Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 16, 2012

ဆေးဖက်ဝင် ဒန့်သလွန်ပင်

 
ဒန့်သလွန်ပင်သည် ဟင်းသီးဟင်းရွက်ပင်အဖြစ် မြန်မာနိုင်ငံ နေရာအနှံ့ အပြားတွင် ပေါက်ရောက်သည်။ ပင်လတ်မျိုးဖြစ်ပြီး အမြင့် ၂၅ ပေအထိ မြင့်သည်။ အခေါက်ထူ၍ချောပြီး အဖြူစက်ကလေးများရှိသည်။ အတွင်းသား ဖြူသည်။ ဒန့်သလွန်သီးသည် ရှည်လျား၍ အစိမ်းရင့်ရောင်ရှိပြီး အက်ကွဲ သီးဖြစ်သည်။ အမြှောင်း ပါသည်။ အသီးအတွင်းတွင် အစေ့များတန်းစီလျက် ငါးစေ့၊ ခြောက်စေ့ခန့်ပါဝင်သည်။ အတွင်းသားထူ သည်။ အစေ့၌ အတောင် ပါသည်။ ကဆုန်၊ နယုန်လ များတွင်သီးသည်။

မြန်မာ့ဆေးကျမ်းများအလိုအရ ဒန့်သလွန်သည် အနည်းငယ်ချို၏။ ဖန်သော အရသာရှိ၏။ ထက်မြက် ၏။ ကြေလွယ်၏။ နှုတ်ကိုမြိန်စေ၏။ ဝမ်းမီးကို တောက် စေ၏။ လေ၊ သလိပ်၊ သည်းခြေကိုနိုင်၏။ အပူနာ၊ အဖျဉ်း၊ ဂူလုံး၊ အကြောအခြင်ရောင်ရမ်းနာတို့ကို နိုင် ၏။ မျက်စိကိုအကျိုးပြု၏။
...

ဒန့်သလွန် ရွက်ကို ကြက်သွန်ဖြူ၊ ပတဲကောမြစ်၊ မိဿလင်တို့နှင့် ဟင်းခါး ချက်သောက်သော် ရာသီထိမ် ခြင်းပျောက်၏။ ဒန့်သလွန်ရွက်ကို သုံးခွက် တစ်ခွက် တင်ဟင်းချိုအဖြစ်ပြုတ်သောက်သော် သွေးတိုးကျ၏။

ဒန့်သလွန် မြစ်ကိုထုထောင်းကြိတ်ချေ၍အရည်ကို ညှစ်ကာ စားပွဲဇွန်းနှင့် တစ်ဇွန်းခန့် သောက်ပါက အသံ ဝင်၊ အသံကပ်၊ လည်ချောင်းနာပျောက်၏။ ဒန့်သလွန် မြစ်နှင့် မုန်ညှင်းစေ့မျှတပေါင်းစပ်၍ ရောကြိတ်ပြီး ရေ တွင် နှစ်နာရီ ကျော်မျှစိမ်ကာ တစ်ခါသောက်စားပွဲဇွန်း တစ်ဇွန်း တစ်နေ့သုံးကြိမ် သောက်ပါက အစာမကြေ ဝမ်းဖောဝမ်းရောင်ပျောက်ကင်း၏။ ဒန့်သလွန် မြစ်ကို သုံးခွက်တစ်ခွက်တင်ကျို၍ စားပွဲဇွန်းတစ်ဇွန်းမှန်မှန် သောက်သော် ဝမ်းတွင်းသက်တန့်ပျောက်၏။

ပန်းနာရင်ကျပ် ရောဂါအတွက် ဒန့်သလွန်မြစ်ကို ကြိတ်၍ရသောအရည်ကို ချင်းရည်နှင့် ရောသောက် ရာ၏။ ဒန့်သလွန်မြစ်မှုန့်နှင့် ပရန္နဝါမြစ်မှုန့်ဆတူကို အုန်းနို့၊ ပျားရည်တို့နှင့်ရောစပ်ချက်ပြီး နံနက်ညတစ်ဇွန်း စီသောက်သော် အားအင်ပြည့်ဖြိုး ခွန်အားတိုး၍ အသက်ရှည်၏။ အမြစ်ကိုကြိတ်၍ စည်းပေး သော် ရောင်တင်းခြင်းပျောက်၏။ အမြစ်ကြိတ်ညှစ်ရည်ကို နို့နှင့်ရောသောက် သော် ဆီးချိုရောဂါပျောက်၏။

ဒန့်သလွန်သီးကို ဟင်းချက်ကျွေးက ကလေးများ သန်ကောင်၊ တုတ်ကောင် ကင်းရှင်းစေ၏။ အသီးကို အမှုန့်ပြုသကြားနှင့်ရောသောက်ပါက ဆီးများခြင်း ပျောက်၏။ ဒန့်သလွန်စေ့သည် အဆိပ်သင့်ခြင်းနှင့် ခေါင်းကိုက်ရောဂါ ဖြစ်ခြင်းကို ပျောက်ကင်းစေတတ် ၏။ အစေ့ကိုအမှုန့်ပြု၍ နား၌ထည့်ပေး သော် နား ကိုက်ခြင်း၊ နားပြည်ယိုခြင်းများပျောက်ကင်း၏။ အစေ့ ဆီကို အနာပေါက်နှင့် ယားနာအမျိုးမျိုးတို့၌သုံး၏။ ဒန့်သလွန်ပွင့်ကို ဖောရောင် ခြင်း၊ အဖျဉ်းကြီးခြင်း၊ အကြောရောဂါ၊ သက်တန့်ရောဂါ၊ သလိပ်ရောဂါနှင့် လေဖောက်ပြန်သောရောဂါများအတွက် ဆေးဖော်စပ် သုံးရ၏။ လတ်ဆတ် သော အခေါက်အရည်ကို နား၌ ထည့်ပေးသော် နားနာကျင်ကိုက်ခဲခြင်း၊ နားပြည်ယို ခြင်းများကို ပျောက်ကင်း စေတတ်သည်။ ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။