Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, May 3, 2014

သီချင်းမှာ နှောင်ဖွဲ့မှုတွေရှိတယ်ဆိုတဲ့ တေးရေးမြင့်မိုးအောင်

✦✦✦ သီချင်းမှာ နှောင်ဖွဲ့မှုတွေရှိတယ်ဆိုတဲ့ တေးရေးမြင့်မိုးအောင် ✦✦✦
လူပုံအေးအေးနဲ့ ဂီတလမ်းမှာ တအိအိ လျှောက်လှမ်းနေဆဲ ဆရာမြင့်မိုးအောင်ရဲ့ အင်တာဗျူးအဟောင်းလေး တစ်ခုကို We Love Music မှ ရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်။ အခုခေတ်နဲ့ အံ့မ၀င်တော့တဲ့ မေးခွန်းတစ်ခုတစ်လေ ချန်လှပ်ထားခဲ့တာက လွဲရင် ကျန်တာတွေက မူရင်းအင်တာဗျူးးထဲက အတိုင်း ယခုထက်တိုင် လတ်ဆက်နေဆဲပါ။ ကိုယ်ပိုင်သံစဉ်ရော၊ ကော်ပီဘက်မှာ ဆရာကျခဲ့တဲ့  ဆရာမြင့်မိုးအောင်ရဲ့ ၂၀၀၇ ခုနှစ်တုန်းက အဖြေစကားတွေဟာ ဂီတချစ်သူတွေအဖို့ အတိုင်းအတာ တစ်ခုအထိ အသိတိုးစေမယ်ဆိုရင် ကျွန်တော်တို့ လက်ညောင်းခံရကျိုး နပ်ပါပြီ ...

✦✦✦✦✦✦✦✦✦ ✦✦✦✦✦✦✦✦✦✦
✿ ဆရာက ကဗျာတွေ ရေးတယ်လို့ သိရပါတယ်။ ကဗျာတွေကို ဘယ်အချိန်လောက်ကတည်းက စရေးခဲ့ပါသလဲ။
☢ ၁၉၉၀လောက်ကနေ စရေးပါတယ်။ သုံးနှစ်လောက် ဆက်တိုက်ရေးခဲ့တယ်။ ပထမဦးဆုံး ရေးခဲ့တာက အခုထွက်တဲ့ အမဲလိုက်အက ကဗျာစာအုပ်ထဲမှာ အတွဲလိုက် ၇ပုဒ်ပေါ့။ ၇ ပုဒ်အတွဲ တစ်ခါရေးတယ်။ လူသေရဲ့ အော်သံနဲ့ ရှုမျှော်ခင်းပြဇာတ် အဲဒီလိုအတွဲလိုက်စပြီး ရေးဖြစ်ခဲ့ပါတယ်။
✿ အခုနောက်ပိုင်း ဆရာရေးထားတဲ့ ကဗျာတွေရော ရှိမလား။
☢ အခုနောက်ပိုင်းတော့ ရေးလက်စတွေပဲ ဖြစ်နေတယ်။ ၁၉၉၅ ခုနှစ်လောက်အထိ ရေးဖြစ်တယ်။ ကဗျာအတွဲ ၅တွဲလောက်ပေါ့။ ကဗျာရေးရင် တစ်ပုဒ်ချင်း ရေးလေ့မရှိဘဲနဲ့ အတွဲလိုက်ရေးတာ ၅ တွဲလောက် ပြီးသွားတဲ့ အချိန်ကျတော့ နောက်ပိုင်းမှာ သီချင်းကိစ္စ တွေနဲ့ အလုပ်ရှုပ်တော့ ကဗျားရေးတာ တစ်ချက်နားထားတယ်။ နောက်ပိုင်းမှာ နည်းနည်းစီပဲ ရေးဖြစ်တယ်။ ၁၉၉၅ ခုနှစ်နောက်ပိုင်း ကဗျာတွေ သိပ်မရေးဖြစ်တော့ဘူးလို့ ပြောရမှာပဲ။
✿ ကဗျာတွေကို တစိုက်မက်မက်ရေးခဲ့သူ ကဗျာဆရာတွေ တေးရေးဆရာလိုင်းဘက်ကို ရောက်သွားတဲ့ အခါ အရင်လို အားထုတ်မရေးသားနိုင်တော့ ဘာကြောင့်ပါလဲ ဆရာ။ သမီးတို့ သိငလောက်တော့ ဦးသုခမိန်လှိုင်က ကဗျာတွေ ရေးအားကောင်းနေဆဲပဲနော်။
☢ တခြားလူတွေတော့ မပြောတတ်ဘူး။ ဦးအနေနဲ့ ကတော့ အလုပ်များတာက တစ်ပိုင်းပါသလို ၁၉၉၀ပြည့်နှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ရေးထားတဲ့ ကဗျာတွေ အတိုင်းအတာတစ်ခုအထိ တော်တော်များသွားပြီပေါ့။ များသွားတဲ့ အခါကျတော့ ရေးစရာလည်း နည်းနည်းကုန်ခန်းသလိုလည်း ပါတာပေါ့ ။ဦးက ကဗျာရေးရင် အမျိုးအစား နည်းနည်းကွဲအောင်ရေးတယ်။ ၅တွဲ ၆တွဲလောက် ရေးရင် တစ်အုပ်နဲ့တစ်အုပ် ပုံစံသိပ်မတူအောင်ရေးတယ်။ ပုံစံစုံသွားတဲ့တဲ့ အခါကျောတ့ ကိုယ့်ဘာသာ အတိုင်းအတာတစ်ခုအထိ စိတ်ကျေနပ်သွားလို့ ဆက်မရေးဖြစ်တော့ဘူး။ နောက်ပိုင်း ဆက်ရေးဖြစ်ရင်တော့ အာသီသပြင်းပြင်းပြပြနဲ့ အသစ်အဆန်းတစ်ခု ထွက်ရင် ပြောင်းရေးဖို့ စဉ်းစားထားပါတယ်။
✿ ဆရာက တေးရေးမြင့်မိုးအောင်နဲ့ စကားလုံး မြင့်မိုးအောင်ဆိုတဲ့ သုံးစွဲမှုနှစ်ရပ်အပေါ် ဘယ်အသုံးအနှုန်းကို ပိုပြီး ပီတိဖြစ်မိပါသလဲ။
☢ ဦးက အဲဒါကို သတိမထားမိဘူး။ သတိမထားမိဘူးဆိုတာက ကော်ပီရေးတဲ့ အခါမှာ စကားလုံး မြင့်မိုးအောင် ဆိုပြီး တပ်ရတာပိုဆီလျော်တာပေါ့။ ကော်ပီကို တေးရေး မြင့်မိုးအောင် ဆိုပြီး တပ်ရတာ သိပ်မဆီလျော်ဘူးလို့ ထင်တယ်။ ကော်ပီမှာက သံစဉ်ရေးထားတာ မပါဘူးကိုး။ ကိုယ်ပိုင်သံစဉ်တွေမှာကျတော့ တေးရေးတပ်လို့လည်း ပြသနာ မရှိဘူးလေ။ အသုံးအနှုန်းတွေကို အဲဒီလိုမျိုး ပြောင်းလဲတတ်ပေမယ့် စိတ်ထဲမှတော့ ဘယ်လိုမှ မရှိပါဘူး။
✿ စကားလုံးဆိုပြီး ဖွဲ့နွဲ့တဲ့ အခါနဲ့ တေးရေးဆိုပြီး ဖွဲ့နွဲ့တဲ့ အခါမှာ ဘယ်ဖွဲ့သီမှုက ပိုပြီး ခက်ခဲပါသလဲ။
☢ ကော်ပီသီချင်းမှာ တစ်ခါတလေ ကောင်းတာက သူ့မှာ original မူရင်း အကြောင်းအရာရှိတယ်လေ။ မူရင်းအကြောင်းအရာရှိတော့ အဲဒီအကြောင်းအရာနဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်မှာပဲ ရေးလိုက်တဲ့ အခါကျတော့ ရေးရတာ လွယ်တယ်။ မြန်တယ။် ကိုယ်ပိုင်သံစဉ် သီချင်းရေးတဲ့ အခါကျတော့ ကိုယ်က ဘာအကြောင်းအရာ ရေးမလဲ။ အကျယ်ကြီးပေါ့။ အဲဒီထဲကနေ ရွေးရခက်တဲ့ ကိစ္စပေါ့။ ဟိုတုန်းက တီးဝိုင်းတွေ ဆိုရင် တူရိယာလေးငါးမျိုးလောက်ပဲ တီးတဲ့ အခါကျတော့ အဲဒီတူရိယာတီးနိုင်တဲ့ သူတွေကျတော့ တစခုခုတီးနိုင်ရင် ပြီးရော။ အခုကျတော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ အသံတွေက မျိုးစုံပေါ့။ Music Programmming လုပ်တယ်ဆိုရင် လိုက်ဖတ်တဲ့ အသံတွေရဖို့ ရွေးရတာ တစ်မျိုး ပင်ပန်းတာပဲ။ Original သီချင်းက အဲဒီလို သီးသန့်အကြောင်းအရာ တစ်ခုကို သူ့ပတ်ဝန်းကျင် လေးတစ်ခု ပေးထားတော့ သူ့ကိုရေးရတာ လွယ်တယ်။ တကယ့်တကယ် ကိုယ်ပိုင်သံစဉ် ရေးတဲ့အခါပဲ ဖြစ်ဖြစ် ကော်ပီပဲဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ စာသားတစ်ခု ရေးတော့မယ်ဆိုရင် နည်းနည်း ပိုခက်ခဲပါတယ်။
✿ သီချင်းရေးဖွဲ့တဲ့ စကားလုံး ကဗျာရေးဖွဲ့တဲ့ စကားလုံးမှာရော ဘယ်ဖွဲ့သီမှုက ပိုလွတ်လပ်ပါသလဲ။ ပိုခက်ခဲပါသလဲ ဆရာ။
☢ ဦးအတွက်ကတော့ သီချင်းရေးရတာ ပိုပြီးခက်တယ်။ ကဗျာတွေက လေ့လာရတဲ့ ပုံသဏ္ဍာန်တွေ သိပ်များများစားစား မရှိတော့လေ။ လေ့လာသင်ကြားမှု အပိုင်းမှာ အနည်းအကျဉ်းပဲ။ အချိန် သိပ်အများကြီး မပေးရဘူးပေါ့။ လူတိုင်းနီးပါးက စကားပြောတာတို့ စာပေတို့မှာ သူ့အလိုလို တတ်ကျွမ်းပြီးသား ဖြစ်တယ်လေ။ အဲဒါကြောင့် ကဗျာနဲ့ ပတ်သက်တဲ့ ပညာရပ်ဆိုင်ရာ ကိစ္စက လေ့လာရတာများလည်း အတိုင်းအတာတစ်ခုအထိ လွယ်တယ်။ လွတ်လပ်တယ်။ လျင်မြန်သွားတယ်ပေါ့။ ဂီတကျတော့ အတော်ကြာကြာကို လေ့လာရတဲ့ သဘောမှာ ရှိတယ်။ သူက နည်းနည်းပိုပြီး ကျယ်ပြန့်တယ်။ သူ့သဘောတရားတွေကို လေ့လာရတာ နည်းနည်းခက်ခဲတယ်။ လေ့လာလို့ကို မကုန်ဘုးပေါ့။ အဲဒါကြောင့် ဂီတဘက်ကို အချိန်များများ ပေးပြီး လုပ်ဖြစ်တယ်။
✿ ဟုတ်တယ်နော်ဆရာ။ သမီးတို့ အပြင်လူတွေတောင် တွေးမိတယ်။ သီချင်းအတွက် ဖွဲ့တဲ့အခါမှာ သံစဉ်သာမက အဆိုတော် ရွတ်ဆိုရမယ့် အနေအထားကိုပါ ရွေးချယ်နေရတာကြောင့် သီချင်းရေးဖွဲ့တာ ပိုခက်ခဲတာပေါ့နော်။
☢ ဟုတ်ပါတယ်။ ခက်ခဲတယ်။ အဲဒီလိုခက်ခဲလို့ ပိုပြီး တန်ဖိုးရှိတယ်လို့ တရားသေ ပြောလို့ မရပါဘူး။ ကဗျာတစ်ပုဒ်လောက် တန်ဖိုးမရှိတဲ့ သီချင်းတွေလည်း အများကြီး ရှိတာပဲလေ။ သီချင်းလောက် ခက်ခက်ခဲခဲ မလုပ်ရတဲ့ ကဗျာမျိုးလည်း ရှိနိုင်တာပါပဲ။ ခက်ခဲတယ်။ လွယ်ကူတယ် ဆိုတာက တန်ဖိုးရှိတယ်၊ မရှိဘူးလို့ ပြောတာ မဟုတ်ပါဘူ။။ တန်ဖိုးမရှိတဲ့ အရာဆိုပေမယ့် တစ်ခါတစ်လေမှာ ခက်ခက်ခဲခဲ လုပ်ရတာပဲလေ။ အဲဒီသဘောတွေ ရှိတယ်။
✿ ဆရာ့ကို သမီးသိချင်တာတစ်ခု မေးချင်တာက ဆရာက ကဗျာတွေရေးတယ်။ ထူးအိမ်သင်ကလည်း ကဗျာတွေ ရေးခဲ့တယ်။ ကဗျာတွေ ရေးကြတဲ့ အခါ စိတ်ထဲက ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကို ကဗျာတွေ အဖြစ် လွတ်လွတ်လပ်လပ် ရေးဖွဲ့ကြတယ်။ ဘာနှောင်ဖွဲ့မှုမှ မရှိဘူးပေါ့ဆရာ။ ဒါပေမယ့် ဆရာက ထူးအိမ်သင်အတွက် သီချင်းတွေ ရေးပေးတဲ့ အခါမှာ ထူးအိမ်သင်ဆိုတဲ့ အနှောင်အဖွဲ့က ဆရာ့ကို ချည်ထားမလား။
☢ ဟုတ်ပါတယ်။ သမီးပြောသလိုပဲ။ နှောင်ဖွဲ့မှုတွေ ရှိပါတယ်။ ကဗျာရေးတဲ့ အခါမှာ ကဗျာက တစ်ယောက်တည်းရဲ့ ကိစ္စဆိုတော့ ကိုယ့်စိတ်ကြိုက် ဖြစ်တည်မှု၊ ကိုယ့်ဘ၀အကြောင်း၊ ကိုယ့်ဖြစ်တည်မှု အကုန်လုံးကို ရေးချင်တာ ရေးလို့ရတယ်ပေါ့။ သီချင်းဆိုတဲ့ အခါ၊ ရေးတဲ့ အခါမှာတော့ အဲဒီသီချင်းကို ဆိုမယ့်လူက ဘယ်သူလဲ။ အဲဒီဆိုတဲ့ သူနဲ့ ကိုက်ညီမယ့် သီချင်းမျိုးတွေ၊ အဲဒါတွေကို ဈေးကွက်မှာ ရောင်းတဲ့ အခါ နားထောင်မယ့် ပရိသတ်မျိုးက ဘယ်လိုလဲ။ ဈေးကွက်နဲ့ ကိုက်ညီမယ့် သီချင်းမျိုးတွေပေါ့။ အဲဒီလို ပြဌာန်းချက်တွေ အျားကြီး ပါသွားပြီပေါ့နော်။ အဲဒါတွေကြောင့် သီချင်းက လွတ်လပ်မှု သိပ်မရှိဘူး ဖြစ်သွားတယ် ။ဒါပေမယ့် အဲဒီတန်ဖိုးကလည်း လူထုတန်ဖိုးတစ်မျိုးပေါ့ ။ လူထုတန်ဖိုးဆိုတာက လူကြိုက်အောင် လုပ်ရမယ့် တာဝန်ရှိသလို လူကြိုက်အောင် လုပ်ရမယ့် အရည်အသွေးကလည်း လူထုတန်ဖိုး၊ အရည်အသွေး တစ်ရပ်ပဲါ။ အဆင့်တန်း နိမ့်တာ၊ မြင့်တာက တစ်မျိုးပေါ့။ ဒါပေမယ့် လူထုကြိုက်တယ်ဆိုတဲ့ အရည်အသွေး တစ်မျိုးတော့ ရှိပါတယ်။ ခုနပြောသလိုပေါ့။ နှောင်ဖွဲ့မှုတွေ ရှိတဲ့အတွက် သီချင်းစာသား စကားလုံးတွေက ကဗျာတွေလိုတော လွတ်လပ်မှု မရှိတော့ပါဘူ။ ဘောင်အတွင်းကပဲ တတ်နိုင်သလောက် ကောင်းအောင် ရေးပေးလိုက်ပါတယ်။
✿ တချို့ အဆိုတော်တွေ ယူလာတဲ့ ကော်ပီသံစဉ်တွေကို ဆရာက သိပ်မနှစ်သက်ပဲနဲ့ ရေးပေးလိုက်ရဖုးပါသလား။
☢ ရှိပါတယ်။ အများကြီး ရှိပါတယ်။ ကိုယ်ကြိုက်တဲ့ သံစဉ်သီချင်းကို အဆိုတော်တွေနဲ့ တိုင်ပင်ပြီး ညှိပြီး ရေးရရင် သီချင်းက ပိုပြီးကောင်းတတ်ပါတယ်။ အဆိုတော်က ကိုယ့်ကို သုံးလေးပုဒ်လောက် ရွေးချယ်ခွင့် ပေးတဲ့ အခါမျိုးမှာ၊ ရွေးပြီးရေးရတဲ့ အခါမျိုးမှာဆိုရင် သီချင်းက ပိုပြီးတော့ အဆင်ပြေပြီး ကောင်းတတ်တယ်ပေါ့။ ဒီအပုဒ်ပဲ ပေးလိုက်ပြီး ဒီအပုဒ်ပဲ ရေးဆိုတာမျိုးက တစ်ခါတလေ အဆေင်ပြေပေမယ့် အချိန်တော်တော်များများက အဆင်မပြေပါဘူး။
✿ တချို့တေးရေးဆရာတွေက လာအပ်တဲ့သူကို သီချင်းပေးလိုက်တယ်။ လိုအပ်လို့ အဆိုတော်က ခေါ်မှ စတူဒီယိုကို လိုက်ပေးတယ်ပြောတယ်။ အဲဒါက ကော်ပီအတွက်ပဲ ဖြစ်မယ်ထင်တယ်။ ကိုယ်ပိုင်သံစဉ်မှာကျတော့ တေးရေးဆရာတွေက ကိုယ့်သီချင်းကို အစအဆုံး ကြီးကြပ်ဖို့ လိုမယ်ထင်တယ်။ ဆရာ့အမြင်ကရော။
☢ တကယ်တော့ လိုအပ်ပါတယ်။ နိုင်ငံတကာစံနှုန်းနဲ့ ဆိုရင် အဲဒီလို ကိစ္စမျိုးကို ပရိုဂျူဆာက လုပ်တယ်။ ပရိုဂျူဆာက မြူးဇစ်ပရိုဂျူဆာပေါ့။ အဲဒီလူက သီချင်းနဲ့ ပတ်သက်ပြီး တေးရေးဆရာရဲ့ အထာကို သူကနားလည်မှု ရှိတယ်။ အဆိုဘက် လူတွေ ဘယ်လိုလုပ်ရမယ်ဆိုတကိုလည်း သူက နားလည်မှု ရှိတယ်။ ဈေးကွက်မှာ ဘယ်လိုဆိုရင် ပိုကောင်းမယ် ဆိုတာကိုလည်း နားလည်မှု ရှိတယ်။ သူတို့ဆီမှာ အဲဒီလို ကိစ္စမျိုးကို မြူးဇစ်ပရိုဂျူဆာကပဲ လုပ်တယ်။ သီချင်းရေး ဆရာဆီက သီချင်းပြီ ဆိုတာနဲ့ သူတို့ အဆင်ပြေအောင် လုပ်တယ်။ ဦးတို့နိုင်ငံမှာ ကျတော့ မြူးဇစ် ပရိုဂျူဆာဆိုတဲ့ လူတန်းစားတစ်ရပ် က မရှိဘူး ဖြစ်နေတယ်။ မရှိတော့ ကိုယ်ပိုင်သံစဉ်မှာကျတော့ တေးရေး က ကိုယ်တို့ပဲ ဖြစ်ဖြစ်၊ ကိုလေးဖြူတို့ပဲ ဖြစ်ဖြစ် သူတို့ သီချင်းကို သူတို့ကိုယ်တိုင် မြူးဇစ် ပရိုဂျူဆာ သဘောမျိုးနဲ့ လုပ်တယ်။ တေးရေး မလိုက်လည်း ရတယ်။ သူတို့က သီချင်းအပေါ်၊ ဂီတအပေါ်၊ တော်တော်နားလည်တယ်။ အဲဒီတော့ သူတို့က အကောင်းဆုံး ဖြစ်အောင် စီစဉ်တယ်။ တချို့လူသစ်တွေကျတော့ တေးရေးအနေနဲ့ လိုက်ပေးသင့်တယ်လို့ ထင်တယ်။ အသစ်ဆိုရင် ကိုယ်ပိုင်သံစဉ်ပဲ ဆိုဆို ကော်ပီပဲဆိုဆို အဲဒီလိုလိုက်ပေးမှ ပိုပြီး ပုံစံပေါ်အောင် ပုံဖော်နိုင်မယ်လို့ ထင်ပါတယ်။
✿ တစ်ချို့တေးရေးဆရာတွေက တင်စားမှု စကားလုံးလေးတွေက မသိမသာ ထပ်တာလေးတွေ ရှိတယ်။ ဥပမာ ပင်လယ်ဆိုပင်လယ် ထပ်နေရော၊ ဥပမာ အိပ်မက်ခါးဆိုရင် အိပ်မက်ခါးနေရော။ ဆရာရေးခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာရော အဲဒီလို တင်စားတဲ့ စကားလုံးတစ်ခုက ကိုယ့်ကို လွှမ်းမိုးထားတာ ရှိမလား။ သတိရောပြုမိရဲ့လား။
☢ စကားလုံး အသုံးအနှုန်း ထပ်တာတွေ ရှိတယ်။ ပုံစံတစ်ခု ရှိပြီးလို့ရှိရင် နောက်ထပ်သီချင်းတွေ လာအပ်လို့ ရှိရင်လည်း အဲဒီလိုပုံစံပဲ ရေးပေးဖြစ်တယ်။ ဥပမာ - စကားလုံး မရှိတဲ့ကောင်းကင် ဆိုတဲ့ သီချင်းကို ရေးတယ်။ အဲဒီမှာ (၁) (၂) ဆိုပြီး နှစ်ခု ဖြစ်သွားတယ်။ ဖြစ်ရတဲ့ အကြောင်းက original မူရင်းသီချင်းကလည်း More Than Word လေ။ သူက စကားလုံးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ မျိုးပေါ့။ နောက်တစ်ပုဒ်ကလည်း We Don,t Have To Say The Word လေ။ သူကလည်း အဲဒီလိုပဲ။ တချို့လူဆိုရင် ရှောင်ချင်ရှောင်မှာပေါ့။ ဦးကတော့ မရှောင်တော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ မူရင်းအကြောင်းအရာကို နည်းနည်း သစ္စာရှိချင်စိတ် ပေါ်လို့ပါ။ အဲဒီအခါကျရင် စကားအသုံးအနှုန်းတွေ ထပ်ချင်ထပ်သွားမယ်။ အဲဒီလိုပဲ ရေးဖြစ်တာ များပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် နည်းနည်းရှောင်ပြီး တိုးချဲ့ပြီးတော့ ရေးသင့်တာတော့ အမှန်ပါပဲ။ တစ်ခါတလေ တော့လည်း ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ ကိုယ်ရေးနေကျ နယ်ထဲမှာပဲ ဖြစ်တော့ အဲဒီနေရာက အသုံးအနှုန်းတွေနဲ့ပဲ ရေးဖြစ်တာများတာပေါ့။
✿ သမီးတို့ စာတွေမှာ လည်း ဖတ်ဖူးတယ်။ ပြောတာတွေလည်း ကြားဖူးပါတယ်။ ဟိုး စတီရီယို ခေတ်ဦး တေးရေးဆရာတွေက ကော်ပီသီချင်းတွေကို စတူဒီယိုရှေ့မှာ၊ ကားဘောနပ်ပေါ်မှာ တစ်ထိုင်တည်း သုံးလေးငါးပုဒ် တစ်ချို့က ရေးပေးလိုက်၊ သွားသွင်းလိုက်။ အဲဒီမှာ ရေးပေးလိုက်နဲ့ တစ်နေ့တည်း ပြတ်အောင် ရေးနိုင်ကြတယ်လို့ ကြားဖူးပါတယ်။ ဒီဘက်ခေတ်မှာ ကော်ပီသီချင်းတစ်ပုဒ်ကို အကြာကြီး ရေးကြ၊ စောင့်ကြရတယ်လို့ ပြောတယ်။ အဲဒါ ဘာကြောင့်ပါလဲ ဆရာ။
☢ ပထမ ထင်တာကတော့ အဲဒီခုနှစ်က ထွက်တဲ့ သီချင်းတွေက လွယ်တယ်။ ရိုးတယ်။ ဦးတို့အခု ပြန်စဉ်းစားလို့ရှိရင် အဲဒီခေတ်က ဆရာတွေရဲ့ သီချင်းက ထွေပြားမှု သိပ်မရှိဘူးပေါ့။ ခုနောက်ပိုင်း သီချင်းတွေက ပညာတွေ ပြပြီးတော့ ဆိုထားတဲ့၊ရစ်ထားတဲ့၊ ၀ိုက်ထားတဲ့ နေရာတွေက အများကြီးဆိုတော့ ရေးရတာ ပိုပြီးခက်တာလည်း ပါတာပေါ့။ ဟိုတုန်းက တေးရေးဆရာတွေက အဆိုတော်နဲ့ လက်ပွန်းတတီးနေထိုင်ပြီးတော့ အဆိုတော်တွေက လိုချင်တဲ့ အကြောင်းအရာ ပြောလိုက်၊ ရေးလိုက်နဲ့ အမြန်ရေးတဲ့နည်းပေါ့။ အခုနောက်ပိုင်းက ကြာတယ်ဆိုပေမယ့် ဦးဆိုရင် အမြန်ရေးတဲ့ အခါမျိုးလည်း ရှိတာပဲ။ တစ်ခါတလေကျရင် တစ်နေ့တည်း လေးပုဒ်လောက် ရေးတဲ့နေ့တောင် ရှိတယ်။ ကော်ပီသီချင်းပေါ့။ တစ်ခါတလေလည်း တစ်ပုဒ်ကို တစ်လလောက်ကြာပြီးတော့ စဉ်းစားလို့ကို မရဘူးပေါ့။
✿ စတီရီယို ခေတ်ဦးက သီချင်းတွေ၊ စာသားတွေက ပွနေ၊ ချောင်နေပြီး ဒီဘက်ခေတ် စာသားစကားလူံးတွေက ကျပ်နေလို့လား။
☢ မဟုတ်ဘူး။ သီချင်းအမျိုးအစားတွေကြောင့်ပါ။ တစ်ခါတလေ R & B သီချင်းတွေလိုမျိုးကျရင် ရိုးရိုးတန်းတန်း စာလုံးတစ်လုံးတည်ကိုပဲ အသံတွေ အမျိုးမျိုး ၀ိုက်ဝဲနေလို့လေ။ အဲဒါထက် အဆင်ပြေအောင် ရေးဖို့ စီစဉ်သင့်တယ်။ စာသားကို တစ်ခေါက်ထွင်ရင် ဒါမျိုးရေးပေမယ့် နောက်တစ်ခေါက် Chorus ကို နောက်တစ်မျိုးပြောင်း ရေးရတာမျိုးပေါ့။ အဲဒီလိုမျိုးက အဓိကပါ။ ကျန်တာတွေက သိပ်ကွာဟမှု မရှိဘူးလို့ ထင်တယ်။ ခုနောက်ပိုင်းအဆိုတော်တွေ အတိအကျ လေးတွေ ဆိုလာတာများတယ်။ ဟိုတုန်းကတော့ မြန်မာမှု ပြုတယ်ဆိုပေမယ့် အရမ်းအတိအကျကြီးတော့ မဟုတ်ဘူးပေါ့။ အရမ်းတိတိပပမဆိုဘဲနဲ့ သီချင်းကောင်းအောင် ရည်ရွယ်ပြီး ဆိုကြတယ်။ ကောင်းတယ်ဆိုရင် အဲဒီအနေအထားနဲ့ပဲ ရပ်လိုက်တယ်။ အဲဒီသဘောမျိုးပေါ့။ ခုနောက်ပိုင်းက ဆိုတဲ့ လူတွေကလည်း တစ်ယောက်ကို တစ်ယောက် စောင့်ကြည့်ကြတာပေါ့။ တစ်ယောက်က Original ဆိုတာ ဒီနေရာလေးမှာ လွဲသွားရင် တစ်ယောက်က ဝေဖန်မှာပဲလေ။ ဘာပဲပြောပြော တိကျအောင် ဆိုရတော့လေ။ ရေးသူတွေကလည်း တိတိကျကျ ပိုရေးရတာ့ အဲဒီမှာ အချိန်ပိုပေးရတာတွေ ရှိတာပေါ့။
✿ သမီးတို့ သတိထားမိတဲ့ ကာလမှာတင် အဆိုတော် အချို့ နေ့မြင်ညပျောက် သွားတာတွေ ရှိတယ်။ အဲဒါက အဲဒီအဆိုတော်တွေရဲ့ သီချင်းတွေက ကြံ့ခိုင်မှု မရှိလို့လား သူတို့ကိုယ်တိုင်က မကြိုးစားကြလို့လား။ ဒါမှမဟုတ် နောက်ထပ်တက်လာတဲ့ အဆိုတော်တွေ အရေအတွက်က များနေလို့လား။
☢ သီချင်းကြောင့်ချည်းပဲလို့တော့ မဟုတ်ပါဘူး။ အတတ်ပညာ၊ အနုပညာ ပြည့်ဝတဲ့ အဆိုတော်တွေကတော့ ရေရှည်ခံတာပဲလေ။ ခေတ်တစ်ခေတ် ဖြစ်ခဲ့တဲ့ အဆိုတော်တွေကို ကြည့်လိုက်ရင် အားလုံးက ဂီတပညာ ပြည့်ဝကြတယ်။ ဥပမာ ခိုင်ထူး၊ စိုင်းထီးဆိုင်၊ ခင်မောင်တိုး၊ ထူးအိမ်သင်၊ လေးဖြူ၊ ဇော်ဝင်းထွဋ်ပေါ့။ သူတို့ကို ပြန်ကြည့်လိုက်ရင် သူတို့က သီချင်းသာ အရေးနည်းတာ၊ တစ်ခါတလေရေးရင်လည်း နည်းရင်နည်းမယ်။ ဒါပေမယ့် သီချင်းလည်း နိုင်ကြတယ်။ သူတို့က တူရိယာ ပစ္စည်းတွေလည်းတော်တော်ကျွမ်းကျင်ကြတယ်။ အဲဒီတော့ သူတို့က ဂီတကို ပါးစပ်ပေါက်လေးနဲ့ သီချင်းဆိုရုံတင်မကဘဲ ဂီတပညာနဲ့ ပတ်သက်ပြီး သူတို့က နှံ့နှံ့စပ်စပ် နားလည်တော့ သူတို့ တစ်ခေတ် အောင်မြင်အောင် ထူထောင်နိုင်တာပေါ့။ ခု နေ့မြင်၊ ညပျောက် ဖြစ်ကြတဲ့ အဆိုတော်တွေ အများစုက ဂီတပညာကို သိပ် နှံ့နှံ့ စပ်စပ် ရှိကြတာ မဟုတ်ဘဲနဲ့ သီချင်းဆိုချင်ရုံ၊ အောင်မြင်ထင်ရှားချင်ရုံနဲ့ ဂီတလောကထဲကို ၀င်လာကြတော့ မအောင်မြင်တဲ့ ဒဏ်ကို ရေရှည်မှာ မခံနိုင်ကြတော့ဘူး။ တချို့ကလည်း မအောင်မြင်တဲ့ ဒဏ်ကို ခံပြီးတော့ ဂီတပညာကို ကျွမ်းကျင်တဲ့ သူက တကယ့် ၀ါသနာ ပါတဲ့ သူပေါ့လေ။ နောက်တက်တဲ့ လူငယ်အသစ်တွေ များလာတယ် ဆိုပေမယ့် ပညာပြည့်ဝတဲ့လူတွေပဲ ကျန်ခဲ့မှာပဲလေ။ ပညာမပြည့်ဝတဲ့လူ၊ ခဏတဖြုတ် ပျော်လို့ သီချင်းဝင်ဆိုတဲ့လူတွေကတော့ ပျောက်သွားမှာပဲ။ တကယ် စူးစူးနစ်နစ်လုပ်နိုင်တဲ့လူ၊ ဒီနေ့ နည်းပညာတွေနဲ့ လုပ်နိုင်တဲ့ လူတွေက ကျန်ခဲ့မှာပါပဲလေ။
ဇင်ဖြူပြာမြင့်
ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း အမှတ် (၂၀၉)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။