by Zaw Kant Lant on Sunday, January 6, 2013 at 7:00pm ·
ပရဟိတ ဆိုတဲ့ စကားလုံးဟာ ပါဠိဘာသာဖြစ်ပြီးတော့
တစ်ခုချင်း အနက်ပြန်ရရင် ပရ ဆိုတာ သူတပါးလို့ အနက်ရပြီးတော့
ဟိတ ဆိုတာကတော့ အစီးအပွား.. အကျိုး အလို့ငှာ လို့ အဓိပ္ပါယ်ရပါတယ်...
ဒါ့ကြောင့်
သူတပါးရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်ကြတဲ့လူတွေကို
ပရဟိတသမားတွေလို့ ခေါ်ကြပါတယ်..ဆက်ပြီးတော့ပြောရရင်
အများအကျိုးအတွက် လုပ်ပြီဆိုကတည်းက ကိုယ့်ရဲ့ အကျိုးစီးပွားနဲ့
အတ္တ မာန ကို တတ်နိုင်သလောက် လျှော့ပြီးတော့ အများအကျိုး
ရှေ့တန်းတင်ပြီးလုပ်ရမှာ ဖြစ်ပါတယ်..
ဒီလုပ်ငန်းဟာ စီးပွားရေး၊ နိုင်ငံရေးလုပ်ငန်းမဟုတ်ပဲ လူမှုရေးသပ်သပ်ဖြစ်တာမို့
လူအများနဲ့ဆက်ဆံတဲ့အခါ .. အဆင်ပြေတာရှိမယ် အဆင်မပြေတာရှိမယ်..
သဘောချင်းမတိုက်ဆိုင်တာရှိမယ်.. ဘယ်လိုပဲဖြစ်နေပါစေ .. အများသဘောထားနဲ့
ဖြစ်သင့်တာကို ဦးစားပေးပြီးတော့ ကိုယ့်ဆန္ဒဆိုတာကို နောက်ဆုံးမှာ ထားရမှာဖြစ်ပါတယ်...
ခေါင်းထဲမှာ အပြည့်ထည့်ထားရမှာက ကိုယ်ကူညီမယ့်သူတွေ အဆင်ပြေအောင်
ဘယ် လို လုပ် ရ မ လဲ ဆို တာ ပါ ပဲ . . .
နောက်တစ်ချက်ထပ်ပြောရရင်
အတူလုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ အပေါ်မှာလဲ ယုံကြည်စိတ်ချမှု အပြည့်ထားရမှာ
ဖြစ်တဲ့အပြင် ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုမကျေနပ်မှုမျိုး ဖြစ်လာခဲ့ပါစေ..
အေးအေးဆေးဆေး ညှိနှိုင်း ဖြေရှင်းပြီးတော့ လူအများရဲ့ဆန္ဒအတိုင်း လက်ခံပေးရမှာဖြစ်ပါတယ်..
ဥပမာအနေနဲ့ ပြောရရင် ..
ကျွန်နော်အလှူခံပါတယ်.. တစ်ယောက်ထဲအလှူခံတာပါ...
လှူတဲ့လူတွေထဲမှာ ၁ သိန်း ၅ သောင်းလှူတဲ့လူတွေအများကြီးပါ.. သူတို့တွေဟာ
ကျွန်နော့်ဆီမှာ ဘာအထောက်အထား သက်သေခံမှမရှိပဲနဲ့ ဒီငွေတွေကိုဘာလို့ ရဲရဲလှူပါသလဲ...
ကျွန်နော့်ကို ယုံကြည်စိတ်ချမှုမရှိရင် ဘယ်သူမှမလှူဘူးဗျ... အကြောင်းပြချက် အများကြီးရှိပါတယ်..
တခြားမှာလှူလိုက်တယ် လို့ပြောလဲ ရတာပဲလေ..ခုလှူတဲ့လူတွေက ဒုက္ခရောက်နေတဲ့လူတွေ
အဆင်ပြေပါစေဆိုတဲ့ စိတ်သပ်သပ်နဲ့ လှူကြပါတယ်...ဘာအထောက်အထားမှ ပြနေစရာမလိုပါဘူး...
လိမ်လို့မရဘူးလား.. ရတာပေါ့ဗျ.. တွေ့တဲ့စာရွက်ထဲ စာရင်းရေး လက်မှတ်ထိုးပြီး စကန်ဖတ်တင်လို့
ရတာပဲလေ..ဘယ်သူလိုက်ကြည့်နိုင်လို့လဲ... ကျွန်တော့အနေနဲ့ ယုံကြည်မှုမရှိရင် လှူတောင်မနေပါဘူးဗျာ..
အလှူရှင်တွေဘက်ကိုကြည့်ပြီးပြောမလား..ရပါတယ်..စာရင်းနဲ့တကွ အဆင့်ဆင့် လုပ်ဆောင်တာတွေကို
တင်ပေးရင် ကိုယ့်ဘက်က တာဝန်ကျေပါတယ်..
ဘာမဟုတ်တဲ့ ဟာကို ခေါင်းထဲထည့်ပြီး ..တဆိတ်ကို တစ်အိတ်လုပ်နေရင်တော့
ပရဟိတ လုပ်နေတာ မဟုတ်တော့ပါဘူး.. အတ္တဟိတ လုပ်နေတာဖြစ်ပါလိမ့်မယ်..
ကိုယ်လုပ်ရမှာနဲ့ ကိုယ်လုပ်နေတာ ကိုက်မကိုက် စစ်သင့်ပါတယ်...ယုံကြည်မှုကိုအခြေခံပြီးတော့
အများအတွက်ရှေ့တန်းတင်ပြီး ကိုယ့်ဆန္ဒတွေကို သိမ်းဆည်းထားနိုင်တဲ့
ပရဟိတသမား စစ်စစ်များ ဖြစ်ကြပါစေသော်ဝ်....
အစ်ကိုတော်တစ်ယောက်ရဲ့ ဆုံးမ ဝေမျှမှုကို
ခွင့်တောင်းပြီး လိုအပ်သည်များ edit လုပ်ပြီး ပြန်ဝေမျှတာပါခင်ဗျာ ...
မေတ္တာဖြင့်
မောင်သံလွင်(ခ)မောင်ကန့်လန့်
၁၂း ၂၆ မိနစ်
၀၇၊ ၀၁ ၂၀၁၃

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။