Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 20, 2012

ညီမလေးဈေးကောင်းရပါစေ


“ညည်း ငွေ ၂ သောင်း လိုချင်ယင်တော့ ဒီအထိ ဖြတ်မှရမယ်အေ့”

ဆိုင်ပိုင်ရှင် မအေးမွန်က စိတ်မရှည်တော့တဲ့ပုံစံနဲ့ ခတ်ဆတ်ဆတ်လေးပြောလိုက်တော့ ပြုသမျှ နုရတော့မယ့် ခင်မေဖြိုးတစ်ယောက် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတယ်။


ခင်မေဖြိုး အရမ်းဝမ်းနည်းနေမိပြီ။ ဒီအသက် ဒီအရွယ်ထိ တယုတယနဲ့ ပိုးမွေးသလို မွေးလာခဲ့ရတဲ့ သူ့ဆံပင်အရှည်ကြီးတွေအတွက် သူ့တစ်သက်လုံး ဂုဏ်ယူခဲ့ဖူးတာပေါ့။ ညိုမောင်းယိမ်းနွဲ့နေတဲ့ ဆံစတွေဟာ သူမရဲ့ခါးအထိ အိစင်းကျနေပေမယ့် အခုတော့ ဒီဆံပင်တွေအတွက်ဘဲ သူ မျက်ရည်ကျနေရပါပြီ။ သူ အခု .. အင်းစိန်ဈေးထဲက ဆံပင်အဝယ်ဒိုင်တစ်ခုမှာ လည်စင်းပေးနေရပြီ။

“ဘဝဈေးချိုလို့ ညီမလေးငိုတယ် နေညိုပါပြီကွယ်”

(အောင်ချိမ့်)

ခင်မေဖြိုးဆိုတာ ဓါတ်ပုံမော်ဒယ်တစ်ယောက်လား၊ တက်သစ်စမင်းသမီးတစ်ယောက်လားလို့ ခင်ဗျား မမေးလိုက်ပါနဲ့။ ရန်ကုန်ဆင်ခြေဖုံးတစ်ခုက သူလိုကိုယ်လို .. အထည်ချုပ်စက်ရုံအလုပ်သမလေးတစ်ယောက်ပါဘဲ။ “ဆံနွယ်လေးတွေ သံစဉ်တေးလိပ်ပြာ...” ဆိုတဲ့ R ဇာနည့်သီချင်းကို သူ အရမ်းကြိုက်ခဲ့ဖူးတယ်။ ပြီးတော့ သူ့ဆံနွယ်တွေအတွက်လည်း ပီတိဖြစ်ခဲ့ဖူးတယ်။ အဲ့သည့်သီချင်းသံကြားရချိန်မှာ ကြည်နူးခဲ့ရတဲ့အခိုက်အတန့်လေးတွေဟာ ဒီညနေခင်းမှာ ပြီးဆုံးသွားပါတော့မယ်။ ကဲ .. ခင်ဗျား ဘယ်လိုခံစားရသလဲ။ မိန်းကလေးတစ်ယောက် ဆံပင်ဖြတ်တဲ့ကိစ္စလေးကို ရေးကြီးဂွင်ကျယ် လုပ်နေတယ်လို့တော့ အပြစ်တင်မစောနဲ့ဦး။ ခင်မေဖြိုးအကြောင်း ဆက်ဖတ်လိုက်။

“ကျမ ငွေ ၂ သောင်းမယူတော့ဘဲ ဆံပင်ကို ဒီအတိုင်းဘဲထားလိုက်ရတော့မလားဟင်...”

ဝေခွဲမရနိုင်သေးတဲ့ ဒွိဟစိတ်နဲ့ သူ့ကိုယ်သူ ပြန်ပြီး မေးခွန်းထုတ်မိသေးတယ်။

ဟင့်အင်း.. မဖြစ်ဘူး။ ဒီပိုက်ဆံရမှ အမေ့ကို ဈေးဖိုးပေးနိုင်မှာ ...။

“ကဲ...ကဲ... မဟိုဝှာ ..၊ သိပ်ပြီးလည်း စဉ်းစားမနေနဲ့။ ငွေ ၂ သောင်းလိုချင်ယင်တော့ ဒီအထိ ဖြတ်ရမယ်။ ညည်းလိုချင်တဲ့ ဂုတ်ဝဲလေးဆိုယင်တော့ ၄ စင်တီမီတာလျှော့ဖြတ်ပေးမယ်လေ။ ဒါပေမယ့် သောင်းရှစ်ထောင်ဘဲ ရမှာနော်”


မအေးမွန်စကားအဆုံးမှာတော့ ခင်မေဖြိုး ဆုံးဖြတ်လိုက်ပါပြီ။ အာရှရဲ့ အမွဲဆုံးတိုင်းပြည်များစာရင်းမှာ ထိပ်ပိုင်းကျကျပါဝင်တဲ့ ဗမာပြည်မှ အစက်အပျောက်လေး ခင်မေဖြိုး၊ နေ့စဉ် ၁.၃၅ ဒေါ်လာဘဲ ဝင်ငွေရှိကြတဲ့ နိုင်ငံ့လူဦးရေရဲ့ ၄ ပုံ ၁ ပုံထဲမှာ အစက်အပျောက်လေးတစ်ခုဖြစ်တဲ့ ခင်မေဖြိုး၊ ဟုတ်ကဲ့ .. လက်တလောငွေကြေးအခက်အခဲကို လက်ငင်းဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ ဆံပင်ဖြတ်ရောင်းခြင်းအမှုကိုဘဲ ခင်မေဖြိုးတစ်ယောက် ရွေးချယ်ခဲ့ရပါပြီ။ ဟုတ်ပါတယ်.. ခင်ဗျားကို ကြိုပြောပြထားသလို ခင်မေဖြိုးဟာလည်း ဒုလ္လဘတစ်ခုနဲ့ အစက်အပျောက်ကလေးမဟုတ်လား။


ခင်မေဖြိုး အမေက ဂေါက်ကွင်းတစ်ခုမှာ နေ့စားခ ၃၀၀၀ ကျပ်နဲ့ ကယ်ဒီထမ်းတယ်။ မိုးရာသီမှာ အူမစိုစေတဲ့ လုပ်ငန်းတစ်ခုမို့ ခင်မေဖြိုးတို့အိမ်မှာ ပုံးကြောင်နေပြီ။ အထည်ချုပ်စက်ရုံအလုပ်သမလေးအတွက် ဒီလိုမိုးရာသီမှာ အရာရာဟာ ခက်ခဲဘိတောင်း။ လကုန်ယင် ခင်မေဖြိုးလခ ငွေငါးသောင်းရမယ်။ ဒါပေမယ့် လတ်တလောမှာ ငွေလိုတယ်။ ပါတိတ်ဖိုးမဟုတ်ဘူး၊ နှုတ်ခမ်းဆိုးဆေးဝယ်ဖို့မဟုတ်ဘူး၊ ထမင်းစားဖို့၊ ဝမ်းဝရုံကလေးအတွက် ငွေလိုနေတယ်။
______________________________________________

“ဒီဆံပင်ဖြတ်စတွေကို ရန်ကုန်၊မန္တလေးမှာ ရှိတဲ့ ဆံပင်တုစက်ရုံတွေကို ပြန်သွင်းရတယ်ခင်ဗျ။ အဲ့ဒီစက်ရုံတွေကမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့ကြပါတယ်။ များသောအားဖြင့်တော့ တရုပ်ပြည်ပေါ့ခင်ဗျာ။ ပြီးတော့ .. ကျနော်တို့ဗမာနိုင်ငံလို ဆံပင်အရောင်ချင်းတူကြတဲ့ စင်ကာပူတို့ ထိုင်းတို့ အိန္ဒိယတို့ ပါကစ္စတန်တို့ ကိုလည်း တင်ပို့တယ်ခင်ဗျ။”

အင်းစိန်ဈေးထဲက ဆံလိုက်မုဆိုးတစ်ယောက်ဖြစ်တဲ့ ကိုဖိုးခွားက အာဘောင်အာရင်းသန်သန်နဲ့ ကျနော့်ကို ရှင်းပြပါတယ်။


“ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဆံပင်တုတွေကလည်း လွှတ်ပြီး အဝယ်လိုက်သကိုးဗျာ။ နိုင်ငံကြားက အမှာတွေများလေလေ၊ ကျနော်တို့လို ဆံလိုက်မုဆိုးတွေလည်း အူစိုလေလေပေါ့ဗျာ။ အခု ကျနော်တို့ဈေးထဲမှာ ဆံပင်အဝယ်ဒိုင် အနည်းဆုံး ၇ ဆိုင်လောက်ရှိနေပြီ။ အပြိုင်အဆိုင်များတယ်ဆိုပါတော့ဗျာ။ ပုံမှန်အတိုင်းဆို တစ်နေ့ကို ခေါင်းဆယ်လုံး ရသဗျ။


အဲ .. စနေ၊ တနင်္ဂနွေလို နေ့မျိုးဆိုယင် ခေါင်း နှစ်ဆယ်၊ သုံးဆယ်အထိ ဖြစ်သွားတတ်တယ်။ သင်္ကြန်ဆို လုပ်ငန်းကိုင်ငန်း လွှတ်ကောင်းသဗျိုး။ ဗမာမိန်းကလေးတွေ သီလရှင်ဝတ်ကြတယ်မဟုတ်လား၊ ဒီဆိုလိုတော့လည်း ကျုပ်တို့အလုပ်က ကုသိုလ်လည်းရ၊ ဝမ်းလည်းဝတဲ့ သမာအာဇီဝဘဲ မဟုတ်လားကိုယ့်ဆြာရေ့ ”


ဗုဒ္ဓဘာသာဝင် ဗမာအမျိုးသမီးလေးတွေဟာ ဗမာ့ရိုးရာသင်္ကြန်ပွဲတော်ကာလအတွင်းမှာ သီလရင်ဝတ်ကြပါတယ်။ သီလရင်အဖြစ် ကတုံးမတုံးခင် မိမိတို့ရဲ့ ဆံပင်ရှည်များကို ဖြတ်တောက်ရောင်းချပြီး ရရှိလာတဲ့ငွေကြေးများနဲ့ အလှူအတန်းလုပ်လေ့ရှိကြပါတယ်။ အင်တမန် နှစ်လိုဖွယ်ကောင်းတဲ့ ရိုးရာအလေ့စရိုက်လေးတစ်ခုပေါ့။ လက်ရှိအချိန်ထိတော့ ဗမာပြည်မှာ ဆံပင်ရှည်ယဉ်ကျေးမှုဟာ အမြစ်တွယ်နေဆဲပါဘဲ။
________________________________________________________

နာမည်ကျော် စစ်အာဏာရှင် ဗိုလ်နေဝင်း ဟာ အရင်းအမြစ်ပေါကြွယ်ဝတဲ့တိုင်းပြည်လေးကို ၁၉၆၂ ခုနှစ်မှစကာ ထင်တိုင်းကြဲစိုးစံတော်မူခဲ့တာဖြစ်ပါတယ်။ တဇောက်ကန်းမျိုးချစ်ကြီး ဗိုလ်နေဝင်းရဲ့ နှစ်ပေါင်း ၅၀ ကျော် တံခါးပိတ်ဝါဒကြောင့် အနောက်တိုင်းယဉ်ကျေးမှုရိုက်ခတ်ခံရခြင်းလည်း သိပ်မရှိခဲ့ပါဘူး။ အင်း ... ပေါ်လီယာနာထုံး နှလုံးမူလို့ အဲ့သလိုဘဲ ကောင်းကွက်လေးရှာကြံတွေးရမလားတော့ မသိဘူး။ ယောနိသော မနသိကာရ လို့ ဆိုလေတယ်မဟုတ်လားဗျ။ ဟဲဟဲ...ဟဲ ။


ဆံပင်၊ အသား၊ အရေ၊ အရိုး၊ အရွယ် ဆိုတဲ့ ဗမာအမျိုးသမီးတို့ရဲ့ ကောင်းခြင်းငါးဖြာထဲ အပါအဝင်အဖြစ်တဲ့အတွက် ဆံပင်ရှည် လှလှထားနိုင်ကြတဲ့ မိန်းကလေးများဟာ အင်မတန်ကျက်သရေရှိလှပေရဲ့။ ဒါပေမယ့် သူတို့ရဲ့ ကျက်သရေဟာလည်း အသပြာငွေကြေးကြောင့် ဆံပင်တုစက်ရုံမှတစ်ဆင့်တိုင်းတစ်ပါးပို့ကုန် ဘဝသို့ပြောင်း၊ တိုင်းပြည်နဲ့ ဝမ်းဗိုက်အကျိုးအတွက် နိုင်ငံခြားငွေရှာပေးနေတာ သိရတော့ ခင်ဗျား ရင်မနာရဘူးလား ရဲဘော်။


ခင်ဗျား ကြားဖူးလိုက်သလားတော့ မသိဘူးကိုယ့်ဆြာရေ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဗမာပြည်အလည်ပိုင်း အလောင်းတော်ကဿပဘုရားမှာ လုပ်ခဲ့ကြတဲ့ အလှူပွဲကြီးတစ်ခုအကြောင်း ခင်ဗျား ကြားဖူးသလား။ ဗမာအမျိုးသမီး ၁ သိန်းလောက် သူတို့ခေါင်းက ဆံပင်တွေ ဖြတ်ကြတာ ၂ တန်ခွဲ ရသတဲ့ဗျာ။ အဲ့ဆံပင်တွေ ရောင်းလို့ရတဲ့ငွေနဲ့ တံတား ၁၆ စင်း ပြုပြင်နိုင်ခဲ့တယ်၊ ၂၆ မိုင်ရှည်တဲ့ လမ်းတစ်ကြောင်း ဖောက်ပေးနိုင်ခဲ့တယ်။ ကိုင်း... သာဓု .. သာဓု .... သာဓု လို့သာ ခပ်ရဲရဲကြီး ကျူးရင့်လိုက်စမ်း ရဲဘော်။ ဟို မအေဘေးကြီးတွေလို ကွန်ကရစ်လမ်း ၁ခြမ်းခင်းပေးပြီး မဲလိမ်ထည့်ခိုင်းတဲ့ စိတ်ဓါတ်တွေနဲ့ အပုံကြီး မကွာဘူးလားခင်ဗျာ ? ဟင် ... ?


ဒါပေမယ့် တစ်ခုရင်နာစရာကောင်းတာကတော့ .. ဆံပင်ဖြတ်ရောင်းတဲ့ ဗမာအမျိုးသမီးတော်တော်များများရဲ့ ရည်ရွယ်ချက်တွေကတော့ .. သူတို့ရဲ့ ငွေကြေးလိုအပ်ချက်တွေကြောင့်ပါဘဲဗျာ။
____________________________________________________

အသက် ၂၂ နှစ်ဘဲ ရှိသေးတဲ့ ကလေးတစ်ယောက်မအေ မမျိုးခင်က ဂလိုပြောပြသွားတယ်။

“ ကျမ ကလေးအတွက် နို့မှုန့်ဗူး ဝယ်ချင်လို့ပါရှင်...” ... တဲ့။ မျိုးခင့် ယောင်္ကျားက တစ်နေ့ဝင်ငွေ ၄ ထောင် ရတဲ့ ဆောက်လုပ်ရေးလုပ်သားပေါ့။ မျိုးခင် အခုလို ဆံပင်ဖြတ်ရောင်းလို့လည်း သူ့ယောင်္ကျားက အချစ်လျော့သွားမယ်မထင်ပါဘူးတဲ့။ အင်း.. ခမျာများလည်း လိုအပ်လို့ ရင်းကြရတာဘဲ မဟုတ်လားကိုယ့်ဆြာရေ ...။

ရန်ကုန်မြို့ထဲမှာ ဆံပင်ဒိုင်ပေါင်း ၅၀ ကျော်မယ်လို့ ဆံကုန်သည်ကြီး ကိုထွန်းအေးက ခန့်မှန်းပြတယ်။

“တစ်နေရာတည်းမှာ ကျနော်တို့အတွက် အဆင်မပြေဘူးဗျ။ အဲ့သာကြောင့် ဗမာပြည်အနှံ့အဝယ်တော်တွေလွှတ်ပြီး ဆံပင်တွေကို ကောက်သင်းကောက်သလို စုကြရသဗျို့၊ ငွေလဗျာ..၊ ငွေ ... ၊ ငွေ ...။ အခြေအနေမဟန်တဲ့ အိမ်ထောင်စုတွေအတွက် ဒီနည်းကလည်း အသက်ရှုစရာ ဂယ်ပေါက်တစ်ခုဘဲ မဟုတ်လား ကိုယ့်ဆြာရေ...” .. တဲ့။ ကိုင်း ... ကိုယ်က ဘာများကော ပြောနိုင်ပါဦးမည်နည်း..ပေါ့။ ဗန်းမော်တင်အောင်ရဲ့ “ရန်ကုန်မြို့ရဲ့ညတစ်ညတို့” အောင်လင်းရဲ့ “ငါးကျပ်တန်တစ်ရွက်” တို့၊ သိန်းဖေရဲ့ “ဒုတိယတန်းမှာ တစ်နေရာ” တို့ကို .. ခင်ဗျား သတိရမသွားမိဘူးဆိုယင် ကျနော့်ပါးကို လာရိုက်လှည့်ဗျာ။
_______________________________________

ကိုသေးစိမ်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုများဟာ အပီအပြင် ရုပ်လုံးပေါ်လာပြီလား....

မိတ်ဆွေ .. ခင်ဗျား ဘယ်လိုထင်သလဲ ..၊ ပြောင်းလဲမှုဟာ အစစ်အမှန်လား?

ဒါမှမဟုတ် အယင်ခေတ်ကလိုဘဲ စာရွက်တွေပေါ်မှာ အလုပ်လုပ်ပြနေဆဲ ဗမာအစိုးရတစ်ရပ်ဘဲလား။

ခင်ဗျား ဘယ်လိုတွေးပြီး ကျနော့်ကို ဘယ်လိုရှင်းပြမလဲတော့ မပြောတတ်ပါဘူး။


ကျနော်တို့ မပြောတတ်သေးတဲ့ (ဝါ) မပြောရဲသေးတဲ့ (ဝါ) မပြောအပ်သေးတဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာကြီးကို ... အင်းစိန်ဈေးက ဆံပင်အဝယ်ဒိုင်ပိုင်ရှင် မအေးမွန်က ဟောသလိုပြောသွားပါရောဗျာ...။

“အပြောင်းအလဲ ... ။ ဟုတ်လား? ။

တချို့တွေကတော့ ကားအသစ်တွေ စီးနေကြပြီ။ တိုက်အသစ်အိမ်အသစ်တွေမှာ ဒူးနှန့်နေကြပြီ။ အဲ့တာမျိုးကို ပြောင်းလဲတယ်ပြောယင်တော့ ပြောင်းလဲပါတယ်ပေါ့ရှင်။

ဒါပေမယ့် ကျမတို့အောက်ခြေလူတန်းစားအများစုအဖိုတော့ ဒုံရင်းက ဒုံရင်းပါဘဲလို့..။ ဒါပေမယ့် .... အပြောင်းအလဲဆိုတာကြီးကို ကျမတို့ မျှော်လင့်နေတုန်းပါဘဲ”


ကျနော်သိပ်ကြိုက်တဲ့ Shawshank Redemption ထဲမှာ ကျနော်သိပ်ကြိုက်တဲ့ မော်ဂန်ဖရီးမန်းက ကျနော်သိပ်ကြိုက်တဲ့ ဒိုင်ယာလောခ့်တစ်ခု ပြောသွားတယ်။

“Hope is a good thing” တဲ့။

မလှဘူးလားရဲဘော် ?
မား

(စက်တင်ဘာ ၁၃ ထုတ် Time Out မှ Peter Janssen ရဲ့ ဆောင်းပါးကို ဆီလျော်သလို ဖြီးဖြန်းသည်)
Source.... http://www.lubo601.com/2012/09/blog-post_8791.html#more

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။