Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, March 19, 2013

လွတ်လပ်ရေးအလွန် အကွေ့ကြီးတစ်ကွေ့ ( ဒေါက်တာရန်မျိုးသိမ်း )

 
လွတ်လပ်ရေးအလွန် အကွေ့ကြီးတစ်ကွေ့ ( ဒေါက်တာရန်မျိုးသိမ်း )

မြန်မာ့လွတ်လပ်ရေးအလွန်ခေတ်ဖြစ်သော ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့၊ နောက်ပိုင်း နိုင်ငံရေးသမိုင်းတွင် ၁၉၄၈ ခုနှစ်၊ မတ်လ (၂၈) ရက်
နေ့မှ စတင်ခဲ့သောပြည်တွင်းစစ်အကွေ့၊ ၁၉၅၈ ခုနှစ် ဖဆပလအကွဲအပြဲ
နှင့်အိမ်စောင့်အစိုးရအကွေ့၊ ၁၉၆၂ ခုနှစ် မတ်လ တပ်မတော် အာဏာ
သိမ်းသည့် တော်လှန်ရေးကောင်စီအကွေ့၊ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုနှင့်
တပ်မတော်အာဏာသိမ်းသည့်အကွေ့၊၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ
အလွန်အကွေ့တို့သည် သိသာမြင်သာသော မြန်မာ့နိုင်ငံရေးအချိုးအကွေ့
များဖြစ်သည်။ ၁၉၆၂ ခုနှစ် မတ်လ တပ်မတော်အာဏာ သိမ်းသည့်
တော်လှန်ရေးကောင်စီအကွေ့သည် မြန်မာနိုင်ငံနှင့်မြန်မာပြည်သူလူထုကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီး၌ ဇောက်ထိုးမိုးမျှော်
ဖြစ်စေခဲ့ရသည့်အကွေ့တစ်ခု တနည်းအားဖြင့် လွတ်လပ်ရေးခေတ်လွန်
မြန်မာ့နိုင်ငံရေးသမိုင်းကို ကဗျောင်းကဆန်ဖြစ်စေခဲ့ သောအကွေ့တစ်ခု
ဟု ကောက်ချက်ပြုရမည်ဖြစ်သည်။

၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်၊ သောကြာနေ့တွင် တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း နှင့် တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ တော်လှန်ရေးကောင်စီအစိုးရသစ်ကိုဖွဲ့စည်းခဲ့ပြီး၊ မတ်လ (၂) ရက်နေ့မှစ၍၊ တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်း အား ဥပဒေပြုမှုအာဏာ၊ အုပ်ချုပ်ရေးအာဏာ နှင့် တရားစီရင်ရေးအာဏာတို့
ကို တော်လှန်ရေးကောင်စီက အပ်နှင်းလိုက်ကြောင်း ကြေညာချက်အမှတ် (၂ဝ) ကို ၁၉၆၂ ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ
ကြေညာချက်သည်လည်းကောင်း၊ တော်လှန်ရေးကောင်စီအစိုးရသစ်
ဖွဲ့စည်းခြင်းသည်လည်းကောင်း၊ ၁၉၄၇ ခုနှစ်၊ ပြည်ထောင်စုဗမာနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု အကဲခတ်များက ထောက်ပြခဲ့သည်။

တော်လှန်ရေးကောင်စီ၏ ၁၉၆၂ ခုနှစ်၊မတ်လ (၂) ရက်နေ့၊ တော်လှန်ရေး
အစိုးရသစ်ဖွဲ့စည်းခြင်းသည် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၁၁၄) နှင့် ပုဒ်မ (၅၆) တို့ကို ဆန့်ကျင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု
နိုင်ငံတော်အစိုးရအဖွဲ့ကို ဖွဲ့စည်းရမည်ဖြစ်သည်။၁၉၄၇ ခုနှစ် ပြည်ထောင်
စုဗမာနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၄)အရ၊ ဥပဒေပြုမှုအာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှုအာ ဏာအားလုံးကို နိုင်ငံသားတို့ထံမှ
ခံယူ၍ ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ တည်ထောင်ခန့်အပ်သော
ပြည်ထောင်စုဗမာနိုင်ငံ၏ သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များ၏
လုပ်ငန်းအဖွဲ့များနှင့်အရာရှိများကသော်လည်းကောင်း၊ ထိုအဖွဲ့များနှင့်
အရာရှိများ၏ အခွင့်အာဏာအရသော်လည်းကောင်း နိုင်ငံသားတို့၏
ကိုယ်စား သုံးစွဲနိုင်ရမည်ဟူသော ပြဌာန်းချက်ကို ဆန့်ကျင်လျက်
တော်လှန်ရေးကောင်စီသည်အာဏာသုံးရပ်ကို တော်လှန်ရေးကောင်စီ
ဥက္ကဌထံ အပ်နှင်းခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဗမာနိုင်ငံ၏ ပါလီမန်ဆိုင်ရာလွှတ်တော်နှစ်ရပ်ကို ၁၉၆၂ ခုနှစ်၊ မတ်လ (၃) ရက်နေ့တွင် ဖျက်သိမ်းကြောင်း၊ တော်လှန်ရေးကောင်စီ က
ကြေညာချက်အမှတ်(၄) ကို တရားရေးဝန်ကြီးဌာန၏ အတွင်းဝန် ဦးမောင်မောင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၅၇) အရ၊ နိုင်ငံတော်သမ္မတသည် ဝန်ကြီးချုပ်၏အကြံပေးချက်အရ၊ ပြည်သူ့လွှတ်တော်ကို ဆင့်ခေါ်ရမည်။ သို့တည်းမဟုတ် ရုတ်သိမ်းရမည်။ သို့တည်းမဟုတ် ဖျက်သိမ်းရမည်ဟု
ပြဌာန်းထားခဲ့သည်။ ပုဒ်မ (၈၈) အရ၊ ပြည်သူ့လွှတ်တော်ကို ဖျက်သိမ်းပြီး သည်နှင့်တပြိုင်နက် လူမျိုးစုလွှတ်တော်သည်လည်း ဖျက်သိမ်းပြီးဖြစ်စေ
ရမည်ဟုပြဌာန်းထားသည်။ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ ပြည်သူ့လွှတ်တော်
နှင့်လူမျိုးစုလွှတ်တော်တို့ကို ဖျက်သိမ်းနိုင်သူမှာ နိုင်ငံတော်သမ္မတ
တစ်ဦးသာဖြစ်သည်။ ထို့ကြောင့်၊ တော်လှန်ရေးအစိုးရ၊ တရားရေးဝန်ကြီး
ဌာန၏ လွှတ်တော်နှစ်ရပ်ဖျက်သိမ်းကြောင်း ကြေညာချက်သည် ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ဆန့်ကျင်ပြုလုပ်ခြင်းပင်ဖြစ်သည်ဟု အကဲခတ်များက ထပ်မံကောက်ချက်ပြုကြသည်။

အင်္ဂလိပ်စစ်တပ်သည် မန္တလေးရတနာပုံနန်းတော်အတွင်းမှ သီပေါမင်းနှင့်
စုဖုရားလတ်ကို ကြက်ကလေး၊ ငှက်ကလေးသဖွယ် ဖမ်းဆီးခေါ်ဆောင်
နိုင်ခဲ့သည့်သမိုင်းဖြစ်ရပ်နှင့်ထပ်တူ၊ ဗမာ့တပ်မတော်သည်လည်း
ပြည်ထောင်စုအစိုးရဝန်ကြီးများ၊ လွှတ်တော်အကြီးအကဲများနှင့်နိုင်ငံရေး
ခေါင်းဆောင်များကို ကြက်ကလေး၊ ငှက်ကလေးများသဖွယ် ဖမ်းဆီး
ထိန်းသိမ်းနိုင်ခဲ့သည်ကို တွေ့ရှိရသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်၊ နံနက် ၂ နာရီခွဲတွင်၊ တပ်မတော်အရာရှိများသည် ရန်ကုန်မြို့၊ ဂွတ္တလစ်
လမ်းရှိ၊ ဝန်ကြီးချုပ် ဦးနု၏ နေအိမ်သို့ ရောက်ရှိလာခဲ့ပြီး၊ ဦးနုကို ဖမ်းဆီး
ခေါ်ဆောင်ခဲ့ သည်။ ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးအောင်သည် အာဏာ
သိမ်းသည့်ကာလတွင် ငပလီကမ်းခြေ၌ ရောက်ရှိနေသဖြင့် လတ်တလော
ဖမ်းဆီး ထိန်းသိမ်းသည့်စာရင်းတွင် မပါဝင်သော်လည်း၊ နောက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ သတင်းစာများ၏ဖော်ပြချက်အရ၊ ၁၉၆၂
ခုနှစ်၊ မတ်လ (၂) ရက်နေ့၊ နံနက် (၁)နာရီမှစတင်၍ ဗမာ့တပ်မတော်သည် ဝင်ဒါမီယာရပ်ကွက်၊ အတွင်းဝန်များရုံး၊ ရဲဌာနများ၊ ပြည်ထောင်စုဘဏ်၊ ရန်ကုန်ထောင်ကြီးနှင့်ရန်ကုန်မြို့၏အချက်အချာကျသောနေရာများတွင် အထူးလုံခြုံရေးတပ်ဖွဲ့များ ချထားခဲ့သည်။ နံနက် (၂) နာရီတွင် တပ်မတော်
အရာရှိများသည် ဝန်ကြီးများရပ်ကွက်၊ ဝင်ဒါမီယာအတွင်းသို့ ဝင်ရောက်ပြီး၊ ဝန်ကြီးများ၏လုံခြုံရေးအတွက် ထုတ်ပေးထားသော လက်နက်များကို သိမ်းဆည်းခဲ့ပြီး၊ ပြည်ထောင်စုအစိုးရနှင့်လွှတ်တော်ခေါင်း ဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

တော်လှန်ရေးကောင်စီအစိုးရသည် သမ္မတဟောင်းမန်းဝင်းမောင်၊ စဝ်ရွှေသိုက်၊ စဝ်ဝဏ္ဏ၊ စဝ်ခွန်ချို၊ ဦးသွင်၊ သခင်တင်၊ ဒေါက်တာဧမောင်၊ သခင်တင်မောင် အပါအဝင် ပထစအစိုးရ၊ လွှတ်တော်နှင့်နိုင်ငံရေး
အသိုင်းအဝိုင်းမှ အရေးပါသူအများအပြားကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ မတ်လ (၄) ရက်နေ့တွင် တော်လှန်ရေးကောင်စီကိုယ်စား၊ ဗိုလ်မှူးချုပ်
အောင်ကြီးက အထိန်းသိမ်းခံ၊ အစိုးရအဖွဲ့ဝင်ဟောင်းများဖြစ်ကြသော ဦးနု၊ သခင်တင်၊ ဒေါက်တာဧမောင်တို့၏ အိမ်များသို့ သွားရောက်ခဲ့ပြီး၊ ဇနီး၊ မိသားစုဝင်များနှင့်တွေ့ဆုံ၍ အားပေးနှစ်သိမ့်စကားပြောကြားခဲ့သည်။ မတ်လ (၁၅) ရက်နေ့တွင်၊ ရန်ကုန်မြို့၊ မင်္ဂလာဒုံရှိ တောင်ပိုင်းတိုင်း
စစ်ဌာနချုပ်တွင် လုံခြုံစွာ ထိန်းသိမ်းထားသော မန်းဝင်းမောင်၊ ဦးနု၊ သခင်တင်၊ ဒေါက်တာဧမောင်၊ ဦးသွင်၊ သခင်တင်မောင်တို့ကို ဇနီး၊ မိသားစုဝင်များနှင့် တစ်နာရီကျော်ကြာ လွတ်လပ်စွာတွေ့ဆုံခွင့်ပြုခဲ့သည်။ မန်းဝင်းမောင် နှင့် ဦးနုတို့၏ ဆန္ဒအရ၊ အနားယူနိုင်ရန် ဧပြီလ (၂) ရက်
နေ့တွင် ငပလီကမ်းခြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း အချို့မှတ်တမ်းများတွင်
ဖော်ပြသည်။ ဝန်ကြီးများအပါအဝင် အထိန်းအသိမ်းခံရသူများအားလုံးကို ၁၉၆၂ ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့တွင်မင်္ဂလာဒုံ၊ တောင်ပိုင်းတိုင်းစစ်ဌာန
ချုပ်မှ အင်းစိန်တွဲဘက်အကျဉ်းထောင်သို့ ပြောင်းရွေ့ခဲ့သည်။ မန်းဝင်းမောင်၊ ဦးနုနှင့်အခြားခေါင်းဆောင်များကို မိုးကြိုးတိုက်၊ စဝ်ခွန်ချို၊ ရှမ်းစော်ဘွားများ နှင့်အခြားရှမ်းအထိန်းအသိမ်းခံများကို ပုဒ်မ ၅ အဆောင်၊ စဝ်ခွန်ချိုနှင့်အတိုက်အခံဖြစ်ခဲ့သော လဲချားစော်ဘွားနှင့်အခြားသူများကို တွဲဘက်အဆောင်၊ တို့တွင် နေရာချထားခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း
ခေါင်းဆောင်သော တပ်မတော်မှ အာဏာသိမ်းယူမှုတွင် အစိုးရဝန်ကြီးများ၊ လူမျိုးစုခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များအား ဖမ်းဆီးထိန်းသိမ်း
ခဲ့မှု၊ အုပ်ချုပ်မှုယန္တယားများကို ဖျက်သိမ်းပြီး၊ အသစ်ပြန်လည်ဖွဲ့စည်းခဲ့မှု တို့သည်လည်း လွတ်လပ်ရေးရခါနီးကာလ၊ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်
ဦးဆောင်ရေးဆွဲခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်
ဆောင်ရွက်ခြင်းဖြစ်သည်ဟု လေ့လာသူများက ကောက်ချက်ပြုကြသည်။


၁၉၆၂ ခုနှစ် အာဏာသိမ်းမှုကို သွေးထွက်သံယိုမှုမရှိသောအာဏာသိမ်းမှု
အဖြစ် မှတ်ချက်ပြုရေးသားမှုအချို့ကို ပြည်တွင်း၊ ပြည်ပသတင်းစာမျက်နှာ
များတွင် တွေ့ရှိရသည်။ မတ်လ (၂) ရက်နေ့၊ နံနက်အကူးအချိန်တွင်
ပြည်ထောင်စုဗမာနိုင်ငံတော်သမ္မတဟောင်းစဝ်ရွှေသိုက်၏ ကုက္ကိုင်းလမ်းနှင့်
ဂွတ္တလစ်လမ်းဆုံ (ယခု ဆရာစံလမ်းနှင့်ကမ္ဘာအေးဘုရားလမ်းထောင့်၊ ပုလဲကွန်ဒိုမီနီယမ်၊ ရွှေဘဲစားသောက်ဆိုင်) ရှိ နေအိမ်ကို တပ်မတော်မှ ဝင်ရောက်ချိန်တွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး၊ သမ္မတဟောင်း
ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၏ သားဖြစ်သူ စဝ်မီမီသိုက် (အသက် ၁၇ နှစ်) မှာ ဒဏ်ရာရရှိသေဆုံးခဲ့သဖြင့်၊ သွေးထွက်သံယိုမှုဖြစ်ခဲ့သည်ကို
တွေ့ရသည်။ နိုင်ငံတော်သမ္မတဟောင်း၏အိမ်တော်အတွင်း သမ္မတဟောင်း
၏သားဖြစ်သူ ဒဏ်ရာနှင့် သေဆုံးခဲ့ရသည့်ဖြစ်စဉ်သည် အာဏာသိမ်းမှုကို အပြင်းထန်ဆုံး၊ ဆန့်ကျင်ခုခံခဲ့မှုတစ်ခု အဖြစ် သမိုင်းမှတ်တမ်းတင်ရမည်
ဖြစ်သည်။

၁၉၆၂ ခုနှစ်၊ မတ်လ (၃) ရက်နေ့တွင်၊ နိုင်ငံတော်၊ တော်လှန်ရေးကောင်စီ
သည် ကြေညာချက်အမှတ် (၅) ထုတ်ပြန်လျက်၊ ဗိုလ်ချုပ်ကြီးနေဝင်း က
ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်နှင့်မဟာဒေဝီတို့ထံ သားဖြစ်သူသေဆုံးမှု
အတွက် သူနှင့်တော်လှန်ရေးကောင်စီဝင်များ အနေဖြင့် အထူးပင်ဝမ်းနည်း
ကြေကွဲမှုဖြစ်မိပါကြောင်း သဝဏ်လွှာတစ်စောင်၊ လက်မှတ်ရေးထိုးပေးပို့ခဲ့
ရာ၊ တော်လှန်ရေးကောင်စီကိုယ်စား ဗိုလ်မှူးကြီး စောမြင့်သည်
ညောင်ရွှေစော်ဘွားကြီး၏နေအိမ်သို့ ပေးပို့ခဲ့သည်။

တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်းသည် မတ်လ(၄)ရက်နေ့၊ နံနက် (၁ဝ) နာရီအချိန်တွင် ရန်ကုန်မြို့ဒဂုံရိပ်သာ၌ ဖက်ဆစ်ဆန့်ကျင်ရေး နှင့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ဖဆပလ)၊ ပြည်ထောင်စုပါတီ (ပထစ) နှင့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညီညွှတ်ရေး တပ်ပေါင်းစု (ပမညတ)တို့မှ ပါတီခေါင်းဆောင်များကို လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့
တွေ့ဆုံရာတွင် ဗိုလ်ချုပ်ကြီးနေဝင်း က တော်လှန်ရေး ကောင်စီသည် ဆိုရှယ်လစ်စနစ်ဖြင့်ဆိုရှယ်လစ်ပန်းတိုင်သို့ချီတက်မည်ဖြစ်ကြောင်း၊ ဖဆပလ၊ ပထစ နှင့် ပမညတ တို့က တော်လှန်ရေးကောင်စီနှင့် ပူးပေါင်း
ဆောင်ရွက်စေလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ပါတီကြီး သုံး
ပါတီနှင့် ညှိနှိုင်းရေးဆွဲမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးပြော ကြားခဲ့သည်။
ထိုသို့တွေ့ဆုံစဉ်၊ ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံရေးလုပ်ပြီး၊ လွတ်လပ်ရေး
အတွက် ကြိုးပမ်းဆောင်ရွက်နေသူများနှင့်အလုပ်သမား၊ လယ်သမားများ ငတ်ပြတ်နေပြီး၊ နိုင်ငံရေးမလုပ်ပဲ အခွင့်အရေးဝင်ယူသူများက ချမ်းသာ
ကြယ်ဝလာကာ၊တိုင်းပြည်အခြေအနေဆိုးဝါးလာသဖြင့် နိုင်ငံတော်အာဏာ
ကို ထိန်းသိမ်းရခြင်းဖြစ်ကြောင်း နိဒါန်းစကားဆိုခဲ့သည်။ ဗိုလ်ချုပ်ကြီး
နေဝင်းက အာဏာသိမ်းရသည့်အကြောင်းအရင်းများကို တိုင်းပြည်တွင်
တရားဥပဒေစိုးမိုးမှုပျက်ပြားခြင်း၊ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်
ခြင်း နှင့် အဆိုးဝါးဆုံးဖက်ဒရယ်မူဖြစ်ပေါ်ခြင်းတို့ဟု သတင်းမီဒီယာများကို ထုတ်ပြန်ပြောဆိုခဲ့သည်။ နောက် ၂၆ နှစ်အကြာတွင် မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ပါတီအစိုးရအဖွဲ့သည် တိုင်းပြည်၏စီးပွားရေး အလွန်အမင်း
ကျဆင်းလာခြင်း၊ ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်ခြင်း၊ ပါတီနှင့်
အစိုးရအကြီးအကဲများသည် အခွင့်ထူးခံများဖြစ်ကာ အောက်ခြေပြည်သူ လူထုနှင့်ကင်းကွာလာခြင်း၊ ပြည်သူလူထုအများစုကြီးသည် တစ်ပါတီစနစ်
နှင့်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အပေါ် ယုံကြည်မှုလုံးဝမရှိခြင်း၊ဥပဒေ
ပြုရေး နှင့်တရားစီရင်ရေးမဏ္ဍိုင်တို့အပေါ်မယုံကြည်မှု၊ အားမကိုးမှုသည် အထွဋ်အထိပ်သို့ ရောက်ရှိခြင်းတို့ကြောင့် နိုင်ငံလုံးဆိုင်ရာလူထုအုံကြွမှု
ကြီးနှင့် ရင်ဆိုင်ခဲ့ရသည်။

ဝါရင့်နိုင်ငံရေးသမားကြီးနှင့်နန်းရင်းဝန်ဟောင်း ဒေါက်တာဗမော် က ပထစအစိုးရအနေဖြင့် သင်ခန်းစာယူရန်ကောင်းသည်။ ပတ်ဝန်းကျင်
တိုင်းပြည်များ၏ အခြေအနေများကိုလည်း သင်ခန်းစာယူရန်ကောင်းသည်။ ပထစအစိုးရသည် ဒီမိုကရေစီဆိုသောစကားလုံးအသစ်ကိုသာ သုံးပြီး၊ လက်တွေ့လုပ်ဆောင်ရာတွင် ပြောင်းလဲမှုမရှိ၊ စီမံကိန်းတိုင်းတွင် ခြစား
နေသည်။ ယခုလို တပ်မတော်မှ တာဝန်ယူထိန်းသိမ်းစောင့်ရှောက်မှု မဖြစ်ခဲ့လျှင် နောင်ငါးနှစ်ခန့်တွင် ကွန်မြူနစ်နိုင်ငံသော်လည်းကောင်း၊ လာအိုနိုင်ငံကဲ့သို့လည်းကောင်း ဖြစ်သွားနိုင်သည်ဟု ပြောကြားခဲ့သည်။
ကမ္ဘာ့သမိုင်း၏ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီက ညူကလီးယားစမ်းသပ်မှုတားဆီးရေး စာချုပ်ကို အဆိုပြုထားသည့် တချိန်တည်းတွင် ဆိုဗီယက်ပြည်ထောင်စုသည်
မြေပေါ်ညူကလီးယားစမ်းသပ်မှုများကို မရပ်ဆိုင်းပါက၊ အမေရိကန်
ပြည်ထောင်စုအနေဖြင့် မြေပေါ်ညူကလီးယားစမ်းသပ်မှုများကို ရက်သတ္တပတ်ခြောက်ပတ်အတွင်း ပြန်လည်ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံတော် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အချုပ်အားဖြင့်ဆိုသော်၊ မြန်မာ့နိုင်ငံရေး၏လွတ်လပ်ရေးခေတ်လွန်သမိုင်း၊ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် တပ်မတော်
၏ နိုင်ငံတော်အာဏာသိမ်းယူမှုသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းပြည်
ခေါင်းဆောင်ကြီးများ ရေးဆွဲချမှတ်ခဲ့သော ၁၉၄၇ ခုနှစ် ပြည်ထောင်စု
မြန်မာနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ဆောင်ရွက်ခဲ့ခြင်း
ဖြစ်သည်။ ကမ္ဘာပေါ်တွင် စစ်တပ်မှအာဏာသိမ်းယူသဖြင့် တိုင်းပြည်နှင့်
ပြည်သူလူထုကို ချမ်းသာကြွယ်ဝစေခဲ့သည့်၊ ကောင်းကျိုးပြုခဲ့သည့်နိုင်ငံမှာ အတော်ရှားသည်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံသမိုင်း တွင်လည်း စစ်တပ်မှအာဏာသိမ်းသဖြင့် တိုင်းပြည်နှင့်ပြည်သူအကျိုးရှိသည်၊ ချမ်းသာ
ကြွယ်ဝသည်ဟု မကြားမိရချေ။ ယနေ့ခေတ်ခေါင်းဆောင် များနှင့်မျိုးဆက်
အသီးသီးတို့သည် သမိုင်းဖြစ်ရပ်များကို သင်ခန်းစာယူလျက် အဆိုးဖက်သို့
ဦးတည်မည့်အနေအထားများကို အတတ်နိုင်ဆုံးလျော့ချကာ အကောင်း
ဖက်သို့ဦးတည်မည့်အနေအထားများကို အတတ်နိုင်ဆုံးမြှင့်တင်ရမည်ဟု
သုံးသပ်မိပါသည်။

ဒေါက်တာရန်မျိုးသိမ်း
၂ဝ၊ ဖေဖော်ဝါရီ၊ ၂ဝ၁၃
၂၀၁၃ ခုနှစ်၊ မတ်လထုတ် ရနံ့သစ် magazine

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။