမ်လည်ခဲ့တဲ့မှတ်တမ်းတွေက သူ့သမိုင်းကို ပုံဖော်နေမှာမို့ ဦးစိုးသိန်း ဘယ်လိုလူလဲသိရအောင် လေ့လာကြည့်စေ လိုပါတယ် -

- ရေတပ်ဦးစီးချုပ်ဘ၀တုန်းက လိမ်လည်ဝယ်ယူတည်ဆောက်ထားခဲ့တဲ့ 108 m Frigate (၂)စီး အကြောင်း (အခုထိ သုံးလို့မရဘူးလို့ သိရပါတယ်)။

- နာဂစ်တိုက်မည်မှန်း သိသော်လည်းပဲ စစ်သင်္ဘောတွေမောင်းလို့ရအောင် အောက်ခြေကို ဆီအပြည့် မပေးဘဲ ထုတ်စား၊ ရောင်းစားခဲ့တဲ့အတွက် နာဂစ်မှာ စစ်သင်္ဘောတွေ ဆီမရှိလို့မောင်းမရဘဲ နစ်မြုပ် သွားရခြင်းကြောင့် ရေတပ်ဦးစီးချုပ်ရာထူးကနေ ထုတ်ပယ်ခံရခြင်းကိစ္စ။

- စက်မှုဝန်ကြီးဖြစ်လာတော့ အိန္ဒိယနိုင်ငံက တာတာကုမ္မဏီနဲ့ပေါင်းပြီး ၁၀ ဘီးကားတွေ ထုတ်မယ်ပြော၊ မကွေးမှာစက်ရုံတွေဆောက်၊ လိုတဲ့စက်ကိရိယာပစ္စည်းတွေ ဈေးနှုန်းတင်ပြီးမှာ၊ စာရင်းလိမ်ပြ၊ ပွဲစားခယူ၊ နောက်ဆုံး ၁၀ ဘီးကားတွေကို အိန္ဒိယက မှာယူတင်သွင်းပြီး စက်မှုတံဆိပ်ကပ် ပြန်ရောင်း၊ အခုနောက်ဆုံး မကွေးက စက်ရုံကြီးသုံးမရဘဲ ဒီအတိုင်းရှိနေတဲ့ကိစ္စ။

- တရုတ်က Grand Tiger တွေဝယ်ပြီး စက်မှုတံဆိပ်တပ်၊ ချက်ချင်းလက်ငင်း တရုတ်ကားကနေ စက်မှုကား ဖြစ်သွားတဲ့ ကမ္ဘာကျော်မျက်လှည့်ပညာရှင်ကြီး၊ ၀န်ကြီးဌာနတွေနဲ့ စစ်တပ်ကို ကျွန်တော်ထုတ်တဲ့ ကားတွေပါဆိုပြီး အာပေါင်အာရင်းသန်သန် ပြောဆိုရောင်းချခဲ့တဲ့ကိစ္စ

- တကယ်အလုပ်မလုပ်နိုင်တဲ့စက်ရုံတွေ မြောက်မြားစွာတည်ဆောက်ပြီး ပွဲစားခအိတ်ထဲထည့်ဖို့လောက်သာ စဉ်းစားတဲ့ကိစ္စ (ဥပမာ- ဧရာဝတီမြစ်အနောက်ဘက်ခြမ်းမှာရှိတဲ့ ဂီယာစက်ရုံ၊ ဒီဇယ်အင်ဂျင်ထုတ်လုပ်မှု စက်ရုံ၊ ဆေးစိမ်စက်ရုံ၊ မြေသယ်ကားကြီးများထုတ်လုပ်မှုစက်ရုံ၊ ချွေလှေ့စက်ရုံ၊ ရေအားလျှပ်စစ် ထုတ်လုပ်ပေးနိုင်တဲ့ တာဘိုင်စက်ရုံ…)။

- စက်ရုံတွေတည်ဆောက်ရာမှာ ဧရာဝတီမြစ်အနောက်ဖက်ခြမ်းကို ရေလမ်းကနေ သယ်ယူတာကို ကုန်းကြောင်းနဲ့ သယ်ယူကြောင်း စရိတ်စကပိုတင်ပြီး သိန်းပေါင်းသောင်းချီ အိပ်ကပ်ထဲထည့်ထားတာကို စာရင်းစစ်အဖွဲ့ဝင်ရာမှာ ဘူးပေါ်သလိုပေါ်တဲ့ကိစ္စ။

- ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌဆိုပြီး သူ့လက်ထက်မှာ စာချုပ်ချုပ်ခဲ့တာတွေကို “ ကျွန်တော် အရင်တုန်းက မှားခဲ့ပါတယ် ” လို့ဝန်ခံပြီးမှ ယခုလက်ရှိ တကယ့်တကယ် လက်ပံတောင်းတောင်ကိစ္စ ဖြစ်လာတော့ လုံးဝတာဝန်မယူ ခေါင်းရှောင်နေတဲ့ကိစ္စ။

- ရွှေတောင်အိုက်ထွန်းတို့၊ Asia World ထွန်းမြင့်နိုင်တို့ကို သတင်းတွေ ကြိုတင်ရောင်းစားပြီးမှ ကားဈေးကွက်ကို ကစားခဲ့တဲ့အတွက် မြိုးမြိုးမြက်မြက်လေးရရှိခဲ့တဲ့ကိစ္စ
ဒါတွေဟာ ဦးစိုးသိန်းရေးခဲ့တဲ့ သူ့ရဲ့သမိုင်းတွေပါပဲ၊ ဒါတွေကို လေ့လာကြည့်ရင် ဦးစိုးသိန်းဟာ ဖော်လန်ဖားတတ်တဲ့သူတစ်ယောက်ဖြစ်ကြောင်းနဲ့ သမ္မတကြီးကို သူတတ်ကျွမ်းတဲ့ ကပ်ဖားရပ်ဖားပညာကြောင့်သာ ဒီလိုရာထူးရနေတာဖြစ်ကြောင်း ပေါ်လွင်လာပါလိမ့်မယ်။

တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်က တပ်မတော်အပေါ် ဘယ်လောက်အထိသစ္စာရှိခဲ့သလဲဆိုတာကို သုံးသပ်ကြည့်ရင်၊ အခုအစိုးရအဖွဲ့အတွင်းမှာ တာဝန်ထမ်းဆောင်နေစဉ်ကော၊ အစိုးရအဖွဲ့အစည်းနဲ့ တိုင်းပြည်အပေါ် ဘယ်လောက်ထိသစ္စာရှိမလဲသိမြင်နိုင်ပါလိမ့်မယ်။

ပရိတ်သတ်ကြိုက်အောင် အလွယ်တကူ ကတိတွေမပေးပါနဲ့… လွယ်လွန်းရင်သူကြွယ်တောင်မွဲသွားတတ်သလို သဘောကောင်းမိလို့ ပလိုင်းနဲ့လိုက်ကောက်ရတဲ့အဖြစ်မျိုးလည်းမဖြစ်စေလိုပါဘူး။

ဒါကြောင့် အူဝဲပြောတဲ့ ၃ မိနစ်ပဲစောင့်ဆိုတာက မာမား Ready Made ခေါက်ဆွဲပါ ဝန်ကြီးရယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ခိုင်မြဲစွာအမြစ်တွယ်ဖို့၊ အတိမ်းအစောင်းမရှိအောင်ဂရုပြုရင်း တည်ငြိမ်စွာနဲ့ဆောင်ရွက်ရမယ့် နိုင်ငံ့ရေးရာ များကိုဖြင့် မာမားခေါက်ဆွဲခြောက်တစ်ထုပ်ကို ရေနွေးဆူဆူထဲ ဖောက်ထည့်တာလောက်လွယ်ကူမယ်လို့ မျှော်လင့် မထားသင့်ပါကြောင်း… နောင်ပြောစကားများ လူကြီးပီပီဆင်ခြင်စဉ်းစားနိုင်ပါရန် လျှာတော်ရှည်ဝန်ကြီးအား သတိပေး လိုက်ပါတယ်။

(မော့ကင်း)။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။