နေ့စဉ်သုံး အီဒီယမ်များ အပိုင်း - (၁၈)
to do without: တစ်စုံတစ်ခု မရှိဘဲ၊ မပါဘဲ လုပ်ကိုင်ဆောင်ရွက်သည်။
(to go without ဟုလည်း သုံးနိုင်ပါသည်။)
- With prices so high now, I’ll have to do without a new suit this year.
ကုန်ဈေးနှုန်းတွေ ခုအရမ်းတက်နေတော့၊ ဒီနှစ် အဝတ်အစားအသစ် မဝယ်ဘဲ နေရတော့မယ်။
- As a traveling salesperson, Monica can’t do without a car.
နည်လှည့် အရောင်းသမား တစ်ယောက်ဖြစ်တဲ့အတွက် မွန်နီကာ အတွက် ကားမရှိလို့ မဖြစ်ဘူး။
according to: အလို့ငှာ၊ အလိုအရ၊ အတိုင်း
- The students on the football team were ranked according to height, from shortest to tallest.
ဘောလုံး အသင်းရှိ ကျောင်းသားများကို အရပ် အတို/ အရှည်အတိုင်း စီထားပါတယ်။
- According to my dictionary, you are using that word in your essay incorrectly.
အဘိဓာန်အရ ဆိုရင် ခင်ဗျားရဲ့ အက်ဆေးမှာ စကားလုံးကို မှားယွင်းသုံးထားတယ်။
to be bound to do something: တစ်ခုခုလုပ်ရန် သေချာသည်။
This idiom is used when the occurrence of an event seems inevitable or unavoidable.
- We are bound to be late if you don’t hurry up.
မင်းမြန်မြန်မလုပ်ရင် နောက်ကျမှာ သေချာတယ်။
- With the economy improving now, their business is bound to make more money this year.
ခုအချိန်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်
for sure: သေသေချာချာ၊ တိတိကျကျ (for certain ဟုလည်း သုံးနိုင်ပါသည်။)
- In the dark, I couldn’t tell for sure whether it was John or Michal who drove by.
အမှောင်ထဲမှာဆိုတော့ ကားကို ဂျွန်မောင်းလာတာလား၊ မိုက်ကယ် မောင်းလာတာလား သေသေချာချာ မပြောနိုင်ဘူး။
- I know for certain that Mg Mg will move back to Mandalay next month.
နောက်လမှာ မောင်မောင် မန္တလေးကို ပြန်ပြောင်းမယ်ဆိုတာ ငါ အသေအချာ သိတယ်။
to take for: တစ်ခုခု/ တစ်ယောက်ယောက်ဟု ယူဆသည်၊ ထင်သည်
- Because of his strong, muscular body, I took him for a professional athlete. As it turns out, he doesn’t play any professional sports.
သူ့ရဲ့ခန္ဓာကိုယ်၊ကြွက်သား သန်မာတဲ့ အနေအထားကြောင့် သူ့ကို တကယ့် အားကစားသမား တစ်ယောက်လို့ထင်လိုက်တာ တကယ်လည်း သူကစားရော ဘာမှ ကောင်ကောင်း မကစားတတ်ဘူး
- What do you take me for – a fool? I don’t believe what you’re saying at all.
မင်းငါ့ကို ဘာထင်နေလဲ? ရူးနေတယ်ထင်လို့လား ? မင်းပြောတာတွေကို လုံးဝ ငါမယုံဘူး။
to try out: စမ်းသပ်သည်။
- You can try out the new car before you decide to buy it.
ကားအသစ်ကို မင်းမဝယ်ခင် စမ်းသပ်လို့ ရတယ်။
- I can let you try the computer out for a few days before you make a decision.
မင်းဆုံးဖြတ်ချက် မချခင် ကွန်ပြူတာကို တစ်ရက်/ နှစ်ရက်လောက် မင်းကို စမ်းသုံးခွင့် ပေးမယ်။
to tear down: စနစ်တကျ ဖြိုချ ဖျက်ဆီးသည်။
- The construction company had to tear down the old hotel in order to build a new office building.
အဆောက်အဦး အသစ်ဆောက်ဖို့အတွက် ဟိုတယ်အဟောင်းကို ဆောက်လုပ်ရေးကုမ္ပဏီက ဖျက်သိမ်းရလိမ့်မယ်။
- The owners had to tear the house down after it burned down in a fire.
မီးလောင်ပြီးသွားတဲ့ နောက်မှာ ပိုင်ရှင်က အိမ်ကို ဖြိုချရတော့မယ်။
to tear up: အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ဆုတ်ဖြဲသည်။
- Dora tore up the letter angrily and threw all the pieces into the trash can.
ဒိုရာက စိတ်ဆိုးမာန်ဆိုးနဲ့ စာကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲလိုက်ပြီး အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်တယ်။
- He told the lawyer to tear the old contract up and then to prepare a new one.
စာချုပ်အဟောင်းကို ဆုတ်ဖြဲလိုက်ပြီး အသစ်တခု ပြင်ဆင်ဖို့ သူက ရှေ့နေကို ပြောတယ်။
to run out of: ပြတ်လတ်သည်၊ ကုန်သည်။
- We ran out of gas right in the middle of the main street in town.
မြို့ထဲက လမ်းလယ်ခေါင်တဲ့တဲ့မှာ ဂစ်(စ်)ပြတ်သွားတယ်/ ကုန်သွားတယ်။
- It’s dangerous to run out of water if you are in the desert area.
သဲကန္တာရထဲမှာ ရေပြတ်သွားရင် တကယ်ကို အန္တရာယ်ကြီးတယ်။
အောင်ကိုဦး(UMK)
Be the Best !

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။