Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 2, 2013

ရွေးချယ်ခြင်းနဲ့ အောင်မြင်ခြင်း

 

ရွေးချယ်ခြင်းနဲ့ အောင်မြင်ခြင်း

စကားကြုံလို့ ပြောပြလိုက်ပါရစေ။
"မိသားစု တခုကိုတောင်မှ နိုင်အောင်မထိန်းနိုင်တဲ့လူတယောက်ဟာ ကုမ္ပဏီတခုကို ဘယ်လိုထိန်းနိုင်မလဲတဲ့" ကျုပ်အဖိုး ပြောပြခဲ့တာ။ ဒီတော့ နိုင်ငံတခုဆိုရင်တော့ အိမ်မက်တောင် မမက်လိုက်ပါနဲ့တော့။ ကျုပ်တို့ကို အပေါ်ကနေ အုပ်ချုပ်လာမယ့်သူက ကလေကချေလိုလို၊ အရက်သမား၊ ဖဲသမား၊ လောင်းကစားသမားလိုလို၊ ပြည့်တန်ဆာခေါင်းလိုလို၊ လူမိုက်လိုလို၊ အကြမ်းဖက်သမား ခေါင်းဆောင်လိုလို၊ သားသတ်သမားလိုလို၊ ပါးကွက်အာဏာသားလိုလို၊ အရင်းရှင် ဂုတ်သွေးစုတ်လိုလို စသည်စသည်ဖြင့် အဆင့်မရှိသူတွေကို အုပ်ချုပ်ခံမလား။ ကျုပ်တွေးမိတာက တခါတရံမှာ အဲဒီလို လူမျိုးတွေကို တင်မြှောက်တဲ့လူတချို့ရဲ့ အရည်အချင်းကိုဘဲ။ အဲဒီလိုလူကို တင်မြှောက်တဲ့ လူထုဟာ အဲဒီလူထက် ပိုညံ့နေတဲ့သူတွေဖြစ်တယ် ဆိုတဲ့အချက်ဘဲဖြစ်တယ်။


မိမိကိုယ်တိုင် အရည်အချင်းရှိအောင် ကြိုးစားကြရသလို မိမိကို အုပ်ချုပ်မယ့်ဦးဆောင်သူကိုလည်း အရည်အချင်း ရှိသူကိုဘဲ တင်မြှောက်တတ်ဖို့ အလွန်အရေးကြီးပါတယ်။ ကျုပ်မြင်တွေ့ဘူးတဲ့သာဓကတခု ပြောပြပါ့မယ်။ ပွဲစစချင်းမှာဘဲ အရည်အချင်းမရှိတဲ့သူတယောက်က လာကြဟေ့လို့ လူတွေကိုဖိတ်ခေါ်လိုက်တယ်။ ပြီးတော့ မင်းက ဥက္ကဋ္ဌ၊ သူကတော့ အတွင်းရေးမှူးလုပ် စသည်ဖြင့် တာဝန်တွေအပ်နှင်းလိုက်တယ်။ အဲဒီလူကိုယ်တိုင်ကတော့ ဘာရာထူးမှ မယူဘူး။ ဘာရာထူးမှ မယူရတဲ့ အဓိကအကြောင်းအချက်ကတော့ သူက ဘာကိုမှတာဝန်မခံချင်လို့ဘဲဖြစ်တယ်။ ဒါပေမယ့် လူတွေအမြင်မှာတော့ သူဟာ ရာထူးမမက်တဲ့သူတယောက်လိုလို၊ဘာလိုလိုပေါ့။ နောက်ပြီး သူရာထူးပေးလိုက်တဲ့သူ တွေက သူပြောသလိုရတဲ့သူတွေကို တင်ထားပေးတာဖြစ်တယ်။ သူကိုကျော်ပြီး ဘာမှ မလုပ်ရဲသူတွေကို တင်ထားပေးတာ ဖြစ်တယ်။ သူ့ဩဇာအာဏာ လွှမ်းမိုးခံထားရသူတွေကို တင်ထားပေးတာဖြစ်တယ်။ ဒီလိုနဲ့ အရည်အချင်းမရှိသူတွေကို ရှေ့တန်းလူမြင်ကွင်းမှာ ရာထူးတံဆိပ်တွေကပ်ပြီး အဲဒီလူတွေထက်ညံ့တဲ့ သူကိုယ်တိုင်ကတော့ နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားခဲ့တယ်။ ထို့ကြောင့် ထိုအဖွဲ့သည် ကာလကြာလာသော်လည်း မအောင်မမြင်သောအဖွဲ့တခုအဖြစ်နဲ့သာ တွေ့ခဲ့ရလေ၏။

မိမိ၏တာဝန်ကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှစ်ခုစလုံး၌ အနှောင်အဖွဲ့ကင်းစွာ လုပ်ဆောင်နိုင်ရမည်။ မိမိ ကိုယ်တိုင် ဆုံးဖြတ်ရမည့်ကိစ္စတွင် တစုံတယောက်အား မေးနေရဦးမည်ဆိုပါက ထိုတစုံတယောက်၏ ဩဇာအာဏာ အငွေ့အသက်သည် မိမိအပေါ်၌ လွှမ်းမိုးထားကြောင်း သိနိုင်လေ၏။ တာဝန်ယူထားသော မိမိ၏ လုပ်ငန်းအတွက် အကောင်းအဆိုးမှန်သမျှ မိမိအပေါ်တွင်သာ တာဝန်ရှိလေ၏။ မိမိ၏နောက်မှ ကြိုးကိုင်နေသူ တယောက်ယောက်ကြောင့် မိမိလုပ်ခဲ့ရသည်ဆိုခြင်းမှာ အခြားသူများသိရှိသည့်အချက်မဟုတ်သလို ဥပဒေအချက်အလက်အရလည်း ထိုစကားမှာ အသုံးမဝင်ပေ။ ဥပဒေ အချက်အလက်၌ ပြုလုပ်သူသည် အဓိကတာဝန်ရှိသူဖြစ်၏။ ထို့ကြောင့်တာဝန်ခံရ၏။

ခေါင်းဆောင်ရွေးပွဲတခုတွင် တက်ရောက်လာသူတဦးက "သူဟာ ကျွန်တော့ရဲ့ ကျေးဇူးရှင်ဖြစ်တယ်၊ ဒါကြောင့် သူ့ကိုခေါင်းဆောင်တင်တယ်" ဟုဆိုကာ ထောက်ခံမဲပေးလေ၏။ မှားလေစွ။ ထိုအယူအဆ မှားလေစွ။ ထိုအတွေးအခေါ် မှားလေစွ။ ဤပွဲသည် သူ့တဦးတည်းအတွက် ကိုယ်စားပြုသည့်ပွဲမဟုတ်။သူ့မိသားစုအတွက် ရွေးချယ်သည့်ပွဲလည်း မဟုတ်၊ သူ့ဆွေမျိုးအသိုင်းအဝိုင်းအတွက် ရွေးချယ်ပွဲလည်းမဟုတ်၊ ထို့ကြောင့်အများအတွက် စဉ်းစားကာ အရည်အချင်း ရှိသူကို ရွေးချယ်ရပေမည်။ ထိုသို့အတွေးအမြင်ကျယ်သူတို့ ရှိမှသာလျှင် သင်တို့လည်း အရည်အချင်းရှိသော ခေါင်းဆောင်ကောင်း ရနိုင်လေ၏။ ပထမဦးဆုံး သင်တို့၏လွဲမှားနေသော အတွေးအခေါ်ဟောင်းအစွဲများကို ချေးစင်အောင် တိုက်ချွတ်ပစ်ပါ။ ဆေးကြောပါ။ ပြီးလျှင် အတွေးအခေါ်သစ် ဖြည့်သွင်းပါ။

ခေါင်းဆောင်ရွေးချယ်ရာ၌ လူကြီးဖြစ်နေခြင်း၊ ငွေကြေးအလွန်ချမ်းသာခြင်း၊ ဆွေမျိုးတော်ခြင်း၊မတော်ခြင်း။ သူငယ်ချင်းဖြစ်ခြင်း၊မဖြစ်ခြင်း။ ကျေးဇူးရှိခြင်း၊မရှိခြင်းတို့သည် စဉ်းစားရမည့်အဓိကအချက်များ မဟုတ်ပါ။ ပညာဉာဏ် အရည်အချင်း၊ အကျင့်စာရိတ္တ၊ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု စသည်တို့ကသာ အဓိကဖြစ်၏။ လူပုဂ္ဂိုလ်ကိုးကွယ် ချည်းကပ်သော အစွဲတို့ကိုလည်း ဖျောက်ဖျက်ရပေမည်။

ခေါင်းဆောင်ရာထူးတခုကို သေသည့်တိုင်အောင် ရယူထားသောစနစ်သည်လည်း တိုးတက်မှုနှေးသောစနစ်၊ အောင်မြင်မှုနည်းသောစနစ်ဖြစ်၏။ ထိုကြောင့် တိုးတက်အောင်မြင်လိုသူများ ထိုစနစ်ကို မကျင့်သုံးပါလေနှင့်။ အရည်အချင်းရှိသူတို့အား အစားထိုးနေရာပေးသောစနစ်ကို ကျင့်သုံးပါ။ ငါမှငါ၊ ငါမပါလျှင် ဘယ်ဟာမှမပြီးဆိုသော အတွေးအခေါ်ကို ဖျောက်ပါ။ ခေါင်းဆောင်ကောင်းရွေးချယ်နိုင်ဖို့အတွက် ရွေးချယ်သူ လူထုပရိတ်သတ်တွင်လည်း အရည်အချင်းရှိနေဖို့ လိုအပ်၏။ မိမိကိုယ်တိုင်အရည်အချင်းမရှိလျှင် မိမိထက်အရည်အချင်းရှိသူကို ရွေးချယ်နိုင်လိမ့်မည် မဟုတ်ပေ။

အရည်အချင်းမရှိသည့် အားနည်းချက်ကို အသုံးချလိုသည့် နိုင်ငံရေးသမားတချို့၊ ဘာသာရေးသမားတချို့သည် အသိဉာဏ်အားနည်းသော တောရွာများသို့ ဦးစားပေးကာ မက်လုံးအမျိုးမျိုးဖြင့် စည်းရုံးသိမ်းသွင်းလေ့ရှိကြသည်ကို တိုးတက်တဲ့နိုင်ငံမှာရော၊ မတိုးတက်သေးတဲ့နိုင်ငံတွေမှာပါ ယနေ့အထိတွေ့နေရဆဲဖြစ်၏။ သင်သည် အရည်အချင်းရှိရှိ ကမ္ဘာ့အလယ်မှာရပ်ချင်ပါက အနူတောမှာ လူချောဖြစ်ဖို့ အားမထုတ်ပါနှင့်။ ပညာရှိတို့ကြား ပွဲလည်တင့်ဖို့ ကြိုးစားပါ။

ခေါင်းဆောင်ကောင်းရွေးချယ်နိုင်သော အဖွဲ့အစည်း သို့မဟုတ် နိုင်ငံသည် တိုးတက်နိုင်ပြီး၊ ခေါင်းဆောင်ကောင်း မရွေးချယ်နိုင်သောအဖွဲ့အစည်း သို့မဟုတ် နိုင်ငံ၊ အာဏာရှိသူက အရည်အချင်းမရှိသောနိုင်ငံသည် တိုးတက်မှုမရှိပါ။ ခေါင်းဆောင်အဖြစ် ရွေးချယ်ခွင့်ရှိသူတို့က မိမိတို့ကို ကိုယ်စားပြုနိုင်သည့် ခေါင်းဆောင်အရည်အချင်းရှိသူကို ရွေးချယ်နိုင်မှ သာလျှင် ကောင်းကျိုးသက်ရောက်မှု၏ အကျိုးကျေးဇူးကို နောင်တချိန်တွင် ပြန်၍ခံစားကြရမှာဖြစ်ပြီး၊ မှားယွင်းစွာ ရွေးချယ်ခဲ့မိပါက ထိုမှားယွင်းမှု၏ဒဏ်ကိုလည်း ထိုရွေးချယ်သူတို့သာ ပြန်လည်၍ ခံစားရပေမည်။ သင့်ကံကြမ္မာကို သင်ဖန်တီးသည်ဟု အချို့က ပြောကြ၏။ တကယ်တော့ ထို့ထက်ဆိုး၏။ မိမိအပါအဝင် လူတွေအားလုံး ပါဝင်တည်ရှိနေသော အဖွဲ့အစည်းတခုလုံး သို့မဟုတ် နိုင်ငံတခုလုံး၏ ကံကြမ္မာကို ဆိုးဝါးစွာ ဖန်တီးသွားနိုင်လေ၏။ သင်တို့၏အဖွဲ့အစည်း သို့မဟုတ် သင်တို့၏နိုင်ငံ တိုးတက်အောင်မြင်လိုပါက သင့်ရွေးချယ်မှုနှင့် သင့်အတွေးအခေါ် မြင့်မားမှု၊ မှန်ကန်မှုသည် လွန်စွာမှ အရေးပါလေတော့၏။

မြန်မာပြည်သား
၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ ၁၄-ရက်၊ ဗုဒ္ဓဟူးနေ့။
photo by Kyaw Tun

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။