အူတက်အောင်ရီရသောဟာသများနဲ့အခြား
အမျိုးသမီးတစ်ဦးသည် တီဗွီိ ပျက်နေသဖြင့် စက်ပြင်ဆရာကို အိမ် ခေါ်၍ ပြင်လေသည်။
ပြင်ပြီးသည့်အခါ ယောက်ကျားဖြစ်သူ အိမ်ပြန်လာသည်ကို ဇနီးသည်က တွေ့သဖြင့် စက်ပြင်ဆရာအား စိုးရိမ်ကြောက်လန့်သောအသံဖြင့်ေ
" မြန်မြန်လုပ်စမ်းပါ၊ ရှင် တစ်နေရာရာမှာ ၀င်ပုန်းလိုက်၊ ကျမယောက်ကျားက သိပ် သ၀န်တိုတာရှင့် "
ထိုအခါ အိမ်အနောက်ဘက်သို့ ပြေးသွားရန်လည်း အချိန် မရှိတော့သဖြင့် စက်ပြင်ဆရာ သည် လူတစ်ရပ်နီးပါးရှိသည့် တီဗွီ အိမ်ကြီးထဲသို့
ဝင်၍ ပုန်းနေလိုက်ရ၏။
ယောက်ကျားဖြစ်သူလည်း အိမ်ထဲသို့ရောက်လာပီး ဧည့်ခန်းထဲရှိ ကုလားထိုင်တွင် ၀င်ထိုင်၍ ဘောလုံးပွဲ အစီအစဉ်ကို ဖွင့်ကြည့်လေသည်။
တီဗွီ အိမ်ကြီး ထဲရှိ စက်ပြင်ဆရာမှာမူ နေရထိုင်ရ ခက်လှပီး၊ စက်ကလည်း ပူသထက်ပူလာ သဖြင့် ကသိကအောင့် ဖြစ်လာသည်။
နောက်ဆုံး ကြာရှည်မနေနိုင်တော့ပဲ တီဗွီ အိမ်ထဲ မှ ထွက်လိုက်၏။
ထို့နောက် ဧည့်ခန်းထဲမှ ဖြတ်၍ အိမ်ရှေ့ တံခါးမှ ထွက်သွားလေသည်။
ထိုအခါ ယောက်ကျားဖြစ်သူသည် တီဗွီိကို ကြည့်လိုက်၊ ဘေးနားမှ သူကဇနီးသည်အား ကြည့်လိုက်နှင့် ဇဝေဇ၀ါဖြစ်ကာမေးလိုက်သည်မှာ....
" ငါတော့ ဒီလူကို ဒိုင်လူကြီးက ထုတ်ပစ်လိုက်တာ မတွေ့ပါဖူး၊ မင်းကောတွေကလိုက်သလား ဟင်..."....တဲ့
တိန်
ရီမောပျော်ရွှင်ပါစေ...
Lon Ely.......
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။