Eternal Light Magazine
“ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ လူတွေရဲ့အကျင့်စရိုက်တွေကောင်းဖို့လိုတယ်ဆိုတဲ့ သံသာဝင်းနဲ့တွေ့ဆုံခြင်း”
Q. အကျင့်စရိုက်ဆိုတဲ့အရာကို အစ်မအနေနဲ့ ဘယ်လိုသိရှိနားလည် ခံယူထားပါသလဲ။
A. အကျင့်စရိုက်ကတော့ နားလည်မယ်ဆိုရင် ရှင်းရှင်းလေးပါပဲ။ ဒါပေမဲ့ ကွဲပြားမှုတွေ အများကြီးရှိနိုင်တယ်။ လူတစ်ယောက်က မွေးဖွားလာ တဲ့ဝန်းကျင်အပေါ်မူတည်ပြီး သူ့အကျင့်စရိုက်က ပြောင်းလဲနိုင် တယ်။ နောက်ပြီးတော့ လူကြီးမိဘတွေရဲ့ ဆုံးမသွန်သင်မှုအပေါ် မူတည်ပြီးတော့ သူ့အကျင့်စရိုက်က ပြောင်းလဲနိုင်တယ်။ နောက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲလိုစိတ်ရှိတဲ့သူက သူ့အကျင့်မကောင်းဘူး ဆိုတာကိုသိရရင် ချက်ချင်းပြောင်းလဲမှာပေါ့။ အသက်အရွယ်နဲ့လည်း ဆိုင်တယ်။ ငယ်ငယ်တုန်းက ကိုယ်ဘယ်လိုပဲနေခဲ့နေခဲ့၊ အသက်အရွယ်ကြီး လာတဲ့အခါ ဒီအကျင့်စရိုက်က ကောင်းလား၊ မကောင်းဘူးလားဆိုတာကို စဉ်းစားဆင်ခြင်နိုင်တဲ့ ဥာဏ်ရှိလို့ ရှိရင်တော့ ဒါကို ပြောင်းလဲလို့ရတယ်။ အကျင့်စရိုက်ဆိုတာ လုပ်ယူလို့လည်းရတယ်။ ဖြုတ်ယူလို့လည်းရတယ်။ ကိုယ့်ရဲ့စိတ်နဲ့လည်း အများကြီးဆိုင်ပါတယ်။

Q. ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ကြိုးစားနေကြတဲ့အချိန်မှာ လူတွေရဲ့အကျင့် စရိုက်တွေကကော ဘယ်လောက်ထိပြုပြင်ဖို့လိုအပ်ပါသလဲ။
A. အဲဒါက အဓိကပဲ။ လူတွေရဲ့အကျင့်စရိုက်က အများကြီးကောင်းဖို့လို တယ်။ အစ်မတို့ ဟိုတလောက အမေရိကားကို သုံးလသွားတယ်။ အဲဒီကပြန်လာတဲ့အခါမှာ စဉ်းစားတယ်။ ကမ္ဘာပေါ်မှာ နံပါတ်တစ် ဆိုတဲ့အရာကို ဘာကြောင့်ပိုင်ဆိုင်ထားလဲ။ နံပါတ်တစ် ကြည့်လိုက်တယ်။ သူတို့တွေ စည်းကမ်းအရမ်းရှိတယ်။ အမှိုက်မပစ်ရလို့ပြောထားရင် မပစ်ဘူး။ ဒီလမ်းကို ဒီလိုမကွေ့ရဘူး၊ မကျော်ရဘူး ဆို သူတို့မလုပ်ဘူး။ ဒါဟာ စည်းကမ်းပဲ။ အဲဒါကို ကလေးငယ်လေးတွေကအစ လိုက်နာတယ်။
အစ်မတို့ဆီက Beach မှာဆိုရင် သဲသောင်ပြင်မှာ ကြွပ်ကြွပ်အိတ်တွေရော၊ စက္ကူတွေရော၊ ချိုချဉ်အခွံတွေရော ရှိတယ်။ ပစ်လိုက်မယ်၊ ဘယ်သူမှလည်း မပြောဘူး။ ဟိုမှာဆိုရင် သူတို့ရဲ့ Beach မှာ သဲကလွဲလို့ ဘာမှမရှိဘူး။ အမှိုက်ပုံးတွေ ထားပေးထားတယ်။ ကလေးတွေတောင်မှ ချိုချဉ်စားပြီးရင် အမှိုက်ပုံးထဲသွားထည့်တယ်။ အစ်မတို့နိုင်ငံမှာလည်း အမှိုက်ပုံး မရှိဘူးလား ဆိုတော့ ရှိတယ်။ အမှိုက်ပုံးထဲမှာ အမှိုက်မရှိဘူး။ အပြင်မှာချည်းပဲ။ ဆိုလိုတာက ဒီမှာပစ်ပါဆိုတာကို ပစ်ချင်ပစ်မယ်၊ မပစ်ချင်မပစ်ဘူးဆိုပြီး မလိုက်နာဘူး။ အဲဒါ စည်းကမ်းပဲ။
စည်းကမ်းဆိုတာကလည်း ပြည်သူတွေရဲ့အကျင့်နဲ့ အပြုအမူတွေက နိုင်ငံ တစ်နိုင်ငံရဲ့အခြေခံပဲ။ တစ်ယောက်ချင်း တစ်ယောက်ချင်းကောင်းတဲ့အခါ ကျတော့ တိုးတက်မှုဆိုတာ စည်းကမ်းကစတာပဲ။ စည်းကမ်းမရှိဘူးဆိုရင် တိုးတက်ဖို့ဆိုတာ မပြောနဲ့တော့၊ စကားလေးပြောတာကအစ စည်းကမ်းရှိဖို့ လိုတယ်။ ကိုယ်ပြောလိုက်တဲ့စကားက သူများကို ထိခိုက်နစ်နာသွားစေ မလား၊ ဒီလိုမျိုးပြောသင့်လား၊ မပြောသင့်ဘူးလား။ ဒါတွေအားလုံးက စည်းကမ်းပဲ။ စည်းကမ်းကို ပေတံလေးတစ်ခုနဲ့ထားမယ်ဆိုရင် တိုးကို တိုးတက်တယ်။
Eternal Light Magazine
October 2013
လူငယ်နှင့် အကျင့်စရိုက်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။