shared by
ThiThi
on
21/03/16 -
chelmo.tips -
Community
ဟန်မဆောင်ဘဲ အရှိကိုအရှိအတိုင်း နေထိုင်နိုင်ရင် အကောင်းဆုံးဆိုတာ ပြောစရာတောင် မလိုပါ။
နည်းနည်းဆိုးတယ်လို့ ထင်ရတာကတောင် ယောင်္ကျားလေးတွေ သိပ်မကပ်နိုင်တော့ ပိုလို့တောင် ကောင်းပါသေးတယ်။ ကိုယ်လုပ်ချင်တာကို မလုပ်နိုင်ရင် လူ့သဘာဝအနေနဲ့ ကျန်းမာရေးကိုလည်း ထိခိုက်လာနိုင်တယ်လို့ ပြောကြပါတယ်။
ကဲ ချစ်စရာကောင်းတဲ့ မိန်းမဆိုးလေးကို ကြည့်လိုက်ရအောင်နော်။
၀၁. မကြိုက်၊ မခင်တဲ့သူနဲ့ လုံးဝ မဆက်ဆံ၊ အချိန်မကုန် မခံပါ။
ပေါင်းသင်းဆက်ဆံရေးမှာ ဆက်ဆံရေးကြဲတဲ့သူတွေကတော့ အချိန်အကုန်မခံတာ သူတို့ရဲ့ ခံယူချက်ပါ။ ကိုယ့်အတွက် အကျိုးမရှိရင် ဘာကိုမှ မလုပ်ချင်ပါ။ ဒီလိုလူတွေကို ဝေးဝေးက ရှောင်ပြီး အချိန်ကို တန်ဖိုးထားပါ။
၀၂. စကားကို အားရပါးရပြောတော့ စိတ်ချမ်းသာတာပေါ့။
ဒေါသထွက်နေတဲ့ မိန်းကလေးကတော့ ဆဲဆိုပြောတတ်ကြပါတယ်။ ဒါပင်မဲ့ ဆဲဆိုပြောတာထက် စကားကိုကျယ်ကျယ်နဲ့ ပြတ်ပြတ်သားသားပြောတာက စိတ်သက်သာရာရပါတယ်။
၀၃. စိတ်ခံစားချက်တွေထက် အံဝင်ခွင်ကျ စဉ်းစားပြီး ဆုံးဖြတ်ပါ။
ခံစားချက်တွေထက် သွေးအေးအေးနဲ့ စဉ်းစားဆုံးဖြတ်နိုင်သူကို လူမဆန်ဘူးလို့ ပြောကြပါတယ်။ ပြောင်းပြန်ပြောရရင်တော့ သူက ဈေးတွက်တော်တယ်လို့ ပြောရမှာပါ။ အမြဲတမ်း တခုခုဖြစ်ရင် ငိုနေတဲ့မိန်းကလေးထက် ဒီလိုမိန်းကလေးမျိုးက အားကိုးရမယ်လို့ ထင်ပါတယ်။
၀၄. ပါးပါးလေးပေါင်းနေတဲ့ သူငယ်ချင်းလည်း ဝေးရာသို့ ပြေး၏။
အမှန်ကို အမှန်အတိုင်း ပြောနိုင်သူကသာလျှင် အချိန်ကုန်နည်းစေသလို မပေါင်းသင့်တဲ့သူတွေကလည်း ကိုယ့်အနားကနေ ခွဲခွာသွားပါလိမ့်မယ်။ ကျန်ခဲ့တဲ့သူက သာလျှင် တကယ့်မိတ်ဆွေတွေပါ။
၀၅. ထင်သလို မြင်သလို ပြောဆိုနေရင် ကျန်းမာရေးအတွက်လည်း ကောင်း၏။
စိတ်ခံစားချက်တွေကို ချုပ်တည်းထားရင် ကင်ဆာဖြစ်နိုင်ချေ ၇၀ ရာခိုင်နှုန်းလောက်အထိ မြင့်မားလိမ့်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် ထင်မြင်ချက်ကို သတ္တိရှိရှိပြောလိုက်တာက ပိုပြီးလို့တောင် အဆင်ပြေပါလိမ့်မယ်။
၀၆. ကိုယ့်ကိုကိုယ် တန်ဖိုးထားပါ။
ကိုယ့်ကိုကိုယ် သိပ်ချစ်တဲ့သူတွေရှိပါတယ်။ သူတို့တွေက ကိုယ့်ရဲ့အလှကို တန်ဖိုးထားလို့သာ အားကစားလုပ်ရ၊ ကျန်းမာရေး ဂရုစိုက်နဲ့ အဆင်ကိုပြေနေပါလိမ့်မယ်။
၀၇. စကားပြောရမှာ အရှုံးမပေးပါ။
စကားများနေချိန်မှာ ဘယ်လိုပြောလိုက်ရင် စကားနိုင်မလဲဆိုတာကို ကောင်းကောင်းနားလည်နေမှာပါ။ ဒီအားသာချက်ကို အလုပ်မှာလည်း အသုံးပြုနိုင်မှာပါ။
၀၈. အချိန်မဆွဲပဲ ချက်ချင်းလုပ်လိုက်ပါ။
အမှန်ကို အမှန်အတိုင်းပြောတဲ့သူဆိုတာ အခြားသောသူတွေကို အကြံပေးရတာတွေလည်း ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆုံးဖြတ်ချက်ချတာ မြန်လို့ပါ။
၀၉. ဘယ်သူ့မျက်နှာမှ မကြည့်ရတဲ့အတွက် စိတ်ပင်ပန်းမှုလည်း နည်းလာလိမ့်မယ်။
သူများကို ဖားပြီး မျက်နှာချိုသွေးနေရရင်တော့ အဆင်မပြေပါ။ ပိုပြီးလို့တောင် ပင်ပန်းလာပါလိမ့်မယ်။ အမြဲတမ်း အရှိကို အရှိအတိုင်းနေထိုင်တတ်ဖို့လိုပါတယ်။
၁၀. စိတ်မပါတဲ့မျက်နှာဆိုတာ အရွယ်တောင်တင်လိမ့်မယ်။
စိတ်မပါတဲ့မျက်နှာနဲ့နေတော့ မျက်နှာလှုပ်ရှားမှုမရှိတာကြောင့် အဆင်းအကြောင်းတွေတောင် မပေါ်ပဲ အရွယ်တင်နိုင်ပါတယ်။
၁၁. ယုံကြည်ရတဲ့ မိတ်ဆွေကောင်းတွေပဲ ကိုယ့်အနားမှာ ရှိမှာပါ။
တကိုယ်ကောင်းဆန်တဲ့လို့ပဲပြောပြော၊ ကိုယ့်ကိုနားလည်ပေးတဲ့သူတွေပဲ ကိုယ့်အနားမှာရှိတာကြောင့် တကယ့်မိတ်ဆွေကောင်းတွေပဲဖြစ်မှာပါ။
၁၂. ခက်ခဲတဲ့ကိစ္စတွေကိုလည်း ပြောရဲဆိုရဲပေါ့။
ဒီလို မိန်းကလေးဆိုတာ ဘယ်လိုအခက်အခဲတွေမဆို ကျော်လွှားသွားနိုင်သူဖြစ်ပါလိမ့်မယ်။ ပြသာနာကို ဖြေရှင်းရမှာလည်း ပြတ်သားသူဖြစ်ပါလိမ့်မယ်။
၁၃. ကိုယ့်နဲ့မဆိုင်တဲ့ပြသာနာတွေကြားမှာ ပါစရာအကြောင်းမရှိပါ။
လူတွေကြားထဲမှာနေတာထက် ကိုယ့်ဟာကိုယ်သာ အေးအေးဆေးဆေးနေတာကြောင့် အခြားပြသာနာတွေကြားထဲမှာ ပါစရာလည်းမရှိပါ။
ChelmoTeam
Search Myanmar

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။