Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 17, 2012

အကယ်၍ အပေါ် ခံစားကြရပုံများ

အကယ်၍ အပေါ် ခံစားကြရပုံများ
ကဗျာဆရာ၊ အနုပညာသမားများ၏ “အကယ်၍” ကဗျာအပေါ် ခံစားခဲ့ရမှု့များ



ဒေါ်အောင်ဆန်းစုကြည်က “အကယ်၍” ခေါင်းစဉ်ဖြင့် မြန်မာပြန်ဆိုခဲ့သော အိန္ဒိယနိုင်ငံသား ကဗျာဆရာ Rudyard K...
ipling ၏ If ကဗျာ အပေါ် ဆင့်ပွားခံစားမှုနှင့် အမြင်ရှုထောင့်များကို စုစည်း တင်ပြလိုက်ပါသည်။





ငါ့သားရေ

မင်းဟာ

အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့

ကမ္ဘာကြီးကို ဆုပ်ကိုင်လို့

အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့

အဲဒီတော့ မင်းဟာလည်း

ယောက်ျားကောင်း

တစ်ယောက်ပဲပေါ့။



“မိခင်၊ဖခင်တွေက သားသမီးတွေကို ဒီအတိုင်းပဲမျှော်လင့်ကြတယ်။ ဒီအပိုဒ်လေးက ဖက်လိုက်တဲ့လူတိုင်းကို အားရှိစေတယ်။ ခေါ် လိုက်တဲ့အသံကိုက အားရှိတယ်။ အရာရာမှာ သားတစ်ယောက်က ဂုဏ်ရှိန်နိမ့်သူပဲဖြစ်ဖြစ်၊ ဂုဏ်ရှိန်မြင့်သူပဲဖြစ်ဖြစ် ယောက်ျားကောင်း တစ်ယောက်ဖြစ်စေချင်တယ်။ ဘဝမှာသူ့ကို စွမ်းဆောင်မှုပေါ်မှာပဲ ကွာသွားမှာပါ။ သား တိုင်းဟာလည်း ငါ့သားဖြစ်အောင် လုပ်သင့်တယ်။ နှစ်ပေါင်း ၂ဝ ကျော်ထိ ရပ်တည်နေ နိုင်တာက ရည်ရွယ်ချက်၊ မျှော်လင့်ချက်တွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် တအားကောင်းပါတယ်။ ကဗျာပေါ်မှာ အဓိပ္ပာယ်ပေါ်အောင် တော့ဖတ်သင့်တယ်။ဒါကအရေးကြီးတယ်။ ဖတ်ပြီးသွားရင် အင်အားတစ်ခုတော့ ရရှိကြမှာပါ။ နောင်တစ်ချိန်မှာ ရိုးသွားမှာ မဟုတ်ပါဘူး”။

မောင်စိမ်းနီ





အကယ်၍

မင်းအသိုင်းအဝိုင်းက

တုန်လှုပ်ချောက်ချားပြီး

ဒါတွေဟာမင်းကြောင့်လို့

ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ

မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင် မယ်ဆိုရင်။



“လောကဓံနဲ့ ပတ်သက်တယ်လို့ ထင်ပါတယ်။ လူတိုင်းက ဘာကိစ္စပဲ ဆောင်ရွက် ဆောင်ရွက် ကြုံရတဲ့အခါ ခံနိုင်ရည်ရှိပြီး မတုန်မလှုပ်နဲ့ ကျော်လွှားနိုင်မယ်ဆိုရင် အောင်မြင်မှာပါ။ ဒီကဗျာက အနှစ်နှစ်ဆယ်ကြာပေမယ့် ခေတ်မီနေဦးမှာပါ။ ဘာလို့လဲဆိုတော့ ကဗျာကောင်းတွေရဲ့ သဘောပါ။ Time and space အချိန်ကာလနဲ့နေရာ ကျော်လွန်နေပေမယ့် ကောင်းနေမှာပါ။ ဘယ်နေရာ ဘယ်အချိန်မှာပဲဖတ်ဖတ် အမြဲရှင်သန်နေမှာပါ။ လူ့အသိုင်းအဝိုင်းအတွက်လည်း သိပ်ကောင်းပါတယ်။ လူငယ်တွေက လက်လှမ်းမီသလောက် ဖတ်သင့်တယ်”။

သစ္စာနီ





အကယ်၍

သူများတကာလုပ်ပြီးသွားကြလို့

အချိန် အတော်ကြာမှ

မင်းအလှည့်ရောက်လာတဲ့အခါ

မင်းတစ်ယောက်တည်းနဲ့ပဲ

အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ

ဆက်ကြိုးစားနိုင်မယ်ဆိုရင်…

အဲဒီလိုပဲ

မင်းမှာ စိတ်အင်အားကလွဲလို့

ဘာဆိုဘာမှ မရှိတော့တဲ့အခါ

အဲဒီစိတ်ဓာတ်အင်အားကို

ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင် ထား နိုင်မယ်ဆိုရင်….။



“ဒီအပိုဒ်က ကဗျာရေးသူက သူ့တစ်ယောက်တည်းအတွက် မဟုတ်ဘူး။ မိန်းမတွေက ဒီလိုဒုက္ခတွေကို ယောက်ျားတွေထက် ပိုပြီး ခံနိုင်ရည်ရှိကြတယ်။ ကဗျာကို အရိုးသားဆုံး ဖန်တီးထားတဲ့အတွက် ရေရှည်တည်တံ့တာပါ။ လူငယ်တွေက ဒီကဗျာကို ဖတ်ပြီးသွားရင် နားလည်နိုင်မှာပါ”

မအိ





အကယ်၍

စိတ်ကူးယဉ်အိပ်မက်တွေဟာ

မင်းအပေါ် မလွှမ်းမိုးစေပဲ စိတ်ကူးနိုင် မယ်ဆိုရင်..။

အတွေးအခေါ် စိတ်ကူးတွေဟာ

မျှော်မှန်းချက်သက်သက်သာ မဖြစ်စေ ဘဲ တွေးခေါ်နိုင်မယ်ဆိုရင်



“လူနေဘဝ နေထိုင်မှုမှာ တွေးခေါ်နိုင်မှု စွမ်းအားကလိုတယ်။ လက်တွေ့ဖြစ်ဖို့ဆိုတာ တွေးခေါ်ရမယ်။ ဒီကဗျာလေးက ဘယ်တော့မှ ရိုးသွားမှာလည်း မဟုတ်ဘူး။ လူ့အကြောင်း နဲ့ ဘဝနီတိ သဘောထားတွေ အများကြီး လွှမ်းခြုံထားတယ်။ ဒီကဗျာမျိုးက လူတိုင်းလည်း ဖတ်သင့်သလို လူတိုင်းလည်းသိသင့်တယ်။ စာနဲ့သိပ်ဝေးတဲ့ သူလည်း ဖတ်လိုက်ရင် နားလည်လွယ်တယ်”။

မိုးဦးဆွေညိန်း





အကယ်၍

မင်းရဲ့ အမှန်စကားတွေကို

လူလိမ်လူညစ်တွေက

လှည့်စားပြောင်းလဲပြီး

မုသားအဖြစ်

ထောင်ချောက်ဆင် ညစ်တဲ့အခါ

မင်းဟာတည်ငြိမ်စွာနဲ့

နာကြားနိုင်မယ်ဆိုရင်..။

ဒါမှမဟုတ်

မင်းဘဝတစ်ခုလုံးပေးပြီး

အရိပ်တကြည့်ကြည့်

ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို

ဖျက်ဆီးခံလိုက်ပြီးတဲ့နောက်မှာ

အင်မတန်မှ သေးငယ်တဲ့

တန်ဆာပလာ အရာရာနဲ့

ပြန်လည်

တည်ဆောက်နိုင်မယ်ဆိုရင်။



“လှည့်စားခံရတာတွေများတယ်။ လောကကြီးမှာ တစ်ခါတလေ ခြေထိုးခံရတာမျိုး တွေလည်းရှိတယ်။ အနုပညာကိစ္စမှာပဲဖြစ်ဖြစ် ဘယ်ကိစ္စမှာမဆို တွေ့တတ်တယ်။ အဲဒီလိုမျိုး အချိန်မှာ စိတ်ပျက်အားငယ်စိတ် မရှိပဲနဲ့ ပြန်ပြီးတည်ငြိမ်အောင် လုပ်သင့်တယ်။ ခံစားချက်တွေနဲ့ လည်း ထပ်တူညီတယ်လို့ ပြောရင်ရတယ်”။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။