Burma-Newselite
ဂလန်ရာဇီကို အောင်နိုင်သော အမေရိကန်တောင်တက်သမားတယောက်၏ အတွေ့ အကြုံ
အမေရိကန်ယူတက်ပြည်နယ်သားတောင်တက်သမား ခရစ်နန်စ်က တောင်များစွာကို ပထမဆုံးအဖြစ် များစွာ တက်ခဲ့ ဖူးသူဖြစ်ပါသည်။သို့ သော်လည်း တောင်နှင့်လူတယောက်၏ ရင်ထဲကို မြန်မာနိုင်ငံလိုမျိုး စွဲမြဲအမှတ်တရနေမည့်အမှတ်တရမျိုး မရှိခဲ့ ဘူးပါ။
စက်တင်ဘာလမှာနန်စ်နှင့်တခြားအမေရိကန်လေးဦး၊မြန်မာနှစ်ဦးပါသောတောင်တက်အဖွဲ့ က မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးဖြစ်သည်ဟုဆိုသော ဂလန်ရာဇီတောင်သို့ တက်ရောက်ခဲ့ ပါသည်။ တကယ်တမ်းတွင်မှု ဂလန်ရာဇီတောင်မှာ မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ဖြစ်ပါသည်။
ဂလန်ရာဇီတောင်ခြေရင်းရောက်ရန်အတွက်သူတို့  တောင်တက်အသင်းမှာ မိုးထဲရေထဲ မြွေပေါလှသော တောများကို ဖြတ်ပြီး လမ်းတလျှောက်ရှိရွာသိမ်ရွာငယ်လေးများကို ရပ်နားခဲ့ ရသည်။ ထိုအတွေ့ အကြုံက နန်စ် တသက်လုံးစိတ်ဝင်စားခဲ့ သည့်တောင်တက်ခြင်းအပေါ်မှာ အမြင်ပြောင်းလဲစေခဲ့ သည်။
“ကျနော်ဘ၀မှာကြုံဖူးသမျှစိတ်ကျေနပ်စရာအကောင်းဆုံး ခရီးပါဘဲ” အန္တာတိကတိုက်တောင်တက်ခရီးစဉ်များကိုပင် လမ်းညွန်လုပ်လာခဲ့ သူ နန်စ်ကပြောကြားသည်။
အတူတောင်တက်ဖော် တောင်တက်သမား အန်ဒီတိုင်စင်ကအရှေ့တောင်အာရှကို ဂူဂဲလ်မြေပုံသုံးရှာကြည့်ရင်း အဆိုပါခရီးစဉ်ကိုရေးဆွဲခဲ့ ခြင်းဖြစ်သည်။သူက မြန်မာနိုင်ငံကတောင်အမြင့်များကို မြေပုံမှာရှာကြည့်ရင်း ဂြိုတ်တုဓာတ်ပုံများက မြန်မာ၏ အမြင့်ဆုံးတောင်ထိပ်သည် ခါကာဘိုရာဇီမဟုတ်ဘဲ ဂန်လန်ရာဇီဖြစ်နေကြောင်းသိခဲ့ ရသည်။
တိုင်စင်က တောင်ထိပ်အမြင့်ကိုတိုင်းတာရန် ဂျီပီအက်စ်လမ်းညွန်ကရိယာများနှင့် တောင်ဆီကို ပထမအကြိမ်တက်သည့်ခရီးကို ဦးဆောင်ခဲ့ သူဖြစ် သည်။သူတို့ အဖွဲ့ ၏ တိုင်းတာချက်အရ ဂလန်ရာဇီက အမြင့်ပေ ၁၉၂၅၈ ပေမြင့်ပြီး ခါကာဘိုရာဇီက ပေ၁၉၀၀၀ ပင်မရှိချေ။
ကနေဒါနိုင်ငံရှိသုတေသနဌာနတခုကလည်း ထိုအယူအဆကိုလက်ခံခဲ့သည်ဟု နန်စ်ကပြောပါသည်။ ဆီးနှင်းများဖုံးလွှမ်းနေသည့် ဟိမ၀န္တအရှေ့ဘက်အစွန်းက ဂလန်ရာဇီတောင်ကို တက်ရခြင်းသည် နန်စ်နှင့် အမေရိကန် အိုင်ဒါဟိုပြည်နယ်သား တောင်တက်သမားများဖြစ်သည့် တိုင်စင်။ မော်လီ လွန်မစ်။အဲရစ်ဒရက် နှင့်မက်ဖစ်ရှာတို့ အတွက် အဆိုပါခရီးမှာအခက်ခဲဆုံးအပိုင်းဖြစ်ခဲ့ သည်။
တောင်တက်သမားများက တောတောင်များထဲထက် မြင့်ပြီးအေးနေသော နေရာများမှာ ပိုအချိန်ဖြုန်းခဲ့ ရသည်။တောထဲတွင် ၁၅ရက်ခန့်ကြာပြီး နောက်ထပ်၁၀ရက်ကတော့တောင်ခြေကို ရောက်ရန်ကြိုးစားခဲ့ရသည်။ တရုတ်နိုင်ငံပိုင်တီဘက်ရွာများကို လည်းတရားမ၀င်ဖြတ်သန်းလာခဲ့ရသည်။
“တောကြီးကတော့ တကယ်ကို့ မလွယ်ကြောဘဲ ။နေ့တိုင်းလမ်းပေါ်မှာမြွေဟောက်တွေတွေ့ တယ်။ မြွေပွေးတွေလည်းတွေ့ ရတယ်။ ကျွတ်တွေကလဲ တချိန်လုံးကိုယ်ပေါ်တက်နေတာဘဲ။ မိုးကလဲအမြဲတမ်းရွာနေတော့ တကိုယ်လုံးလဲ တချိန်လုံးစိုရွဲနေတာဘဲ”ဟုနန်စ်က ပြောပါသည်။
နေကောင်းအောင်ကြိုးစားဂရုစိုက်နေရသည်ကိုက သူတို့ အဖွဲ့ အတွက်စိန်ခေါ်မှုတရပ်လို ဖြစ်ခဲ့ သည်။ ခြင်။ပျား၊မှက်ပိုးမွှားများက တချိန်လုံးကိုက်နေကြသည်။ ဒဏ်ရာရလျှင်တော်တော်နှင့်မကျက်နိုင်။ ချောက်များကလည်း ခြေတလှမ်းအကွာသာရှိ၏ ရေပေါပေါရသော်လည်း အာဟာရပြည့်အောင်စားဖို့ တော့ ခက်ခဲသည်။ ထမင်း နှင့်ငရုတ်သီးစပ်သည့်ငပိထောင်းကိုသာ အနပ်တိုင်းစားရသည်။
“ကျနော်တို့ ၁၅မိနစ်လောက်တောင်တက်ဖို့ မိုင် ၂၀၀ကျော်လောက်ခရီးသွားခဲ့ ရတယ်။ တောင်တက်တာက လွယ်သေးတယ်လို့ ပြောလို့ ရတယ်။အဲဒိကိုရောက်အောင်သွားရတာက အခက်ဆုံးဘဲ”ဟု နန်စ်ကဆိုသည်။ ထိုခရီးမှပြန်လာသောအခါ နန်စ်မှာ ပေါင်ချိန် ၂၀ ခန့် ကိုယ်အလေးချိန်ကျသွားသည်။ သို့ သော်လည်း သူတို့ အသင်းတောင်တက်ရကျိုးနပ်ခဲ့ ပါသည်။
လူဖြူနိုင်ငံခြားသားတွေကိုတခါမှမမြင်ဘူးသည့် ကလေးတွေနှင့် သူတို့ မြစ်ထဲမှာအတူရေကူးခဲ့ ရသည်။ အာရှမှတခုတည်းရှိသည့် ပစ်ဂမီလူပုလေးများရှိသည့်ရွာကို ဖြတ်လာခဲ့ ရသည်။ ရဟန်းတပါးကိုလည်း ဖူးမျှော်ခဲ့ရသည်။ ဒေသခံတို့ ၏ ဓလေ့ထုံးစံများကို လေ့လာခွင့်လည်းရခဲ့ပါသည်။
“
“အဲလိုသွားခဲ့ နိုင်တဲ့ ခရီးက တောင်တက်တာထက်တောင် ပိုအရေးပါပါသေးတယ်”
ထို့ အပြင်သူတို့ နှင့်အတူ မြန်မာတောင်တက်သမားတွေပါလာသည့်အတွက် ပိုကောင်းသွားသည်ဟု ဆိုသည်။ ထို့ ကြောင့်မြန်မာ၏ အမြင့်ဆုံးတောင်ထိပ်ကိုတက်ခဲ့ သည်မှာ အမေရိကန်တွေချည်းဘဲမဟုတ်တော့ပါ။ သူတို့ ရန်ကုန်မြို့ သို့ ပြန်ရောက်လာသည့်အခါ မြန်မာလူမျိုးများက သူရဲကောင်းများပမာ ကြိုဆိုခဲ့ ပါသည်။ သတင်းစာများက ခေါင်းကြီးသတင်းအဖြစ် ရေးကြသည်။
သမ္မတဦးသိန်းစိန်ကလည်းတောင်တက်သမားများကို ချီးကျူးဂုဏ်ပြုလွှာ ပေးပို့ ခဲ့ သည်။ သူတို့ တောင်တက်သည့်အကြောင်းရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းကိုလည်း ထုတ်လွှင့်ရန် ပြင်ဆင်နေကြသည်။
“ကျနော်တို့ ကသူတို့ ရဲ့ သမိုင်းစာအုပ်ကို ပြောင်းပေးခဲ့တာဘဲ။ မြန်မာပြည်မှာအမြင့်ဆုံးတောင်ထိပ်က ခါကာဘိုရာဇီအစား ဂလန်ရာဇီ ဖြစ်သွားပြီ။မြောက်အမေရိကတိုက်မှာအမြင့်ဆုံးတောင်ထိပ်က မက်ကင်လေတောင်မဟုတ်တော့သလိုမျိုးဘဲပေါ့ တခါမှနာမည်မကြားဖူးတဲ့ တောင် ဖြစ်သွားတာမျိုးနဲ့ တူတယ်” ဟုနန်စ်က မှတ်ချက်ပေးပါသည်။
အမေရိကန်နိုင်ငံယူတက်ပြည်နယ်မှ Deserets News သတင်းစာမှဆောင်းပါးရှင် Dennis Romboy ရေးသားသော Utah Mountain Climber part of historic ascent in Myanmar ဆောင်းပါးကို ထားထားမြင့်မှဘာသာပြန်ဆိုပါသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။