Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 1, 2012

စီမံကိန်းကြီးများနဲ့ မစည်ပင်နိုင်တဲ့ ကျွန်တော်တို့နိုင်ငံ

By James Mint on Tuesday, November 27, 2012 at 7:25pm ·

 


ကျွန်တော်တို့နိုင်ငံလောက် နိုင်ငံအကျိုးပြု စီမံကိန်းတွေများပြီး နိုင်ငံက မွဲပြာကျနေတဲ့နိုင်ငံမျိုး ကမ္ဘာမှာ ရှိမယ်မထင်ပါဘူး…. စီမံကိန်းကြီး တစ်ခုအကြောင်း သတင်းတွေမှာ ပါလာလို့ ကြည့်လိုက်ရင် မစားရ၀ခမန်း ကိန်းဂဏန်းတွေနဲ့ ခုချက်ခြင်း သူဌေးမဖြစ်ရုံတမယ်တွေ ရေးသားနေကြပေမယ့် စီမံကိန်းရဲ့ ဘေးထွက်ဆိုးကျိုးများ မပါရှိသလို၊ စီမံကိန်းပြီးဆုံးချိန်မှာ အကျိုးရှိရှိ တိုင်းသူပြည်သားတွေပါ ပါဝင်လာအောင် လမ်းပြပေးမယ့် မီဒီယာတွေ အားနည်းနေပါတယ်….. ထို့အတူပဲ စီမံကိန်းအများစုဟာ သက်ဆိုင်ရာ တာဝန်ရှိသူနဲ့ ရင်းနှီးမြှုပ်နှံသူ နှစ်ဦးသဘောတူသာ လုပ်သွားကြပြီး ဒေသခံတွေဘက်ကို လှည့်မကြည့်တာတွေကြောင့် မလိုလားအပ်ပဲ ဆန္ဒပြနေတာလည်း အများကြီးပဲ ဖြစ်ပါတယ်….



ထားဝယ်ရေနက်စီမံကိန်းကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်သွားမှာ မှန်ပါတယ်…. ဒါပေမယ့် ဒီစီမံကိန်းကြီး ဖြစ်မြောက်ဖို့အတွက် မြေဧကပေါင်း မြောက်များစွာ လိုပါတယ်…. အဆိုပါ မြေဧကတွေကို ဒေသခံတွေစီက တန်ရာတန်ကြေး ပေးဝယ်တာ မှန်ပေမယ့် သူတို့ကိုလည်း ထိုက်သင့်တဲ့ အသိပညာတွေကို စဉ်ဆက်မပြတ် ပေးနေဖို့လိုပါတယ်….. ဘာကြောင့်လဲဆိုတော့ မြေတွေရောင်းလိုက်လို့ နင့်နေအောင် ရပေမယ့် ဒီပိုက်ဆံတွေဟာ ရည်ရှည်တည်တံ့မှာ မဟုတ်တဲ့အကြောင်းနဲ့ အခြားသော စီးပွားရေးလုပ်ငန်းများမှာ ဆက်လက်ရင်းနှီးဖို့ အသိပညာတွေ ဖြန့်ဖြူးပေးရမှာ ဖြစ်ပါတယ်…. နောက်မို့ဆိုရင်တော့ ဒီပိုက်ဆံတွေ ကုန်အောင် ဖြုန်းပီးတဲ့အချိန်မှာ အခြားအခြားသော မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်လို့ပါပဲ…. အဆိုပါ မြေရောင်းချငွေများနဲ့ အခြားနေရာမှာ မြေဧကများစွာအပြင် ခောတ်မှီနည်းစနစ်များနဲ့ စိုက်ပျိုးဖို့ အသိပညာပေးရမှာ ဖြစ်ပါတယ်....



နောက်တစ်ခုကတော့ အဆိုပါစီမံကိန်းတွေ ပြုလုပ်လိုက်လို့ အသုံးပြုလိုက်တဲ့ မြေကွက်တွေဟာ စိုက်ပျိုးမြေတွေ ဖြစ်နေတဲ့အတွက် ပုံမှန်ထွက်ရှိနေမယ့် အသီးအနှံများဟာ နောင်နှစ်ပေါင်းများစွာ မထွက်ရှိနိုင်တာကို အချိန်မှီဖြည့်ဆည်းနိုင်ဖို့အတွက်ပါ တဆက်တည်း စဉ်းစားရမှာ ဖြစ်ပါတယ်…. ထို့အတူ တစ်နိုင်ငံလုံး အတိုင်းအတာအရ အဆိုပါ စိုက်ပျိုးမြေများမှ ထွက်ရှိမယ့် သက်ဆိုင်ရာ သီးနှံအထွက်နှုန်း နည်းသွားမှာကိုလည်း ထည့်သွင်းစဉ်းစားပြီး ဖြည့်တင်းရမှာ ဖြစ်ပါတယ်….. ဒါမှသာ စီမံကိန်းကြောင့် ၀င်ငွေရပီး အခြားတစ်ဖက်က ၀င်ငွေလျော့သွားတာမျိုး မဖြစ်အောင် ကြံဆောင်နိုင်မှာ ဖြစ်ပါတယ်…. နို့မို့ဆိုရင်ဖြင့် ပလိုင်းပေါက်နဲ့ ဖားကောက်သလို ဖြစ်နေပါလိမ့်မယ်…..

ထို့အတူ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို လူထုအမြင် ကျယ်ပြန့်အောင် အသိပညာတွေ ပေးစေချင်ပါတယ်….. ကိုယ့်အမျိုးသာ၊ အသိတွေသာ တိုးတက်ဖို့ တိုးတိုးတိတ်တိတ် ကြိတ်လုပ်နေလို့ မရပါဘူး….. တကယ် လူ့စွမ်းအား အရင်းအမြစ်တွေ လိုလာချိန်မှာ မလောက်ငှမှုနဲ့ တွေ့လာနိုင်ပါတယ်…. ပင်လယ်ရေဟာ လူတိုင်းသောက်လို့ မကုန်ပါဘူး…. သို့ဖြစ်သည့်အတွက် စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် အလုပ်အကိုင် အခွင့်အလမ်းများအတွက် လိုအပ်လာမယ့် ကျွမ်းကျင်လုပ်သားများ အဆင်သင့်ရှိနေဖို့ စီမံကိန်းနဲ့အတူ အမှီလိုက်နိုင်ပါမှ ဖြစ်မှာ ဖြစ်ပါတယ်…. နောက်မို့ဆိုရင်ဖြင့် ကားရှိပီး မမောင်းတတ်လို့ အခုမှ အမောင်းသင်နေသလို အကျိုးမရှိ ဖြစ်နေမှာပါ…. စီမံကိန်းကို အကျိုးရှိရှိ လည်ပါတ်နိုင်စေဖို့ ကျွမ်းကျင်လုပ်သားများအတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ရမှာ ဖြစ်ပါတယ်…. အဆိုပါကိစ္စမျိုးဟာ မီဒီယာများရဲ့ ပြည်သူအပေါ်ထားရှိတဲ့ စေတနာနဲ့လည်း သက်ဆိုင်ပါတယ်….

မီဒီယာများမှ အသိပညာပေးခြင်းဖြင့် ခောတ်လူငယ် လူရွယ်များကို ဘ၀တက်လမ်းအတွက် လမ်းကိုရွေးချယ်နိုင်အောင် အမြင်တွေ ဖွင့်ပေးရမှာ ဖြစ်ပါတယ်…..



အထူးသဖြင့် ရေနက်ဆိပ်ကမ်းတွေ အဓိကထား တည်ဆောက်လာမှာ ဖြစ်တဲ့အတွက် ကူးသန်းရောင်းဝယ်ရေး၊ ကုန်စည်စီးဆင်းမှုတွေနဲ့ ပါတ်သက်တဲ့ Logistics လို့ခေါ်တဲ့ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းကျွမ်းကျင်သူတွေ နေရာရလာမှာ ဖြစ်ပါတယ်…. နိုင်ငံတကာမှာလည်း အဆက်အသွယ်ကောင်း၊ အချိတ်အဆက်ကောင်းကောင်း ရှိရုံနှင့် သင်္ဘောလိုင်းများနဲ့ ညှိနှိုင်းပီး လုပ်ကိုင်နေတဲ့ Logistics ကုမ္ပဏီတွေ အများကြီးရှိပါတယ်…. Logistics ကို အများနားလည်အောင် ပြောရမယ်ဆိုရင်တော့ ထောက်ပံ့ပို့ဆောင်ရေးပဲ ဖြစ်ပါတယ်… ကမ္ဘာစစ်တွေ ဖြစ်တုန်းက လိုအပ်တဲ့ ပစ္စည်းတွေ တစ်နေ့မှ တစ်နေရာကို စနစ်တကျ သယ်ယူပို့ဆောင်ခြင်းကနေ အစပြုလာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်….. တစ်နည်းအားဖြင့် ကမ္ဘာစစ်များကြောင့် စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာတယ်ဆိုလည်း မမှားပါဘူး……


တစ်နေရာမှ တစ်နေရာကို ကုန်ပစ္စည်းတစ်ခုကို ချောချောမွေ့မွေ့ ရောက်ရှိအောင် ပို့ဆောင်နိုင်တာကို Logistics လို့ခေါ်ပါတယ်…. အဆိုပါ ပို့ဆောင်ရာမှာ Sea Freight, Air Freight, Land Freight အစရှိသဖြင့် ပို့ဆောင်လို့ရသမျှ နည်းလမ်းများနဲ့ ပို့ဆောင်ပါတယ်…. ထိုသို့ပို့ဆောင်ရာမှာ လိုအပ်တဲ့ ကုန်ပစ္စည်း သတ်မှတ်နေရာကို ချောချောမွေ့မွေ့ ရောက်ရှိစေဖို့ အစစ အရာရာကို Logistician တွေက တာဝန်ယူရပါတယ်… ပို့ဆောင်ပေးမယ့် သင်္ဘောလိုင်း၊ ကြားခံ Transist၊ နိုင်ငံတကာ စည်းမျဉ်းဥပဒေ၊ သက်ဆိုင်ရာနိုင်ငံရဲ့ စည်းမျဉ်းဥပဒေ၊ ကုန်ပစ္စည်းအာမခံ အစရှိတာတွေပါ ပါဝင်လာပါတယ်…. ထိုသို့ ပို့ဆောင်ရုံတင်မဟုတ်ပဲ လိုအပ်သည့် ပစ္စည်းများကို လိုအပ်သည့်နေရာကို ပို့ဆောင်ပေးရာမှာ ကိုယ်တိုင်ဝယ်ယူဖြည့်တင်းရေးဆိုတဲ့ Procurement လည်းပူးတွဲ ပါဝင်လာပါတယ်….


ဝယ်ယူဖြင့်တင်းရာမှာ သိုလှောင်မှုပါ ပါလာတဲ့အတွက် Store တို့ Ware House တို့ဆိုတာတွေ လိုအပ်လာပီး Warehouse Management ပညာရပ်ကျွမ်းကျင်သူများ အစရှိသဖြင့် ခေါ်ယူကြပါတယ်…. ထိုသို့ Warehouse Management, Procurement & Logistics လုပ်ငန်းများကို ကိုယ်တိုင် ကိုယ်ကျ သယ်ယူပို့ဆောင်နေတာ မဟုတ်ပါဘူး…. ထိုင်ရာကမထ ကွန်ပျူတာ၊ အင်တာနက်၊ အီးမေးလ်ကွန်ယက်များမှ တစ်ဆင့် လုပ်ဆောင်သွားကြတာ ဖြစ်တဲ့အတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ အင်တာနက်မြန်ဆန်မှု၊ သုံးစွဲရ ဈေးနှုန်းသက်သာမှုတို့အပြင်၊ လျှပ်စစ်မီးလည်း အမြဲမှန်နေဖို့ လိုအပ်မှာဖြစ်ပါတယ်….


သို့ဖြစ်တဲ့အတွက် ရေနက်ဆိပ်ကမ်းများ ဖွံ့ဖြိုးလာတဲ့အခါမှာ နိုင်ငံတကာ ကုန်စည်ပို့ဆောင်မှုများအတွက် ထောက်ပို့ကျွမ်းကျင်တဲ့ လုပ်သားအရည်အတွက် များစွာလိုအပ်လာမှာဖြစ်ပါတယ်…. ကမ္ဘာတည်သရွေ့ တည်ရှိနေမယ့် လုပ်ငန်းတစ်ခုဆိုလည်း မှားမယ် မထင်ပါဘူး…. ဒါကြောင့် Logistician ပေါင်းများစွာ ပေါ်ထွန်းလာဖို့လည်း အခုကတည်းက ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်…. နိုင်ငံတကာနဲ့ ဆက်ဆံရတဲ့အခါမှာ ကိုယ့်ဘက် သူ့ဘက် Safe Side ဖြစ်စေဖို့ ဥပဒေပညာရှင်များနဲ့ စာချုပ်စာတန်း ကိစ္စတွေ လိုအပ်လာမှာ ဖြစ်တဲ့အတွက် ကုန်စည်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဥပဒေကျွမ်းကျင် ပညာရှင်များစွာ လိုအပ်လာမှာ ဖြစ်ပါတယ်….



ထို့အတူ ရေနက်ဆိပ်ကမ်း သဘောသဘာဝအရ လိုအပ်လာရင် သင်္ဘောတွေ အသေးစား ပြင်ဆင်ခြင်းများ ပါဝင်လာမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ လိုအပ်လာမှာ ဖြစ်ပါတယ်…. အထူးသဖြင့် Mechanical Engineer လိုအပ်ချက် များလာမှာ ဖြစ်ပါတယ်…. ထိုသို့ သက်မွေးဝမ်းကြောင်း ကျွမ်းကျင် ပညာရှင်များစွာ လိုအပ်လာမှာတွေကို ဖြည့်စည်းဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်ပါမှ တော်ရုံကျနိုင်မှာ ဖြစ်ပါတယ်…… သင်တန်းကျောင်းများမှ ထိရောက်တဲ့ သင်ရိုးညွှန်းတန်းများဖြင့် မွေးထုတ်ပေးဖို့ လိုသလို၊ အစိုးရကျောင်းများမှလည်း ထိထိရောက်ရောက် သင်ကြားပေးဖို့ လိုအပ်မှာဖြစ်ပါတယ်…. ထို့အတူ မီဒီယာများမှလည်း သိုက်သိုက်ဝန်းဝန်း ပြည်သူတွေရဲ့ အမြင်ကို ဖွင့်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်…. ထို့အတူပဲ စီမံကိန်းများက နေရာယူသွားတဲ့ စိုက်ပျိုးမြေတွေကို တစ်ခြားနေရာမှာ အစားပြန်ထိုးဖို့ အချိန်မှီ စီစဉ်နိုင်ရန် လိုအပ်ပါတယ်…. ထို့အတူ ဒေသခံတွေကိုလည်း လက်ငင်းရရှိတဲ့ ငွေသားအပေါ်မှာ သာယာနေမယ့်အစား ရေရှည်ဝင်ငွေရစေမယ့် လုပ်ငန်းမျိုးကို လုပ်ကိုင်ဖို့လည်း ပညာပေးတာတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်….. သို့မှသာ စီမံကိန်းများကြောင့် မစည်ပင်နိုင်တဲ့ ကျွန်တော်တို့နိုင်ငံဟာ စီမံကိန်းများကြောင့် စည်ပင်တိုးတက်လာမှာ ဖြစ်ပါတယ်လို့ ဆိုပါရစေ….


မနေ့က ရေးထားတဲ့ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် မြန်မာလူငယ်တို့အတွက် အလုပ်အကိုင် အခွင့်အလမ်း…… ကိုလည်း ပူးတွဲဖတ်ရှုနိုင်ရန် လင့်လေး ပြန်တင်ပေးလိုက်ပါတယ်....

မှတ်ချက် ။ ။ အကျမ်းမျဉ်းရေးတာ ဖြစ်တဲ့အတွက် ပညာရပ်ပိုင်း ဆိုင်ရာတွေမှာ လွဲကောင်း လွဲပါလိမ့်မယ်... သက်ဆိုင်ရာ ကျွမ်းကျင် နားလည်သူများမှ ၀င်ရောက် ပြင်ဆင်ဖြည့်စွက်ပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်....

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။