လောကကောင်းကျိုး ၊ ပြည်အကျိုးကို
သယ်ပိုးထမ်းဆောင် ၊ ရှေ့ဆောင်လမ်းပြ
စိတ်နေလှ၍ ၊ မမေ့ကျေးဇူး
...
သယ်ပိုးထမ်းဆောင် ၊ ရှေ့ဆောင်လမ်းပြ
စိတ်နေလှ၍ ၊ မမေ့ကျေးဇူး
...
သူတစ်ထူးအား ၊ သနားကူညီ
အမြင်ကြည်ကာ ၊ လိမ္မာယဉ်ကျေး
ကောင်းကျိုးပေးမည့် ၊ တော်သည့် ရည်မွန်
လူရည်ချွန် တို့ ၊ ပညာနို့ ချို
သောက်စို့ခိုနား ၊ မွေးဖွားပေးရာ
ကျောင်းတော်သာသည် ၊ တေဇဇာနည်
ရဲရဲနီသည့် ၊ ခရိုနီလက်သစ်
လာဘ်ပေးရစ်လည်း ၊ မယိမ်းဘဲနှင့်
နှလုံးသဲ(သည်း)ဖြူ ၊ ရိုးဖြောင့်သူဟု
သူငါသိမှတ် ၊ ဆိုစမှတ်ရှိ
လေးစားဘိသူ ၊ သူ့လိုလူကို
ပျိုမျစ်နုနယ် ၊ ကလေးငယ်စု
တုယူအားကျ ၊ စိတ်မာန်ကြွအောင်
သမိုင်းကိုပြ ၊ ဆုံးမဆိုစေ
ဗိုလ်အောင်ဆန်းတွေ မွေးစေသား....။ ။
ကိုလေး(ထီလာမြေ)
အမြင်ကြည်ကာ ၊ လိမ္မာယဉ်ကျေး
ကောင်းကျိုးပေးမည့် ၊ တော်သည့် ရည်မွန်
လူရည်ချွန် တို့ ၊ ပညာနို့ ချို
သောက်စို့ခိုနား ၊ မွေးဖွားပေးရာ
ကျောင်းတော်သာသည် ၊ တေဇဇာနည်
ရဲရဲနီသည့် ၊ ခရိုနီလက်သစ်
လာဘ်ပေးရစ်လည်း ၊ မယိမ်းဘဲနှင့်
နှလုံးသဲ(သည်း)ဖြူ ၊ ရိုးဖြောင့်သူဟု
သူငါသိမှတ် ၊ ဆိုစမှတ်ရှိ
လေးစားဘိသူ ၊ သူ့လိုလူကို
ပျိုမျစ်နုနယ် ၊ ကလေးငယ်စု
တုယူအားကျ ၊ စိတ်မာန်ကြွအောင်
သမိုင်းကိုပြ ၊ ဆုံးမဆိုစေ
ဗိုလ်အောင်ဆန်းတွေ မွေးစေသား....။ ။
ကိုလေး(ထီလာမြေ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။