True Man
နိုင်ရာတာဝန် ပေးစေချင်
xxxxxxxxxxxxxxxxxxxx
mission တစ်ခုကို ပြီးမြောက် အောင်မြင်အောင် လုပ်နိုင်ဖို့ ဆိုတာ မိမိကိုယ်ကို ယုံကြည်မှုရှိနေမှ
ဖြစ်မှာပါ။ မိမိ ကိုယ်တိုင်ကပင် ယုံကြည်မှူ နည်းတဲ့ သူတွေဟာ ကိုယ့်ရဲ့ mission ဆိုတဲ့ အပေါ်မှာ
လည်း အလေးမထားတော့ဘူး။

အများအားဖြင့် လူငယ်တွေမှာ mission ဆိုတာ ပျောက်နေကြတယ်။ သူတို့ ဖြတ်သန်းနေရတဲ့ဘဝ
က mission မထားနိုင်လောက်အောင်ကို အလွဲလွဲ အမှားမှား တွေနဲ့ လေ။ ယုံကြည်မှုကို စပြီးတည်
ဆောက်ပေးလိုက်တဲ့ အချိန်ကတည်းက အလုပ်တွေမှာ မအောင်မြင်ခဲ့ကြလို့ ပါပဲ။

မနိုင်ဝန်ကို ထမ်းခဲ့ရတဲ့ လူငယ် တစ်ဦးဟာ နောင်တစ်ချိန် သူနိုင်နင်းတဲ့ တာဝန်ကိုတောင် ကြောက်
သွားတတ်ပါတယ်။
အရင်လိုပဲ ပြန်ဖြစ်ရင်တော့ ဆိုတဲ့ အတွေးကြီးဟာ လူငယ်တွေမှာ ၀င်သွားတတ်သွားတတ်ပါတယ်။
ပါတယ်။
ဒါကြောင့် လူတစ်ယောက်ဟာ တက်သစ်စ လူငယ်ဘ၀မှာ သူယူလိုက်တဲ့ တာဝန်ပိုင်းတွင် အောင်မြင်
လိုက်ရင် နောက်ထပ် တာဝန်တွေကို သူကောင်းကောင်း ယူနိုင်သွားပြီ။ သူ့ ကိုယ်သူလည်း ယုံကြည်
မှုတွေ အပြည့်ရှိသွားပါပြီ။

ဒီအပိုင်းကို ထိန်းညှိပေးဖို့ က လူကြီးတွေ အပေါ်မှာ မူတည်ပါတယ်။ လူငယ်တွေကို တာဝန်ပေးတဲ့
နေရာမှာ သူတို့ နိုင်းနင်းမယ့် အလုပ်တွေမှာပဲ တာဝန်ပေးသင့်ပါတယ်။ ဒါမှသာ လူငယ်တွေဟာ တိုး
တက်လာမှာဖြစ်ပြီး ရှေ့ ဆက် mission ဆိုတာတွေကိုလည်း ကောင်းကောင်း ဖြတ်ကျော်နိုင်မှာပါ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။