Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 1, 2012

ထိန်းချုပ်ရမည့် ဒေါသနှင့် ဆန်းစစ်ရမည့် အရည်အချင်း

 


နိုဝင်ဘာလထုတ် ကျန်းမာရေး မဂ္ဂဇင်းမှ ဆရာ သက်တန့်ချို၏ ထိန်းချုပ်ရမည့် ဒေါသနှင့် ဆန်းစစ်ရမည့် အရည်အချင်း

ကျန်းမာရေးမဂ္ဂဇင်း အတွက် ဒီတစ်လမှာတော့ ကျွန်တော် ရေးခဲ့သမျှ နှလုံးသားအာဟာရ ဘာသာပြန် စာစုတွေထဲကနေ “ထိန်းချုပ်ရမည့် ဒေါသ”နှင့် “ဆန်းစစ်ရမည့် အရည်အချင်း”ဆိုတဲ့ အကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အားလုံးသော စာဖတ်သူများအနေနဲ့ ပုံပြင်လေး တွေဟာ တိုတောင်းပေမယ့်လည်း ယူတတ်မယ်ဆိုရင် တကယ့်ကို လူ့ဘ၀ရဲ့ ...
အနှစ်သာရတွေကို ထင်ဟပ်စေမှာ ဖြစ်ပါတယ်။


ထိန်းချုပ်ရမည့်ဒေါသ
တစ်ခါတုန်းက အရမ်းဒေါသထွက်လွယ်တဲ့ ကောင်လေး တစ်ယောက် ရှိတယ်။ သူ့အဖေက သူ့ကို တူတစ်ချောင်းနဲ့ သံတွေထည့်ထားတဲ့ အိတ် တစ်အိတ်ပေးပြီး ပြောတယ်။
““သား မင်းဒေါသထွက်လာတဲ့အခါ မင်းကိုယ်မင်း မထိန်းနိုင်တဲ့ အခါမျိုးမှာ အိမ်ဘေးက ခြံစည်းရိုးမှာ သံတစ်ချောင်း သွားရိုက်ပါ””
ပထမရက်မှာ ကောင်လေးဟာ ခြံစည်းရိုးမှာ သံ (၃၇)ချောင်း ရိုက်ခဲ့ တယ်။ ဒီလိုနဲ့ နောက်တစ်ပတ်လောက်မှာ သူဟာ သူ့ဒေါသကို တဖြည်းဖြည်း ဘယ်လိုထိန်းရမယ်ဆိုတာ သိလာခဲ့တယ်။ တဖြည်းဖြည်း ခြံစည်းရိုးမှာ ရိုက်ရတဲ့ သံချောင်း အရေအတွက်ကလည်း နည်းလာခဲ့တယ်။ ကောင်လေး ဟာ တဖြည်းဖြည်းနဲ့ ခြံစည်းရိုးကို သံချောင်းတွေရိုက်ရတာထက် သူ့ဒေါသကို ထိန်းရတာ ပိုလွယ်ကြောင်း သိလာခဲ့တယ်။ နောက်ဆုံးမှာတော့ ခြံစည်းရိုးမှာ သံတစ်ချောင်းမှ မရိုက်တဲ့နေ့၊ သူဒေါသလုံးဝ မထွက်တဲ့နေ့ ရောက်လာခဲ့ တယ်။ သူဟာ အဲဒီအကြောင်း သူ့အဖေကိုပြောခဲ့တယ်။ အဲဒီအခါ ကောင်လေးရဲ့ အဖေက ကောင်လေးကို ခြံစည်းရိုးနားခေါ်သွားပြီး တစ်နေ့ချင်းစီမှာ သူရိုက်ခဲ့တဲ့သံတွေကို ပြန်နုတ်စေခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံး မှာတော့ ကောင်လေးက သံတွေ အကုန်နုတ်ပြီးပြီဖြစ်တဲ့အကြောင်း သူ့ဖခင်ကို ပြောခဲ့တယ်။ အဲဒီအခါ သူ့ဖခင်က ကောင်လေးကို တဖန် ခြံစည်းရိုးနား ခေါ်သွားပြီး ပြောခဲ့တယ်။
““ငါ့သား မင်းကောင်းစွာလုပ်နိုင်ခဲ့တာပဲ ကဲ .. အခု ခြံစည်းရိုး တိုင်တွေ ကို ကြည့်လိုက်ပါဦး အရင်ခြံစည်းရိုး မဖြစ်နိုင်တော့ဘူး။ သား သံစိုက်ခဲ့တဲ့ အရာတွေက မင်းရဲ့ဒေါသတစ်ခုဖြစ်ခဲ့မယ်ဆိုရင် မင်းဟာ ဒေါသ တစ်ခါ ဖြစ်တိုင်း လူတစ်ဦးအပေါ်မှာ ဒီလို ဒဏ်ရာအမာရွတ်တွေရစေမှာ အမှန်ပဲ””

သင်ဟာ ဒါးတစ်လက်နဲ့ လူတစ်ဦးကိုထိုးလိုက်တယ်ဆိုပါစို့။ ဘယ်လောက်ပဲ အကြိမ်ပေါင်းများစွာ မှားပါတယ်လို့ တောင်းပန်လည်း သူ့ဆီမှာ ဒဏ်ရာကတော့ ရသွားခဲ့ပါပြီ။

သင် တောင်းပန်ပါတယ်လို့ နောက်တစ်ကြိမ် လူတစ်ဦးကို မပြောရ သေးခင် သင့်ရဲ့ ဒေါသတွေကို အရင်ထိန်းချုပ်လိုက်ပါ။

ကျွန်တော်တို့ ဒေါသတစ်ခါထွက်ပြီး ကျွန်တော်တို့ သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေအပေါ်မှာ ပြုမူလိုက်တိုင်း ခြံစည်းရိုးပေါ်က သံရိုက်တဲ့ ဒဏ်ရာတွေအတိုင်း ပြန်နုတ်လိုက်ပေမယ့်လည်း သူတို့စိတ်တွေမှာတော့ ဒဏ်ရာတွေ ရသွားမှာအမှန်ပါပဲ။
ဒေါသမဖြစ်ခင် အရင် -- အသိစိတ်ကလေးနဲ့ ထိန်းချုပ်ကြပါစို့။

ဆန်းစစ်ရမည့်အရည်အချင်း
တစ်ခါတုန်းက လူတစ်ယောက်ဟာ လမ်းဘေးဖုန်းဆိုင်မှာ ဖုန်းလာဆက်တယ်။ ဖုန်းဆိုင်ပိုင်ရှင်ကလည်း မသိလိုက်မသိဘာသာ အဲဒီလူ ပြောတဲ့စကားသံတွေကို နားစွင့်နေတယ်။

ဖုန်းဆက်သူ - ““ဟဲလို မခင်မြင့်လားခင်ဗျ။ ဩ သြော် ..ဒီလိုပါ ကျွန်တော် တစ်ခုလောက် စုံစမ်းချင်လို့ပါ။ မခင်မြင့် ခြံထဲက မြက်တွေရှင်းဖို့ ကျွန်တော့်ကို အလုပ်တစ်ခုလောက် ပေးနိုင်မလားခင်ဗျ။””

တစ်ဖက်မှ - ““ကျွန်မဆီမှာ မြက်ခင်းတွေရိတ်ဖို့ လူရှိပြီးသားပါရှင်။””

ဖုန်းဆက်သူ - ““မခင်မြင့်ရေ ... ဒီလိုလုပ်ပါလားခင်ဗျ။ အခု မခင်မြင့်ဆီမှာ လုပ်နေတဲ့ မြက်ခင်းပြင်ရိတ်တဲ့သူထက် ကျွန်တော်က တစ်ဝက်လျော့ယူပါ့ မယ်။ ကျွန်တော့်ကို အလုပ်ပေးလို့ရမလားခင်ဗျ။””

တစ်ဖက်မှ - ““အခု လက်ရှိလုပ်နေတဲ့ အလုပ်သမားကိုပဲ ကျွန်မ ပိုသဘောကျပါတယ်ရှင်။””

ဖုန်းဆက်သူ - (သည်းခံ နှိမ့်ချသောလေသံဖြင့်) ““မခင်မြင့်ရေ၊ ဒါဆိုလည်း ကျွန်တော့်ကို အဲဒီအလုပ်လေးပဲပေးပါခင်ဗျာ။ ကျွန်တော် အိမ်တစ်ခုလုံးရဲ့ ကြမ်းပြင်နဲ့လှေကားတွေကို ပိုက်ဆံမယူပဲ သန့်ရှင်းရေးလုပ်ပေးပါ့မယ။်””

တစ်ဖက်မှ - ““ဟင့်အင်းဩ ကျေးဇူးတင်ပါတယ်ရှင်””
ဖုန်းဆက်တဲ့လူရဲ့ မျက်နှာတစ်ချက်ပြုံးလိုက်တယ်။ ပြီးတော့ဖုန်းခွက်ကို ပြန်ချထားလိုက်တယ်။ ဖုန်းဆိုင်ပိုင်ရှင်က ဖုန်းဆက်တဲ့သူဆီ လျှောက်လာ တယ်။

ဖုန်းဆိုင်ပိုင်ရှင် - ““လူလေး မင်းရဲ့ စိတ်နေသဘောထားကို ငါသဘောကျ တယ်။ ဒီလိုအကောင်းမြင်စိတ်နဲ့ အလုပ်တစ်ခုရဖို့ ကြိုးစားတာကို ငါသဘော ကျတယ်။ မင်းကို ငါအလုပ်ပေးချင်တယ်။””

ဖုန်းဆက်သူ - ““ဟင့်အင်း ... ကျေးဇူးတင်ပါတယ်ခင်ဗျ။””

ဖုန်းဆိုင်ပိုင်ရှင် - ““ဒါပေမယ့် မင်းအလုပ်ရဖို့အတွက် ငါ့ရှေ့မှာတင် အသနားခံနေတာ ငါတွေ့တယ်လေ။””

ဖုန်းဆက်သူ - ““မဟုတ်ပါဘူးခင်ဗျ။ ကျွန်တော့်ရဲ့ လုပ်ရည်ကိုင်ရည်ကို ကိုယ့်ဘာသာစမ်းသပ်ကြည့်တာပါ။ တကယ်တော့ ကျွန်တော် ဖုန်းဆက်နေတဲ့ အလုပ်ရှင်ဆီမှာ ကျွန်တော်က လက်ရှိအလုပ်လုပ်နေတဲ့သူပါ””

“အဲဒါကို မိမိအရည်အသွေးအား မိမိကိုယ်တိုင် ဆန်းစစ်သုံးသပ်ခြင်း လို့ခေါ်တယ်။ လူဆိုတာ ကိုယ်လုပ်နေတဲ့အလုပ်၊ ကိုယ်ရောက်နေတဲ့ နေရာကို အမြဲတမ်း ဆင်ခြင်သုံးသပ်မှုရှိနေမှသာ တိုးတက်နိုင်မယ် ဒီလိုမှမဟုတ်ဘဲ ရောက်တဲ့နေရာမှာ ရတဲ့အရာလေးနဲ့ ပျော်နေရင်တော့ ကိုယ့် အရည်အသွေး ဟာ ဘယ်တော့မှ တိုးတက်လာမှာမဟုတ်ဘူး။”

သက်တန့်ချို

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။