Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, March 21, 2016

‘‘အကယ်ဒမီကို မျှော်လင့်ချက်ကို မရှိတော့တာ’’ သက်မွန်မြင့်နှင့်တွေ့ဆုံခြင်း

 
ဓာတ်ပုံ-ကျော်ဇင်သန်း
မကြာခင်မှာ ရိုက်ကူးပုံဖော်မယ့် ‘ဥပါယ်တံမျဉ်’ရုပ်ရှင်ကားမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးပေးမယ့် သရုပ်ဆောင်အကယ်ဒမီ သက်မွန်မြင့်ရဲ့ အကယ်ဒမီရင်ခုန်သံနဲ့ ယခုနှစ် အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး ၎င်းရဲ့အမြင်တချို့ကို မေးမြန်းပေးထားပါတယ်။
ပထမဆုံးအနေနဲ့ မကြာခင်မှာ ရိုက်ကူးမယ့် ‘ဥပါယ်တံမျဉ်’ရုပ် ရှင်ကားကြီးမှာ ပါဝင်ဖြစ်ခဲ့ပုံကို ပြောပြပေးပါ။
ဒီကားလေးကို ရိုက်ဖို့ သက် မွန်ကို လာကမ်းလှမ်းတော့ ဒါရိုက်တာက မခရစ္စတင်းဖြစ်နေတယ်။ အရင်က သူရိုက်ထားတဲ့ Mudras Calling ဆိုတဲ့ကြော်ငြာလေးကို ကြည့်ဖူးတယ်။
အဲဒါလေးကို အ ရမ်းသဘောကျတယ်။ ကိုယ်က လည်း သူနဲ့ ရိုက်ချင်တယ်။ ဝမ်း သာသွားတယ်။ ပြင်ဆင်မှုက တော့ ဒီကားအတွက် သက်မွန် သင်တန်းလည်းတက်တယ်။ ဇာတ်ညွှန်းတွေဖတ်ပြီး ဆွေးနွေး ကြတယ်။ ကိုယ့်အယူအဆနဲ့ သူ လိုချင်တာလေးတွေ ဆွေးနွေးကြ တယ်။ အဝတ်အစားကအစ သူနဲ့ တိုင်ပင်ပြီး ဘာလိုချင်တယ် ဘာ လုပ်ရမယ်ဆိုတာကအစပေါ့။ အခုကတော့ အကုန်လုံးနီးပါးက အဆင်သင့်ဖြစ်နေပါပြီ။
ဒီကားက ရုပ်ရှင်ကားကြီးလည်း ဖြစ်ပြီး ပုံမှန်သရုပ်ဆောင်နေကျ သူတွေနဲ့ ရိုက်ကူးရမှာမဟုတ် တော့ ရိုက်ကူးတဲ့အခါ အဆင် မပြေမှာ စိုးရိမ်မိလား။
ဒီကားမှာပါတဲ့ မင်းသားက အသစ်ဆိုပေမယ့်  အရမ်းစိမ်း နေတာမဟုတ်ဘူး။ ဟိုမှာလည်း ကျောင်းတက်လာတဲ့သူ။ အနု ပညာကို သေချာသိထားတဲ့သူဆို တော့ အရမ်းစိမ်းနေတာမဟုတ် ဘူးလေ။ သက်မွန်တို့ဘက်က အရမ်းကြီး ကူညီစရာမလိုပါဘူး။ နောက်ပြီးတော့ သူတို့ရဲ့ နည်းက လည်း တစ်ယောက်နဲ့တစ်ယောက် အရမ်းကူညီပြီး ပံ့ပိုးနေတာ မကြိုက်ဘူး။ ဇာတ်လမ်းပေါ်မှာ တစ်ဖက်သားကို ကူညီချင်တယ် ဆို ကိုယ့်ရဲ့အပိုင်းမှာ လုံးဝသေ ချာပီပြင်အောင် လုပ်တာက တစ် ဖက်သားကို ကူညီခြင်းပဲ။ အဲဒီလို သင်ထားတာဆိုတော့ သူဟာသူ သူလုပ်သွားမှာပေါ့နော်။ ကိုယ်က အရမ်းကြီးပံ့ပိုးပေးစရာမရှိပါဘူး။
မကြာခင်မှာ ကျင်းပတော့မယ့် အကယ်ဒမီပေးပွဲအတွက် မသက် မွန်ရဲ့ ရင်ခုန်မှုကကော ဘယ်လို ရှိပါသလဲ။
အကယ်ဒမီပွဲကိုတော့ ဘယ် သူတွေရမလဲဆိုပြီး ရင်ခုန်ပါ တယ်။ ကိုယ့်အတွက်ကတော့ မခုန်ပါဘူး။ သက်မွန်ပါတဲ့ကား ဆိုရင် ၂၀၁၄ မှာက ‘မာယာပရော ဂျက်’နဲ့ ၂၀၁၅ မှာက ‘နက္ခတ်မှား တဲ့တိုက်ပွဲ’ ရှိတယ်။ ဒီနှစ်ကားပါ ပေမယ့် ‘မာယာပရောဂျက်’မှာ လည်း ကိုယ့်ဟာကို အားမရဘူး။ ‘နက္ခတ်မှားတဲ့တိုက်ပွဲ’မှာလည်း တကယ်တမ်းက အဲဒါမင်းသား ဇာတ်ပါ။ လုပ်ကွက်ကရတယ်ဆို ပေမယ့် မင်းသားဇာတ်ဆိုတော့ အဲဒီလောက်နဲ့ မင်းသမီးပေးမယ် မထင်ဘူး။ ပွဲတက်ဖို့ ဖက်ရှင်က တော့ ဒီဇိုင်နာ မပုံ့ဆင်မှာပါ။
ဒီ ၂ နှစ်စာ အကယ်ဒမီပွဲမှာ ကိုယ်တိုင်အတွက် အကယ်ဒမီ ရင်ခုန်မှုမရှိပေမယ့် ဘယ်သူတွေ ကိုကော ရစေချင်ပါသလဲ။
ဇာတ်ကားကို အကုန်လုံး မကြည့်တော့ သိပ်တော့မပြော တတ်ဘူ။ ဒါပေမဲ့ အခုနာမည်ကြီး နေတာက မအူဝဲရှိတယ်။ ဖွေးဖွေး ရှိတယ်။ ကစ်ကစ် (ဝတ်မှုန်ရွှေ ရည်)ရှိတယ်ပေါ့။ မိုးဟေကိုရှိ တယ်ပေါ့။ ကိုနေတိုးလည်း ကြား ပါတယ်။
ဒီနှစ်ထဲမှာ မသက်မွန်ပါဝင်ထား တဲ့ ရုပ်ရှင်တွေကော ရုံတင်ဖို့ရှိပါ သေးလား။
ဒီနှစ်ထဲမှာ ရုံတင်ဖို့ဆိုရင် အခုက ‘လူးရတနာသိုက်’တင်နေ ပါတယ်။ ‘ပြန်ခေါ်သက်သေ’တို့ လည်း ကျန်သေးတယ်။ တခြား ကားတွေလည်း ရှိသေးတယ်။
‘လူးရတနာသိုက်’ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး ရိုက်ကူးရာမှာ အမှတ်တရနဲ့ အခက်အခဲတွေရှိ ရင် ပြောပြပေးပါဦး။
အဲဒီကားမှာဆိုရင် ကိုယ့်က အဲဒီလိုရင်ရှားတွေ သိပ်ဝတ် လေ့ဝတ်ထမရှိဘူး။ ဓာတ်ပုံရိုက် ရင်သာ ဒီဇိုင်နာတွေရဲ့ အဝတ်အ စားဆို ဝတ်ရင်သာဝတ်တယ်။ ကိုယ့်သဘောနဲ့ကိုယ်ဆိုရင်တော့ သိပ်မဝတ်ဘူး။ ဆိုတော့ နေသား တော့သိပ်မကျဘူး။ ကိုယ်က ဒီ ဇာတ်လမ်းထဲမှာ ဇာတ်ကောင်အ တွက် ကိုယ်ကဝတ်ရတာ။ သရုပ် ဆောင်ရတာက အရေးကြီးတော့ ဒါတွေကို စိတ်ထဲမှာ အခန့်မသင့် တာတွေကို ဖျောက်ပြီးတော့ ကြိုး စားပြီးသရုပ်ဆောင်ခဲ့ပါတယ်။ တခြားတော့ အထွေအထူးတော့ မရှိပါဘူး။ အိုက်တင်ပဲ ချိန်ရတာ ပါ။
ဒီကားမှာ ထူးထူးခြားခြားပုံစံလေး လည်း သရုပ်ဆောင်ထားတော့ လာမယ့်နှစ်မှာပေးမယ့် အကယ် ဒမီအတွက်ကော မျှော်မှန်းမိ လား။
အမှန်အတိုင်းပြောရရင် အကယ်ဒမီကို မျှော်လင့်ချက်ကို မရှိတော့တာ။ ၂၀၁၁ မှာ ကိုယ်က သုံးကားလောက်ရှိတယ် မရခဲ့ဘူးဆိုတော့ ဒါရိုက်တာတစ်ယောက် ပြောသလိုပဲ အကယ်ဒမီဆိုတာက ကံပါမှလည်း ရတာ။ တော်တာ တစ်ခုတည်းမဟုတ်ဘူး။ ကံက လည်း လိုက်ဦးမှ။ တချို့ မနန္ဒာ တို့ဆိုရင် ‘ကိုးဆယ်ဆသာလိမ့် မယ်’ဇာတ်ကားမှာ အရမ်းကောင်းတယ်။ ဒါပေမဲ့ သူမရဘူး။ အဲဒီ နှစ်မှာ မင်းသမီးကို မပေးတာ။ အဲဒီလိုမျိုးတွေဆိုတော့ မမျှော် တော့တာ ကောင်းတယ်။ မဟုတ် ရင် ပင်ပန်းလို့။
နောက်ပိုင်းမှာကော အကယ်ဒမီ အတွက် ဆွတ်ခူးနိုင်ဖို့အတွက် သီးသန့်ဇာတ်လမ်းရွေးချယ်ရိုက် ကူးဖို့ကော ရှိပါလား။
ကိုယ်က ဒီဇာတ်လမ်းကို အ ရမ်းသဘောကျတယ်ဆိုရင် ရိုက် ချင်တယ်။ အကယ်ဒမီကြီးရနိုင် တယ်ဆိုပြီး မလုပ်ချင်ဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ အနုပညာရှင် တစ်ယောက်အနေနဲ့ ထူးချွန်ဆုဆို တာကြီးကိုတော့ လိုချင်ပါတယ်။ ဒါပေမဲ့ ခုနကပြောသလိုပဲ မမျှော် လင့်တော့ဘူး။ အဓိကက ဇာတ် လမ်းကောင်းမယ်။ ကိုယ့်ပရိ သတ်တွေအတွက် ကောင်းတဲ့ ဇာတ်ကားလေးတွေဆို ရိုက်ချင် တယ်။ အဲဒီလောက်ပါပဲ။
Family Plan အနေနဲ့ကော သား လေး အားချစ်အတွက် အဖော်ရ အောင် ထပ်မံရင်သွေးယူဖို့ အစီ အစဉ်ရှိပါပြီလား။
ဒါတွေကတော့ ပြောလို့မရ ဘူးပေါ့နော်။ သားသမီးဆိုတာ လည်း ရတနာတစ်ပါးလို့ ပြောကြ တယ်။ ရတနာဆိုတာကလည်း အလွယ်တကူရနိုင်တာမှ မဟုတ် တာ။ အဲဒီတော့ ကံပဲပေါ့နော်။
လာမယ့် သင်္ကြန်မှာကော ဘယ် လိုအစီအစဉ်တွေနဲ့ ဖြတ်သန်း သွားမှာပါလဲ။
သင်္ကြန်ကိုတော့ မန္တလေး Alpine မဏ္ဍပ်မှာ ရှိပါမယ်။
ပရိသတ်တွေအတွက် နှစ်သစ်ဆု တောင်းစကားလေးလည်း ပြော ပေးပါဦး။
သင်္ကြန်လည်းရောက်တော့ မယ်။ နှစ်သစ်ကူးပွဲလည်း ရောက် တော့မယ်ဆိုတော့ အားလုံးဘေး ကင်းရန်ကင်းနဲ့ ပျော်ရွှင်နိုင်ကြပါ စေ။ စိတ်ချမ်းသာနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
ကျေးဇူးတင်ပါတယ်။

 http://www.7daydaily.com/story/60831

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။