မြန်မာ ကမ်းရိုးတန်းတွင် ကင်းလှည့်နေ သော ရေယာဉ် မှ ---
မြန်မာရေပိုင်နက်ထဲသို့ အမည်မသိရေငုပ်သင်္ဘောတစ်စီး ကျူးကျော်ဝင်ရောက်နေကြောင်း ရေဒါတွင် ပေါ်လာသဖြင့် တပ်သားတစ်ဦးကို ရေငုပ်ပြီး စုံစမ်းခိုင်းလိုက်ရာ ~
" ကပ္ပတိန် တရုတ်ရေငုပ်သင်္ဘောခင်ဗျ " "ဘာလို့ မင်းပြောနိုင်ရတာလဲ " "သင်္ဘောမှာ တရုတ်စာတွေ ရေးထားတာ တွေ့တယ် ခင်ဗျ " " မင်းအတော် ညံ့ ပါလား ကွ အခုခေတ် သင်္ဘောတိုင်းမှာ တရုတ်စာရေးထားတယ် ဆက်ငုပ်"
...
မကြာမီ ပြန်ပေါ်လာပြီး " အင်္ဂလိပ်သင်္ဘော ခင်ဗျ" "ဘာဖြစ်လို့လဲ" " ကျွန်တော် ချောင်းနားထောင်တော့ အင်္ဂလိပ်စကား ပြောသံတွေ ကြားနေရလို့ပါ " "မင်းတော်တော် တုံးပါလား အင်္ဂလိပ်စကားက နိုင်ငံတကာ စကားကွ ဆက်ငုပ်
" ဆက်ငုပ်သည် မကြာမီ ပြန်ပေါ်လာပြီး " တရုတ်သင်္ဘောလည်းမဟုတ်ဘူး အင်္ဂလိပ်သင်္ဘောလည်း မဟုတ်ဘူး သိပြီ
မြန်မာရေငုတ် သင်္ဘောခင်ဗျ " "သေချာရဲ့ လား ... မင်း ဘယ်လိုသိလဲ "
"သေချာတယ် ဆရာ ...... ကျွန်တော် သွားကြည့်တော့ ကပ္ပတိန် ဆီခိုးထုတ်နေတာတွေ့ခဲ့တယ် "
( Credit to : ဟာသကမ္ဘာ (Funny World)'s status. )

ဒီခိုးတဲ့အကျင့်က ရှက်စရာ
ReplyDeleteဒီအရက်သောက်တဲ့အကျင့်က ရှက်စရာ
ဒီလိမ်ညာပြောတဲ့အကျင့်က ရှက်စရာ
ဒီသူတပါးသားပျိုသ္မီးပျို စော်ကားတဲ့ အကျင့်က ရှက်စရာ
ဒီအလုပ်ကို မကြိုးစားပဲ စောက်ပျင်းကျ နေတာ ရှက်စရာ
ဒီ ရှက်စရာ
ဒီ ရှက်စရာ
ဒီ ရှက်စရာကို ရှက်စရာ မှန်မသိ လူတွင်ကျယ် လုပ်နေတာက ပိုရှက်စရာ