ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များသည် ငှက်ကုလားအုတ်၏ သွေးကြောကို အသုံးပြု၍ ဝက်၏ ခန္ဓာ ကိုယ်အတွင်း သွေးလှည့်ပတ်လမ်း လွှဲပြောင်းပေးမှု တစ်ရပ်ကို ဖန်တီးခဲ့ရာ ခန့်မှန်းထားသည်ထက် တိုးတက်မှုရှိခဲ့သောကြောင့် နှလုံးရောဂါ ဝေဒနာရှင်များအတွက် သွေးလွှတ်ကြော အစားထိုးကုသမှုကို အကျိုးသက်ရောက်မှု ရှိစေမည့် အလားအလာများ ပိုမိုများပြားလာ ခဲ့ကြောင်း သိရသည်။
...
သိပ္ပံပညာရှင် အဖွဲ့သည် ငှက်ကုလားအုတ်၏သွေးကြောကိုအသုံး ပြု၍ သွေးလွှတ်ကြောအတု တည် ဆောက်နိုင်မှုကို လေ့လာတွေ့ရှိခဲ့ ကြောင်း ယင်းသွေးလွှတ်ကြောသည် ၃ဝ စင်တီမီတာ (၁၂ လက်မ) ရှည်ပြီး အချင်းဝက် နှစ်မီလီမီတာ (သုည ဒသမ ဝ၈ လက်မ) ရှိကြောင်း သိရသည်။
သေဆုံးနေသူ အလှူရှင်၊တိရစ္ဆာန်တို့မှ ရယူထားသော သွေးလွှတ်ကြော များသည် သွေးခဲခြင်း အန္တရာယ်ကို ကာကွယ်ရန်အတွက် အနည်းဆုံး နှစ်ဆ ရှိရမည်ဖြစ်သည်။
ငှက်ကုလားအုတ်၏ သွေးလွှတ်ကြောသည် ၎င်း၏ ခေါင်းအတွင်းသို့ သွေးများကို သယ်ဆောင်နိုင်ပြီး တစ်ယူနစ်၏ အသေးငယ်ဆုံး အစိတ်အပိုင်းပေါ်တွင် တည်ရှိသည့် သွေးခဲခြင်းကို ကာကွယ်ပေးသော မော်လီကျူးများနှင့် ချိတ်ဆက်ထားသည့်အတွက် ကျဉ်း မြောင်းရှည်လျား သည့် သွေးကြောများ ကိုထောက်ပံ့ပေးရာတွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြောင်း နိုင်ငံအနောက် ပိုင်းဆူတာမြို့ရှိ အမျိုးသား ဦးနှောက်နှင့် နှလုံးသွေးကြောဌာန၏ ဇီဝဆေးပညာ ဆိုင်ရာဌာနမှ အကြီးအကဲ တက်ဆုဂျီယာ မာအိုကာက ပြောကြားခဲ့သည်။
အဆိုပါ သွေးကြောသည် သွေးခဲခြင်း ကိုကာကွယ်ပေးသော ပစ္စည်းကို အသုံးပြု ခြင်းမရှိဘဲ သွေးကိုကောင်းမွန်စွာ စီးဆင်းစေနိုင်သည်ကို သုတေသန ပညာရှင်အဖွဲ့က အတည်ပြုခဲ့သည်။မြ၀တီ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။