12 December 2012 |By Venus News Journal
ဆယ်ကျော် သက်တွေ ကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်လေ့ ရှိသလို ပါပရာဇီတွေ အတွက်လည်း ဖွစရာ သတင်းဦး သတင်း ထူးတွေ ဖြစ်နေရမြဲပါပဲ။
တလောတုန်းကမှ စေ့စပ်သွားသူ ကနေဒါ အလန်းဇယား လဗင်းဟာ Boy-Friend ချဒ်ကလို့ဂါရဲ့ Nickelback ဂီတ ဖျော်ဖြေရေး ခရီးစဉ်ကို အတူလိုက်ပါသွား ခဲ့ပြီး ချစ်နဲ့အတူလိုက်ဖ်ရှိုးတွေနွှဲခဲ့တာကို ရိုးလင်းစတုန်းက ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ ကောင်းချီးပေးထားပါတယ်။
မချောလေး အယ်ဗာလဗင်းရဲ့ ပရိသတ်အခိုင်အမာရှိတဲ့ ဩစ တြေးလျမြေ ပါ့သ်နဲ့ကွင်းစလန်မှာ ဆိုရင်းလည်း Nickleback ဂီတညဟာ ပန့်စ်စတားမလေးအရှိန်နဲ့ ဝက်ဝက်ကွဲအောင်မြင် ခဲ့ပါကြောင်း၊ မကြာခင်လက်ထပ်တော့မှာပါလို့ အယ်ဗာလ ဗင်းက ဂီတပရိသတ်တွေကို အသိပေးစကားဆိုခဲ့ပါကြောင်း၊ ချဒ် ၃၇ နှစ်နဲ့ အေဗရယ် ၂၈ နှစ်တို့ဟာလိုက်ဖက်ညီတဲ့ ဂီတမောင်နှံဖြစ်ပြီး လက်ထပ်ပြီးရင် အတူနေဖို့ နေအိမ်သစ်တစ် လုံးလော့ အင်ဂျလိစ်မှာ ရှာပုံတော်ဖွင့်နေတာ အမှန်ပါပဲဖြစ်ပါ ကြောင်းကိုလည်း RS က သတင်းစုံပေးလာပါတယ်။ မကြာခင် မှာ ကြင်နာတော့မယ့် အယ်ဗာလဗင်းလို့ပဲ ဆိုရတော့မှာပဲပေါ့။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။