Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, February 5, 2013

အိုင်ကျူ အဆင့်၁၃၆ ရရှိသော သုံးနှစ် အရွယ် ကလေးငယ်


 Royal Hero Media
ထူးချွန် ထက်မြက်သည့် သားသမီးများ အတွက် ဂုဏ်မယူ လိုသည့် မိဘ ဟူ၍ ရှိမည် မထင်ပေ။

မိဘအများစုမှာ ၄င်းတို့၏ သားသမီးများ ဥာဏ်ရည် ထက်မြက်မှု အတွက် ဂုဏ်ယူ လိုကြသည်ချည်း ဖြစ်သည်။ ယင်းကဲ့သို့ ဥာဏ်ရည် ထက်မြက်သော သားသမီးများကို ပိုင်ဆိုင် ထားသော မိဘများအနက် သုံးနှစ်သားလေး ရှာဝင်ဆာရာဘီ၏ မိဘများ သားငယ်အတွက် ဂုဏ်ယူ နိုင်မှုမှာ အံ့မခန်း ဖြစ်သည်။

သုံးနှစ်သာ ရှိသေးသည့် ရှာဝင် လေးသည် ဂဏန်း အရေအတွက်ကို ၂ဝဝ အထိ ရွတ်ဆို နိုင်ပြီး ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံများကိုလည်း ရွတ်ဆိုပြနိုင်ခဲ့သည်။ ၄င်း၏ အိုင်ကျူ ရမှတ် အဆင့်မှာ ၁၃၆ မှတ်ဟု သိရသည်။ အိုင်ကျူ ရမှတ် ၁၃၆ မှတ် ရှိခြင်းကြောင့် ကမ္ဘာ့ လူဦးရေ၏ တစ်ရာခိုင်နှုန်းခန့်သာ ရှိသော ဥာဏ်ရည် အဆင့်မြင့်သူများ စာရင်းတွင် တစ်ဦး အပါအဝင် အဖြစ် သတ်မှတ် ခံခဲ့ရသည်။

ရှာဝင်သည် ယော့ခ်ရှိုင်းယား ပြည်နယ် တောင်ပိုင်း ဘန်းစလေမြို့မှ ဖြစ်ပြီး ယခုအချိန်တွင် အိုင်ကျူ မြင့်မားသူများဖြင့်သာ ဖွဲ့စည်းထားသော Mensa အဖွဲ့အစည်း၏ အသက် အငယ် ဆုံး အဖွဲ့ဝင် တစ်ဦး ဖြစ်လာပြီ ဖြစ်သည်။ ရှာဝင်၏ reading age ကို တိုင်းတာရာတွင် အဆင့်ခြောက် ရှိသည်ကို တွေ့ရှိရသည်။ ၄င်းသည် ၁ဝလသား အရွယ်၌ စကား စတင်ပြောခဲ့ပြီး လပေါင်း ၂ဝ အကြာတွင် ဝါကျရှည်များကို ပြောဆို နိုင်ခဲ့သည်ဟု သိရသည်။

အသက် နှစ်နှစ် အရွယ်တွင် ရှာဝင်သည် စာကို ဖတ်ရှုနိုင်ပြီ ဖြစ်ပြီး ဂဏန်း အရေအတွက် ကိုလည်း ၂ဝဝ အထိ ရွတ်ဆို နိုင်ခဲ့သည်။ ထို့အပြင် နေအဖွဲ့ အစည်း အတွင်းရှိ ဂြိုဟ်များ၊ အလံများနှင့် နိုင်ငံများ၏ အမည်များ၊ ခန္ဓာကိုယ် ပြင်ပ အစိတ်အပိုင်းများနှင့် အတွင်း အင်္ဂါ အစိတ်အပိုင်း များကိုလည်း အလွတ် ရွတ်ဆို နိုင်ခဲ့သည်။

၎င်း၏ ဖခင်ဖြစ်သူမှာ ဒါဗွတ်ဒ် အသက် ၃၇ နှစ်ဖြစ်ပြီး မိခင် ဖြစ်သူမှာ အမန်ဒါ ဆာရာဘီ အသက် ၃၆ နှစ်ဖြစ်သည်။ မိခင်ဖြစ်သူ ဆာရာဘီမှာ ယခင်က ကျောင်းဆရာမ တစ်ဦးဖြစ် သည်ဟု သိရသည်။ သူမ၏ သားငယ် လေးသည် ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံတိုင်းကို အလံများနှင့် တွဲ၍ ပြောပြနိုင်ပြီး ခန္ဓာကိုယ် အတွင်းရှိ အင်္ဂါ အစိတ်အပိုင်း တစ်ခုချင်းစီ၏ ဆောင်ရွက်ချက် များကိုလည်း ရှင်းပြနိုင်ကြောင်း မိခင်ဖြစ်သူ ဆာရာ ဘီက ပြောကြားသည်။

သားငယ် လေး၏ အထွေထွေ ဗဟုသုတမှာ အံ့သြဖွယ်ရာ ကောင်းကြောင်း၊ သားငယ် လေးသည် အတော်များများကို သိကျွမ်းကြောင်း၊ အသက်သုံးနှစ် အရွယ်လေးဖြင့် ဤကဲ့သို့ ပြောနိုင်ခြင်းမှာ မဖြစ်နိုင်ကြောင်းနှင့် သားငယ် လေးသည် တီဗွီကြည့်လျှင်ပင် ကလေးများ အတွက် ထုတ်လွှင့်သည့် အစီအစဉ် များကို မကြည့်ဘဲ သတင်းကိုသာလျှင် ကြည့်ရှု လေ့ရှိကြောင်း၊ အထူးသဖြင့် မိုးလေဝ သသတင်းကို ပို၍ နှစ်သက်ကြောင်း ဆာရာဘီက ပြောကြားသည်။

သားငယ် အပေါ်တွင် အတင်းအကျပ် သင်ကြား ပေးမှုကို တစ်ကြိမ် တစ်ခါမျှ မလုပ်ခဲ့ကြောင်း၊ အကယ်၍ ခေါင်းစဉ် တစ်ခု အကြောင်းကို သားငယ်ဖြစ်သူမှ လာရောက် မေးမြန်းပါက သူမ သိသလောက် သားငယ်လေးကို အကောင်းဆုံး သင်ကြား ပေးခဲ့ကြောင်း၊ တစ်ခါတစ်ရံ၌ သားငယ် မေးသည့် အကြောင်းအရာကို မသိ၍ ၄င်းအကြောင်းအရာကို ဦးစွာ စုံစမ်း၍ ရှင်းပြ ရကြောင်း၊ ထိုသို့ ရှင်းပြလျှင် သားငယ်လေးမှာ အလွန် ဝမ်းမြောက်လေ့ ရှိကြောင်း ဆာရာဘီက ထပ်လောင်း ပြောကြားသည်။

သင်ယူမှု အပိုင်း၌ သားငယ်လေး၏ စိတ်အား ထက်သန်မှုကို သားငယ် ၁၈ လ အရွယ် ရောက်မှသာ သူမတို့ နှစ်ဦးစလုံး သတိပြု မိခဲ့ကြကြောင်း၊ ကလေးငယ်၏ ဥာဏ်ရည်မှာ အခြား ကလေးငယ်များနှင့် မတူဘဲ ထူးခြားမှု ရှိသည်ဟု အခြားသူများက ပြောဆို နေကြသည့်တိုင် သူမတို့က ပုံမှန် ဖြစ်သည်ဟု ထင်မြင် ခဲ့ကြကြောင်း မိခင်က ပြောကြား သည်။

ရှာဝင်၏ သုံးနှစ်မြောက် မွေးနေ့တွင် မိဘနှစ်ပါးမှ မူကြိုနှင့် မူလတန်း အဆင့် ဥာဏ်ရည် စမ်းသပ်မှုကို Wechsler မူကြိုတွင် ပြုလုပ်ခဲ့ကြရာ အိုင်ကျူ ရမှတ်အဆင့် ၁၃၆ မှတ် ရှိ သည်ကို တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ ကလေးငယ်များ၏ အိုင်ကျူ ရမှတ်မှာ ပုံမှန်အားဖြင့် ၈၅ နှင့် ၁၁၅ ကြားတွင် ရှိရမည်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ၁ဝဝ တွင် ရှိရမည် ဖြစ်သည်။

အိုင်ကျု ရမှတ်အဆင့် ၁၃၆မှတ် ရှိကြောင်းကို သိရှိခဲ့ရာမှ အိုင်ကျူ မြင့်မား သူများဖြင့် ဖွဲ့စည်း ထားသော Mensa အဖွဲ့အစည်းသို့ ဆက်သွယ်ခဲ့ ကြသည်။ Mensa အဖွဲ့အစည်းတွင် အဖွဲ့ဝင်ပေါင်း ၂၂ဝဝဝ ရှိပြီး ၄င်းတို့ အနက် အသက် ၁ဝ နှစ်အောက် အဖွဲ့ဝင်များမှာ ၁ဝဝ သာရှိကြောင်း သိရသည်။ ယခုအချိန်တွင် ရှာဝင်သည် အနောက် ယော့ခ်ရှိုင်းယား ပြည်နယ် ရစ်ဟောက်စ်မြို့ရှိ Ras-trick Independent ကျောင်းတွင် ၄င်းအတွက် ဖန်တီး ထားသော အထူး သင်ခန်းစာ များကို စတင် သင်ယူနေပြီ ဖြစ်သည်။ ။

မြဝတီ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။