Health Articles
နေ့စဉ် အချိန် ကြာရှည်စွာ ထိုင်ရသူများ အနေဖြင့် စောစီးစွာ သေဆုံးနိုင်ခြေ ပို၍ မြင့်မားကြောင်း သြစတြေးလျနိုင်ငံမှ လေ့လာချက် အသစ် တစ်ရပ်အရ သိရသည်။ သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေး ပြည်နယ်မှ အမျိုးသားနှင့် အမျိုးသမီးပေါင်း ၂၆၀၀၀၀ ၏ ကျန်းမာရေး အခြေအနေကို ၂၀၀၆ ခုနှစ်မှ စ၍ လေ့လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လေ့လာချက် အရ တစ်နေ့လျှင် ၁၀ နာရီနှင့် အထက် ထိုင်နေရသူများ အနေဖြင့် တစ်နေ့လျှင် ၄ နာရီထက် လျော့နည်းစွာ ထိုင်သူများနှင့် နှိုင်းစာလျှင် သေဆုံးနိုင်ခြေ ၄၈ ရာခိုင်နှုန်း ပို၍ မြင့်မားကြောင်း တွေ့ရှိရသည်။ ဆစ်ဒနီ တက္ကသိုလ် ပြည်သူ့ကျန်းမာရေး ဌာနမှ အက်ဒရီယန်ဘူမန် ဦးဆောင်သော သုတေသန အဖွဲ့၏ လေ့လာချက်အရ ဥယျာဉ်စိုက်ပျိုးသူ၊ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သူနှင့် ကလေးထိန်းသူ ကဲ့သို့သော လှုပ်လှုပ်ရှားရှား လုပ်ကိုင်ရသူများသည် စားပွဲ၌ထိုင်ကာ အလုပ် လုပ်သူများထက် ကျန်းမာရေး ပြဿနာ ပို၍ နည်းပါးကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် တစ်နေကုန်ထိုင်ကာ အလုပ် လုပ်ရသူများ အနေဖြင့် ၎င်းတို့၏ နေ့စဉ် လုပ်ငန်းတွင် ပုံမှန် ကိုယ်လက်လှုပ်ရှားမှုကို ထည့်သွင်းထားသင့်ကြောင်း အဆိုပါ သုတေသန အဖွဲ့က အကြံပြုထားသည်။ အချိန် ကြာမြင့်စွာ ထိုင်ခြင်းက သွေးထဲတွင် သကြားပါဝင်မှုနှုန်းကို မြင့်မားနေစေပြီး ယင်းအတွက် ကျန်းမာရေး ထိခိုက်နိုင်သည်ဟု ဆိုသည်။
(Xinhua,30.9.11) NYM
By Good Health
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။