Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 12, 2012

ညရဲ့မြို့

Lay Lay Ko and 9 other people shared 7Day News Journal's photo.

ရေးသားသူ- ဥက္ကာကိုကို

အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်းတစ်ယောက် ဘဲပေါင်း၊ ကြက်ပေါင်းများကို မြိန်ရေယှက်ရေ စားသောက်ခဲ့ဖူးသည့် ရန်ကုန်မြို့လယ်ကောင်မှ လမ်း
ကလေးသည် ယခုနှစ်ပိုင်းတွေမှာတော့ လူတန်းစားပေါင်းစုံ၏ ရီဝေေ၀ညချမ်းများကို ဖန်တီးပေးသည့် နေရာတစ်ခုအဖြစ် ထင်ရှားလျက်ရှိပါပြီ။

ဒီမိုကရေစီခေတ်၏ ၂၀၁၂ ခုနှစ်တွင် ရန်ကုန်မြို့လယ်ရှိ တရုတ်တန်း ၁၉လမ်းမှ ညှော်နံ့နှင့် မီးခိုးများက ကမ္ဘာလှည့်ခရီးသွား လူမျိုးပေါင်းစုံတို့ကို လည်း ဆွဲဆောင်ထားခဲ့ပြီဖြစ်သည်။

ညှော်နံ့များ၊ စီးကရက်မီးခိုးများ၊ အဖုံးတွင်းကံစမ်းမဲများ တစ်နေကုန် အသည်းအသန်ရှင်သန်ခဲ့သမျှ တစ်နေကုန် အပြင်းအထန် သေဆုံးခဲ့သမျှ
သူငယ်ချင်းတစ်ယောက်ရဲ့အိတ်ထောင်ထဲ ငွေစကြေးစကလေးလည်းချွေးတွေစိုလို့ ..... (ကြည်ဇော်အေး-၁၉ လမ်း ကဗျာမှ)

“၁၉ လမ်းကြေးအိုးက မြန်မာပြည်မှာ ပထမဆုံးရောင်းတဲ့ ကြေးအိုးပဲ” ဟု ဦးကျော်ကျော်က ပြောသည်။ ဦးကျော်ကျော်မှာ ၁၉ လမ်းတွင် ပထမဆုံး ဘီယာစရောင်းခဲ့သူတစ်ဦးလည်း ဖြစ်သည်။ မိခင်ရောင်းချသည့် ကြက်ပေါင်း၊ ဘဲပေါင်းများကို အောင်ဆန်းသူရိယ တိုက်ချွန်းတို့ လာရောက်စားသောက်သည့် ကာလ မှာ ဦးကျော်ကျော်က ခပ်ငယ်ငယ်ပင်ရှိသေးသည်။

ကြက်ပေါင်း၊ ဘဲပေါင်းမှသည် ၇၅ ကျပ်တန် ကြေးအိုးခေတ်သို့ ပြောင်းလဲသွားသည့် ကာလ၏ နောက်ပိုင်းမှာတော့ ဦးကျော်ကျော်ရောင်းချသည့် ဆိုင်ကလေးသို့ လာရောက်စားသောက်သူ ဖောက်သည်များတွင် ယခုဗိုလ်ချုပ်အငြိမ်းစား၊ လက်ရှိ အစိုးရအရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီး တချို့အထိ ပါဝင်လာကြသည်ဟု သူကဆိုသည်။ ယခုတော့ ဦးကျော်ကျော်က အသက်အရွယ်အရ ၇၄ နှစ်ရှိခဲ့ပြီဖြစ်သလို သူ့ ဖောက်သည်ဟောင်းကြီးများကလည်း ကြီးမြင့်သော နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေကြရပြီ ဖြစ်သည်။

“တရုတ် အမြည်းစုံရတယ်။ ၁၉၉၀ ကျော်ကတည်းက။ မြည်းစုံ၊ အရက်စုံတဲ့အတွက် ယမကာသမားတွေ သဘောကျတယ်။ ၀ယ်ဖို့လွယ်တယ်၊ ဈေးနှုန်းလည်း သင့်တယ်။ ပြီးတော့ အပေါင်းအသင်းတွေ ၀ိုင်းဖွဲ့ချိန်းဆိုဖို့ ဆုံရပ်ကောင်း တစ်ခုလည်း ဖြစ်တယ်။ မဆလခေတ်နှောင်းပိုင်းမှာ လူကြီးတချို့ အမြည်းလိုရင် ၁၉ လမ်းမှာ သွားဝယ်ခိုင်းတတ်တယ်” ဟု စာရေးဆရာမင်းဒင်က လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ဝန်းကျင်၏ ၁၉ လမ်း သရုပ်ကို ပြောပြသည်။

“တိုးထွက်မယ့် မနက်နေရောင်ဖြာထွန်းရင်.... စစ်ကိုင်းလမ်းက စောင့်နေမယ် သူမှာလို့”
အဆိုတော်ခိုင်ထူး၏ အသံနှင့် ထပ်တူကျသည့် စစ်ကိုင်းလမ်းတေးသီချင်းကို သီဆိုသံက ယနေ့ ၁၉ လမ်း၏ ညချမ်းများမှာ ဂစ်တာသံနှင့်အတူ ကျယ်လောင်စွာ ပေါ်ထွက်လာစမြဲပင်။ ခိုင်ထူး၏ နာမည်ကျော် တေးသီချင်းများစွာကလည်း စားပွဲဝိုင်းတွေကြား လူးလာခေါက်တုံ့ အရက်ခွက်ကို ကိုင်ကာ နားဆင်နေကြ သူတို့ခေါင်း တလှုပ်လှုပ်။

အများက ၁၉ လမ်းခိုင်ထူးဟု ချစ်စနိုးခေါ်ကြသည့် သူ့အမည်ရင်းက ကိုထွန်းရွှေ။ ၁၉ လမ်းဘေး ဘီယာဝိုင်းတွေကြား ဂစ်တာတစ်လက်ဖြင့် တေးသီချင်းများ သီဆိုခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ကြာခဲ့ပြီဖြစ်သည်။ ၁၉ လမ်း ခိုင်ထူး၏ ဖျော်ဖြေမှုအောက်မှာ စကားသံတွေက ညှော်နံ့များနှင့် အတူ ပျံ့လွင့်နေမြဲ။ ထို့နောက် စည်းနှင့်ဝါးကို တချွင်ချွင်ခေါက်ရင်း ခေတ်ဟောင်း တေးသီချင်းကြီးများကိုပိုင်နိုင်စွာ တစ်လှမ်းချင်း သီဆိုလာမည့် အသက် ၄၀ ကျော်အရွယ် မသန်မစွမ်း အမျိုးသမီးတစ်ဦးကို ချိုင်းထောက်တစ်လက်ဖြင့် တွေ့ရမည်။ ပြီးတော့ စားပွဲဝိုင်းတွေကြား
ဆောင့်ကြောင့်ထိုင်ကာ ၀ါးဆစ်ဘူးလေးနှစ်လုံးကို သံမံတလင်းပေါ် တတုံတုံခေါက်ရင်း“ငါ့ဘ၀ရဲ့ မီးအိမ်ရှင်ပါ ငါ့ဘ၀ရဲ့ပဲ့ကိုင်ရှင်လေး ငါ့ဘ၀ရဲ့တန်ခိုးရှင်ပါ” ဟု အသံစာစာလေးဖြင့် သီဆိုနေကြမည့် အသက် ၁၀ နှစ်ခန့်အရွယ်ရှိ ယောက်ျားလေးငယ်နှစ်ဦး။

ညနေ ၅ နာရီခန့်မှ စတင် စည်ကားလာသော ၁၉ လမ်း သည် ည ၁၀နာရီခန့်မှာတော့ ဇာတ်ရှိန်မြင့်လာပြီဖြစ်သည်။
ဝင်္ကပါမှာ သံသရာလည်ကြ ဆံပင်ရှည်ထားသလို စိတ်ရှည်ရှည် ထားနိုင်ရင်လည်း ကောင်းမယ် ရေခဲတုံးလေးများလို အရည်ပျော်၊ ပျော်ဝင်သွား
နိုင်ရင်လည်း ကောင်းမယ် ဘယ်လိုပြောမလဲ ဘာမှမပြောတာဘဲ ကောင်းမယ်... (ကြည်ဇော်အေး-၁၉ လမ်း ကဗျာမှ)

၁၉ လမ်းတွင် ကြက်ပေါင်း ဘဲပေါင်း၊ ဂျုံခေါက်ဆွဲ၊ ဆီချက်၊ကြေးအိုးတို့မှသည် ၁၉၉၀ ၀န်း ကျင်၌ BE ဆိုင်များ ပေါ်လာကြသည်။ ထို့နောက် ရမ်အရက်ခေတ်၊ ၀ီစကီခေတ်တို့မှ ဘီယာခေတ်သို့ ရောက်ရှိလာခဲ့သည်။ ခေတ်နှင့်အလိုက် ပြောင်းလဲလာခဲ့သည့် ၁၉ လမ်းသည် ဆယ်စုနှစ် တစ်ခုကြာပြီးနောက် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှစတင်ကာ ပိုမိုကျော်ကြားလာခဲ့သည်။

၂၀၀၂ ခု နောက်ပိုင်းတွင် စားသောက်ဆိုင်များ ထပ်မံတိုးပွားလာပြီး ဆိုင်အားလုံးက အသားကင်နှင့် အသီး၊ အရွက်ကင်များကို အဓိကထားရောင်းချ လာကြသည်။ ၁၉ လမ်း၏ အကင်စုံကို အဓိကထား မှာယူရင်း အရက်၊ ဘီယာတို့နှင့် တွဲဖက်သုံးဆောင်ရသည်ကို အကြိုက်တွေ့လာကြ
ခြင်းကလည်း ၁၉လမ်းကို ကျော်ကြားစေသည့် အချက်တစ်ချက် ဖြစ်လာသည်။

“၂၀၀၀ ခုနှစ် ရှေ့ပိုင်းတုန်းက မစည်ကားသေးဘူးဗျ။ ပြီးတော့ မိန်းကလေးတွေ ဘီယာ မသောက်ကြသေးဘူး။ ၂၀၀၀ ခု နှစ်ဒီဘက်ပိုင်းမှာတော့ မိန်းကလေးတွေလည်း မရှက်တော့ဘူး။ ယောက်ျားလေးတွေနဲ့ ရင်ပေါင်တန်းပြီး ဘီယာဆိုင်ထိုင်လာကြပြီ” ဟု ၁၉ လမ်း “၀င်း” စားသောက်ဆိုင်မှ မန်နေဂျာကိုထွန်းနိုင်က ပြောသည်။

အသက် ၃၆ နှစ်အရွယ် မန်နေဂျာကိုထွန်းနိုင်ကို ၁၉ လမ်းဖောက်သည်များက ကိုအရှည်ကြီးဟု သိကြသည်။ သူကလည်း ၁၉ လမ်းလောကမှာ ကျင်လည်လာတာ ၁၈ နှစ်တိတိရှိခဲ့ပြီ ဖြစ်သည်။ ၀င်းစားသောက်ဆိုင်မှာ မူလက ကြေးအိုးဆိုင်ဖြစ်ပြီး ပြောင်းလဲလာသည့် ခေတ်နှင့်အညီ ဘီယာဆိုင်ဖြစ်လာခဲ့သလို ဆိုင်သက်တမ်းကလည်း နှစ်ပေါင်း ၄၀ ခန့်ရှိလာခဲ့ပြီဟု သိရသည်။ ယခုတော့ ဆိုင်ခန်း ၈ ခန်း၊ စား ပွဲဝိုင်း ၅၀ ကျော်၊ စားပွဲထိုး ၅၀ ကျော်ဖြင့် လည်ပတ်နေသည့် ၀င်း စားသောက်ဆိုင်က ၁၉ လမ်းဈေးကွက်ကို ဦးဆောင်နေခဲ့သည်။

“အကင်က အဓိကရောင်းရတယ်။ သူများဆိုင်တွေ ဘာတင် ရောင်းတယ်ဆိုတာ ကြည့်ပြီး ကိုယ်လည်းလိုက်တင်ရတယ်” ဟု ၁၉ လမ်းဓ၀င်းတွင် တစ်လ ၇၅၀ ကျပ် ဖြင့် စားပွဲထိုးစလုပ်လာခဲ့သည့် ကိုထွန်းနိုင်(ခေါ်) ကိုအရှည်ကြီးက ပြောသည်။

စားသောက်ဆိုင်များမှ အကြော်အလှော်နှင့် အကင်များအပြင် လမ်းပေါ်ဘီယာဝိုင်းတွေကြား ပြေးလွှားရောင်းချနေသည့် ဆယ်ကျော်သက်ကောင်လေးတို့ လွယ်ထားသော ခြင်းတောင်းထဲမှ မြေပဲပြုတ်၊ ငါးနီတူ၊ လက်ဖက်သားချဉ်စပ်စသည့် အလွယ်အမြည်းများကလည်း သောက်သုံးသူတို့အဖို့ သွားရည်ယိုစရာ ဖြစ်လာသည်။

လက်ရှိကာလမှာတော့ တရုတ်တန်း ၁၉ လမ်းထဲမှာ စားသောက်ဆိုင်ပေါင်း ၁၅ ခုခန့်ရှိနေပြီ ဖြစ်သည်။ ညလုံးပေါက် ဆူညံမှုနှင့်အတူ ခေတ်မိန်းကလေးများ၏ ရဲတင်းလွတ်လပ်သော အ၀တ်အစားများကြောင့် မျက်စိပသာဒလည်း ရှိနေပြီ ဖြစ်သည်။

ဒီလမ်းအတွင်း အပေါ်ထပ် တိုက်ခန်းများမှာ နေထိုင်ကြသူတို့မှာလည်း ဆူညံမှုကို လျစ်လျူရှု သည်းခံထားကြသည်။ တရုတ်တန်း၊ ၁၉ လမ်းဆိုတာက ယခု ကန်ထရိုက်တိုက်ခန်းများ မပေါ်လာမီ၊ သူတို့လာရောက် မနေထိုင်မီ ရှေးကနဦးကတည်းကပင် ပေါ်ပေါက်နေခဲ့ခြင်းကြောင့်ပင်။

“တိုက်ခန်းတွေကတော့ သူတို့ကြည့်ဝယ်ကြပေါ့။ ဒီဆိုင်တွေက ဒီတိုက်တွေဆောက်မှ ထရောင်းကြတာမှမဟုတ်တာ။ အရင်နှစ် ထပ်တိုက်ကလေးတွေနဲ့ ရောင်းလာခဲ့ကြတာ” ဟု ဦးကျော်ကျော်က ပြောသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ခရီးသွားများ လာရောက်လည်ပတ်မှု မြင့်မားလာသည်နှင့်အညီ ၁၉ လမ်းအတွင်း ချီးယားစ်ပေးသံ တညံညံဖြင့် ခြေချင်းလိမ်နေကြသည့် နိုင်ငံခြားသားများစွာကို တွေ့မြင်ရပါမည်။ ဧည့်လမ်းညွှန်များကလည်း သူတို့၏ ဧည့်သည်များကို ခေါ်ဆောင်၍ ၁၉ လမ်း ယဉ်ကျေးမှုနှင့် စရိုက်အား မလွတ်တမ်း ပြသလာကြသည်။

တစ်နေကုန်ပင်ပန်းသမျှ၊ အကြောင်းကြောင်းကြောင့် စိတ်ညစ်ညူးခဲ့သမျှစသဖြင့် အကြောင်းမျိုးစုံဖြင့် ၁၉ လမ်းသို့ လူတန်းစား မျိုးစုံခြေချကြသည်။ များသောအားဖြင့် ကိုယ်နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းမှ မိတ်ဆွေအပေါင်းအသင်းများကို လမ်းတစ်လျှောက် စားပွဲဝိုင်းများတွင် မြင်တွေ့နှုတ် ဆက်သွားရခြင်းကလည်း အရသာတစ်ခု ဖြစ်သည်ဟု ဓာတ်ပုံဆရာတစ်ဦးက ဆိုသည်။ “ရွာ ပြန်ရောက်သွားသလိုပဲ” ဟု သူက ခံစားသည်။

“အနုပညာသမားတွေ၊ ဖော်ရိန်နာတွေ၊ မီဒီယာသမားတွေ၊ မိသားစုတွေ အစုံလာကြတယ်။ လူစုံတော့ မိန်းကလေးတွေလည်း စုံတာပေါ့။ အရင်တုန်းကဆို နေတိုးတို့လည်း လာတယ်။ ပြေတီဦးတို့လည်း လာဖူးတယ်” ဟု ၁၉ လမ်း ဆိုင်တစ်ဆိုင်မှ အသက် ၂၃ နှစ်အရွယ်စားပွဲထိုးတစ် ဦးက ပြောသည်။

၁၉ လမ်းတွင် သူငယ်ချင်းများနှင့် ထိုင်ဖူးသော အသက် ၂၄ နှစ်အရွယ် မအိမွန်သိမ်းကလည်း “မာဖီးယားတွေ ရှိတဲ့နေရာမှာ သောက်ရတဲ့ အထိတ်တလန့် ခံစားချက်မျိုးခံစားရတယ်။ ဘီယာက တစ်ခါတလေ ခါးနေပြီး တစ်ခါတလေမှာ ဂက်စ်သက်သက်ပဲလို့ ထင်မိတဲ့ ခံစားချက်မျိုးလည်း ရတယ်” ဟု ၁၉ လမ်းခံစားချက်ကို ပြောပြသည်။

တချို့ကလည်း ၁၉ လမ်းသည် ဘီယာသမားများ၏ Icon ဖြစ်သည်ဟု ဆိုကြသည်။ ၀ိုင်းလွတ်မရှိသည်အထိ ပြည့်နှက်ဆူညံနေသော်လည်း အပေါင်းအသင်း မိတ်ဆွေတစ်ဦးမဟုတ် တစ်ဦးကို တွေ့ရှိနိုင်ခြင်း၊ တစ်လမ်းလုံးရှိ ဘီယာဆိုင်များကို ရွေးချယ်စားသောက်နိုင်ခြင်းစသည်တို့ကြောင့် ၁၉ လမ်းကို နှစ်သက်လာကြသည်ဟု ဆိုကြသည်။

“ခံစားချက်က တခြားဘီယာဆိုင်တွေ သွားထိုင်တာနဲ့မတူဘူး။ ဒီတစ်လမ်းလုံးကိုလာတဲ့ သူတိုင်းရဲ့ ရည်ရွယ်ချက်က တူကြလို့လေ။ ဒါကိုလူကြီးတွေတော့ ကြိုက်ပုံမရဘူး။ ၁၉ လမ်းဆိုတဲ့ အသံကြားတာနဲ့ မကြိုက်တဲ့ ပုံပြတယ်ဗျ။ ထိုင်းမှာလည်း အရက်ဆိုင်တွေကြီးရှိတဲ့ လမ်းတွေရှိတယ်။ ကလပ်တွေချည်းပဲ ရှိတဲ့လမ်း ရှိတယ်။ တခြားနိုင်ငံတွေမှာလည်း ဒီလိုပဲ” ဟု Messenger သတင်းဂျာနယ်မှ အယ်ဒီတာကိုသန့်စင် ဦးက ဆိုသည်။

“ဒီလမ်းထဲရောက်ရင် သူလို ကိုယ်လို အသောက်သမား အစားသမားတွေချည်းမို့ ညီညွတ်ရေးနဲ့ ခင်ခင်မင်မင်၊ ကိုယ့်အုပ်စုနဲ့ ကိုယ် ၀ိုင်းဖွဲ့ကြ။ တခြားဝိုင်းက လိုင်းတူတွေကို လှမ်းပြီးနှုတ်ဆက်ကြ။ ယမကာလုလင် အကောင်းကြိုက်သူတွေ ဆုံစည်းပျော်ရွှင်ရာနေရာပေါ့” ဟု ပြည်ပတွင် နေထိုင်သည့် စာရေးဆရာမင်းဒင်က ၁၉ လမ်း အပေါ်မှတ်ချက်ပြုသည်။

ဆိုင်အတွင်းမှာသာမက ဆိုင်အပြင်ဘက် လမ်းပေါ်တွင် စားပွဲဝိုင်းများ ခင်းကျင်းထားရမှုကလည်း စားသုံးသူတို့၏ ဆန္ဒအရပင် ဖြစ်သည်။

“အရင်တုန်းက ဖောက်သည်တွေက အတွင်းမှာပဲ ထိုင်ချင်တယ်။ အခုကျတော့ လူတွေက အပြင်မှာပဲ နေချင်ကြတယ်” ဟု ဦးကျော်ကျော်က ဆိုသည်။ တစ်ရံတစ်ခါ လမ်းပိတ်ဆို့သည်ဟူ၍ တိုင်တန်းမှု တချို့ရှိလာပါက လမ်းပေါ်မှ စားပွဲများကို ခေတ္တနေရာ ရွှေ့ထားရခြင်းလည်း ရှိခဲ့ကြောင်း သိရသည်။

“နယူးရီးယားတို့ဘာတို့၊ လူငယ်တွေလွတ်နေတဲ့ အချိန်တွေတော့ ရန်ပွဲတချို့ဖြစ်တတ်တယ်။ ဆိုင်ထဲမှာတော့ မဖြစ်ကြပါဘူး။ အပြန်မှဒီလမ်းထိပ်မှာ ငြိကြတာများတယ်” ဟု စားသောက်ဆိုင် မန်နေဂျာတစ်ဦးက ပြောပြသည်။

လမ်းအတွင်းရှိ စားသောက်ဆိုင်များမှာ လိုင်စင်အခွန်၊ ကျန်းမာရေးအခွန်၊ ဆိုင်းဘုတ်အခွန်၊ ရေ ခွန်၊ မီးခွန် စသည်တို့ကို ပေးဆောင်ရသော်လည်း လမ်းပေါ်တွင် ခင်းကျင်းထားသည့် စားပွဲဝိုင်းများအတွက် အခွန်အခ ပေးဆောင်ရန် မလိုပေ။

၁၉ လမ်းသည် အရက်တန်းဟု လူသိများသည်။ ၁၉ လမ်းတွင် လူတန်းစားပေါင်းစုံ ထိုင်ကြသည်။ ၁၉ လမ်းသည် မီးခိုးများတလူလူဖြင့် အရောင်အသွေး စုံနေသည်။ ၁၉ လမ်းသည် စကတ်ကိုအတိုဆုံး ၀တ်ဆင်ထားသည့် အပျိုဖြန်းမလေးတစ်ယောက်လည်း ဖြစ်သည်။ ၁၉ လမ်းသည် ပွင့်လင်းမြင်သာသည့် ယဉ်ကျေးမှုတစ်ရပ်ကို ဖော်ဆောင်နေသည်။ ထို့အပြင် ၁၉ လမ်းသည် လွတ်မြောက်နယ်မြေတစ်ခုလည်း ဖြစ်နေပါသည်။

“တိုင်းပြည် ပွင့်လင်းလာတာနဲ့အမျှ ဒီလမ်းက ပိုတိုးတက်လာမယ်။ လည်ပတ်မယ့်နေရာတစ်ခု ဖြစ်လာမှာပဲ။ ဒီနှစ်ဆိုရင် ခါတိုင်း နှစ်တွေထက် လူမျိုးပေါင်းစုံလာပြီး သွားကြပြီ” ဟု ၀င်းစားသောက်ဆိုင်မန်နေဂျာ ကိုအရှည်ကြီးက မှတ်ချက်ပေးသည်။

“တွေးမိရင်တောင် လွမ်းတုန်းပဲ။ အခုနေ အသိအကျွမ်းဟောင်းတွေ ၁၉ လမ်းမှာများ ပြန်ဆုံမိရင် ရှေးကထက်တောင် ပိုချစ်ကြမယ်ထင်ပါရဲ့” ဟု ၁၉ လမ်းနှင့် နှစ်နှစ်ဆယ်ခန့် ဝေးကွာနေခဲ့ရသည့် စာရေးဆရာမင်းဒင်က ပြောပါသည်။

၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၇ ရက်နေ့ ည ၉ နာရီကျော်တွင် တန်လူရှောင်ဟုခေါ်သည့် တရုတ်ကြီးတစ်ဦးသည် တန်ဆူတောင်ဟုခေါ်
သည့် မိတ်ဆွေတရုတ်ကြီးတစ်ဦး နှင့်အတူ ၁၉လမ်းထဲမှနေ ကမ်းနားလမ်း စဥ့်အိုးတန်းဆိပ်ကမ်းဆီသို့ ခပ်အေးအေးပင်လမ်းလျှောက် သွားခဲ့ကြသည်။ ထိုတရုတ်ကြီးနှစ်ဦးသည် ထိုညမှာပင် တရုတ်ပြည်အမွိုင်မြို့သို့ ဟိုင်လီသင်္ဘောဖြင့် ထွက်ခွာသွားခဲ့လေသည်။ ထိုနေ့မှ နောက်ထပ် ရှစ်နှစ်ခန့်အကြာ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက် နံနက် ၄ နာရီမိနစ် ၂၀ တွင် လွတ်လပ်သောမြန်မာနိုင်ငံအလံတော်ကို လွှတ်တင်နိုင်ခဲ့သည်။

မြန်မာ့လွတ်လပ်ရေးအတွက် အကူအညီတောင်းခံရန် တရုတ်ပြည် အမွိုင်မြို့သို့ မထွက်ခွာမီ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ဖျက်ခဲ့သည့်လမ်း၊ အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်းနှစ်သက်သည့် အစားအသောက်များ ရှိခဲ့ရာလမ်း၊ မြန်မာနိုင်ငံမှ လူတန်းစားအလွှာ အသီးသီး တတန်းစားတည်း ထိုင်ခဲ့ဖူးသည့်လမ်း။

ယခုအခါတွင်မူ အရက်တန်းအဖြစ် နာမည်ကျော်ကြားနေသည့် ထိုတရုတ်တန်း၊ ၁၉ လမ်းသည် ကမ္ဘာလှည့်ခရီးသည်များအတွက် အလည်အပတ် နေရာသစ်တစ်ခုအဖြစ် ပိုမိုစည်ကားလာလိမ့်ဦးမည်လော ဆိုသည်ကိုတော့ စောင့်ကြည့်ကြရပါဦးမည်။

ညသန်းခေါင်ကျော် နံနက် ၁ နာရီဝန်းကျင်တွင် ပြောလက်စ စကားမပြတ်သူတချို့၊ စားပွဲဝိုင်း သိမ်းဆည်းနေသူတချို့၊ တံမြက် စည်းလှည်းကျင်းနေသူတချို့၊ ပိုက်ဆံရေတွက်နေသူတချို့ဖြင့် တစ်နေ့တာ၏ ၁၉ လမ်းကန့်လန့်ကာကို ပိတ်သိမ်းလိုက်ပါပြီ။

တစ်ယောက်ယောက်ကျန်ခဲ့ပုံရသည့် Angry Bird ပုံစံ မိုးပျံပူ ပေါင်းလေးတစ်လုံးသာ ဓာတ်တိုင်ထိပ်ဓာတ်ကြိုးများကြား ငြိတွယ်လျက်...။ ။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။