Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, March 17, 2014

ချင်းအမျိုးသားတပ်ဦးအဓိပတိကောင်စီဝင် ဒေါက်တာလျန်မှုန်းဆာခေါင်း နှင့်တွေ့ဆုံခြင်း


We Are One In CHIN
ချင်းအမျိုးသားတပ်ဦးအဓိပတိကောင်စီဝင် ဒေါက်တာလျန်မှုန်းဆာခေါင်း နှင့်တွေ့ဆုံခြင်း
ချင်းအမျိုးသားတပ်ဦးအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်တပ်များအနေဖြင့် ငြိမ်းချမ်းရေး
ဖေါ်ဆောင်မှု လုပ်ငန်းစဉ်ကို အကောင်အထည်ဖေါ်ရန်ကြိုးပမ်းနေကြရာ လက်နက်ကိုင်တစ်ဖွဲ့ချင်း
အပစ်ရပ်သဘောတူမှုမှတဆင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်လက်မှတ်ရေးထိုး
ကြမည့် တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူ ချုပ်ဆိုနိုင်ရေးအတွက် ပြင်ဆင်နေကြပြီဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီမှ ကိုယ်စားလှယ်များ၊ တပ်မတော်မှ
ကိုယ်စားလှယ်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)မှ
ကိုယ်စားလှယ်များသည် ယခုလ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ
ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC)တွင် တွေ့ဆုံပြီး တစ်နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းရေးဆွဲရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ NCCT အဖွဲ့ဝင်အဖြစ် တက်ရောက်လာသည့် ချင်းအမျိုးသားတပ်ဦး
(CNF) အဓိပတိကောင်စီဝင်၊ မကြာမီက ဖွဲ့စည်းလိုက်သည့် Pyidaungsu Institute (PI)၏ အဖွဲ့ဝင်လည်းဖြစ်သည့် ဒေါက်တာလျန်မှုန်းဆာခေါင်းအားတွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းအတွင်း
ပါဝင်ဆောင်ရွက်မည့် PI၏ လုပ်ငန်းအနေအထား၊ အပစ်ရပ်ကာလအတွင်း ချင်းအမျိုးသားတပ်ဦး
အနေဖြင့် ချင်းပြည်သူလူထုအတွက် လုပ်ဆောင်ပေးနေသည့်အနေအထားများကို သိရှိနိုင်ရန်
တွေ့ဆုံမေးမြန်းထားပါသည်။
CW-ဒေါက်တာလျန်မှုန်းတို့က Pyidaungsu Institute ကို မကြာခင်က ဖွဲ့စည်းလိုက်ပြီး ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်အတွင်းမှာ MPCကဲ့သို့ ရပ်တည်ပြီး ပါဝင်မယ်လို့ပြောထားတယ်နော်။ ဘယ်အပိုင်းတွေမှာ
ပါဝင်သွားမှာပါလဲ။
LHSK-PI အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ပါဝင်သွားဖို့ရှိတယ်။ ဒါပေမယ့် PI အနေနဲ့ NCCT နဲ့
ဆွေးနွေးထားတာတွေ မရှိသေးပါဘူး။ ဘယ်တော့ စလုပ်မယ်ဆိုတာ ပြောဖို့ခက်ပါတယ်။
CW-PI မှာ ဘယ်လိုအနေအထားနဲ့ ပါဝင်တာပါလဲ။
LHSK-PI မှာပါဝင်တာက CNF ကြောင့်လည်း မဟုတ်ဘူး။ NCCT ကြောင့်လည်းမဟုတ်ဘူး။ ကျွန်တော့်
အနေနဲ့ သီးခြားပါဝင်တာဖြစ်တယ်။ ဒါဆို PI အနေနဲ့ ငြိမ်ချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာမယ့်
အပိုင်း ဘယ်အချိန်လောက်မှာ ပါဝင်မယ်ဆိုတာ ပြောလို့ရပြီလား။ဒါကတော့ ကျွန်တော်တို့ အများကြီး
ညှိနှိုင်းရအုံးမှာဆိုတော့ ပြောလို့မရသေးဘူး။ PI နဲ့ NCCT ကြားမှာလည်း ဆက်ဆွေးနွေးဖို့ ညှိနှိုင်းဖို့
တွေ အများကြီးရှိသေးတယ်။ ဘာမှ မစရသေးဘူး။ အမြန်ဆုံးလုပ်လေ ကောင်းလေပါပဲ။
CW-PI အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းအတွင်း ပါဝင်ဆောင်ရွက်တဲ့အခါ တိုင်းရင်းသားလက်နက်ကိုင်
တွေဘက်ကနေ MPC လိုရပ်တည်ဆောင်ရွက်သွားမယ်လို့ကြားပါတယ်။အဲဒီအကြောင်းလေး ရှင်းပြပေးပါ။
LHSK-ဒါကတော့ ကျွန်တော်တို့အနေနဲ့ ဘာမှ ရေရေရာရာဆွေးနွေးထားတာ မရှိသေးဘူး။
CW-CNF အကြောင်းမေးချင်ပါတယ်။ အခုဆွေးနွေးပွဲအတွက် CNF အနေနဲ့ ဘယ်လိုပြင်ဆင်ထားပါသလဲ။
LHSK-CNF အနေနဲ့ အခုဆွေးနွေးပွဲအတွက် ကြိုပြင်တဲ့အနေနဲ့ Technical Advisor Team ကိုပြီးခဲ့တဲ့
CNFဗဟိုကော်မတီအစည်းအဝေးမှာ ရွေးချယ်ထားပါတယ်။ အတွင်းရေးမှုးချုပ် ပူးဇင်ကျုံး၊ နိုင်ငံရေးတာဝန်ခံ
ဆလိုင်းထန်ဟေး၊ နောက် အတွင်းရေးမှုး (၁) ဒေါက်တာရွှေခါးပါတယ်။ ဒီကော်မတီနဲ့အတူပူးပေါင်းပြီး
ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
CW-CNF အနေနဲ့ အခုအပစ်ရပ်ကာလအတွင်းမှာ ချင်းပြည်သူလူထုနဲ့ ရင်ကြားစေ့ရေး ဘယ်လောက်
လုပ်ဆောင်နိုင်ပါပြီလဲ။
LHSK-ရင်ကြားစေ့ရေးအနေနဲ့ CNF ကနေ လူထုသဘောထားစစ်တမ်းကောက်ယူမှုတွေ မနှစ်က တစ်နှစ်လုံး
လုပ်ထားပါတယ်။ အဲဒီက ရလာတဲ့ လူထုသဘောထားတွေ ရှိထားပါတယ်။ ဒီအချက်တွေကို ငြိမ်းချမ်းရေး
ဖြစ်စဉ်ဖြစ်လာရင် အဲဒီအပေါ်ကို အခြေခံပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီတော့ CNF နဲ့ ပြည်သူလူထု
ဆက်ဆံရေးက အင်မတန်မှ အားကောင်းတယ်။ ပြည်သူလူထုတင်မကဘူး။ တခြားလက်နက်ကိုင် အဖွဲ့
အစည်းတွေနဲ့ နှိုင်းပြီးတော့ ပြောမယ်ဆိုရင် ကျွန်တော်တို့ CNF နဲ့ ချင်းပြည်နယ်အစိုးရရဲ့ ဆက်ဆံရေးက
အင်မတန်မှအားကောင်းပါတယ်။ ကျန်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်နယ်အစိုးရ ဆက်ဆံရေးက
ကျွန်တော်တို့လောက် အားကောင်းတာ ဘယ်အဖွဲ့မှ မရှိပါဘူး။
CW-CNF အနေနဲ့ အပစ်ရပ်ကာလအတွင်းမှာ ချင်းပြည်သူလူထုအတွက် ဘာတွေများ လုပ်ဆောင်ပေးနိုင်ခဲ့ပါသလဲ။
LHSK-ကျွန်တော်တို့ CNF အနေနဲ့ ပြည်သူလူထုအတွက် အများကြီးလုပ်ပေးနေပါတယ်။ ကျောင်းတွေမှာ
ကွန်ပျူတာတပ်ဆင်ပေးတာတို့၊ နောက် လမ်းဖေါက်တာတို့ ဒီလိုလုပ်ငန်းတွေမှာ ၀င်လုပ်ပေးနေပါတယ်။
ရှင်းရှင်းပြောရရင်ကျွန်တော်တို့က တရားဝင်အဖွဲ့အစည်းမဟုတ်သေးပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးတဲ့
ကာလမှာပဲရှိပါသေးတယ်။ဒါပေမယ့်လည်း ဒီအချိန်မှာ လုပ်ပိုင်ခွင့်ရှိတဲ့အတိုင်းအတာထဲကနေ လုပ်ပေးနေ
ပါတယ်။ပညာရေး၊ ကျန်းမာရေး၊နောက် ချင်းပြည်နယ်အတွင်း ဖေါက်လုပ်တဲ့လမ်းတွေမှာ တစ်တပ်တစ်အား
ပါဝင်နေပါတယ်။ ချင်းပြည်နယ်အစိုးရနဲ့ ညှိနှိုင်းပြီးတော့သော်လည်းကောင်း၊ ချင်းပြည်သူလူထုနဲ့ ညှိနှိုင်းပြီးတော့
သော်လည်းကောင်း လုပ်ဆောင်နေပါတယ်။တတ်နိုင်သလောက် ကျွန်တော်တို့ လုပ်နေပါတယ်။
CW-နောက် တွန်းဇံမြို့မှာ အစိုးရက ဘိန်းခင်းတွေဖျက်လိုက်တဲ့ဒေသခံတွေကို CNF က Nippon Foundation က
ပေးတဲ့ဆန်တွေကို ပြန်လည်ထောက်ပံ့မယ်လို့ ကြားပါတယ်။ အဲဒီအကြောင်း ပြောပြပါအုံး။
LHSK-ဘိန်းစိုက်ပျိုးတဲ့သူတွေက သူတို့ကိုယ်တိုင် မသုံးစွဲပါဘူးလို့ပြောပေမယ့် ကျနော်တို့လူမျိုးကို အန္တရာယ်ဖြစ်မယ့်
အလုပ်ဖြစ်တယ်။ ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးတာ၊ ကူးသန်းရောင်းဝယ်တာ၊ သုံးစွဲတာကို ကျွန်တော်တို့
CNF က တိုက်ဖျက်ချင်ပါတယ်။ ဒါကြောင့် ဘိန်းစိုက်တာတွေကို ဖျက်သိမ်းပြီးတော့ အစားထိုးစိုက်ပျိုးဖို့
ဒီလုပ်ငန်းလုပ်နေတဲ့သူတွေရဲ့ ဘ၀ရပ်တည်နိုင်အောင်ပံ့ပိုးဖို့ ကျွန်တော်တို့ CNF က ဆန်ပံ့ပိုးပေးတာဖြစ်ပါတယ်။
CW-မူးယစ်ဆေးတိုက်ဖျက်ရေးတွေကို CNF က လုပ်ချင်ပါတယ်ဆိုတော့ လက်ရှိ လုပ်ဆောင်နေတာ၊ အကောင်
အထည်ဖေါ်နေတာ မရှိသေးဘူးလား။
LHSK-ဟုတ်ကဲ့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ ဥပမာ ဘိန်းခင်းဖျက်ဆီးတဲ့သူတွေကို ကျွန်တော်တို့
ဆန်ပေးတာ လက်တွေ့အလုပ်ပေါ့။
CW-ဒီဘိန်းခင်းတွေက အစိုးရဘက်က ဖျက်သွားတယ်လို့ကြားတယ်နော်။
LHSK-အစိုးရဘက်ကဖျက်တယ်။ ကျွန်တော်တို့က ကူညီတယ်။ အစိုးရနဲ့ CNF ပူးပေါင်းဆောင်ရွက်တာပေါ့။
ညှိနှိုင်းတာတွေလည်းရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့က တရားဝင်အဖွဲ့အစည်း
မဟုတ်သေးဘူးလေ။ ဒါကြောင့် တရားဝင်လုပ်နိုင်တဲ့အပိုင်းက အင်မတန်မှ အကန့်အသတ်ရှိပါတယ်။
သို့သော် ဒီကြားထဲကနေ ဖြစ်နိုင်သလောက် ပါဝင်ဆောင်ရွက်နေပါတယ်။
CW-ဒေသခံတွေအဆိုအရ ဘိန်းခင်းဖျက်ဆီးတာက သုံးပုံတစ်ပုံလောက်ကိုပဲ ဖျက်ဆီးနိုင်တယ်လို့
ပြောထားပါတယ်။ CNF အနေနဲ့ ဒါကို ဘယ်လိုမှတ်ချက်ပေးနိုင်ပါသလဲ။
LHSK-အဲဒီ အချက်အလက်တွေက ကျွန်တော့်ဆီမှာ မရှိပါဘူး။ ကျွန်တော်တို့ ဗဟိုကော်မတီက ဒါတွေ
ကိုင်တွယ်ပါတယ်။အပစ်ရပ်ဒေသတွေမှာ ဆန်ထောက်ပံ့ပေးတဲ့ Nippon Foundation နဲ့
ချင်းပြည်နယ်အတွင်းမှာ ထောက်ပံ့တာနဲ့ပတ်သက်ပြီး CNF ဘယ်လိုညှိနှိုင်းပါသလဲ။သူတို့အနေနဲ့
ပြည်ထောင်စုပေးတဲ့ပုံစံနဲ့လာတာမျိုးမဟုတ်ဘဲ နယ်စပ်ကိုဖြတ်ကျော်ပြီး ကျွန်တော်တို့ဆီကို ပို့ပေးဖို့
လုပ်ဆောင်နေပါတယ်။အမှန်စင်စစ် အဲဒါတွေက Nippon Foundation က MPC ကတဆင့် ပို့ချင်
တယ်။ အဲဒီလိုလုပ်ရင်လူထုဆီတိုက်ရိုက်မရောက်ဘူး။ နယ်စပ်မှာ တကယ်လိုအပ်နေတဲ့လူထုဆီ
ရောက်အောင် တိုက်ရိုက်ပို့ပါဆိုပြီး ညှိနှိုင်းလိုက်တာ။ လက်ရှိလည်း လုပ်ဆောင်နေပါတယ်။
CW-Nippon Foundation ကနေ တိုက်ရိုက်ပို့ပေးနေတာ ဘယ်နှစ်ကြိမ်လောက်ရှိသွားပါပြီလဲ။
LHSK-ဒါတော့ ကျွန်တော် မသိဘူး။ ဒါပေမယ့် တော်တော်များများတော့ ပို့ပြီးနေပြီ။ ဒေသခံတွေကို
CNFက တဆင့်ပြန်ပေးပါတယ်။ CNF က ကြားကနေ၀င်ပြီး ဆောင်ရွက်ပေးပါတယ်။

http://www.chinworld.info/2014/03/17/%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%90%E1%80%95%E1%80%B9%E1%80%A5%E1%80%AE%E1%80%B8%E1%80%A1%E1%80%93-2/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။