Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, August 27, 2016

ဂျက်ကီချန်းရဲ့ငယ်ဘ၀ပုံပြင်

ဂျက်ကီချန်းရဲ့ငယ်ဘ၀ပုံပြင်


ကျွန်တော်က နာမည်မရှိတဲ့ကလေးသရုပ်ဆောင်ဘဝက စခဲ့တာပါ။ ကျွန်တော် အသက်(၆)နှစ်အရွယ်မှာ ကျွန်တော့်ဖေဖေက ပြဇာတ်ရုံမှာ ကျွန်တော်ကို"ရောင်း"ခဲ့သလားတောင် ထင်ရပါတယ်။ အဲဒီကစ ပြဇာတ်တွေကို ကျွန်တော်စသင်ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်အရမ်းပင်ပန်းခဲ့တယ်။ စားဖို့ရှိရင်၊ အိပ်ရရင်ပဲ ကျွန်တော်အရမ်းကျေနပ်ခဲ့တယ်။ ကျွန်တော်ရဲ့ပထမဦးဆုံးကားဖြစ်တဲ့ "Butterfly Lovers"ကို ရိုက်တုန်းက အဲဒီဇာတ်မှာ ကျွန်တော်လူသေကောင်အဖြစ် သရုပ်ဆောင်ရတယ်။ ပထမဆုံးအကြိမ် သရုပ်ဆောင်တော့ ဒါရိုက်တာက ကျွန်တော့်ကိုဒေါသတကြီး ဆဲတယ်။ "မလှုပ်နဲ့.. မင်း သေနေပြီ။ မင်းဗိုက်က ဘာလို့လှုပ်နေသေးလဲ" တဲ့။ အဲဒီမှာ ကျွန်တော့်ကိုယ်ကျွန်တော် အရမ်းစိတ်ပျက်မိတယ်။

လေဖြတ်ခြင်းမှ ကာကွယ်နိုင်အောင်

လေဖြတ်ခြင်းမှ ကာကွယ်နိုင်အောင်

===================
===================

သင်ရဲ့ ကိုလက်စထရောကို ပုံမှန်အဆင့်ရောက်အောင်

ထိန်းထားနိုင်တာကြောင့် လေဖြတ်တာကို ကာကွယ်နိုင်တယ်လို့

သင်ထင်နေပါသလား။ နယူးယောက် တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေ

လေ့လာမှုအရ ကိုလက်စထရောဟာ လေဖြတ်တာအပေါ် ဘယ်လိုမှ

အကျိုးသက်ရောက်မှု မရှိကြောင်း သိရပါတယ်။ လေဖြတ်တာ ဖြစ်စေတဲ့

အဓိက အကြောင်းရင်းဟာ ထရိုင်ဂလစ်စရိုက် အဆီကြောင့်ပါ။

ကျီးတွေဆီက သင်ယူစရာများ

ကျီးတွေဆီက သင်ယူစရာများ

======================

ကျီးကန်းဟု ဆိုလိုက်လျင် လူတိုင်းသိကြပါလိမ့်မယ်။ အမွှေးအတောင်က မဲသည့်အပြင် အသံကလည်း တအာအာ။ မနှစ်သက်သူများက ရုပ်ဆိုး ကျီးကန်းဟု ဆိုတတ်သလို နှစ်သက်သူများကလည်း ရွှေကျီးညို၊ ရွှေကျီးကလေး ဟုခေါ်ကာ ကဗျာ၊ သီချင်းများထဲတွင် အမွှမ်းတင်တတ်ပါသေးတယ်။ မြန်မာ့ဇာတ်သဘင် တွင် ရွှေကျီးညို အမည်နဲ့ နာမည်ကြီး ဇာတ်မင်းသားကြီး တစ်ဦးလည်း ပေါ်ပေါက်ခဲ့ပါသေးတယ်။

ကလေးကို ဘယ်လိုပြစ်ဒဏ်ပေးမလဲ

 
 
ကလေးကို ဘယ်လိုပြစ်ဒဏ်ပေးမလဲ
++++++++++++++++++++++

ကလေးကိုချီးကျူးပါ၊ အသိအမှတ်ပြုပေးပါ။ ကလေးကို မရိုက်နဲ့၊ မဆဲပါနဲ့ လို့ရေးတာများလာတော့ မိဘအချို့ ကလေးကို ဒဏ်ခတ်လို့ မရတော့ဘူးလား၊ ဘာအပြစ်ပဲလုပ်လုပ် ဒီတိုင်းကြည့်နေတော့မှာလားလို့ မေးလာပါတယ်။ ဟုတ်ကဲ့၊ အပြစ်ပေးလို့ ရပါတယ်။ ထိရောက်ဖို့လိုပါတယ်။ အကျိုးရှိဖို့လိုပါတယ်။ နည်းစနစ်ကျဖို့လိုပါတယ်။ ဒေါသအလျောက် အပြစ်မပေးမိဖို့ လိုပါတယ်။ ကဲ…ဒါဆိုရင် ကလေးကို ဘယ်လို စနစ်တကျနဲ့ အပြစ်ပေးမလဲ.........

Friday, August 26, 2016

ကမ္ဘာ့နံပါတ် (၁) စိတ်ဓါတ်မြင့်တင်ရေးဂုရုကြီး Anthony Robbin ရဲ့ စကားစုများ

  • ကမ္ဘာ့နံပါတ် (၁) စိတ်ဓါတ်မြင့်တင်ရေးဂုရုကြီး Anthony Robbin ရဲ့ စကားစုများ Anthony Robbin ဟာ လက်ရှိစိတ်ဓါတ်မြင့်တင်ရေး ဟောပြောသူအဖြစ် ကမ္ဘာ့နံပါတ် (၁) နေရာတွင် ရှိနေပြီး၊ သန်းကြွယ်သူဌေးများ၊ လုပ်ငန်းရှင်များက ဒေါ်သန်း - သောင်းဂဏန်းခန့်ပေး၍ သူ့၏ဟောပြောမှုတွေကို ခံယူကျင့်သုံးနေရလောက်တဲ့ အောင်မြင်သောဘ၀များစွာကို ဖန်တီးပေးနိုင်ခဲ့သူတစ်ဦးဖြစ်ပါသည်။ ဟောပြောတဲ့အခါ သူကိုယ်တိုင်မှာ စိတ်ဓါတ်ခွန်အားအပြည့်နဲ့ တက်ကြွစွာဟောပြောပေးပြီး၊ လက်တွေ့စိတ်ဓါတ်မြင့်တင်ပေးမှုများကိုလည်း ကိုယ်တိုင်ဆောင်ရွက်ပေးတဲ့ နည်းလမ်းများသုံးပြီး အောင်မြင်သောဆရာတစ်ဦးအဖြစ် ကမ္ဘာ့နံပါတ် (၁) နေရာတွင် ရပ်တည်လျှက်ရှိပါတယ်။

ချုံကြားမှ ဘုံဖျားသို့ တက်လှမ်းလာခဲ့သည့် ဘီလျံနာများ


ချုံကြားမှ ဘုံဖျားသို့ တက်လှမ်းလာခဲ့သည့် ဘီလျံနာများ
ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ ပုဂ္ဂိုဟ်တွေထဲက တစ်ချို့ဟာ ဆင်းရဲနွမ်းပါးတဲ့ ဘ၀တွေကနေမှ အောင်မြင် ကြွယ်ဝ လာသူတွေ ဖြစ်ပါတယ်။ အခုဖော်ပြမယ့် ပုဂ္ဂိုဟ်(၁၇)ဦးဟာလည်း စိတ်ဓာတ်ကြံ့ခိုင်မှု၊ သတ္တိကောင်းမှုနဲ့ ကံကြမ္မာမျက်နှာသာပေးမှုအနည်းငယ်နဲ့အတူ သူတို့ရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘ၀အခြေအနေကနေ ထူးခြားပြောင်မြောက်တဲ့ အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူတွေဖြစ်ပါတယ်။

Thursday, August 25, 2016

** ဧရာဝတီမြစ် သမိုင်း **


အင်္ဂလိပ်ဘာသာအားဖြင့် Irrawaddy သို့မဟုတ် Ayeyarwaddy ဟုခေါ်ဆိုသည့် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံရှိ အကြီးဆုံးမြစ်ဖြစ်ပြီး မြန်မာပြည်၏ အဓိကသွေးကြောကြီးသဖွယ် မြစ်တစ်ခုလည်း ဖြစ်ပေသည်။ ဧရာဝတီ ဟူသောအမည်မှာ သင်္သကရိုက်ဘာသာမှ ဆင်းသက်လာသည်ဟု ယူဆရပြီး အဓိပ္ပါယ်မှာ ဆင်မြစ်ဖြစ်သည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ ဗဟိုချက်မနေရာများကို ဖြတ်သန်း စီးဆင်းသွားသည်။ မြစ်ဝှမ်းသည် (၄၁၃, ၆၇၄) စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး၊ မြန်မာနိုင်ငံ စုစုပေါင်းအကျယ်အဝန်း၏ (၆၁) ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။ ဧရာဝတီမြစ်သည် မြစ်ကြောင်းအလျား(၂, ၁၇ဝ) ကီလိုမီတာနီးပါး ရှည်လျှားပြီး၊ တိုင်းပြည်၏ အရေးအကြီးဆုံး ကူးသန်းရောင်းဝယ်ရေး ရေကြောင်းလမ်းလည်း ဖြစ်သည်။

အသင့်စားခေါက်ဆွဲခြောက်နှင့်ဝက်အူချောင်းတို့ အားနှစ်ခြိုက်စွာနေ့ စဉ်စားသုံးနေသူများသိသင့်သည့်အချက်တခု - - -

အသင့်စားခေါက်ဆွဲခြောက်နှင့်ဝက်အူချောင်းတို့ အားနှစ်ခြိုက်စွာနေ့
*******************************************
့စဉ်စားသုံးနေသူများသိသင့်သည့်အချက်တခု - - -
*****************************
ထိုင်ဝမ်ကျောင်းသားတစ်ဦးဟာ တက္ကသိုလ်ဝင်တန်းအမှတ်ကောင်းမွန်ရန်အတွက် ညစဉ်ညနက်သည်အထိစာကြည့်လေ့ ရှိရာ စားသုံးရသည်မှာလည်းလွယ်ကူအဆင်ပြေ၊မိမိကိုယ်တိုင်လည်းနှစ်ခြိုက်သည့် အသင့်စားခေါက်ဆွဲခြောက်ထုပ်အား ညလယ်စာအဖြစ် နေ့ စဉ်နီးပါးစားသုံးခဲ့ပါတယ်။ ခေါက်ဆွဲခြောက် မစားလိုပါက အလားတူစားသုံးရန်လွယ်ကူသည့် ၀က်အူချောင်းကင်/ကြော်အား စားသုံးလာခဲ့သည်မှာ (၄)နှစ်ကျော်အထိရှိခဲ့ပါတယ်။

သရက်ရွက်ရဲ့ ကောင်းကျိုးတွေကို သိသလား


သရက်ရွက်တွေမှာ ကျန်းမာရေး ကောင်းကျိုးတွေရှိတယ်ဆိုရင် အံ့ဩကြလေမလား။ အရွက်နု ထွက်ချိန်မှာ အနီရောင်ဖျော့ဖျော့၊ ခရမ်းရောင်ဖျော့ဖျော့ရှိတတ် သလို အရွက်ရင့်လာချိန်မှာ အ စိမ်းရင့်ရောင်ရှိတဲ့ သရက်ရွက်မှာ ဗီတာမင်စီ၊ ဘီ၊ အေနဲ့ တခြား သော အာဟာရဓာတ်တွေအပြင် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ လည်း ကြွယ်ဝပါတယ်။ သရက် ရွက်မှာ ဘယ်လိုကောင်းကျိုးတွေ ရှိထားသလဲဆိုရင်တော့-

Chemical မသုံးပဲ သင့်အိမ်ကိုသန့်ရှင်းရန် နည်းလမ်း ၅ သွယ်


SMPL Group Construction and Interior Design added 5 new photos.

Chemical မသုံးပဲ သင့်အိမ်ကိုသန့်ရှင်းရန် နည်းလမ်း ၅ သွယ်
===================================
အိမ်သန့်ရှင်းရေးလုပ်ရင်သုံးတဲ့ ဆပ်ပြာရေတော်တော်များများဟာ အန္တရယ်မရှိဘူးထင်ရပေမယ့် တော်တော်များများတွေမှာတော့ အန္တရယ်ရှိဓာတုပစ္စည်း(toxic chemical) တွေပါ ပါတယ်။ အဲဒီဓာတုပါဝင်ပစ္စည်းတွေဟာ အိမ်တွင်းလေထုကို ညစ်ညမ်းစေပြီး လူတွေရဲ့ကျန်းမာရေးအတွက်လည်း မကောင်းနိုင်ပါဘူး။ အခုအောက်မှာဖော်ပြထားတဲ့နည်းလမ်းတွေကတော့ chemical ပစ္စည်းတွေမသုံးပဲ အိမ်မှာအလွယ်တကူရနိုင်တဲ့အရာတွေကိုသုံးပြီး ဘယ်လိုသန့်ရှင်းရေးလုပ်နိုင်လဲဆိုတာကို တင်ပြပေးထားပါတယ်။

Business email ရေးနည်း ..

Business email ရေးနည်း ..
+++++++++++++++++++

ယနေ့ခေတ် လုပ်ငန်းအသီးသီးသည် တစ်နေရာနှင့် တစ်နေရာ ဆက်သွယ်ရာတွင် email များကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြရပါသည်။ စီးပွားရေးလုပ်ငန်း ကိစ္စများအတွက် ဆက်သွယ်ရာတွင် အသုံးပြုသော email ရေးသားပုံများကို မျှဝေလိုပါသည်။ email များကို ရေးသားရာတွင် တိုတိုနှင့် လိုရင်းရောက်အောင် ယဉ်ယဉ်ကျေးကျေး ရေးသားရပါမည်။ ရေးသားရာတွင် ရုံးတွင်းပုံစံ မဆန်သော၊ မပြည့်စုံသော ဝါကျများ၊ ခံစားချက်နှင့်ပတ်သက်သော အာမေဋိတ်ဝါကျများ သုံးနှုန်းခြင်း စသည်တို့ကို ရှောင်ကြည် ရပါမည်။ ပထမဦးဆုံး ရေးသားသော email ဖြစ်ပါက အသုံးအနှုန်းများကို ပိုမို သတိထား ရပါသည်။ တစ်ဦးနှင့် တစ်ဦး ဆက်ဆံရေး ရင်နှီးကျွမ်းဝင်လာ သောအခါ အသုံးအနှုန်းများကို ရင်းရင်းနှီးနှီး သုံးစွဲနိုင်ပါသည်။ ဤဆောင်းပါးတွင် မိမိဘက်မှ စတင်ရေးသားသော ပုံစံနှင့် အကြောင်းပြန်ကြားသော email ပုံစံ ၂ မျိုးလုံးကို တင်ပြသွားပါမည်။

ကြံဖွံ့ reform လုပ်တော့ စောင့်ကြည့်မိတယ်။

ကြံဖွံ့ reform လုပ်တော့
စောင့်ကြည့်မိတယ်။

၂၀၂၀ သမ္မတမှန်းတယ်ဆိုတော့
ဘယ်ခြေများလှမ်းမလဲပေါ့လေ။

ခုထိ အောက်လုံးထိုးတဲ့အကျင့်က
မပျောက်သေးပဲကိုး။
ရခိုင်တွေ ကော်မရှင်ကို မကြည်ဖြူတာကို
အခွင့်ကောင်းယူတယ်။
အမျိုးသားရေးမှိုင်းကို
ထပ်သုံးဖို့ကြိုးစားတယ်။

ဒီလို အောက်လုံးတွေနဲ့
ခွက်ခွက်လန်ရှုံးခဲ့တာ မမှတ်သေးဘူး။
ကြံ့ဖွံ့ဟာ စာခိုးချချင်တဲ့ကျောင်းသားနဲ့
တူနေတယ်။
ကိုယ့်ပင်ကိုယ်အရည်အချင်းကိုမထုတ်ပဲ
ခိုးချဖို့ချည်းကြိုးစားတဲ့အခါ
ရသင့်ရထိုက်တဲ့နေရာတောင်မရ။

ဘ၀စစ်တုရင်

ဘ၀စစ်တုရင်
စစ်တုရင် International Chess မှာ "Sacrifice" ဆိုတဲ့ အသုံးအနှုန်းတစ်ခုရှိတယ်။ ကိုယ့် ဘက်က ကစားကွက် အခြေအနေ သာအောင် ဒါမှမဟုတ် လက်ရှိ ကြုံတွေ့နေရတဲ့ အကျပ်အတည်း ကို ပြေလည်အောင် ကစားရုပ်တစ် ခုခုကို အဆုံးရှုံးခံခြင်းလို့ အဓိပ်္ပာယ် ရတယ်။ မြန်မာလိုတော့ “စတေး” တယ်လို့ ဘာသာပြန်ကြတယ်။

စစ်တုရင်ပွဲတစ်ပွဲမှာ တစ် ဘက်ဘက်က Sacrifice အကွက် ကို တက်လိုက်ပြီဆိုရင် ကျန်တစ် ဖက် ကစားသမားရော ပွဲကြည့် ပရိသတ်ပါ လှုပ်လှုပ်ရှားရှားဖြစ် သွားကြလေ့ရှိတယ်။
စစ်တုရင်ရဲ့ လှပတဲ့ စည်း ကမ်း တစ်ခုက တစ်ဖက်သူက ကျွေးပေမယ့် ကိုယ်စားချင်မှ စား လို့ရတယ်။ မစားဘဲနေလို့လည်းရ တယ်။

"ရင့်ကျက်တဲ့ ပညာရှိဆိုတာ"

"ရင့်ကျက်တဲ့ ပညာရှိဆိုတာ"

တစ်ခါတုန်းက ရွာလေးတစ်ရွာနားက ကျောက်တောင်ကြီးတစ်ခုပေါ်မှာ ထူးခြားတဲ့ ကျောက်တောင်ကြီး တစ်တောင် ရှိတယ်။

ထူးခြားရတဲ့ အကြောင်းရင်းက အဲ့ဒီ ကျောက်တောင်ရဲ့ ကျောက်နံရံကြီးမှာ ပကတိ လူတစ်ယောက်ရဲ့ မျက်နှာကြီးသဖွယ် ထင်နေတဲ့ ကျောက်မျက်နှာ တောင်ကြီးတစ်တောင် ဖြစ်နေလို့ပါပဲ။

ပေါ်ထွန်းလာတဲ့ တဘောင်အရလည်း တစ်နေ့မှာ ဒီ ကျောက်မျက်နှာနဲ့ တူတဲ့ လူပညာရှိတစ်ယောက် ပေါ်ထွန်းလာမှာ ဖြစ်တယ်လို့ ဆိုတယ်။

"ကျွန်တော့်အဖေပြောတဲ့ လူတွေ"

"ကျွန်တော့်အဖေပြောတဲ့ လူတွေ"

တစ်ခါက ကလေးလေးတစ်ယောက်ဟာ အဖေလုပ်သူကို မေးခွန်းလေးတစ်ခု မေးတယ်။

"လောကမှာ လူဘယ်နှစ်မျိုး ရှိသလဲ" တဲ့။

အမြဲတမ်း ကြံကြံဖန်ဖန် မေးတတ်တဲ့ ကလေးလေးကို ကြည့်ရင်း အဖေ လုပ်သူက ပြုံးပြတယ်။ မေးခွန်းတွေဟာ ကလေးလေးရဲ့ ဉာဏ်ရည် ဉာဏ်သွေးနဲ့ လက်ရှိ စိတ်အခြေအနေကို ထင်ဟပ်စေတယ်ဆိုတာ နားလည်တဲ့ အဖေလုပ်သူက ရှင်းပြဖို့ ကလေးလေးကို ခေါ်လိုက်တယ်။

အဖေလုပ်သူဟာ ကလေးလေးနားလည်လွယ်တဲ့ စကားလုံး အဖြေတွေ စုပုံထားတဲ့ အဘိဓာန်စာအုပ်ကြီးလို့ ကလေးလေးကလည်း ယုံကြည်တယ်လေ။

ဖေဖေပေးခဲ့မယ့်အမွေများ-၁၃

ဖေဖေပေးခဲ့မယ့်အမွေများ-၁၃

သမီးကညာများ

ဂျဝါဟာလာနေရူးတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါမောက္ခ မို့ဒ်ဟာဆန် (အမ်အေ၊ အယ်လ်အယ်လ်ဘီ၊ ပီအိပ်ခ်ျဒီ) က ၁၉၉၆ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ဖေဖေ့ကို နှစ်ကြိမ်တိုင်တိုင် တိုက်တွန်းခဲ့တာကတော့ ဖေဖေ့အတွေးအမြင်တွေကို ရေးနေတဲ့အထဲမှာ သမီးကညာများအကြောင်း လည်း ထည့်သွင်းရေးသားပါတဲ့။ ခုဖေဖေ့ရဲ့ ချွေးမလောင်းများနဲ့ မြေမလောင်းများကို ရည်စူးပြီး ဆောင်းပါး ရေးလိုက်တယ်။ မင်းတို့မှာ သမီးကညာတွေများ မွေးလာခဲ့ရင် သူတို့ကို ဒီဆောင်းပါး ဖတ်ကြည့်ခိုင်းရင် ကောင်းမယ်ထင်တယ်။

Boss ဆိုးဆိုး တွေကို အောင်အောင်မြင်မြင် ကိုင်တွယ် အနိုင်ယူနည်း။

Boss ဆိုးဆိုး တွေကို အောင်အောင်မြင်မြင် ကိုင်တွယ် အနိုင်ယူနည်း။

စာဖတ်သူတွေ အနေနဲ့ မိမိ လုပ်နေရတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်မှာ ဆိုးတဲ့ Boss တွေ နဲ့ ကြုံတွေ့ ဖူးမှာပါ။ နေရာတော်တော် များများ မှာ ရှိတတ်ပါတယ်။ ဆိုးတဲ့ Boss ဆိုပြီး သုံးလိုက်တဲ့အတွက် ကြမ်းတမ်း အော်ဟစ်နေတဲ့ Boss လို မမြင်စေချင်ပါဘူး။ အချို့ အချို့ သော Boss များက နှုတ်ချိုချိုလေးနဲ့ bad boss ဖြစ်နေတာမျိုးတွေ ရှိတတ်ပါတယ်။

နိုင်ငံတကာမှာလည်း သုတေသနတွေ လုပ်ထားတာ ရှိပါတယ်။ ဆိုးတဲ့ Boss တစ်ယောက် အတွက် အလုပ်လုပ်ပေးရတာဟာ သင့်ရဲ့  Heart Attack ဖြစ်နိုင်ချေကို ၅၀ ရာခိုင်နှုန်း လောက် တိုးလာစေနိုင်ပါတယ်။
အမေရိကန်မှာလုပ်သွားတဲ့ Gallup Research ကတွေ့ ရှိချက် တစ်ခုက ၆၀ ရာခိုင်နှုန်းသော အစိုးရ ၀န်ထမ်းတွေဟာ သူတို့ ရဲ့  Boss တွေကို အလွန်အမင်း စိတ်ပျက်နေကြတယ်ဆိုတာပါပဲ။

သားအဖနှစ်ယောက် ကမ်းခြေပေါ်လမ်းလျှောက်စဉ် စတာလင်ပေါင် ခြောက်သောင်းခွဲ တန်ကြေးရှိ ဝေလငါးအန်ဖတ်ကို တွေ့ရှိ

သားအဖနှစ်ယောက် ကမ်းခြေပေါ်လမ်းလျှောက်စဉ် စတာလင်ပေါင် ခြောက်သောင်းခွဲ တန်ကြေးရှိ ဝေလငါးအန်ဖတ်ကို တွေ့ရှိ
------ ------ ------ ------ -----
အသက် ၆၇ နှစ်အရွယ် အယ်လန်ဒဲရစ်ခ်နှင့် သားဖြစ်သူ ၃၉ နှစ်အရွယ် တွမ်တို့နှစ်ဦးသည် အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Sand Point ကမ်းခြေတွင် လမ်းလျှောက်နေစဉ် ရှားပါးဝေလငါး အန်ဖတ်ကို ကောက် ရခဲ့သည်။ အနံ့ရှိ၍ ဖယောင်ကဲ့သို့သော အစိုင်အခဲတခုကို တွမ်ကတွေ့ရှိခဲ့ပြီး ငါးဖမ်းဝါသနာရှင် အယ်လန်က သတင်းစာတွင်မြင်ဖူးသော ဝေလငါးချေးဟု ထင်မှတ်ခဲ့သည်။ ထို့နောက် အဆိုပါအစိုင်အခဲကို တွမ်၏နေအိမ်၌ စမ်းသပ်ခဲ့ရာ ရေမွှေးထုတ်လုပ်ရာတွင် အသုံးပြုသော ဝေလငါးအန်ဖတ်ဖြစ်နိုင်ကြောင်း တွေ့ရှိရ၍ ဆက်လက် စမ်းသပ်မှုများပြုလုပ်ရန် အီတလီ၊ နယူးဇီလန်နှင့် ပြင်သစ်နိုင်ငံများသို့ အပိုင်းအစငယ်များကို ပေးပို့ခဲ့သည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် အဆိုပါ အစိုင်အခဲအား eBay ဈေးဝယ်ဝက်ဘ်ဆိုင်ပေါ်တွင် စတာလင်ပေါင် ခြောက်သောင်းခွဲဖြင့် လေလံတင်ထားသည်။

ငါ့ညီလေး အိမ်ထောင်ပြုတော့မယ် ဆိုရင်

ငါ့ညီလေး အိမ်ထောင်ပြုတော့မယ် ဆိုရင်

အိမ်ထောင်ပြုတယ်ဆိုတာ ..အရွယ်ရောက်တာနဲ့ အိမ်ထောင်ပြုလို့ရပါတယ်..ဒါပေမယ့် ... အိမ်ထောင်တစ်ခုတည်ဆောက်ဖို့အတွက် လုံလောက်တဲ့ ငွေကြေးအပြင်အတွေးအခေါ်တစ်ချို့လိုအပ်တယ် ..ညီလေး

မိန်းမတစ်ယောက် အိမ်ထောင်ပြုတယ်ဆိုတာ .... ကိုယ့်ချစ်သူကို ချစ်တဲ့စိတ်အပြင်ယုံကြည် အားကိုးမှုတွေအပြည့် ပါတယ်...
ကိုယ့်ဘ၀တစ်ခုလုံး ပုံအပ်ပြီး လက်တွဲလျှောက်လှမ်းရမယ့် အိမ်ထောင်ဦးစီဖြစ်လာမယ့်သူကိုယုံကြည်မှု မရှိပဲ ....လေးစား အားကိုးမှု မရှိပဲနဲ့ ..ဘယ်မိန်းခလေးမှ လက်တွဲဖို့ခေါင်းငြိမ့်မှာ မဟုတ်ဘူး ငါ့ညီ.

"တိုင်းလုံးကျော် သမီးတော်များ"

"တိုင်းလုံးကျော် သမီးတော်များ"
တခါက သန်းရွှေသမီးတွေ ငွေဆောင်ကို သွားတယ်။ သောင်ပြင်မှာ အရာရှိတွေက စက်ဘီးတွေ နင်းရတယ်။ သူတို့က နောက်ကနေ စီးတယ်။ ဗိုလ်သင်တန်း ဆင်းပွဲတိုင်းမှာ ဗိုလ်လောင်းတွေ ရွေးလေ့ရှိတယ်။ သူ့ သမီးတွေ အတွက် ဗိုလ်လောင်းလေးတွေကို လိုက်ကြည့်တာလို့ စစ်တပ် အသိုင်းဝိုင်းက ဆိုတယ်။ သူတို့လုပ်တိုင်း မခံတဲ့ စစ်ဗိုလ် တယောက် ပေါ်ဘူးတယ်။ ဒီစစ်ဗိုလ်ကို သူသမီးတယောက်က ကြိုက်တယ်။ စစ်ဗိုလ်က မကြိုက်ဘူး။ ဒါကြောင့် နယ်ကို အပို့ခံရတယ်။ အချုပ်ချ ခံရတယ်။

ပြောကြရမယ့် လိင် ကိစ္စ

 
ပြောကြရမယ့် လိင် ကိစ္စ

shared by MaMa on 23/08/16 - thevoicemyanmar.com - အဖွဲ့အစည်း

စာတမ်းတချို့ ရေးနေတာနဲ့ စာမရေးဖြစ်တာ ကြာပါပြီ။ ဒီနေ့တော့ လိင်ကိစ္စ ပြောချင်တာနဲ့ စာရေး ဖြစ်ပါတယ်။ နေ့စဉ်ထုတ် သတင်းစာတွေမှာပဲဖြစ်ဖြစ်၊ အပတ်စဉ်ထုတ် ဂျာနယ်တွေမှာပဲဖြစ်ဖြစ်၊ Facebook စတဲ့ လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွေပဲဖြစ်ဖြစ်၊ လိင်အကြမ်းဖက်မှု ဖြစ်ရပ်တွေကို နေ့စဉ်လိုလို မြင်တွေ့ ဖတ်ရှုနေရပါ တယ်။ အလွန် အင်မတန်မှပဲ စိတ်မသက်မသာ ဖြစ်ရတာက အရွယ် မရောက်သေးတဲ့ ကလေးငယ်တွေကို လိင်အကြမ်းဖက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ တချို့ကလေးတွေဆိုရင် လိင်အကြမ်းဖက် ခံရရုံတင်မက မသေမချင်းပါ ရက်ရက်စက်စက် အသတ်ခံနေရပါတယ်။

#ခေါင်းထဲမှာက_အမှတ်တစ်ရာ_ရင်ထဲမှာက_သုညနှင့်_အပေါင်းအသင်းများ

ဆရာ ၊ ဆရာမများ အလွန်ဖတ်သင့်တဲ့ဆောင်းပါးပါ ..
============?===============

#ခေါင်းထဲမှာက_အမှတ်တစ်ရာ_ရင်ထဲမှာက_သုညနှင့်_အပေါင်းအသင်းများ

ရေးသားသူ- #မောင်သာချို

(တစ်)

စာရေးဆရာကြီးမြသန်းတင့် စိတ်ရှည်လက်ရှည် ဘာသာပြန်ဆိုပေးသော ကျေးဇူးဖြင့် ကမ္ဘာ့ဂန္ထ၀င်ဝတ္ထုရှည်ကြီး အများအပြားကို ထိတွေ့မြည်းစမ်းခွင့်ရခဲ့ရာ စာရေးဆရာမ M.M. Kaye ၏ The Far Pavilions ၀တ္ထုရှည်ကြီးသည်လည်း တစ်ပုဒ်အပါအ၀င်ဖြစ်သည်။ ဆရာက သည်ဝတ္ထုရှည်ကြီးကို “ရွှေပြည်တော်မျှော်တိုင်းဝေး”အမည်ဖြင့် ဘာသာပြန်ဆိုခဲ့ခြင်းဖြစ်ပါသည်။

အချိန် စီမံခန့်ခွဲမှု (Time Management)

အချိန် စီမံခန့်ခွဲမှု (Time Management)
--------------------------------------------------

သင့်ရဲ့ဘ၀ကို ပိုကောင်းအောင်ပြောင်းလဲဖို့ ကြိုးစားရာမှာ အရေးကြီးဆုံးစည်းမျဉ်းတစ်ခုကတော့ အချိန်ကို စီမံခန့်ခွဲတတ်ခြင်းပါပဲ။
လူတော်တော်များများဟာ အလုပ်အကိုင်တွေ၊ ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့ စိတ်ဖိစီးနေကြရပါတယ်။ ဒီအခြေအနေထဲကနေ ဘယ်လို ထွက်ရမယ်ဆိုတာလည်း မသိကြဘူး။ သူတို့ပြောင်းလဲနိုင်တဲ့အရာ ဘာမှမရှိကြဘူးလို့ ထင်နေကြတယ်။
ဒါပေမဲ့ အဓိက ပြဿနာဟာ အချိန်မလောက်ငှခြင်းကြောင့်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။

•••••• Bill Gates •••••••

•••••• Bill Gates •••••••

Bill Gates ကို အမေရိကန်နိုင်ငံက အထက်တန်းအဆင့်မှာ အလယ်အလတ်လောက်အဆင့်ရှိတဲ့ မိသားစုကနေ ၁၉၅၅ အောက်တိုတာ ၂၈ ရက်မှာ မွေးဖွားခဲ့တယ်။

၁၉၆၇ သူ အသက် ၁၃ နှစ်မှာ သူ Lakeside School ကို တက်ရောက်ခဲ့တယ်။ အဲဒီမှာ သူ ကွန်ပျူတာတွေနဲ့ စတင်အလုပ်လုပ်ခဲ့ပြီး Paul Allen နဲ့ တွေ့ရှိခဲ့တယ်။

ခေါင်းဆောင်မှု ပုံစံ

Wednesday, August 24, 2016

သကြား ထက် ချိုသော အရာ

သကြား ထက် ချိုသော အရာ

=====================

အသက် အတော်ကြီး နေပြီ ဖြစ်တဲ့ လူကြီး တစ်ယောက် ဟာ အေးစက် မှုန်မှိုင်း နေတဲ့ လမ်းဘေး ပလက်ဖောင်း လေး တစ်ခု ပေါ်မှာ ထိုင်နေ ခဲ့ပါတယ်။ မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊ စုတ်ပြဲ ညစ်နွမ်း နေတဲ့ အ၀တ် အစား တွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို လမ်းသွား လမ်းလာ လူတွေက သာမန် ကာ လျှံကာ ကြည့်သွား ကြရုံက လွဲလို့ ဘယ်သူ ကမှ အရေး တယူ မရှိ ကြပါ။ ဟုတ်ပါ တယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်း စားသောက် နေတဲ့ သူ့လိုလူ တစ်ယောက် ကို ဘယ်သူ ကများ ဆေးဖော် ကြောဖက် လုပ်ချင် ပါ့မလဲ။ ရေခဲလု မတတ် အေးချမ်း လွန်းတဲ့ ခုလို ချိန်မျိုးမှာ စုတ်ပြဲ နေတဲ့ သူ့ကုတ် အင်္ကျီ အဟောင်း လေး ထက် စာရင် နွေးနွေး ထွေးထွေး ထူထူ ထဲထဲ ရှိမဲ့ အင်္ကျီ မျိုးက သူ့ အတွက် သိပ်ကို လိုအပ် နေမှာ တော့ အမှန်ပါ။

ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ ရာထူး အပြောင်းအလဲ နှင့် အဖွားအိုရဲ့ ကျိန်စာ

ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ ရာထူး အပြောင်းအလဲ နှင့် အဖွားအိုရဲ့ ကျိန်စာ
=========================================
ယမန်နေ့ က နေပြည်တော်ရှိ ခမ်းနားထယ်ဝါလှသော ပါတီ အဆောက်အအုံကြီးအတွင်း ကျင်းပခဲ့သော ပါတီညီလာခံ ကြီးတွင် လက်ရှိ ဥက္ကဌ ဖြစ်သူ ဦးသိန်းစိန် နှင့် ဦးဌေးဦးတို့မှ ပါတီ ဥက္ကဌ ရာထူးမှ နှုတ်ထွက်ပြီး ခေါင်းဆောင်မှု ကို ယခင် စွမ်းအင် ၀န်ကြီး နဲ့ ပို့ဆောင်ရေး ၀န်ကြီး ဗိုလ်မှုးချုပ်ဟောင်း သန်းဌေးကို လွှဲပြောင်းပေးအပ် လိုက်ပါတယ်။ ၎င်းတို့ နှစ်ဦးကတော့ ပါတီ အကြံပေး နာယက များ အဖြစ် ဆက်လက် ရပ်တည်သွားမယ်လို့ သိရပါတယ်။
ဦးသိန်းစိန် က နောက်ဆုံး ပါတီ ဥက္ကဌ အဖြစ် ပြောကြားခဲ့သော နောက်ဆုံး မိန့်ခွန်းတွင် ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ် ကို ပြန်လည် သုံးသပ်ခြင်း၊ ပါတီ တွင်း အဆင့်ဆင့် တွင် ပြုပြင် ပြောင်းလဲမှုများ ဖေါ်ဆောင်ရေး၊ မျိုးဆက်သစ် များ နဲ့ အတူ လုပ်ကိုင်ပြီး ပါတီ တွင်း စည်းလုံးညီညွတ်မှု ခိုင်မာ တောင့်တင်းအောင် ပြုလုပ်ရေး တို့ ကို ပြောကြားသွားကြောင်း ဒီမိုကရေစီ စနစ်တွင် အမြဲရှုံးသော ပါတီ မရှိ။ အမြဲ နိုင်သော ပါတီ မရှိဟု စိတ်အား တက်ကြွဖွယ် ပြောသွားခဲ့သော်လည်း ဆိုရှယ်မီဒီယာများတွင် ဟာသ တခု သဖွယ် ဖြစ်သွားစေခဲ့ရပါတယ်။

ရောင့်ရဲစိတ်ကို ရင်ဆိုင်ကျော်လွှားခြင်း

 HOPE Ads

ရောင့်ရဲစိတ်ကို ရင်ဆိုင်ကျော်လွှားခြင်း
10. ရောင့်ရဲမှု ပြဿနာ
• ဒီလိုလေးလဲအဆင်ပြေနေတာပဲ။
• ဘဝမှာ အပူအပင်မရှိ အေးအေးဆေးဆေးနေရတာကောင်းပါတယ်။
• လောဘတကြီး ရှာမနေတော့ပါဘူး။ သေလဲကိုယ့်နောက်ပါမှာမှ မဟုတ်တာ။

ရောင့်ရဲမှုက ကောင်းပါတယ်။ ဒါပေမယ့် အလုပ်နဲ့ ပတ်သက်ရင်တော့ လောဘကြီးမှ အောင်မြင်ပါမယ်။ သေရင် ကိုယ့်နဲ့တော့ ဘာမှ ထည့်ယူသွားလို့မရပေမယ့် မသေခင် ဘုရား ကျောင်းကန်တွေ၊ အလှူအတန်းတွေ၊ ပေးကမ်းစွန့်ကြဲတာတွေက ကိုယ့်မှာ မရှိရင် လုပ်လို့မရပါ ဘူးခင်ဗျာ။ ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တယ် ဆိုတာ လောဘပါ။ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီအလုပ်ကို ကိုယ်ကြိုးစားလိုက်လို့ ကိုယ်အကျိုးပြုနိုင်မယ့် ပတ်ဝန်းကျင်ကို ထည့်တွက်ပါ။ ကိုယ်အလုပ်ပေးလာ နိုင်မယ့် ဝန်ထမ်းတွေကို မြင်ယောင်ကြည့်ပါ။ ဒီကရတဲ့ဝင်ငွေနဲ့ ကိုယ့်မိဘကို အလှူအတန်း နှစ်သက်ရာ လုပ်ပေးနိုင်မှာကို စဉ်းစားကြည့်ပါ။ ကိုယ့်ရဲ့မိသားစု နဲ့ မျိုးဆက်တစ်ခုလုံး ကောင်းမွန်တဲ့ အနေအထား ကို ရောက်ရှိမှာကို တွေးတောကြည့်ပါ။ တွေးမယ်ဆိုရင် အများကြီးတွေးလို့ရပါတယ်။ အလုပ်ကြိုးစားမှု အပိုင်းမှာတော့ ကျေးဇူးပြုပြီး မရောင့်ရဲလိုက်ပါနဲ့။ အိပ်မက်တွေကို အလှပဆုံး မက်ပါ။ ဘဝကို အမြင့်ဆုံးမှာ ပျံသန်းလိုက်ပါ။

အခွံပဲကျန်တဲ့ တိုင်းပြည်ကြီးတဲ့လား

 
 
အခွံပဲကျန်တဲ့ တိုင်းပြည်ကြီးတဲ့လား
======================
စစ်အစိုးရက နိုင်ငံတကာ ချေးငွေနဲ့ နေပြည်တော်ကြီး တည်ဆောက်ခဲ့လို့
အလကား နေရင်း သန်း(50)ကျော် ပြည်သူတွေ တစ်ယောက်ကို သိန်း(50) လောက် အကြွေးတင်ခဲ့တယ်။

အခွံပဲ ကျန်တဲ့ တိုင်းပြည်ကြီးကို ဦးဆောင်တဲ့ သမ္မတကြီးက ဟိုပတ်ခိုးဒီပတ်ခိုး ဟိုစာရင်းဖျောင် ဒီစာရင်းဖျောင်နဲ့တစ်ဦး သိန်းငါးဆယ် အကြွေးကို ငါးသိန်းထိ လျှော့ချနိုင်ခဲ့တယ်
လို့ကြေငြာနိုင်ခဲ့တယ်
(နောက်ကွယ်ကဒေါ်လာသန်းကိုးထောင် အကြွေးတင်သွားတာကိုလည်း လူမသိသူမသိ စာရင်းဖျောင်နိုင်ခဲ့တယ်)

အိန္ဒိယနိုင်ငံက သူဌေးကြီးများအိမ်တွေနှင့် ဆင်တူတဲ့ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစု ကျေးရွာ အိမ်ခြောက်လုံးတန်းက အိမ်

အိန္ဒိယနိုင်ငံက သူဌေးကြီးများအိမ်တွေနှင့် ဆင်တူတဲ့ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစု ကျေးရွာ အိမ်ခြောက်လုံးတန်းက အိမ်
ဗိုလ်ချုပ်မှုးကြီးသန်းရွှေ(အငြိမ်းစား)၏ ပင်စင်လစာနှင့်လုပ်သက်ခံစားခွင့် (Gratuity)၊ အိမ်တော်ပါ။
ဦးသန်းရွှေ ပင်စင်လစာ ကိစ္စဖြစ်ပါသည်။ ၂၀၁၁ ခုနှစ် မတ်လ (၃၁) ရက်နေ့ မှစ၍ ပင်စင် ဦးစီးဌာနမှ ခံစားခွင့် ပြုလိုက်သည့် ပင်စင်လစာငွေများမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)၏ ပင်စင်လစာ မှာတစ်လလျင် ကျပ် သိန်း (၁၀၀)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး (ငြိမ်း) မှာ တစ်လလျင် ကျပ်သိန်း (၈၀) ခံစားခွင့် ရှိသည်ဟုဆို၏ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃) ပုဒ်မ (၅၈)တွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ် နေရာရရှိသည် ဟုဖော်ပြပါရှိ၏ ။

"ပျံသန်းရတဲ့ ရည်ရွယ်ချက်က ခြေရာထင်ကျန်ဖို့ မဟုတ်ဘူး။ ပျံသန်းချိန်မှာ လွတ်လပ်တဲ့အရသာနဲ့ ပျော်ရွှင်ခြင်းကို ခံစားဖို့ဖြစ်တယ်"

တစ်ခုသော နွေရာသီမနက်ခင်းမှာ ဝရံတာပေါ်ရပ်နေတဲ့ ကောင်မလေးတစ်ယောက်ကို ကျွန်မတွေ့ခဲ့တယ်။ ကောင်မလေးဟာ လက်ထဲမှာ တုတ်တစ်ချောင်းကိုင်ထားပြီး တုတ်ထိပ်မှာ လှပတဲ့ ဖဲကြိုးနီလေးတစ်ခု ချည်ထားတယ်။ ဖဲကြိုးက ဝရံတာအပြင်ဘက် လေထဲမှာ လွင့်ဝဲနေခဲ့တယ်။ ကောင်မလေးကို ဘာလုပ်နေသလဲလို့ ကျွန်မမေးတော့ လိပ်ပြာမျှားနေပါတယ်လို့ သူပြန်ဖြေတယ်။ ချိတ်မပါဘဲ လိပ်ပြာကို ဘယ်လိုမျှားမလဲလို့ ကျွန်မထပ်မေးတော့ သူက သူဟာ လိပ်ပြာရဲ့ခန္ဓာကို မျှားနေတာမဟုတ်ဘူး။ လိပ်ပြာကိုမျှားတဲ့ ပျော်ရွှင်ခြင်းကို မျှားနေတာပါလို့ ပြန်ဖြေတယ်။

Tuesday, August 23, 2016

သင့်လုံခြုံရေးကို ဂရုစိုက်ပါ

သင့်လုံခြုံရေးကို ဂရုစိုက်ပါ
++++++++++++++++

(၁)ခြံတံခါးပိတ်ထားပါ

(၂)အိမ်တံခါးပိတ်ထားပါ

(၃)အိမ်တွင်း၌မိမိလက်တကမ်းလက်နက်ရှိပါစေ

(၄)ဖုန်း သို့မဟုတ် ပတ်ဝန်းကျင်နှင့် အဆက်မပြတ်ပါစေနှင့်

(၅)ကျူးကျော်ဝင်ရောက်သူရှိပါက ခုခံနိုင်သူအားလုံးခုခံပြီး ဖုန်း သို့မဟုတ် ပတ်ဝန်းကျင်ကို အကူအညီတောင်းမည့် မိသားစုဝင်ကို သီးသန့်တာဝန်ပေးထားပါ

ခင်ဗျားတို့ သိလား ခင်ဗျားတို့သိပြီးပြီလား မသိသေးလဲ သေချာဖတ်ကြည့်ကြနော်။

ခင်ဗျားတို့ သိလား
ခင်ဗျားတို့သိပြီးပြီလား
မသိသေးလဲ သေချာဖတ်ကြည့်ကြနော်။

======================================

မြန်မာနိုင်ငံမှာ တင်ရှိနေတဲ့ ပြည်ပကြွေးမြှီ ဒေါ်လာသန်း ၉ထောင်ကျော် ရှိနေပြီးတော့ တစ်နှစ်ကို ဒေါ်လာသန်း ၂၀၀ ကျော် အတိုးပေး ပြန်ဆပ်နေရပါတယ်။

ဒီလောက်များတဲ့ အကြွေးတွေကို ဘယ်လို ပြန်ဆပ်ကြမလဲဆိုတာကိုလည်း ဒီကနေ့လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။

ဒီအကြောင်းစုံကိုတော့ နေပြည်တော်က ဘီဘီစီ သတင်းထောက် ကိုအောင်သူရက ပြောပြပေးမှာဖြစ်ပါတယ်။

သွားတိုက်တံနဲ့ ပတ်သက်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့အချက်

သွားတိုက်တံနဲ့ ပတ်သက်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့အချက
=======================================

မနက်ခင်း အိပ်ရာထပြီးနောက် ဒါမှမဟုတ် ညအိပ်ရာမဝင်မီ သွားတိုက်လှမ်းယူတဲ့အခါ သွားတိုက်တံမှာ ရောဂါပိုးပါနိုင်ကြောင်း ကျွန်ုပ်တို့ ကောင်းကောင်းသဘောမသိကြပါဘူး။ သုံးပြီးသား သွားတိုက်တံတွေမှာ ကူးစက်ရောဂါဖြစ်စေနိုင်ပြီး သာမာန်မျက်စိနဲ့ မမြင်ရတဲ့ ပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။
မသန့်ရှင်းတဲ့ သွားပွတ်တံတစ်ချောင်းမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ရောဂါပိုးများစွာ ရှိပါတယ်။ ဒါပေမယ့် မိမိသွားပွတ်တံကို သန့်ရှင်းပြီး ရောဂါပိုးကင်းဝေးစေတဲ့ နည်းလမ်းများစွာ တွေ့ပါလိမ့်မယ်။ သွားတိုက်တံမကိုင်ခင် လက်ကို ဆပ်ပြာနဲ့ ရေနွေးနဲ့ မဖြစ်မနေဆေးကြောပေးသင့်ကြောင်း သိနားလည်ဖို့ လိုပါတယ်။ အဲဒီအပြင် သွားတိုက်တံကို အသုံးမပြုမီနဲ့ သုံးပြီးတိုင်း ရေနွေးနဲ့ ခေတ္တစိမ်ထားသင့်ပါတယ်။

ကျွန်မ အောင်ဆန်းစုကြည် ( စ/ ဆုံး )

ကျွန်မ အောင်ဆန်းစုကြည် ( စ/ ဆုံး )
**************************
( ၁ )
ကျွန်မကအဖေ့သမီးပဲ
ပြောရင်ပြောတဲ့အတိုင်းဖြစ်အောင်လုပ်တယ်
ဘယ်နှစ်ခါမှတ်ကျောက်တင်ပြရဦးမှာလဲ
ရှင်တို့တွေပဲ ပွန်းပဲ့ကုန်ပြီ
...
ကျွန်မလား ...
လက်နဲ့ထိလိုက်လို့ရွှေဖြစ်မသွားပေမယ့်
လက်ခုပ်တစ်ချက်တီးတိုင်း
ချိုးငှက်တစ်ကောင်ထပျံမယ်
ပန်းပွင့်တစ်ပွင့် ရှင်တို့ရှေ့မှာထပွင့်မယ်

တန်ဖိုး

တန်ဖိုး
====
တစ်ခါတုံးက တရုတ်ပြည်မှာ ရေထမ်းတဲ့လူ တစ်ယောက်ရှိတယ်။ သူဟာ ကြီးမားတဲ့ ရေအိုး နှစ်လုံး ကို ပခုံး တစ်ဘက် တစ်ချက်မှာ ထမ်းပြီး ရေသယ်လေ့ရှိတယ်တဲ့။

အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်းကနေ သူ့အိမ်ဘက် ရေသယ်လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်ဝက်ပဲ ပါသတဲ့။

ကျန်တဲ့ အိုးတစ်လုံးကတော့ အပြစ်အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်းကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။

အနုတ်လက္ခဏာစီမံခန့်ခွဲမှု

အနုတ်လက္ခဏာစီမံခန့်ခွဲမှု

ရေးသူ-အရိုး
အချိန်မရခြင်း
ကျွန်တော်တို့သည် ကမ္ဘာပေါ်တွင် ကျွန်တော်တို့ချည်းပဲ မဟုတ်ဟုဆိုခဲ့ပါသည်။ ဟုတ်ပါသည်။ နိုင်ငံ၏ပိတ်ထားသောတံခါး များကို ရုတ်တရက်ဖွင့်ပစ်လိုက်သောအခါ ကျွန်တော်တို့သည် ကျွန်တော်တို့ချည်းမဟုတ်ဘဲ ကျွန်တော်တို့ထက်လူရည်လည်နှင့် ပြီးဖြစ်သောသူများနှင့် ဧကန်မုချတွေ့ကြရပါလေတော့၏။ ထိုသူ များနှင့် ဤသို့ရုတ်တရက်တွေ့ကြရချိန်တွင် ကျွန်တော်တို့သည် ကျွန်တော်တို့နိုင်ငံ၏ ကာလရှည်ကြာပိတ်ထားခံခဲ့ကြရသောတံခါး များကို ကျွန်တော်တို့မည်သို့ဖွင့်ခဲ့ကြောင်းတွေးတောရန် အချိန်မရ ကြတော့။

အော်တိုဂီယာ ကား မောင်မယ်လား သိမှတ်လိုက်နာသွား ဘေးရန်ကင်းစေသား

 Tuntun Oo

အော်တိုဂီယာ ကား မောင်မယ်လား သိမှတ်လိုက်နာသွား
**************************************************************
ဘေးရန်ကင်းစေသား
**********************
မေတ္တာဖြင့် တောင်ကြီးသား
ကီလို 100 ကျော်နေရင် အရှိန်ကိုO/D
နဲ့လျှော့ပါ ကီလို60/70 ဆိုရင် အရှိန်ကို2နဲ့လျှော့ပါ Lကတော့ဝိတ်နဲ့အမြင့်တတ်ရင်သုံးပါ...
[ " ကီလို-၁၀၀-အေးဆေးပါ------ဒါပေမယ့်--၁-စက္ကန့်မှာ-၈၈--ပေ--သွားနေတာတော့-သင်သိပါ-" ]
၁-စက္ကန့်မှာ-၈၈-ပေ-သွားနေတာကိုအချိန်မီထိန်းချုပ်နိုင်မှ-ကားတစ်စီးဟာ-ဘေးကင်းစွာရပ်တန့်သွားမှာပါ-
ကားရဲ့လားရာအမှန်ကို-လက်ကိုင်ဂွေကို-ထိန်းချုပ်လို့တစ်မျိုး--ကားမြန်နှုန်းကို-ဂီယာ-ဘရိတ်-များနဲ့စနစ်တကျလည်းထိန်းချုပ်တတ်ရပါသေးတယ်-
အဓိက-ပြောပြချင်တာကတော့-ခုခေတ်ပေါ်လူစီး-ကားအားလုံးနီးပါးမှာ-AT/CVT-စနစ်များနဲ့လာတဲ့-အော်တိုဂီယာ-ဖြစ်လို့သွားပါပြီ-
--ယခင်မော်ဒယ်များမှာ-ပါနေကျ--ဂီယာဘုတံကြီးဘေးနားက--အသီးလေးဖြစ်တဲ့--OverDrive- On/Off--ဆိုတဲ့ဖန်ရှင်လေးကို--

"မြန်မာဖုန်း ဟေ့"

 
 
"မြန်မာဖုန်း ဟေ့"
.

ကမ္ဘာနိုင်ငံအသီးသီးက စမတ်ဖုန်း အသစ်အဆန်းအမျိုးမျိုးကို အပြိုင်အဆိုင် ထုတ်လုပ်လာကြတယ်။
.

အမေရိကန်က ကြော်ငြာတယ်...
'ပြိုင်သူရှုံးတဲ့ iPhone 7 ထွက်ပြီ'
- Nano Sim
- မျက်နှာပြင်အကျယ် 6"
- ကင်မရာ 18-megapixel
- ဘက်ထရီ 2800 mAh
- Ram 3 GB
- Internal storage 256-GB
- 4G LTE
- ရွှေရောင်၊ ငွေရောင်၊ အနက်ရောင် ရပြီ

"စင်္ကာပူဝန်ကြီးချုပ်ကတော်ဟာ ၁၅ ဒေါ်လာသာတန်တဲ့ ပိုက်ဆံအိတ်ကို ကိုင်ပါသတဲ့။

Ref: Pyae Pyae
"စင်္ကာပူဝန်ကြီးချုပ်ကတော်ဟာ ၁၅ ဒေါ်လာသာတန်တဲ့ ပိုက်ဆံအိတ်ကို ကိုင်ပါသတဲ့။ ဒီလိုကိုင်ရခြင်းရဲ့ နောက်ကွယ်မှာလည်း အကြောင်းအရင်းကောင်းတစ်ခုရှိလို့နေပါတယ်။"
အစိုးရအဖွဲ့အကြီးအကဲတွေရဲ့ ဇနီးတွေဟာ နိုင်ငံအဆင့်လည်ပတ်ကြတဲ့ ခရီးစဉ်တွေမှာ ကောင်းပေ့ညွန့်ပေ့ဆိုတဲ့အဝတ်အစားတွေနဲ့ ဈေးကြီးတဲ့ အလှဆင်ပစ္စည်းတွေကိုသာ ဝတ်ဆင်ဖို့ ပိုမိုနှစ်သက်လေ့ ရှိကြပါတယ်။ ဒါပေမယ့် စင်္ကာပူဝန်ကြီးချုပ်ကတော်"ဟိုချင်း" မှာတော့ မတူညီတဲ့ အတွေးအခေါ်တွေရှိလို့နေပါတယ်။ သူမဟာ အိမ်ဖြူတော်ကို နိုင်ငံတော်အဆင့်သွားတဲ့ခရီးစဉ်မှာ ဒိုင်နိုဆောပုံလေးတွေ ရိုက်ထားတဲ့ ၁၅ ဒေါ်လာတန် ဂျင်းသားပိုက်ဆံအိတ်လေးကိုသာ ရွေးချယ်ခဲ့ပါတယ်။

တာဝန်ယူချင်စိတ်

တာဝန်ယူချင်စိတ်

=========

ကျွန်တော်ဟာ နွမ်းပါးတဲ့ မိသားစုကနေ မွေးဖွားလာသူပါ။ မြို့မကျ တောမကျ နေရာလေးမှာ နေပါတယ်။ ကျွန်တော့် အဖေဟာ နေ့စဉ် မနက်အာရုဏ် မိုးလင်းခင် အစောကြီးထပြီး ကုန်စိမ်းကားတွေနဲ့ အဖော်လိုက်ရသူပါ။ ပြောရရင် ကုန်စိမ်းကား နောက်လိုက်ပေါ့ဗျာ။ ဈေးမှာ လိုရင်လိုသလို ကုန်စိမ်းတောင်းတွေ ထမ်းပေးရတယ်..။ ဒီလိုနဲ့ ပင်ပင်ပန်းပန်းရှာရတဲ့ငွေနဲ့ နေ့စဉ် စားစရာဝယ်၊ ပိုတဲ့ ငွေလေးကို ခြစ်ခြုတ်စုပြီး ကျွန်တော့်အတွက် ပညာသင်စရိတ်ရှာပြီး မြို့မှာ ကျောင်းထားပေးရှာတယ်..။

နွေရာသီ ကျောင်းပိတ်လို့ ကျွန်တော် အိမ်ပြန်ရောက်လာတဲ့ တစ်ရက်မှာတော့ အဖေက ကျွန်တော့်ကို သူနဲ့အတူ ကုန်စိမ်းကားနဲ့ လိုက်ခဲ့ခိုင်းတယ်။

Sunday, August 21, 2016

ခင်ဗျားတို့ မသိလောက်သေးတဲ့ Pokémon GO အကြောင်း

ခင်ဗျားတို့ မသိလောက်သေးတဲ့ Pokémon GO အကြောင်း
--------------------

တလောက သတင်းကြားလိုက်တယ်။ ကမ္ဘာ့ပထမဆုံး Pokemon အကောင် အစုံရတဲ့လူပေါ်ပြီ ဆိုပဲ။ ရယ်လိုက်ရတာဆိုတာ။ 😂 အဲ့လိုရပြီလို့ လာကြွားတဲ့ သူငယ်ချင်းတွေ ရှိခဲ့ရင် ဟားသာလွှတ်လိုက်ဗျ။ ဘာ့ကြောင့်လဲဆိုတာ ပြောပြမယ်။

(က) ဒေသခံ Pokemon များကြောင့်။
--------------------
Pokemon ထဲက အကောင်အချို့ဟာ သူ့သတ်မှတ်ထားတဲ့ ဒေသတွေမှာပဲ ဖမ်းလို့ ရနိုင်ပါတယ်။ တိတိကျကျ ဆိုရင် အကောင် (၄) မျိုးဟာ သူ့သတ်မှတ်ထားတဲ့ နေရာတွေမှာပဲ ဖမ်းလို့ ရတယ်။ ဘာအကောင် တွေလဲဆိုရင် -