တစ်ချိန်က မြန်မာ့ ရုပ်ရှင် အနုပညာလောက မှာ သူ့ခေတ် သူ့အခါ သူ့ ကိုယ်ပိုင် စတိုင်လ် နဲ့ပြည်သူ့ စတားတွေ ဖြစ်ခဲ့ကြတဲ့ အနုပညာရှင်တွေ ရှိခဲ့ကြပါတယ်။ အဲဒီအထဲမှာ အကယ်ဒမီ မေဝင်းမောင် လည်း တစ်ဦးအပါ အဝင် ဖြစ်ပါတယ်။ ၁၉၇၂ ခုနှစ်မှာ အနုပညာ လောကထဲကို စတင်ဝင် ရောက်ခဲ့သူ မေဝင်းမောင်ဟာ ပထမ ဦးဆုံး ရုပ်ရှင်ကား အဖြစ် “လှချင်ရက် စက်စက်ယို” ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် ရိုက်ကူးခဲ့သလို ပရိသတ် တွေရဲ့ ကြိုက်နှစ်သက်မှု ခံခဲ့ရပြီး မေဝင်းမောင် ဆိုတဲ့ နာမည် တစ်လုံး ကို ထူထောင်နိုင်ခဲ့ပါတယ်။ အဲဒီ့နောက် မှာ ရုပ်ရှင် ဇာတ်ကား ဆက်တိုက်ရိုက် ကူးခဲ့ပြီး ၁၉၈ဝ ပြည့်နှစ်မှာတော့ ရုပ်ရှင်ကားပေါင်း ၃ဝမြောက် ဖြစ်တဲ့ “ကြည်ပြာ” ရုပ်ရှင် ဇာတ်ကားကြီး နဲ့ အကယ်ဒမီ ဆု ရရှိခဲ့ကာ သူ့ဘဝရဲ့ အနုပညာ မှတ်တိုင် ကို ဂုဏ်ယူ စိုက်ထူ နိုင်ခဲ့ သူလည်း ဖြစ်ပါတယ်။ ရုပ်ရှင် အနု ပညာ လောကကို နှစ်ပေါင်း ၂ဝ ကျော်လျှောက် လှမ်းဖြတ်သန်းခဲ့ပြီး ရုပ်ရှင် ဇာတ်ကားပေါင်း ၆ဝကျော်၊ ဗီဒီယို ဇာတ်ကားပေါင်း ၃ဝကျော် နဲ့ တီဗီဇာတ်လမ်း များစွာ မှာ လည်း ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ “နံပါတ်များနှင့် စကားပြောခြင်း” အမည်ရှိတဲ့ တေးစီးရီး တစ်ခွေကို လည်း သူ့ဘဝမှာ ဂီတ အနုပညာမှတ် တိုင်တစ်ခု အနေနဲ့ ထွက်ရှိဖူး ခဲ့ပါတယ်။ အခုလက်ရှိ မှာ ခင်ပွန်းဖြစ်သူ ကိုသက်ဝင်း၊ သမီး မေသန္ဒီ နဝရတ် ဝင်း၊ သားသိင်္ဂါ မောင်သူရဝင်း တို့နဲ့ အတူ 6347, West 84 Street လော့စ်အိန်ဂျလိ၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ အမေရိကန် ပြည်ထောင်စု မှာ အခြေချ နေထိုင်လျက် ရှိပါတယ်။ မေဝင်းမောင် က မြန်မာနိုင်ငံ ကို ပြန်ရောက် လာပြီး နောက်ပိုင်းမှာ ဒါရိုက်တာ M နိုး ရိုက်ကူးတဲ့ “လရောင် ကင်းမဲ့သော နေ့ရက်များ (သို့) နာရှီယာ- ဆယ်ဒက်ဘီယာ” ဗီဒီယို ဇာတ်ကားကို ဘုဏ်းသိုက်၊ မေတို့နဲ့ ပါဝင် သရုပ်ဆောင်ခဲ့ ပါတယ်။
မြန်မာနိုင်ငံပြန်ရောက်ပြီးရိုက်တဲ့ ဗီဒီယိုဇာတ်ကား
“ဒီဇာတ်ကားက မဖြစ်လာသေးတဲ့ အချိန်၊ အနာဂတ် ခေတ်တစ်ခေတ်ကို အခြေခံ ပြီးတော့ ရိုက်ထားတဲ့ ဇာတ်လမ်းလေးပါ။ သမားရိုးကျ ဇာတ်လမ်း မဟုတ်ဘူး။ ထူးခြား တဲ့ ဇာတ်လမ်းလေးပေါ့။ သူ့ ရဲ့စိတ်ကူးလေး နဲ့ အနာဂတ် ကမ္ဘာ လေးတစ်ခု ဖန်တီးပြီးတော့ အဲဒီ ခေတ် အခြေအနေကို ရိုက်မယ့် အကြောင်းလေး ပါ။ ဖေ့စ် ဘုတ် မှာ ဒါရိုက်တာ နဲ့ ဆက်သွယ်စကား ပြောရာ ကနေ သူက ကမ်းလှမ်း လာတာ နဲ့ ဇာတ်ညွှန်းလေးတောင်း ဖတ်ကြည့်ပြီး လက်ခံ ရိုက်ကူးဖြစ်တာပါ။ ဇာတ် ကား မရိုက်ဖြစ် တာလည်း ကြာနေပြီ ဆိုတော့ အခုမှ ပြန်ရိုက်တော့ နည်း နည်းတော့ စိုးရိမ် စိတ်ကလေးဖြစ် မိပါတယ်။ ဒါပေမဲ့လည်း အဆင် ပြေပါတယ်”လို့ ပြောပါတယ်။
သရုပ်ဆောင် အနုပညာခြေလှမ်းအစ
ကျွန်မက ကံကောင်းတယ်လို့ ပြောရမလားပဲ။ ရှုမဝ ဦးချစ်စိန်နဲ့ ပထမဆုံး ဘုရားပေါ်မှာ မိတ်ဆွေ တစ်ယောက် ကနေ တစ်ဆင့် သိကျွမ်း ခဲ့ရပါတယ်။ ဦးချစ်စိန်က တစ်ဆင့် သုခုမ ရုပ်ရှင်ဆိုတာလည်း တကယ့် အခြေ အမြစ် ရှိတဲ့ ကုမ္ပဏီကြီး အဲဒီ လိုမျိုးတွေက စခဲ့ရတယ်။ အဲဒီက တစ်ဆင့် ဇာတ်ကား ရိုက်နေတုန်းမှာ ဦးချစ်စိန် က တစ် ပြိုင် နက်တည်း နှစ်ကား၊ သုံးကား စရိုက် ခဲ့ တယ်။ ရုပ်ရှင် ရိုက်ရင်း နဲ့ ကိုကျော်ဟိန်း တို့နဲ့လည်း သိ ကျွမ်းတော့ သူတို့ ရိုက်တဲ့ ဇာတ်ကား တွေထဲမှာ တစ်ဆင့် တစ် ဆင့် နဲ့ရိုက် ခဲ့ရတယ်။ တကယ်စစ်မှန်တဲ့ သူတွေ နဲ့တွေ့ပြီး ရိုက်ခဲ့ရတယ် ဆိုတော့ အစစ အရာရာ အဆင်ပြေခဲ့ပါတယ်။ ဦးကြီးမြင့် နဲ့က တကယ့် တကယ် “ကြည်ပြာ” ဇာတ်ကားမှာမှ ရိုက်ဖြစ် တယ်။ ဒါပေမဲ့ ၄၊၅ ကားလောက်ပဲ ရိုက်ရသေးတဲ့ အချိန်မှာတုန်းက ရုပ်ရှင် ဇာတ်ကား တစ်ကားရိုက်ဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်း က ဇာတ်လမ်း ရိုက်ကူးခွင့် ခွင့်ပြုချက် မရခဲ့လို့ ဦးကြီးမြင့် နဲ့ ရိုက် ဖို့လွဲခဲ့ရတယ်။ ဒါပေမဲ့ “ကြည်ပြာ”ကျ မှ ရိုက်ဖို့ဆုံ စည်းခဲ့တာပါ။
သရုပ်ဆောင်ပညာလေ့လာသင်ယူခဲ့ပုံ
ကျွန်မတို့ ခေတ်စစချင်းတုန်းက သရုပ်ဆောင် သင်တန်းရယ်လို့ မရှိခဲ့ပါဘူး။ နောက်ပိုင်းကျတော့ ရုပ်ရှင် အစည်းအရုံး ရုပ်ရှင်သင်တန်း တွေစပြီးထူထောင် လာပါ တယ်။ မေ သန်းနုတို့၊ သီတာသိမ့်၊ ခိုင်ခင်ဦးတို့ က ရုပ်ရှင် အစည်းအရုံးက သင်တန်း ကနေ ထွက်လာတဲ့ သရုပ်ဆောင်တွေ ပါ။ သင်ဆရာ ၊မြင်ဆရာ၊ ကြားဆရာ တွေပဲ ရှိခဲ့ပါတယ်။ ဒါရိုက်တာက သင်တာ ရှိတယ်။ တခြား သရုပ် ဆောင်တွေ ဘယ်လို သရုပ်ဆောင်လဲ ဆိုတာ ရုပ်ရှင်ထဲက ကြည်ပြီး အတု ယူခဲ့ ရတာတွေလည်း ရှိတယ်။ ကိုယ် နဲ့ တွဲရိုက်တဲ့ သရုပ်ဆောင်ကြီးတွေ လည်း တွဲပြီး ဖေးမ သင်ကြားပေးပါတယ်။ ဒါရိုက်တာကလည်း သင်တယ်။ ကိုယ်နဲ့ တွဲပြီး ရိုက်ဖော်ရိုက်ဖက် သရုပ်ဆောင်တွေ ကလည်း သင်ပေးပါတယ်။ သင်တန်းတွေ လည်း မရှိတော့ သီအိုရီတွေလည်း သိပ်မသိခဲ့ဘူး။ ဒါရိုက်တာ ညွှန်ကြား တာကို တတ်နိုင်သမျှ ကြိုးစားပြီး သရုပ်ဆောင်ခဲ့ ရပါတယ်။ အခု နောက်ပိုင်း ကိုယ် သရုပ်ဆောင်ခဲ့တာ တွေ ပြန်ကြည့်တော့ လိုအပ်ချက် ကလေးတွေ ပြန်တွေ့တယ်။ ဟို ခေတ် ကတော့လည်း သူ့ဟာနဲ့ သူမ ဆိုး ဘူးပေါ့။ အခုခေတ် ကလေးတွေ သရုပ်ဆောင်တာ ပိုပြီး သဘာဝကျ လာတာ တွေ့ရပါတယ်။
တေးစီးရီးထုတ်ဖြစ်ခဲ့ပုံအဲဒီတုန်းက စီးရီးတွေ ထုတ်ကြ တော့ ကျွန်မ ကလည်း ကပွဲလေးတွေ စတိတ် ရှိုးလေးတွေမှာ သီချင်း ဝါသနာပါတော့ ဆိုဖြစ်တယ်။ မြန်မာ့ အသံ တီဗီ စပေါ်လာတဲ့ အချိန် မှာ စစချင်း နွဲ့ယဉ်ဝင်း ရဲ့တေးများတို့၊ ဘယ်သူရဲ့ တေးများ ဆိုပြီး လုပ်တော့ ကျွန်မ လည်း မေဝင်းမောင် ၏ တေးများဆို ပြီး သီချင်းလေး ၊ငါးပုဒ်လောက် ဆို ဖြစ် ခဲ့ပါတယ်။ အဲဒီတုန်း ကတော့ အဲဒီမှာ ရိုက်မယ့် သီချင်းလေး၊ ငါးပုဒ် ကိုပဲ ဒေါ်ဖြူသီ ရဲ့ စတူဒီယိုမှာ သွင်း ပြီးတော့ မြန်မာ့အသံမှာ ရိုက်ခဲ့ပါ တယ်။ နောက်တော့ ကိုယ်တိုင် စီးရီး ထုတ်မယ်ဆိုပြီး ကိုသစ်မင်းတို့ ကိုသု ခမိန်လှိုင် တို့ကို သီချင်း အပ်ပါတယ်။ တီးဝိုင်း ကလည်း နှစ်ဖွဲ့ဖြစ်ပါတယ်။ New Wave ဆိုတဲ့ အဖွဲ့ရယ်၊ ဒိုင်းန မိုက် ဆိုတဲ့ အဖွဲ့နှစ်ဖွဲ့နဲ့ အခွေ တစ်ခွေ လုပ်ခဲ့ပါတယ်။ အဲဒီ အခွေမှာ ကို ဇော်ဝင်းရှိန် နဲ့ တွဲပြီး သီချင်းတစ်ပုဒ် တွဲဆိုထားပါတယ်။ ကျွန်မ အနေနဲ့ ကိုယ့် ကိုယ်ကိုယ် တကယ့် အဆိုတော် ကြီးတစ်ယောက်လို မယူဆပါဘူး။ ဝါသနာ ပါလို့သာ ကြိုးစားပြီးတော့ ဆိုတဲ့ ရုပ်ရှင် သရုပ်ဆောင် တစ် ယောက်ပါ။ ဝါသနာ အရ သီချင်းဆို ရတာ ကိုလည်း ပျော်ပါတယ်။ သူက ပရိသတ်နဲ့ ချက်ချင်း ထိတွေ့ခွင့်ရ တယ်။ တီဗီမှာ သီချင်း လွှင့်ရင်လည်း မြန်တယ်။ ဆိုတဲ့ ရိုက်တဲ့ အချိန်နဲ့ လွှင့်တဲ့ အချိန် သိပ်မကွာဘူး။ ရုပ်ရှင်ဇာတ်ကား ကြီးကျတော့ တည်း ဖြတ်၊ နောက်ခံ တီးလုံးသွင်း၊ အသံ ပြန်ထပ်၊ ဆင်ဆာတင် စသဖြင့် အဆင့်ဆင့် ရှိသေးတော့ တစ်ခါရိုက် ပြီးရင် ပရိသတ် ကြည့်ရှုခွင့် ရဖို့ဆို တာ အတော်ကြာတယ်လေ။
အနုပညာသက်တမ်းတစ်လျောက် အမှတ်တရ
အနှစ်၂ဝ နီးပါးလောက် အနု ပညာအလုပ်တွေ လုပ်ဖြစ်ခဲ့ပါတယ်။ “ကျွန်းကလေးမှာ နှစ်ယောက်ထဲ’ ရုပ်ရှင်ဇာတ်ကား ဆိုရင် ကျွန်မအ တွက် အတော် ထူးခြားတဲ့ အတွေ့ အကြုံလေးပေါ့။ ဒါရိုက်တာ က ဦးစိန် ဖေတင်ပါ။ မင်းသားက ဒေါ်ခင်သန်း နုရဲ့ မောင်။ ကိုကျော်မောင်မောင် သွင်ပါ။ ဟိုးပင်လယ် ထဲမှာ ပုသိမ်က နေမှ တစ်ဆင့် ဂါး လို့ခေါ်တဲ့ စက် လှေတွေနဲ့ အဝေးကြီး တစ်ခါထပ် သွားပြီး ရိုက်ရတယ်။ အဲဒီမှာ တစ်လလောက် နေရတယ်။ ဟိုရောက် တော့မှ ဘာမှ အဆက် အသွယ် လည်း မရှိတော့ ဘူး။ အနေအထိုင်၊ အစားအသောက် ကအစ နည်းနည်း တော့ ဆင်းရဲတာပေါ့။ ဒါပေမဲ့ ဇာတ်လမ်း အပေါ်မှာ ကိုယ်က စိတ် ဝင်စားနေတော့ ပျော်ပါတယ်။ ဇာတ် လမ်းက ဆန်း တယ်လေ။ အဲဒီဇာတ် ကားလေးက တော်တော်လေး အမှတ် တရဖြစ်ပါတယ်။ အဲဒီကျွန်းမှာပဲ ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ် နဲ့ ရတနာကျွန်း ဆိုတာကို ကိုကျော်သူ၊ ကိုစူဝမ်း၊ ခိုင်ခင်ဦးတို့နဲ့ နှစ်စုံတွဲ သွားရိုက်ကြသေးတယ်။ ကျွန်းက လေးမှာ နှစ်ယောက်ထဲ တုန်းက တော့ ကျွန်းဘက် ကို သွားတာ ပထ မအတွေ့ အ ကြုံပေါ့။ ချစ်တဲ့သူငယ် လေဆိုတဲ့ ဇာတ်ကား လည်း ကျွန်မ တော်တော်လေး ကြိုက်ပါတယ်။ အဲ ဒါက ကိုဝဏ္ဏ ကိုယ်တိုင်ရေးထားတဲ့ ဝတ္ထုကို သူ့ရဲ့ညီ ကိုရူပနဲ့ ရိုက်တာ ပါ။ ကိုရူပရဲ့ ပထမဆုံး ဇာတ်ကားပေါ့။ ကိုရူပ ကလည်း သရုပ်ဆောင်သစ် ဆိုပေမယ့် ကြောင်မနေ၊ ကျန်မ နေတော့ သူနဲ့ တွဲပြီး သရုပ်ဆောင်ခဲ့ ရတဲ့အခါမှာ ကျွန်မ အ တွက် အထူး ကြိုးစားပြီး စိတ်မသွင်းခဲ့ရပါဘူး။ သူက သဘာဝလည်း ကျတယ်။ ဦး သာဓု ကစပြီး ကိုဝဏ္ဏတို့ ညီအစ်ကို တွေအဖွဲ့က သဘာဝ အုပ်စုလို့ သူတို့ ကိုယ်သူတို့ အမည်ပေးထားတဲ့ အတိုင်း တကယ်ပဲ သဘာဝ ကျကြ ပါတယ်။
အကယ်ဒမီရရှိခဲ့တဲ့ ဇာတ်ကား
ကြည်ပြာက ၁၉၈ဝ ခုနှစ်က ရိုက်တာပါ။ စာပေဆုရတဲ့ ဝတ္ထုတစ် ခုပေါ့။ ဟိုလောင်းပန်းပွင့် ဘယ်ဂုဏ် နဲ့ ဝင့်မတုန်း ဆိုတဲ့ နာမည်နဲ့ပါ။ ဟို လောင်းပန်းပွင့် ဆို တာ ခေါင် ရမ်းပန်း လေ။ ခေါင်ရမ်းပန်း ဆိုတာက သိတဲ့ အတိုင်းပဲ ဂုဏ် မရှိဘူးလေ။ ဂုဏ်မရှိ တဲ့ ပန်းပွင့်လေးက ဘယ်လို ဂုဏ်နဲ့ များဝင့်နိုင်ပါမလဲ ဆိုပြီး မိဘမဲ့က လေးမလေး တစ်ယောက်ရဲ့ အကြောင်းကို ရေးတဲ့ စာအုပ်ပါ။ စာပေဆု ရပါတယ်။ အဲဒီ စာအုပ်ကို ပြန်ရိုက်တာပါ။ ဒါရိုက်တာ က ယမုန်နာ ရုပ်ရှင်က ဦးကြီးမြင့် ပါတဲ့ သရုပ် ဆောင်တွေ က ကိုထွန်းထွန်းဝင်း၊ လှလှမိုး၊ ကေသွယ်မိုး၊ ဒေါ်ခင်လေး ဆွေ၊ အခု လူတိုင်းသိနေတဲ့ တေးသံရှင် သျှီ လည်း ကလေး သရုပ်ဆောင် အနေနဲ့ပါ ပါ တယ်။ ဒီဇာတ်ကားကို မန္တလေးနန်းရှေ့က မြန်မာ သီလရှင် တွေ ထောင်ထားတဲ့ မိဘမဲ့ မိန်းက လေးများရဲ့ဂေဟာ သဘောမျိုး မှာ ရိုက်ခဲ့ပါတယ်။ သူတို့က မိဘမဲ့သွား တဲ့ မိန်းကလေးတွေ အရွယ် အစား အမျိုးမျိုး စကား မပြောတတ်သေးတဲ့ အရွယ်ကနေ ဆယ်တန်းလောက် အထိ အဲဒီကလေးတွေကို တာဝန်ယူ ပြီး တော့ စောင့်ရှောက် ထားတယ်။ ကျောင်းလည်း ထားပေးတယ်။ ကြီးတဲ့ ကလေးတွေက ငယ်တဲ့ကလေး တွေကို တစ်ဆင့် တစ်ဆင့်စီ ကူပြီး ထိန်းပေးသွားတယ်။ စာတွေ ကူပြပေးတယ်။ ကျွန်မက အဲဒီဇာတ်ကား ထဲ မှာ ကျွန်မရဲ့ မိခင်ဆုံး သွားတော့ အဲဒီကျောင်းကို ရောက်လာတယ်။ ကျွန်မ ထိန်းပေးရတဲ့ ကလေးမလေး ကကို ထွန်းထွန်းဝင်း ရဲ့ တူ မလေး၊ ဒါ ပေမဲ့ အဲဒီ အချိန်မှာ မသိကြသေး ဘူး။ ကိုထွန်းထွန်းဝင်း ရဲ့ တူမလေး ကို ထိန်းပေးရာ ကနေ သံယောဇဉ် တွေ ရှိလာပြီးတော့ ဒီကျောင်းက နေ ထွက်ခွာဖို့ အခွင့်အရေး ရလာတာ တောင် မထွက်တော့ဘဲ ကိုယ့်ဘဝ တူညီမငယ်တွေ အပေါ်မှာ သံယော ဇဉ် ဖြစ်သလို၊ အဲဒီကျောင်း အပေါ်မှာ လည်း သံယောဇဉ် ဖြစ်ပြီး အဲဒီ ကနေ ဘွဲ့ရတဲ့ အထိ ကြိုးစားပြီး ဒီကလေး တွေရဲ့ နောင်ရေးတွေ အတွက် ကူညီ ပြီးတော့ လုပ်သွားမယ် ဆိုပြီး ဆုံးဖြတ် လိုက်တဲ့ ဇာတ်လမ်းလေးပါ။ ဇာတ် လမ်းလေးက ရည်ရွယ်ချက်လေး လည်း ကောင်းတယ်။
ပြီးတော့ ဒီလို ကလေးမလေး တွေရဲ့ ဘဝအကြောင်းလဲ အဲဒီတော့ မှ ကျွန်မတို့ လေ့လာ သိရှိရတယ်။ သူတို့လေးတွေ ရဲ့ ဘဝလေးတွေက လည်း ကံဆိုးပေမယ့် ကံကောင်း တယ် လို့ခေါ်ရမှာပေါ့။ ငယ်ငယ်ရွယ်ရွယ် နဲ့ မိဘမဲ့ဖြစ်သွားတယ်။ ဒါပေမဲ့ ဒီလိုမျိုး စောင့်ရှောက်တဲ့ အဖွဲ့ အစည်းမှာ လာပြီး ကြီးပြင်းရတယ် ဆို တော့ သူတို့ ဘဝတွေလဲ ကံကောင်း တာပေါ့။ သူတို့ ဘဝ ရပ်တည်မှုတွေ အတွက် ပြုစု ပျိုးထောင်ပေးလိုက်တာ လေ။ အဲဒီကနေအောင် သွားပြီး ဘွဲ့ ရတဲ့သူတွေလည်း ရှိတယ်။ အဲဒီ ဘဝ တွေ အကြောင်းကို လေ့လာသိရှိရ တယ်။ တကယ်လဲ ကိုယ့်မျက်စိရှေ့ မှာ သူတို့တစ်နေ့ တစ်နေ့ ဘယ်လို နေထိုင်စားသောက်ပြီးတော့ ဘုရား တွေ ရှိခိုး ကြတယ် ဆိုတာ မျက်စိရှေ့ မှာမြင်ရတော့ သရုပ်ဆောင် ရတာလဲ ပိုပြီးတော့ စိတ်ပါတာပေါ့။ အထူး စိတ်သွင်း နေစရာတောင် မလိုဘူး။ သူတို့လေးတွေ ကြည့်ရတာ စိတ် မကောင်းသလို ကြည့်ရတာလဲ ဝမ်းလဲ သာပါတယ်။ အခုလဲ အမျိုးသမီး နေ့ဆိုရင် ဒီဇာတ်ကားကို အမြဲပြတယ် လို့ကြားပါတယ်။ ဒီဇာတ်ကား နဲ့ အကယ်ဒမီဆု ရတော့လဲ ပြောမပြ နိုင်အောင် ဝမ်းသာပါတယ်။ ဝမ်းသာ လွန်းလို့ မျက်ရည်တောင် လယ်ပါ တယ် ဆိုတဲ့ အတိုင်းပဲ၊ ဆုကြော်ငြာချိန် တုန်းက ထိုင်ခုံကို မီးမောင်းကြီးတွေ နဲ့ ထိုးရှာပြီး ထိုင်ခုံနံပါတ်ကို အရင် ကြေညာလိုက်တယ်။ ထိုင်ခုံနံပါတ်ကို ကြေညာလိုက်တော့ ကိုယ်ရတယ် ဆို တာ သိလိုက်ရတဲ့ အချိန်မှာ ပြောမပြ နိုင်လောက်အောင် ဝမ်းသာပီတိတွေ ဖြစ်ခဲ့ရပါတယ်။
အနုပညာလောကနဲ့ ကင်းကွာခဲ့ပုံ
ပထမဆုံးတစ်ခေါက် ထွက်တုန်း က ၈၉ ခုနှစ် ကထွက်တယ်။ ၉ လ လောက် ကြာတော့ ပြန်လာပါတယ်။ ဗီဒီယိုတွေ ရိုက်တယ်။ နောက်ထပ် တစ်ခါ ထပ်ထွက်တဲ့ အချိန်မှာ US မှာ မဟာဗိသုကာ ကျောင်းသွားတက်နေ တဲ့ ကိုသက်ဝင်း နဲ့ ပြန်ဆုံကြပြီး မိဘတွေရဲ့ ခွင့်ပြုချက် နဲ့ အိမ်ထောင် ပြုခဲ့ပါတယ်။ ကျွန်မက အဲဒီ အချိန် မှာ ဗီဒီယိုတွေ လဲ တော်တော်လေး ရိုက်နေရက် နဲ့ ထွက်သွားတာ ဆိုတော့ ဟိုရောက်တော့ အိပ်မက်ထဲမှာ ရုပ်ရှင်တွေ ရိုက်နေတာပေါ့ (ရယ် လျက်) အိမ်ကိုလည်း လွမ်း တာပေါ့။ ဒါပေမဲ့ နည်းနည်း ကြာသွားတဲ့အခါ မှာတော့ နေသားကျသွားပါတယ်။
နိုင်ငံခြားမှာ အနုပညာနဲ့ပတ်သက် ပြီး လေ့လာ
ဟိုမှာ ကျောင်းတက်ဖြစ်ပါ တယ်။ UCLA မှာ Film and Television and Multi- Media ဆိုတဲ့ ပရိုဂရမ် တစ်ခု အစအဆုံး တက် ဖြစ်ပါတယ်။ Editing ပိုင်းတွေ၊ Directing တွေလဲ လေ့လာ သင်ကြားပါတယ်။ သရုပ်ဆောင် သင်တန်းကို လဲ ဟိုမှာ သူတို့ ဘယ်လို သင်ကြသလဲ ဘယ်လိုစိတ်သွင်းကြသလဲ ဆိုတာ လေ့လာ ချင်တဲ့ အတွက် အဲဒီသင်တန်း တွေလဲ တက်ခဲ့ပါတယ်။ ဒါရိုက်တာ လုပ်မယ်လို့ ကိုယ်က စိတ်ကူးလိုက် သေးတော့ ဓာတ်ပုံပညာ ပိုင်းဆိုင်ရာ သင်တန်းတွေလဲ တက် လိုက်ပါသေးတယ်။ ကိုယ်မသိခဲ့တာတွေ အများကြီး ရှိတယ်ဆိုတာ သိခဲ့ရတယ်။ စနစ် တကျ သင်ကြားရ လို့ရှိရင် ပိုပြီး အကျိုး ရှိတယ်ဆိုတာ မြင်တာပေါ့။ ကိုယ့် တိုင်းပြည် မှာလည်း အခုတော့ သင်တန်းတွေ ရှိသလောက် ရှိလာတာ သိရလို့ ဝမ်းသာပါတယ်။ ပထမပိုင်းမှာ Project အနည်းအပါး လုပ်ဖြစ်ပေ မယ့် ကလေးတွေ ရသွား ပြီးတော့ ဘာမှ ဆက်မလုပ်ဖြစ်တော့ဘူး။ အရင်က ထက်စာရင် တိုးတက်လာတဲ့ အပိုင်းတွေလဲ အများကြီး ရှိလာတာ သိရပါတယ်။ မြန်မြန် ရိက်ရလို့ ကျဆုံးတဲ့ အပိုင်းတွေ ရှိသလို ကင်မရာ ပိုင်းတွေ၊ Editing အပိုင်းတွေမှာ အများကြီး တိုးတက်လာတာလဲ တွေ့ရပါတယ်။ ဒီဂျစ်တယ် စနစ်တွေပေါ် လာတော့ အများကြီး ပိုကောင်းလာတယ်။ ကျွန်မတို့ ခေတ်တုန်းက ဖလင် အစစ်ကို သုံးပြီး ရိုက်ရတော့ ဈေးက လည်း တအားကြီးတယ်။ မှားလို့မရဘူး။ မမှားအောင် ကြိုးစား ရတယ်။ နှစ်ခါလောက် မှားပြီးရင် ဒီ့ထက်ပိုပြီး ရိုက်လို့မရဘူး။ အခုနောက်ပိုင်း ဒစ်ဂျစ်တယ် နဲ့ဖြစ်လာတဲ့ ခေတ်မှာ မကောင်းမချင်း ပြန်ရိုက် လို့ရတယ်။ အချိန်ပဲပေး ရတော့တယ်။ ငွေအရ တော့ ဖလင်ဖြုန်း ရသလောက် မကုန် တော့ဘူး။ အသစ် ကလေးတွေ များများပေါ်လာဖို့ အတွက်လဲ အခွင့် အရေးတွေ ပိုများလာတာပေါ့။ ဟို တုန်းကတော့ သရုပ်ဆောင် သစ်တစ် ယောက်ပေါ်လာဖို့ ဆိုတာ နည်းနည်း ခက်တယ်လို့ ပြောရမယ်။ တချို့တွေ က အသစ်ကိုမတင်ရဲကြဘူး။
ဟိုမှာ ကျောင်းတက်ဖြစ်ပါ တယ်။ UCLA မှာ Film and Television and Multi- Media ဆိုတဲ့ ပရိုဂရမ် တစ်ခု အစအဆုံး တက် ဖြစ်ပါတယ်။ Editing ပိုင်းတွေ၊ Directing တွေလဲ လေ့လာ သင်ကြားပါတယ်။ သရုပ်ဆောင် သင်တန်းကို လဲ ဟိုမှာ သူတို့ ဘယ်လို သင်ကြသလဲ ဘယ်လိုစိတ်သွင်းကြသလဲ ဆိုတာ လေ့လာ ချင်တဲ့ အတွက် အဲဒီသင်တန်း တွေလဲ တက်ခဲ့ပါတယ်။ ဒါရိုက်တာ လုပ်မယ်လို့ ကိုယ်က စိတ်ကူးလိုက် သေးတော့ ဓာတ်ပုံပညာ ပိုင်းဆိုင်ရာ သင်တန်းတွေလဲ တက် လိုက်ပါသေးတယ်။ ကိုယ်မသိခဲ့တာတွေ အများကြီး ရှိတယ်ဆိုတာ သိခဲ့ရတယ်။ စနစ် တကျ သင်ကြားရ လို့ရှိရင် ပိုပြီး အကျိုး ရှိတယ်ဆိုတာ မြင်တာပေါ့။ ကိုယ့် တိုင်းပြည် မှာလည်း အခုတော့ သင်တန်းတွေ ရှိသလောက် ရှိလာတာ သိရလို့ ဝမ်းသာပါတယ်။ ပထမပိုင်းမှာ Project အနည်းအပါး လုပ်ဖြစ်ပေ မယ့် ကလေးတွေ ရသွား ပြီးတော့ ဘာမှ ဆက်မလုပ်ဖြစ်တော့ဘူး။ အရင်က ထက်စာရင် တိုးတက်လာတဲ့ အပိုင်းတွေလဲ အများကြီး ရှိလာတာ သိရပါတယ်။ မြန်မြန် ရိက်ရလို့ ကျဆုံးတဲ့ အပိုင်းတွေ ရှိသလို ကင်မရာ ပိုင်းတွေ၊ Editing အပိုင်းတွေမှာ အများကြီး တိုးတက်လာတာလဲ တွေ့ရပါတယ်။ ဒီဂျစ်တယ် စနစ်တွေပေါ် လာတော့ အများကြီး ပိုကောင်းလာတယ်။ ကျွန်မတို့ ခေတ်တုန်းက ဖလင် အစစ်ကို သုံးပြီး ရိုက်ရတော့ ဈေးက လည်း တအားကြီးတယ်။ မှားလို့မရဘူး။ မမှားအောင် ကြိုးစား ရတယ်။ နှစ်ခါလောက် မှားပြီးရင် ဒီ့ထက်ပိုပြီး ရိုက်လို့မရဘူး။ အခုနောက်ပိုင်း ဒစ်ဂျစ်တယ် နဲ့ဖြစ်လာတဲ့ ခေတ်မှာ မကောင်းမချင်း ပြန်ရိုက် လို့ရတယ်။ အချိန်ပဲပေး ရတော့တယ်။ ငွေအရ တော့ ဖလင်ဖြုန်း ရသလောက် မကုန် တော့ဘူး။ အသစ် ကလေးတွေ များများပေါ်လာဖို့ အတွက်လဲ အခွင့် အရေးတွေ ပိုများလာတာပေါ့။ ဟို တုန်းကတော့ သရုပ်ဆောင် သစ်တစ် ယောက်ပေါ်လာဖို့ ဆိုတာ နည်းနည်း ခက်တယ်လို့ ပြောရမယ်။ တချို့တွေ က အသစ်ကိုမတင်ရဲကြဘူး။
မိသားစု
၁၉၉၃ ခုနှစ်က လက်ထပ်ဖြစ် ခဲ့တာပါ။ အခု ဆိုရင် အိမ်ထောင် သက် နှစ် ၂ဝ ရှိသွားပါပြီ။ သမီးတစ် ယောက်၊ သားတစ်ယောက် ရှိပါတယ်။ သမီးလေး မေသန္ဒီက ၈ နှစ်ပြည့်ခါ နီးပါပြီ။ သားလေး သိင်္ဂါမောင်က တော့ ၅ နှစ် အခုပဲပြည့်ခဲ့တယ်။ သမီး လေးက ဒီတစ်ခါ ကျောင်းဖွင့်ရင် ၃ တန်း၊ သားလေးက သူငယ်တန်း တက် ရပါမယ်။ ကျွန်မတို့ အခု အချိန်ထိ ကလေး ထိန်းမထားပါဘူး။ ကလေး ထိန်းတွေခေါ် လို့ရတယ်။ စိတ်ထဲမှာ စိတ်မချဖြစ်ပြီး ကိုယ်တိုင်ပဲ ထိန်းချင် တယ်။ ကျွန်မ ကိုယ်တိုင်ပဲ အချိန် ပြည့် ကလေးတွေကို ကြည့်ပါတယ်။ ရုပ်ရှင်ရုံမှာ ရုပ်ရှင် သွားမကြည့်ဖြစ် တာတောင်ကြာပြီ။ သွားကြည့်ရင်လဲ ကလေးတွေ ကြည့်တဲ့ ရုပ်ရှင်ဇာတ် ကားပဲ သူတို့ နဲ့ကြည့်ဖြစ်တယ်။ ကိုယ့် ဘာသာကိုယ် သတ်သတ် ရုပ်ရှင် မကြည့်ဖြစ်တာ ကြာပြီ။ သူတို့ ဝါသနာ ပါတဲ့အပိုင်းကို ပံ့ပိုးပေး သွားမယ်လို့ ရည်ရွယ်ပါတယ်။ သမီးလေးကို စန္ဒရား တီးလဲ သင်ပေးနေပါတယ်။ ဒီ လာတဲ့အခါ မှာလဲ အေးအေးမြင့် နဲ့ အကတွေ သင်ပေးပါတယ်။ ဒီတစ်ခေါက်တော့ အကအပြင် ပတ္တလားကို လဲ နုတ်စ် နဲ့ အေးအေးမြင့် ရဲ့အစ်မက သင်ပေးနေပါတယ်။ သူဝါသနာ ပါရင် ဆက်လုပ်ပေါ့။ ဝါသနာ မပါရင်တော့ လဲ တစ်မျိုးပေါ့။ ကိုယ်ကတော့ အခြေခံလေး ရအောင် သင်ပေးနေ ပါတယ်။ အိမ်မှာတော့ မြန်မာလိုပဲ ပြောတယ်။ သူတို့ နားလည်ပါတယ်။ သမီးလေးက နည်းနည်း ပိုပြောနိုင်ပါ တယ်။ သားလေး ကကျတော့ မြန်မာ လို သိပ် မပြောနိုင်ဘူး။ နားတော့လည်ပါတယ်။ ဘုရားစာတွေလဲ သင် ပေးပါတယ်။ သူတို့ကို ဗုဒ္ဓဘာသာ တစ်ယောက်ပဲ ဖြစ်လာစေချင်ပါ တယ်။ သမီးလေးက အမေက လုပ်တာ တွေ့တော့ သူကလည်း တစ်ခါတလေ ပုတီး လိုက်စိပ်တယ်။ သိပ်တော့ နား မလည်သေးဘူး။ ဘုရား ဂုဏ်တော် အရဟံ၊ ဘဂဝါ စသဖြင့် သူ့အတွက် မှတ်ရ လွယ် တာလေးတွေပါပဲ။ ဘုရား ရှိခိုးမှာလည်း သရဏဂုံ သုံးပါးလုံး ဆိုတတ်ပါတယ်။ သားလေး ကတော့ မရသေးဘူး။ သင်ပေးရဦးမယ်။
မြန်မာနိုင်ငံမှာ အခြေချဖို့ရှိ၊ မရှိ
လောလောဆယ် ကတော့ ကျွန်မ အမျိုးသား ကလည်း ဟိုမှာ အလုပ်လုပ်နေပြီး ကလေးတွေကလဲ ဟိုမှာပဲ ကျောင်းတက်နေတာ ဆိုတော့ ဒီမှာ အခြေချဖို့ အစီအစဉ်တော့ မရှိသေးပါဘူး။ သရုပ်ဆောင် အနေနဲ့ လုပ်ဖို့ကလည်း ဒီမှာ အကြာ ကြီးနေ ပြီးလုပ်မှ ရတာလေ။ ဒီတစ်ခေါက် တော့ ကိုMနိုး နဲ့လည်း ဖေ့စ်ဘုတ် မှာ စကားပြောဖြစ် ကြရာကနေ ဒီကို လာမယ့် အစီအစဉ်လေး ရှိတော့ သူနဲ့ ဇာတ်ကားလေး တစ်ကားတော့ ရိုက် ဖြစ်ပါတယ်။ လုံးဝ ပြန်လာပြီး ရိုက်ဖို့ တော့ အစီအစဉ် မရှိသေးပါဘူး။ လာရင်းနဲ့ ကြုံရင်တော့လဲ ကိုယ်လဲ စိတ်ဝင်စားရင် အနုပညာ လုပ်ငန်း တွေ နည်းနည်း ပါးပါးတော့ လုပ်မယ်။ အပြည့်အဝ ခြေချဖို့တော့ မဖြစ်နိုင်သေး ပါဘူး။ အခုအချိန်ထိ အားပေးကြတာကို အများကြီး ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး အားပေးမှု ခံရတာကို ဝမ်းသာရတဲ့ ပီတိက ဘာနဲ့မှ မတူပါဘူး။ ကျေးဇူး လဲ အများကြီး တင်ပါတယ်။
ခိုင်ဝေလွင်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။