Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, October 13, 2013

အောင်မြင်တဲ့ ရော့ခ်ဂစ်တာသမား အများအပြားကို မွေးထုတ်ပေးခဲ့တဲ့ ဆရာကိုညီညီထွေး

We Love Music with Andrew Aung and 3 others
အောင်မြင်တဲ့ ရော့ခ်ဂစ်တာသမား အများအပြားကို မွေးထုတ်ပေးခဲ့တဲ့ ဆရာကိုညီညီထွေးနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ မှတ်တမ်းမှတ်ရာ အားနည်းပါတယ်။ ကျွန်တော်တို့ဆီက ရော့ခ်၊မက်တယ် လမ်းကြောင်းကို ပြန်ကြည့်ရင် သူ့ကိုချန်လှပ်ထားလို့ မရပါဘူး။ ဒီလိုအပ်ချက်လေးကို ဖြည့်စည်းပေးချင်လို့ ကိုညီညီထွေးနဲ့ ပတ်သက်တဲ့အချက်အလက်တွေ အင်တာဗျူး အပိုင်းအစတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။

အမည်ရင်း - ညီညီထွေး
မိဘ - ဦးလှအောင်၊ ဒေါ်လှကြည်
မွေးသက္ကရာဇ် - ၁၈/၉/၁၉၆၈
မွေးရပ်ဇာတိ - သုဝဏ္ဏ၊ ရန်ကုန်။
စတင်တီးခတ်ခဲ့သည့် နှစ် - ၁၉၇၅
စတင်တီးခတ်ခဲ့သည့် စီးရီးများ - ဒေါန၊ အာရာဖတ် ( မှတ်ချက်- ကျွန်တော့်အထင် နိုင်းအာရာ)
စတင်လက်တွဲ တီးခတ်ခဲ့သည့် ပူးတွဲ Player များ - တူးတူး (လမ်း၅၀) ၊ ဆရာကိုမျိုးမြင့်အောင်၊ ဂျက်ဖရီ၊ ဇော်မျိုးအေ။ (သုဝဏ္ဏ)၊ ခင်အောင်ချို (သုဝဏ္ဏ)၊ ရစ်ချတ်၊ ကျော်ဆန်း အပါအ၀ငင် နေရာမရခဲ့သော ဂီတသမားများ။
စတင်တီးခတ်ခဲ့သည့် Studio - May. Hi-Star
မှတ်မှတ်ရရ အဖြစ်ဆုံး Show ပွဲ - ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ။
အကြိုက်ဆုံး Music - Metal
မကြိုက်ဆုံး Music - C,Am , F , G
အကြိုက်ဆုံး ဂစ်တာအမျိုးအစား - Ibanez, Jem.

သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာနဲ့ ကျင့်ခဲ့တဲ့ Lesson - သင်ဆရာများ၊ ကိုထွန်းမြင့်အောင်၊ ကိုမျိုးမြင့်အောင်၊ ကိုသောင်းမြင့်အောင်၊ ကိုငြိမ်းဦး။ မြင်ဆရာများ၊ Joe Satriani. Steve Vai , Malmsteen.

မဖြစ်မနေ လုပ်ရမည့် နေ့စဉ်လေ့ကျင့်ခန်း
- တရားထိုင်ခြင်း။

Guitar သမားတစ်ယောက် အနေနဲ့ သိထား တတ်ထားသင့်တယ်ထင်တဲ့ အချက်အလက်တွေကို ကိုယ့်အမြင်ဘက်ကနေ ပြောပါဦး။
- နားကောင်းရမယ်။

သီချင်းတစ်ပုဒ်ကို Arrangement လုပ်တဲ့နေရာမှာ ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ထားရမယ့် အနေအထားတွေ ပြောပါဦး။
-Music Style တွေကို လေ့လာထားတာ ပိုကောင်းလိမ့်မယ်။

Guitar နဲ့ပတ်သက်ပြီး လေ့ကျင့်ခဲ့တဲ့နေရာမှာ ခက်ခက်ခဲခဲ အဖြစ်ဆုံး Technique တွေရှိရင် ပြန်ပြောပါဦး။
-ကြိုးတွန်းနေရင်း W/ Bar ကိုနောက်ပြန်ဆွဲတာ အခက်ခဲဆုံးပဲ။ Pantera အဖွဲ့ရဲ့ Cemetery Gate ကိုတီးကြည့်ရင် သိလိမ့်မယ်။

ပညာလျိုတယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ ရင်းနှီးပတ်သက်ခဲ့ဖူးပါသလား။
-No

Teamwork ဆိုတဲ့ စကားလုံးကို ဘယ်လိုနားလည်လက်ခံပါသလဲ။
-တစ်ယောက်ရဲ့ ကောင်းကွက် ဆိုးကွက်တွေကို သုံးသပ်ရင်းနဲ့ သီချင်းတွေ ဖြစ်လာတာ။

Studio နဲ့ Stage Show နှစ်ခုရဲ့ ကွာခြားတဲ့ အတွေ့အကြုံတွေကို ပြန်ပြောပါဦး။
-Studio က သေသပ်ဖို့လိုတယ်။ မှားရင် ပြန်တီးလို့ရတယ် ။ Show ကတော့ မှားရင် အရှက်ကွဲမယ်။

အရှေ့တိုင်း Note နဲ့ အနောက်တိုင်း notes နှစ်ခုကို ဘယ်ဟာပိုအားသန်ပါသလဲ။
-Pucca Notes

4/4 3/4 6/4 7/4 9/8 စတဲ့ Timing တွေအပေါ်မှာ နားလည်တီးခတ်ဖန်တီးနိုင်ဖို့ ဘာတွေလိုအပ်မယ် ထင်သလဲ။
-Dream Theater ,Rush , Vai ရဲ့ သီချင်းတွေကို လေ့ကျင့်ပါ။

ကိုယ်ပိုင်ဟန်တစ်ခုကို Creation လုပ်ဖို့ဘာတွေကို ဘယ်လောက်အထိ Crazy ဖြစ်ခဲ့ရမယ် ထင်သလဲ။
-ကိုယ်နှစ်သက်တဲ့ Music Style တစ်ခုကိုမှီငြမ်းပါ။

Metronome (Dr Beat) ထဲ ၀င်အောင်မတီးနိုင်လို့ Studio စ၀င်တဲ့ ရက်မှာ စိတ်လေနေတဲ့ လူငယ်တွေ အတွက် ဘာများပြောဦးမလဲ။
-စိတ်မပျက်ပါနဲ့ ငါတို့တုန်းက (DrBeat) နဲ့ ရန်ဖြစ်ခဲ့တဲ့ ရက်တွေ အများကြီးပါ။

6 Strings. 7 Strings. 12 Strings စတဲ့ ဂစ်တာတွေရဲ့ တီးခတ်ပုံ၊ ကြိုးညှိပုံ ကွာခြားမှုတွေကို မသိသေးတဲ့ လူငယ်တွေအတွက် ပြန်ပြောပါဦး။
- လူငယ်တွေ Pucca Notes ကိုလေ့လာပါ။ Guitar Finger Board ရဲ့အသံတွေကို ကျက်ထားပါ။

ဂစ်တာစကျင့်တဲ့ လူငယ်တွေမှာ ဘယ်လက်နဲ့ညာလက် မညီညွတ်မှုတွေ ဖြစ်နေတတ်တယ်။ အဲဒါကို ဘယ်လို အကြံပေးချင်လဲ။
- ဘယ်လိုမှ အကြံမပေးချင်ပါဘူး။ ဂစ်တာကို များများတီး စနစ်တကျတီး အပျင်းမထူနဲ့။

အကြောင်းတစ်ခုကြောင့် Guitar Effect ဆိုတာကြီးနဲ့ ရင်းနှီးခွင့် မရလို့ သိချင်နေတဲ့ ဂစ်တာ crazy လူငယ်တစ်ယောက်အတွက် ဘယ်လိုဝေမျှ ပေးနိုင်မလဲ။
- ကိုညီညီထွေး အိမ်ကိုလာခဲ့။

ဂစ်တာနဲ့ တွဲတီးရတဲ့ AMp တွေရဲ့ သဘောသဘာဝကို တစ်ဆင့် ပြန်ပြောပါဦး။
- Marshall Amp ကို အရမ်းကြိုက်တယ်။ ဒါပေမယ့် ဘယ် Amp မဆို တီးကြည့်သင့်တယ်။ ဓါတ်လိုက်တဲ့ Amp တွေလည်းရှိပါတယ်။ အဲဒီလို Amp ဆိုရင် ပါဝါကြိုးကို ပြောင်းပြန်လှန် ။ မရရင် သားရေဖိနပ်စီး။

နောက်ကနေပဲ ပံ့ပိုးပေးရတဲ့ Player တစ်ယောက်ဘ၀မှာ ကြုံခဲ့ရတဲ့ သာယာမှု (သို့မဟုတ်) မသာယာမှုတွေ ပြန်ပြောပါဦး။
- Show တီးတိုင်း အသားကုန်တီးမိတော့ အဆိုသမားတွေက မကျေနပ်ဘူး။

အင်္လကာကနေတစ်ဆင့် ခင်ဗျားလို လမ်းကြောင်းကိုပဲ ဆက်လျှောက်မယ်ဆိုတဲ့ လူငယ်နောက်ပေါက်တွေ အတွက် စကားလက်ဆောင်ပေးပါဦး။
- င့ါညီတို့ မင်းတို့ အခုလုပ်နေကြတာတွေ အရမ်းကောင်းပါတယ်။

WD-40 ‪#‎အင်္လကာဂီတဂျာနယ်‬

အဆိုတော်အသားပေးတဲ့ခေတ်

စထွက်လာတော့ Big Bag အဖွဲ့။
နောက်တော့ Big Bag (ကျားပေါက်)။
သိပ်မကြာပါဘူး ကျားပေါက်(Big Bag) ဆိုပြီး အဆိုတော် နာမည်က ရှေ့ထွက်လာတယ်။
ဒါက ဥပမာအနေနဲ့ ပြောတာပါ။ ပရိသတ်ကလည်း အဆိုတော်ကိုပဲ ကြည့်ပြီး အားပေးတာလေ။
ရိုးပွဲတွေမှာလည်း အဆိုတော်တွေရဲ့ နာမည်တွေကိုသာ အော်ဟစ် အားပေးကြတာကိုပဲ တွေ့ရတာ များပါတယ်။

တီးဝိုင်းတခုမှာပါဝင်တဲ့ တခြား အနုပညာသမားတွေဖြစ်တဲ့ ဂစ်တာသမား၊ ဒရမ်သမားတွေကို အားပေးမှုက ကွာခြားပါတယ်။

ဒီလိုဖြစ်နေပေမဲ့ တီးဝိုင်းတခုမှာပါဝင်တဲ့ တခြားသောအနုပညာရှင်တွေရဲ့နေရာကိုတော့ မေ့ထားလို့ မရပါဘူး။

ဒါပေမဲ့လည်း မြန်မာပြည်မှာတော့ အဆိုတော် အသားပေး တဲ့ခေတ်ဖြစ်နေတော့ Big Bag ကနေ ကျားပေါက် ဆိုတဲ့ အဆိုတော် နာမည်ကသာ ရေပန်းစားပြီးတော့ တီးဝိုင်း ရဲ့နာမည်ကတော့ မှိန်ဖျော့သွားပါတော့တယ်။

“လူငယ်တီးဝိုင်းအဖွဲ့တွေ ထွက်လာနိုင်တာ ကောင်းတယ်။ ကျွန်တော်တို့ အားပေးတယ်။ အဲလိုဖြစ်လာအောင် ကျွန်တော် မြှောက်ပေးတယ်။ Antibiotic ၊ Big Bag၊ Reason၊ Wanted၊ Idiod စတဲ့ လူငယ် အဖွဲ့တွေ ထွက်လာကြတာ ကောင်းတယ်၊
ဒါပေမဲ့ အဖွဲ့ နာမည်က ကြာရင် ပျောက်သွားပြီး အဆိုတော် တဦးတည်းရဲ့ နာမည်ကသာ ရှေ့ရောက်လာတာ သိပ်မကောင်းဘူး၊ ကမ္ဘာမှာလည်း ရှိပါတယ်၊ Metallica အဖွဲ့မှာ ဆိုရင် အဆိုတော် James hetfield သူနေရာမှာ ပဲသူ ရှိတယ်လေ အဆိုတော်ဖြစ်လို့ ပိုပြီး အသာရတယ်ဆိုတာမျိုး မရှိပါဘူး” လို့ ဂစ်တာပလေယာတဦးဖြစ်တဲ့ ဆရာ ညီညီထွေးကပြောပါတယ်။

ညီညီထွေး(Metal Guitarist) ဆိုတာ ၆နှစ်သား ကတည်းက ဂစ်တာကို စတင် တီးခတ်သူ တဦး ဖြစ် ပြီး ၁၉၈၈ ခုနှစ်မှာ စတင်ပြီး ဂစ်တာသင်တန်းတွေကို ဖွင့်လှစ်ခဲ့သူတဦး ဖြစ်ပါတယ်။

“သင်တန်းမှာ အုပ်စုနှစ်ခု ကွဲ တယ်၊ သီချင်း အရမ်းဆိုချင်တဲ့သူနဲ့ ဂစ်တာတီးချင်တဲ့သူ ဆိုပြီးတော့ ရှိတယ်။ အဲဒီမှာ သီချင်းဆိုချင်တဲ့သူက ရာခိုင်နူန်းအရပြောရင်၃း၂လောက်ရှိတော့၊ သီချင်းဆိုချင်တဲ့သူကပိုများနေတဲ့သဘော့ပေါ့” လို့
အမှတ် ၁၅၂ မြန်မာ့ ဂုဏ်ရည်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဂစ်တာသင်တန်း ဖွင့်ထားတဲ့ ဆရာညီညီထွေးက ဆိုပါတယ်။

ဟုတ်မှာပါ အားပေးမှုခံရတာ၊ အကျိုးအမြတ်ရတာက အဆိုတော်က ပိုများပါတယ်။
ခေတ်ကလည်း ဂီတ တီးဝိုင်းတခုမှာ အဆိုတော်ကို အသားပေးနေတဲ့ခေတ် ဆိုတော့ ဂီတ ၀ါသနာပါတဲ့ လူငယ်တွေထဲမှာလည်း အဆို တော်ဖြစ်ချင်နေတဲ့ သူတွေက ပိုများနေပါတယ်။

“Chanal 7 တို့ ဘာတို့မှာ လာနေတဲ့ အစီစဉ်တွေမှာလည်း သီချင်းဆိုပြိုင်ပွဲတွေပဲ ရှိတယ်၊ အတီးပိုင်းနဲ့ ပတ်သက်တဲ့အစီစဉ်တွေ၊ ပြိုင်ပွဲမျိုးတွေ မရှိဘူး၊ အဲဒါတွေကိုလည်းပြင်စေချင်တယ်”
လို့ ဆရာညီညီထွေးက လက်ရှိ ဂီတလောကမှာ အတီးသမားတွေ အားနည်းနေလို့ မီဒီယာတွေရဲ့ပံပိုးမှုတွေ လိုအပ်တဲ့အကြောင်းကို ပြောပါတယ်။

“မီဒီယာအပိုင်းကနေ ပရိသတ်ကို အနုပညာနဲ့ ပတ်သက်ပြီး နားထောင်တတ်အောင်၊ အဆင့် မြင့်မြင့် ခံစားတက်အောင် လုပ်ဆောင် ပေးသင့်တယ်” လို့ သူက ဆိုပါတယ်။

“မြန်မာ့အသံ ဦးသန်းမြင့်ရဲ့ ကမ္ဘာ့ဂီတ ဆိုတဲ့ အစီစဉ်ကို ငယ်ငယ်က ရေဒီယိုကနေ နားထောင်ခဲ့ရတာ၊ အဲဒီလိုအစီစဉ်တွေ ရှိသင့်တယ်၊
အခု ရုပ်သံမီဒီယာလိုင်းတွေလည်း တိုးတက်လာတယ်။ ဒါပေမဲ့ လက်ရှိ မီဒီယာ အနေနဲ့ ကြော်ငြာရရင်ပြီးရော ဆိုပြီး လုပ်နေတာမျိုးက မကောင်းဘူး” လို့ ဆရာညီညီထွေးက ပြောလိုက်ပါတယ်။
blog.irrawaddy.org

‪#‎NyiNyiHtwe‬ ‪#‎Rock‬ ‪#‎Metal‬ ‪#‎Interview

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။