Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, March 21, 2016

၁၀ နှစ်ပြည့် Twitter နှင့် အမှတ်တရ tweet များ

 Twitter သည် ယနေ့တွင် သက်တမ်း ၁၀ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
Twitter သည် ပြောကြားလိုသည့်အကြောင်းအရာများကို စာလုံးရေ ၁၄၀ အောက်ဖြင့် ဝေမျှနိုင်သည့် နာမည်ကျော် လူမှုရေးကွန်ရက်တစ်ခု ဖြစ်သည်။ Twitter သုံးစွဲသူများသည် အာရပ်နွေဦးကဲ့သို့သော အကြောင်းအရာများမှ အကယ်ဒမီဆုပေးပွဲစသည့် ပေါ့ပ်ယဉ်ကျေးမှုများ အခိုက်အတန့်များစွာအထိ ဆွေးနွေးဖလှယ်မှုများ ပြုလုပ်ကြသည်။
ပြီးဆုံးခဲ့သည့် ဆယ်စုနှစ်အတွင်း Twitter သည် နိုင်ငံရေးသမားများ၊ ဖျော်ဖြေရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် သာမန်လူများအတွက် နောက်ဆုံးရသတင်းများ ရရှိရာ platform တစ်ခုဖြစ်လာသည်။ ကပ်ဘေး တစ်စုံတစ်ခုကျရောက်ခဲ့ပါက လူပုဂ္ဂိုလ်များစွာသည် နောက်ဆုံးရ သတင်းအချက်အလက်အတွက် Twitter တွင် သွားရောက်ရှာဖွေကြသည်။ Twitter သုံးစွဲသူ၏ သန်း ၃၂၀ ခန့် သော tweet ပြုလုပ်မှုများသည် အချိန်နှင့်တစ်ပြေးညီအတွင်း စစ်ပွဲ သို့မဟုတ် အကြမ်းဖက်တိုက်ခိုက်မှု အပြင် ဆန္ဒပြမှုများကို စောင့်ကြည့်လေ့လာခြင်း၊ ဖြစ်ပျက်နေသည့် အားကစားပြိုင်ပွဲများနှင့် ပတ်သက်သည့် အမြင်ကို ဖလှယ်ရာတွင် အသုံးပြုကြသည်။

အမေရိကန်သမ္မတလောင်းအတွက် ရီပတ်ဘလစ်ကန်ပါတီမှ မမျှော်လင့်သော ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့်သည် မောက်မာသည့် မှတ်ချက်များနှင့် ၎င်း၏ ပြိုင်ဘက်များကို ဖျက်ဆီးရန် Twitter ကို အားကိုးလျက်ရှိသည်။ အမေရိကန်သမ္မတကတော် မီရှယ်အိုးဘားမားသည် နိုင်ဂျီးရီးယားရှိ ကျောင်းသူများ ပြန်ပေးဆွဲခံရခြင်းကို လူအများ သတိထားမိစေရန် ‪#‎BringBackOurGirls‬ ဖြင့် လှုံ့ဆော်ခဲ့သည်။ လျှို့ဝှက်အချက်အလက်များကို ဖွင့်ချသူ အက်ဒ်ဝပ်စနိုးဒင်သည် ထေ့ငေါ့သော စာသား “Can you hear me now?” နှင့်အတူ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် Twitter ကို စတင်အသုံးပြုခဲ့သည်။
NBA နာမည်ကျော် ဘက်စကတ်ဘော ကြယ်ပွင့် ကိုဘီဘရိုင်ယန်သည် Los Angeles Lakers မှ အနားယူသည့်အကြောင်းကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် Twitter ကို အသုံးပြု၍ ထုတ်ပြန်ခဲ့သည်။ ထို့အပြင် အိုလံပစ်အားကစားသမားဟောင်းမှ တီဗီအစီအစဉ်တင်ဆက်သူ ဖြစ်လာသည့် ကတ်လင်းဂျန်နာကလည်း လိင်ပြောင်းလဲခဲ့သည့် အကြောင်းကို Twitter တွင် ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဘားရတ်အိုးဘားမား၏ Twitter သည် follow တစ်သန်းကို အမြန်ဆုံးရရှိသည့် စံချိန်တင်ထားနိုင်ခဲ့သည်။
အဆိုတော် ကေတီပယ်ရီ၊ ဂျက်စတင်ဘီဘာနှင့် တေလာဆွစ်တို့သည် Twitter တွင် follower ၈၅ သန်း၊ ၇၇ သန်းနှင့် ၇၃ သန်းနီးပါး အသီးသီးရှိကြသည်။ အိုဘားမားသည် follow ပြုလုပ်သူ ၇၁ သန်းဖြင့် စတုတ္ထနေရာတွင် ရပ်တည်လျက်ရှိကြောင်း TwitterCounter ၏ အချက်အလက်များအရ သိရသည်။
Twitter တည်ထောင်သူ ဂျက်ခ်ဒိုဆေး၊ အီဗန်ဝီလီယံ၊ ဘစ်ဇ်စတုန်းနှင့် နိုအာဂလက်စ်တို့က ၎င်းတို့၏ ရည်မှန်းချက်မှာ တက္ကစီဒါရိုက်ဘာများနှင့် ယာဉ်ကြီးကြပ်သူများ ဆက်သွယ်သော နည်းလမ်းကဲ့သို့ အများပြည်သူဆိုင်ရာဆက်သွယ် ဝန်ဆောင်မှုတစ်ခု ဖန်တီးရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆယ်နှစ်တာကာလအတွင်း Twitter ၏အရေးပါ အမှတ်ရစရာ အရာများမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ၂၀၀၆ ခုနှစ် မတ်လ ၂၁ ရက်တွင် Twitter တွဲဖက်တည်ထောင်သူနှင့် လက်ရှိအမှုဆောင်အရာရှိချုပ် ဂျက်ခ်ဒိုဆေးက ၎င်း၏ ပထဆုံး tweet ကိုရေးသားခဲ့သည်။

(၂) ပထမဆုံး ‪#‎hashtag‬ ကို ၂၀၀၇ ခုနှစ်တွင် ခရစ်မတ်ဆီနာက စတင်အသုံးပြုခဲ့သည်။

(၃) ၂၀၀၈ ခုနှစ်တွင် Phoenix Mars အဖွဲ့မှ အင်္ဂါဂြိုလ်၌ ရေခဲပြင်လွှာများ တွေ့ရှိခဲ့ပြီးနောက် NASA က အာကာသတွင် ရေခဲရှိပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

(၄) ၂၀၀၉ ခုနှစ်တွင် ခရီးသည် ၁၅၅ ဦးပါဝင်သည့် အမေရိကန်လေကြောင်းမှ လေယာဉ်တစ်စီး ပျံသန်းစဉ် ငှက်တစ်ကောင်ကို ဝင်တိုက်မိပြီး နယူးယောက်စီးတီးအနီးရှိ ဟက်ဒ်ဆန်မြစ်အနီး၌ လေယာဉ်ကို အံ့အားသင့်ဖွယ် ဆင်းသက်နိုင်ခဲ့ပြီးနောက် ဓာတ်ပုံများကို တစ်ကမ္ဘာလုံးသိစေရန် Twitter ပေါ်မှ ဝေမျှခဲ့ကြသည်။ Twitter သုံးစွဲသူ ဂျနစ်ခရမ်စ်သည် ဖြစ်စဉ်ဖြစ်ပွားရာ နေရာရှိ ပထမဆုံးမျက်မြင်သက်သေ များအနက် တစ်ဦးဖြစ်သည်။ ၎င်းက “ဟက်ဒ်ဆန်မြစ်ပေါ်က ထူးခြားဖြစ်စဉ်” ဟု ရေးသားကာ ဓာတ်ပုံကို tweet ပြုလုပ်ခဲ့သည်။ ဒိုဆေးက ထင်ရှားသည့် အခိုက်အတန့်ဟုခေါ်ဆိုကာ ခရမ်စ်ကို Twitter မှတစ်ဆင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
(၅) ၂၀၀၉ ခုနှစ် ဇွန်လတွင် အီရန်ရှိ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲအပြီး တီဟီရန်မြို့လမ်းများပေါ်၌ ထောင်ပေါင်းများစွာ ဆန္ဒပြကြသည်။ အစိုးရက ဆန္ဒပြပွဲနှင့်ပတ်သက်သော သတင်းများကို ပိတ်ပင်ထားချိန်တွင် ဆန္ဒပြသူများက Twitter ကို အသုံးပြုခဲ့ကြသည်။ ထိုအခါတွင် “Twitter တော်လှန်ရေး” ဟူသောစကားလုံး ပေါ်ပေါက်လာသည်။

(၆) အာကာသယာဉ်မှူး တီမိုသီ (TJ) ခရင်မာသည် ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် ပထမဆုံး live tweet ကို ပေးပို့ခဲ့သည်။ ထို့နောက် မေးခွန်းများကို ဖြေကြားပေးခဲ့သည်။
(၇) Twitter သည် ၂၀၁၀ နှင့် ၂၀၁၁ ခုနှစ် နှောင်းပိုင်းတွင် အီဂျစ်၊ တူနီးရှား၊ ဆီးရီးယားနှင့် လစ်ဗျားနိုင်ငံတစ်လွှား၌ ဖြစ်ပွားခဲ့သော အာရပ်နွေဦး အုံကြွမှု၏ အရေးပါသောနေရာမှ ပါဝင်ခဲ့သည်။ ဆန္ဒပြသူများသည် Twitter ကို အသုံးပြု၍ ဆန္ဒပြမှုသူကို စုစည်းခြင်းနှင့် ချိတ်ဆက်မိစေရန် တက်ကြွလှုပ်ရှားမှု tool အဖြစ် အသုံးပြုခဲ့ကြသည်။ Twitter နှင့် အခြား platform များသည် တူနီးရှားသမ္မတ ဇိုင်းအယ်လ်အဘီဒိုင်းဘန်အလီကို ဖြုတ်ချခြင်းနှင့် အီဂျစ်ခေါင်းဆောင် ဟို့စနီမူဘာရတ် နှုတ်ထွက်မှုများအတွက် ချီးကျူခံခဲ့ရသည်။

(၉) ပါကစ္စတန်နိုင်ငံ အဘူဒါပတ်မြို့တွင် နေထိုင်သော နည်းပညာအကြံပေးဖြစ်သူ ဆိုဟေးလ်အေသာသည် နေအိမ်အနီး ရဟတ်ယာဉ်များဝဲပျံနေသည်ကို သတိထားမိပြီးနောက် ၂၀၁၁ ခုနှစ် မေလတွင် အိုစမာဘင်လာဒင်ကို ချေမှုန်းရန် အမေရိကန်ရေတပ်တပ်ဖွဲ့မှ စီးနင်းမှု live tweet များကို အမှုမဲ့အမှတ်မဲ့ ပေးပို့ခဲ့သည်။

(၁၀) အိုဘားမားသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရာ၌ အနိုင်ရရှိခဲ့ပြီးနောက် သမ္မတကတော်နှင့် ပွေ့ဖက်အောင်ပွဲခံနေသည့် ဓာတ်ပုံအပါအဝင် “Four more years” ဟူသော tweet ကို ထည့်သွင်း၍ အောင်ပွဲခံခဲ့သည်။ အဆိုပါ tweet သည် ၂၀၁၄ ခုနှစ်တွင် နာမည်ကျော်သရုပ်ဆောင်များ ပါဝင်သော အယ်လန်ဒီဂျနီရီ၏ အော်စကာ selfie ဓာတ်ပုံ မပေါ်ထွက်မီက retweet အများဆုံး ပြုလုပ်ခံရသည့် tweet ဖြစ်ခဲ့သည်။

(၁၁) Boston Globe သည် ၂၀၁၃ ခုနှစ် ဧပြီလတွင် ဘော်စတွန်မာရသွန်ပြိုင်ပွဲ၌ ဗုံးပေါက်ကွဲမှု သတင်းများကို ပထမဆုံးဖော်ပြခဲ့သည့် မီဒီယာဖြစ်သည်။ လူသုံးဦးနှင့် ဒဏ်ရာရရှိသူ ၂၀၀ ကျော်သည့် အဆိုပါ ဖြစ်ရပ်ကို Tweet ၂၇ သန်းကျော်ဖြင့် ဆွေးနွေးခဲ့ကြသည်။

(၁၂) ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲသည် ကမ္ဘာတစ်ဝန်းရှိ စိတ်ဝင်စားသူများစွာ၏ အာရုံကို ဖမ်းစားနိုင်ပြီး Twitter သမိုင်းတွင် ဖော်ပြမှုအများဆုံး အားကစားပြိုင်ပွဲတစ်ခုလည်း ဖြစ်ခဲ့သည်။ ထို့အပြင် ပြိုင်ပွဲအတွင်း ပေးပို့သည့် tweet အရေအတွက် ၆၇၂ သန်းကျော်ရှိခဲ့သည်။

(၁၃) သန်းပေါင်းများစွာသော Twitter သုံးစွဲသူများသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ပါရီမြို့အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း လူပေါင်း ၁၃၀ သေဆုံးခဲ့သော ဖြစ်ရပ်အပြီး စည်းလုံးညီညွှတ်မှုနှင့် ငြိမ်းချမ်းရေးကို ပြသရန် ‪#‎PrayforParis‬ hashtag ကို အသုံးပြုခဲ့ကြသည်။ ထိုနှစ်အစောပိုင်းတွင် သရော်စာမဂ္ဂဇင်း ချာလီဟက်ဒိုရုံးခန်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ၎င်းတိုက်ခိုက်မှုကြောင့် Twitter တွင် ‪#‎JeSuisCharlie‬ (I am Charlie) hashtag ထွက်ပေါ်လာခဲ့သည်။
(၁၄) ပြီးခဲ့သည့်နှစ်က လီယိုနာဒိုဒီကာပရီယိုသည် အကောင်းဆုံးအမျိုးသရုပ်ဆောင်ဆုအတွက် အော်စကာရရှိခဲ့ခြင်းကြောင့် တစ်မိနစ်အတွင်း tweet ၄၄၀,၀၀၀ ပြုလုပ်ခံခဲ့ရသည်။ ထိုစံချိန်သည် အယ်လန်ဒီဂျနီရီ၏ အော်စကာ selfie စံချိန်ကို ချိုးဖျက်ခဲ့သည်။

Ref: CNET
 http://internetjournal.media/article/5852

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။