Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, August 16, 2013

"Joints Pain သိထားသင့်တဲ့ အဆစ်အမြစ်နာ ရောဂါများ"

 
 
အဆစ်အမြစ်နာဝေဒနာတွေဟာ အလွန် နာကျင်ကိုက်ခဲပြီး ခံစားရခက်လှတာမို့ အလုပ် ပျက်အကိုင်ပျက် ဖြစ်စေနိုင်ပါတယ်။ အလွယ် တကူကုသရန်လည်း မဖြစ်နိုင် တာမို့ သိထားရင် ကြိုတင်ပြီးကာကွယ်နိုင်အောင် ‘အဆစ်အမြစ်နာ ရောဂါများ’ နဲ့ ပတ်သက်တဲ့ ကျန်းမာရေးအသိပညာ ဗဟုသုတတွေကို ဒီလမှာ ရေးသားဖော်ပြလိုက်ပါ တယ်။
အဖြစ်များတဲ့ အဆစ်အမြစ်နာ ရောဂါများ
(၁) Rheumatic Arthritis (ပိုးလေးဖက်နာ)
(၂) Rheumatoid Arthritis (သွေးလေးဖက်နာ)
(၃)Osteoarthritis (အဆစ်ရောင်ရမ်းနာ)
(၄) Bone TB (အရိုးတီဘီ)
(၅) Gout (ဂေါက်ရောဂါ)
Rheumatic Arthritis ပိုးလေးဖက်နာ
ခြေတွေလက်တွေ လေးဖက်စလုံး နာတတ် လို့ လေးဖက်နာလို့ ခေါ်ကြတာပါ။ ဖြစ်စေတာက Group A.B Haemolytic Streptococcus ခေါ်တဲ့ ဗက်တီးရီးယားပိုး တစ်မျိုး (ကူးစက်ခံရ တာ) ကြောင့် ပိုးလေးဖက်နာအမျိုးအစား ဖြစ်ပါ တယ်။အဖြစ်အများဆုံးလူတွေကတော့
- ထူထပ်တဲ့ အိမ်ခြေရှိတဲ့ ရပ်ကွက်များ
- လေကောင်းလေသန့်ကောင်းစွာ မဝင်နိုင်တဲ့ ပတ်ဝန်းကျင်များ
- ကျဉ်းမြောင်းတဲ့ အိမ်အတွင်း များပြားတဲ့ မိသားစုနဲ့
- လူအများစုပေါင်းနေထိုင်ရာ လူမျိုးများမှာ အများဆုံး ဖြစ်တတ်ပါတယ်။
ပိုးလေးဖက်နာရောဂါဖြစ်ပြီဆိုတာကို သိရှိနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ …လေးဖက်နာရောဂါစတင်ဖြစ်ပွားရင်
- အာသီရောင်ခြင်း (Tonsillitis)
- လည်ချောင်းများမကြာခဏနာခြင်း (Soethroat)
- အဆစ်များကိုက်ခဲခြင်း (Joints Pain)
- အဖျားတငွေ့ငွေ့ရှိခြင်း (Fever)
- အကျိတ်လေးတွေ စမ်းမိတတ်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။
Complications (ပိုးလေးဖက်နာရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ)
ပိုးလေးဖက်နာရောဂါကို သေသေချာချာ အမြစ် ပြတ်အောင် မကုသရင်၊ မကာကွယ်ထားရင်
(၁)Rheumatic Fever & Arthritis(မကြာခဏ) ဖျား၍ အဆစ်အမြစ်များ ကိုက်ခဲ ရောင်ရမ်းနာကျင်ခြင်း
(၂)Mitral Stenosis (နှလုံးဆို့ရှင်အပေါက် ကျဉ်းမြောင်းသွားခြင်း)
Mitral Regurgitation (နှလုံးအဆို့ရှင် ဟာသွားခြင်း)
(၃)Heart Failure (နှလုံးသားပြတ်ခြင်း)
Nephritis
ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ် ထိခိုက်ခြင်းများ ဆက်လက်ဖြစ်ပွားတတ်ပါ တယ်။
ပိုးလေးဖက်နာရောဂါ၏ ရောဂါလက္ခဏာများ
- အာသီးနဲ့ လည်ချောင်းများ မကြာခဏရောင် ရမ်းတတ်တဲ့ ရာဇဝင်ရှိခြင်း
- အဆစ်များ မကြာခဏကိုက်ခဲခြင်း
- နှလုံးခုန်မြန်ခြင်း သို့မဟုတ် ပုံမှန်ဖြစ်ခြင်းကို စမ်းသပ်တွေ့ရှိရပါမယ်
ရောဂါဖြစ်ကြောင်း ရှာဖွေရာမှာ
- ရင်ဘတ်ဓာတ်မှန် (Chest X’ Ray)
- နှလုံးလျှပ်စစ်စမ်းသပ်စက် (ECG)
- ဓာတ်ခွဲခန်းကရတဲ့ သွေးအဖြေ (Laboratory Blood Test)
သွေးအဖြေမှာတော့ ASO Titre Un > 200 (နှစ်ရာအထက်ကျော်နေရင် လေးဖက်နာရောဂါ ရှိနေကြောင်း သိရှိနိုင်ပါတယ်)
လေးဖက်နာရောဂါကို ပျောက်ကင်းအောင် ကုသဖို့ဆိုတာ
ဒီရောဂါဟာ ဖြစ်စမှာ သိရှိပြီး ဆရာဝန်ရဲ့ ကုသချက်ကို တစ်သဝေမတိမ်းလိုက်နာတဲ့ လူနာတွေ အတွက်တော့ မုချပျောက်ကင်းနိုင်ပြီး သေသေချာ ချာ စနစ်တကျ ကုသမှုမခံရင်တော့ လေးဖက် နာရောဂါရင့်ပြီး နောက်ဆက်တွဲ အန္တရာယ်တွေ ဖြစ်တဲ့ နှလုံးအဆို့ရှင်ပျက်စီးမှုများ ဖြစ်လာရင်တော့ ဒီရောဂါတွေကိုပဲ ထပ်ဆင့် ကုသေ ပးရတဲ့ အခြေအနေတွေ ရှိလာနိုင်ပါ တယ်။
Rheumatoid Arthritis (RA) သွေးလေးဖက်နာ
RA က ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်ရေးစနစ် ချို့ယွင်းမှုကြောင့် ကိုယ်ပိုင် (ကိုယ့်ခန္ဓာကိုယ်က) တစ်သျှူးနှင့် ဓာတ်မတည့်မှုဖြစ်ကာ ရရှိလာသော ရောဂါတစ်ခု (An Autoimmune Disease) ဖြစ်တယ်။RA သည် လူ့ခန္ဓာကိုယ်ရှိ အဆစ်အမြစ် တို့ကို ဒုက္ခပေးပြီး နောက်ဆုံး၌ အဆစ်အမြစ်များ ကို ပျက်စီးယိုယွင်းသွားစေနိုင်ပါသည်။ (အဆစ် အဆက်များ ဆိုင်းသွားခြင်း၊ အရိုးအဆစ်များ ပုံပျက်သွားခြင်း)ရောဂါဖြစ်စတွင် လက်မောင်း၊ လက်ကောက် ဝတ်နှင့် လက်ဆစ်များကို စတင်ဒုက္ခပေးပြီး မကြာခင်မှာ အရိုးအဆစ်တိုင်း ရောင်လာစေသည်။ ¤င်းဝေဒနာရှင်တို့၏ မိသားစုရာဇဝင်ကို ပြန် လိုက်လျှင် အမျိုးထဲ၌ တစ်ဦးမဟုတ်တစ်ဦးတွင် ဂေါက်ရောဂါ Gout (သို့မဟုတ်) အဆစ်ရောင် ရောဂါ (Rheumatism) ရောဂါ တစ်မျိုးမျိုးရှိခဲ့ ဖူးသည်ကို တွေ့ရသည်။ ထို RA ရောဂါဆိုးရလျှင် နာကျင်ကိုက်ခဲသော ဝေဒနာကို ပြင်း စွာခံစားရ မည်။ အားအင်ကုန်ခန်းပြီး ကြံ့ခိုင်မှုလျော့နည်း စေသည့်အပြင် ကိုယ်အလေးချိန်ကျလာမည်။ နောက်ဆုံး အခြေအနေဆိုးဝါးလျှင် အဆစ်အမြစ် များ ရောင် လာမည်။ ပုံပျက်ပန်းပျက် ဖြစ်လာ မည်။ အဆစ်များခိုင်လျှင်လည်း ခိုင်သွားမည်။ ရံဖန်ရံခါ၌ လက်ချောင်းနှင့်မေးတို့တွင် ဘုကြီးများ ပေါက်လာတတ်ပေသေးသည်။
Osteoarthritis အဆစ်ရောင်ရမ်းနာ (သို့မဟုတ်) ရိုးဆက်ရောင်နာ
Osrteo Arthritis (ရိုးဆက်ရောင်နာ) က အဆစ်များထိ ဆက်ရာ အရိုးနုများ ပျက်စီးလာ လို့ ကိုက်ခဲလာတတ်ပါတယ်။ အဆစ်တွေရောင်ပြီး နာကျင်မှုကို ဖြစ်စေ ပါတယ်။ လှုပ်ရှားမှုများတဲ့ ခါး၊ လက်ကောက်ဝတ်၊ တင်ပါးဆုံ၊ ဒူးဆစ်၊ လက်ဆစ်တွေမှာ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေ ကနေ ရောဂါတိုးလာရင် Rheumatoid Arthritis ဖြစ်လာတတ်ပါတယ်။
Bone TB အရိုးတီဘီ
အရိုးပါးရောဂါမှာ မထင်မှတ်ဘဲ ပြန်ပြီး အဖြစ်များလာတာက အရိုးတီဘီပါ။ အရင်က ဖြစ်တာ နည်းသွားခဲ့ရာက ယခုအဖြစ် ပြန်များလာ နေပါတယ်။ ဗြုန်းခနဲ ခါးနာလာ တာမျိုးဖြစ်ပြီး အဆုတ် မှာ သလိပ်မှာ ဘာလက္ခဏာမှ မပြဘဲ အရိုးမှာ တီဘီပိုးဝင်လာပြီး ဖြစ်လာတာပါ။ အရိုးပြားလာ တယ်၊ ဒူးဆစ်တွေ ရောင်လာတယ်၊ နာလာတယ်။ ဓာတ်မှန်မှာ မတွေ့ရပေမယ့် သွေး စစ်ကြည့်တော့မှ တွေ့ရတာပါ။
Gout ဂေါက်ရောဂါ
ဂေါက်ရောဂါသည် နာတာရှည်အဆစ်ရောင် ရောဂါ Chronic Rheumatic ရောဂါအုပ်စုဝင် ဖြစ်ပါသည်။ အဓိကအားဖြင့် ‘ခြေမ’ များတွင် အဖြစ်များသည်။ ထိုကဲ့သို့  ဖြစ်ရခြင်းမှာ – ခြေမ အဆစ်ထုံးကျောက် Chalky များ စုဝေးနေခြင်း ကြောင့် ဖြစ်သည်။ ဆေးကျမ်းအများစုတွင် ဂေါက်ရောဂါသည် ဆွေစဉ်မျိုးဆက် လိုက်သော ရောဂါဟု ယူဆကြသည်။ စာရင်းဇယားနှင့် သုတေသနပြုချက်အရလည်း ဤအယူအဆကို ထောက်ခံနေကြသည်။ သို့ရာတွင် ဂေါက်ရောဂါ အလွယ်တကူ ဝင်ရောက်ရန် ရေခံမြေခံရှိသော တစ်စုံတစ်ယောက်က အနေအထိုင် အစား အသောက်လော်မာလျှင် အနှေးနှင့်အမြန် ဂေါက် ရောဂါဖြစ်မည်ဟု ဆိုခြင်းက ပိုမှန်ကန်ေ ပလိမ့် မည်။ အထူးသဖြင့် ယူရစ်အက်စစ် (Uricacid) တွေများစေတဲ့ ကလီစာတွေ၊ မျှစ်၊ ပဲပင်ပေါက်၊ ခရမ်းချဉ်သီး၊ ဘီယာစတဲ့အစားအသောက်တွေ ကြောင့် ဖြစ်ရတာ ပါ။ အချို့ဆေးစားရုံနဲ့ ပျောက် ကင်းသွားတတ်ပါတယ်။ Uricacid ကြောင့် အဆစ်နာတာကိုတော့ အပြင်ဆေးခန်းတွေမှာ ပြသရုံနဲ့ ပျောက်ကင်းသွားနိုင်ပါတယ်။
ယူရစ်အက်စစ် သိပ်များလာရင် ဂေါက် (Gout) ရောဂါ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေ မှာ အသားတွေရောင်လာပြီး လမ်းလျှောက်လို့ မကောင်းဖြစ်တတ်ပါတယ်။ ယူရစ်အက်စစ်တွေ သွေးထဲကနေ အရိုးအဆစ်တွေဆီ ရောက်သွားလို့ ဖြစ်ရတာပါ။ အသက် ၁၅ နှစ်ကစပြီး ၅ဝ နှစ် အရွယ်လောက်အထိ ဖြစ်တတ်ပါတယ်။ အမျိုး သမီးတွေထက် အမျိုးသားတွေမှာ အဖြစ်များ တတ်ပါတယ်။အရိုးရောဂါတွေကို ရိုးရိုးဓာတ်မှန်တွေနဲ့ ရိုက်ပြီး ရောဂါရှာနိုင်သလို သံလိုက်ဓာတ်သုံး အဆင့်မြင့် ရောဂါ ရှာပေးတဲ့MRI ကိရိယာတွေ ကို အသုံးပြုပြီး သိနိုင်ပါတယ်။ ဓာတ်ခွဲခန်းမှာ သွေးကိုလိုအပ်တဲ့ အချက်အလက်တွေ ရှာဖွေပြီး အရိုးရောဂါရှာရတာလည်း တော်တော်ထိရောက် ပါတယ်။ ပိုးလေးဖက်နာဖြစ်တဲ့ Rheumatic Arthritis တွေ၊Rheumatic Fever တွေဆိုရင် ASO Titre သွေး ထဲမှာပါတဲ့ အရေအတွက်ကို ကြည့်ပြီး ကုသပေးရပါတယ်။ Gout ဂေါက်ရောဂါ မှာ အဆစ်အမြစ်ကိုက်စေတဲ့ Uricacid ယူရစ် အက်စစ်ကိုလည်း သွေးထဲမှာ ပါတဲ့နှု န်းကြည့်ပြီး ကုသရပါတယ်။ ဒီဂေါက်ရောဂါသည်တွေမှာတော့ ယူရစ်အက်ဆစ်တွေများစေတဲ့ ကလီစာတွေ၊ မျှစ်၊ ပဲပင်ပေါက်၊ ခရမ်းချဉ်သီး၊ ဘီယာစတဲ့ အစား အသောက်တွေကိုပါ ရှောင်ရှားရမှာ ဖြစ်ပါတယ်။ အဆစ်အမြစ်ရောဂါတွေ ဖြစ်လာရင်တော့ တတ် ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ စနစ်တကျ ကုသမှုခံယူတာကတော့ ကိုယ့်အတွက် အကောင်း ဆုံးဖြစ်မှာပါ။
ဒေါက်တာအောင်ဆန်းဝင်း
http://yatimagazine.com/archives/9288/joint-pain

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။