Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, August 7, 2013

ဒေါက်တာ ၀င်းဇော်ရဲ့ သမိုင်းမှန်ကို ပြန်ပြောခြင်း

 
ကို စိန်သန်း
ဒေါက်တာ ၀င်းဇော်ရဲ့ သမိုင်းမှန်ကို ပြန်ပြောခြင်း
( ဧရာဝတီ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကာလ အထင်ရှားဆုံး ဓာတ်ပုံတွေထဲက တခုဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် မ၀င်းမော်ဦး သေနတ်ဒဏ်ရာ ရစဉ် သယ်ယူခဲ့သူ ထိုစဉ်က ဆေးကျောင်း သား ၂ ဦးကို လူသိနည်းကြပါတယ်။

အဲဒီ ဆရာဝန်လောင်း ၂ ဦးထဲက ၁ ဦးဟာ တချိန်က ကွယ်လွန်သွားပြီုဖစ်တဲ့ ဒေါက်တာ မင်းသိန်းဖြစ်တယ် ဆိုပြီး ပြောဆို ရေးသားနေကြတာတချို့ရှိခဲ့ပါတယ်။

အခုတော့ အဲဒီ ဆေးကျောင်းသား ၂ ဦးထဲက ၁ ဦးဟာ ဒေါက်တာ မင်းသိန်း မဟုတ်ကြောင်း၊ ဒေါက်တာ ၀င်းဇော်က သူကိုယ်တိုင်သာဖြစ်တယ်လို့ ၀န်ခံ ရှင်းလင်းပြောလာပါတယ်။ ဘာကြောင့် အခုမှ ဖြေရှင်း ချက် ပေးရတယ် ဆိုတာနဲ့ပတ်သက်ပြီး ဒေါက်တာ ၀င်းဇော်က သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်က တဆင့် အခုလို ရေးသား တင်ပြထားပါတယ်။

“ ကိုသူရမေးတဲ့ ဘာကြောင့် အခုမှ ရှင်းရတာလဲ ဆိုတဲ့ပြန်ဖြေကြားချက်”

ကျေးဇူးတင်ပါတယ်…ကိုသူရ ကျွန်တော်တို့ တတွေ လူနာကောက်ကတည်း က ပြည်သူတွေရဲ့ အသက် ကို ကယ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်..အခြားရည်ရွယ်ချက်မရှိပါဘူး..။

ဓါတ်ပုံဆရာတစ်ဦးရဲ့ ဓါတ်ပုံအရိုက်ခံလိုက်ရလို့သာ မှတ်တမ်းတင်တဲ့ ပုံဖြစ်သွားတာပါ။
ဓါတ်ပုံက ၃-၁၀-၈၈ နေ့ ထုတ် Newsweek မှာပါလာပြီးနောက် ကျွန်တော့်ကို MI ခေါ် မေးပါတယ်… (၅) ရက်ကြာပါတယ်။

ကိုစောလွင်ကို (၃) ရက်ကြာမေး ပါတယ်….။ ခေါ် မမေးခင်အထိတော့ ငါ့ကို ဘယ်တော့ လာဖမ်းမလဲဆိုတဲ့ စိုးရိမ်စိတ်က အမြဲရှိနေတာပါ။
အမေးခံပြီးတဲ့နောက်မှာလဲ ဘဝကို အေးအေးပဲဖြတ်သန်းနေခဲ့ပါတယ်။

စာစောင်တွေ..Internet blog တွေ၊ Media တွေမှာခဏခဏ ပါလာတယ်။ တိုင်းပြည် အခြေအနေက လည်း ကိုသူရသိတဲ့အတိုင်းလဲလေ…။
မနှစ်ကအထိမပွင့်လင်းသေးဘူး။ ဒီဓါတ်ပုံကခေတ်စားလာတော့ Media တွေက ရှာဖွေပြီးရေးလာကြတယ်။

မဝင်းမော်ဦးမိဘတွေကျတာ့ Interview တွေ၊ Internet မှာအခြေခံပြီးရေးကြတယ်။ ဒီကြားထဲမှာ ကြယ်တွေကြွေနေတဲ့ တိုင်းပြည်ဆိုတဲ့ Internet ဆောင်းပါးနဲ့ ဒေါက်တာဝင်းဇော်နေရာမှာ ဒေါက်တာ မင်းသိန်း အဖြစ်ထင်ပြီး ဇာတ်နာအောင်ရေး၊ PM မလုပ်တာကိုလဲ လုပ်တယ်လုပ်၊ ဒေါက်တာစောလွင်လဲ PM လုပ်လို့ ထွက်ပြေးရဆိုပြီး ဇာတ်နာအောင်ရေးပြီး စွဲဆောင်မှု ရအောင်ပြု လုပ်ခဲ့တယ်။

ဘာရည်ရွယ်ချက်နဲ့ ရေးခဲ့သလဲတော့မသိဘူး… အဖြစ်မှန်ကို မမေးဘူး။ မသိပဲ လိုချင်တာကို ရအောင်ရေး သွားခဲ့တယ်။ အသံ File ပါတင်ထားတာတွေ တွေ့ရတယ်။ ရှင်းနေရင်လဲ ထပ်ရှုပ်နေမှာပဲ။
ဒါကြောင့် မရှင်းဖြစ်ခဲ့ဘူး။

ဒေါက်တာစောလွင် မိသားစုကလည်းမရှင်းပဲ၊ ဒါပေမယ့် တစ်ချိန်မှာ ရှင်းရမည်ဆိုတာသိနေတယ်။ အခု ပွင့်လင်းလာတဲ့အချိန် ၈၈၈၈ နီးလို့ အများ အာရုံစိုက်တဲ့အချိန်မှာ ရှင်းတာက ပိုကောင်းတယ်။

ဒီကြားထဲ ဒေါက်တာမြတ်ထူးရာဇာတ်ပြန်လာ တာနဲ့ တွေ့တော့ပိုပြီးအဆင်ပြေသွားတယ်။ ရှင်းဖို့ အချိန်တန်ပြီ။ ငွေရတုလည်း တိုင်ပြီပေါ့နော်။

ဒါကြောင့် သမိုင်းအမှန်ကိုပြန်ဖြစ်စေ ချင်တဲ့ ရည်ရွယ်ချက်ပဲရှိပါတယ်။ ကျွန်တော်ကိုယ်၌က လူရှေ့ ကို ထွက်တဲ့ အကျင့်မရှိပါဘူး။

နောက်ကပဲ ပံ့ပိုးတဲ့ အလုပ်ကိုပဲ ဝါသနာပါတာ စလုပ်ကတည်းက ဓါတ်ပုံထဲ ပါအောင်လုပ်ခဲ့တာ မဟုတ်ဘူး။ ကိုယ်ထက် ပင်ပင်ပန်းပန်းနဲ့ ထိထိရောက်ရောက် လုပ်ဆောင်တဲ့သူတွေလည်း အများကြီးပါ။

ဒါပေမယ့် မှတ်တမ်း အတင်မခံခဲ့ရပါဘူး။ ဒါကြောင့် ဒီပုံနဲ့ ပတ်သက်ပြီး အခွင့်အရေး မယူချင်ဘူး ရှေ့မထွက်ချင်ဘူး။ ဒါနဲ့ပဲ ဒီလိုနေတာပါ။

နောက်တစ်ခုကလည်း ၂၀၁၂-၂၀၁၃ လောက်မှာ ဒီမိုကရေစီအရေးတော်ပုံနဲ့ ပတ်သက်ပြီး ရုပ်ရှင်၊ ဇာတ် လမ်း တွေရိုက်မယ်ဆိုပြီး စာစောင်၊ဂျာနယ်တွေမှာ ဒီဓါတ်ပုံကို ခဏခဏဖော်ပြလာကြကတည်းက ရှင်းချိန်တန်ပြီ၊ ရှေ့ထွက်ဖို့ အချိန်တန်ပြီလို့ ယူဆလို့ ရှင်းတာပါ။

ဆေးကျောင်းသားတစ်ယောက် (ဆရာဝန်တစ်ယောက်) အနေနဲ့ လုပ်သင့်လုပ် ထိုက်တာကို လုပ်ရမယ့် အချိန်မှာ လုပ်ခွင့်ရပြီး လုပ်နိုင်ခဲ့တာကိုပဲ ကြေနပ်နေမိပါတယ်။

လူသားတစ်ယောက်အနေနဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ သမိုင်းမှာ တာဝန်ကျေပြွန်အောင်
ဆောင် ရွက်နိုင်တာကိုပဲ ဂုဏ်ယူမိပါတယ်…။

ကျွန်တော်..အဲဒီ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ “ ရှင်သန်နေဆဲ “ ဆိုတဲ့ စာအုပ်ရေးနေပါတယ်။ ပြီးလုပါပြီ။ စက်တင်ဘာ ၁၉ အမီထွက်ပါမယ်။ အဖြစ်အပျက်တွေကို မှတ်တမ်းတင် တာဖြစ်ပါတယ်…။

ဒေါက်တာ ၀င်းဇော်ရဲ့ ရှစ်လေးလုံး အမှတ်တရ ပြန်လည်ပြောပြထားတာကို ဧရာဝတီိမှာလည်း အခု လို ဖော်ပြထားပါတယ်။

သူတို.ပြောသော ၈ လေးလုံးအမှတ်တရမြင်ကွင်းများ

ဒေါက်တာ ၀င်းဇော် (အတွင်းရေးမှူး၊ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့၊ မြန်မာနိုင်ငံ ဆရာဝန်များ အသင်း)(နိုင်ငံတကာ စာမျက်နှာများတွင် ၈ လေးလုံးနှင့် ပက်သက်ပြီး အထင်ရှားဆုံးဖြစ်ခဲ့သော ဆရာဝန် ၂ ဦးက သေနတ်ဒဏ်ရာရ ခဲ့သော ကျောင်းသူကလေး မဝင်းမော်ဦးကိုသယ်ယူလာသည့် ဓာတ်ပုံတွင် ပါဝင်သည့် ဆရာဝန်)

အဲဒီအချိန်မှာ ကျနော်က ဆေးကျောင်းသား (Final Part II) ပဲ ရှိပါသေးတယ်။ အရေးအခင်း ကလည်း စဖြစ်နေပြီ၊ ပြည်သူ အားလုံးကလည်း ပါဝင်နေပြီ။ ဇွန်လ ၂၁ ရက်နေ့က ဆေး ၁ မှာ စပြီး တရားဟော လာပြီ။ ဟောတဲ့သူက မျက်နှာကို ကွယ်ပြီး ဟောတာ။ သူဝတ်ထားတာရော၊ သူ့အသံကို နားထောင်ရ တာရောနဲ့ ဘယ်သူလဲဆိုတာ ကျနော်တို့က သိနေကြတယ်။

ဟောတဲ့သူက ကျနော်တို့နဲ့ ပထမနှစ် စတက်တုန်းက အတန်းတူပဲ။ ဒါပေမယ့် သူက ကျခဲ့လို့ အတန်းငယ် သွားတဲ့ တိုးကျော်လှိုင်ပဲ ဆိုတာ သိတယ်။ နေ့လယ် ၁ နာရီလောက်က စဟောခဲ့တာ ၄ နာရီလောက်လည်း ကျရော “ထောက်လှမ်းရေး၊ ထောက်လှမ်းရေး” ဆိုပြီး ၁ ယောက်ကို ဆွဲခေါ်လာတယ်။ ကျောင်းသားတွေက ၀ိုင်းချတဲ့အခါကြတော့ ဆရာတွေက မေတ္တာရပ်ခံပြီး “လူ့အသက်ကို ကယ်မယ့်လက်တွေ က သွေးစွန်း တဲ့လက်တွေ မဖြစ်ပါစေနဲ့” ဆိုပြီး သူ့ကို တောင်းတယ်။ အဲဒီသူက တပ်ကြပ်မောင်ပြုံး ဆိုတဲ့သူ။ သူ့ကို ဆရာတွေလက်ထဲ အပ်လိုက်တယ်။ နောက်ကျမှ သူ့ကို ရဲစခန်း အပ်လိုက်တယ်။

၂၂ ရက်နေ့မှာလည်း ကျောင်းမှာ ၁၂ နာရီလောက်ကတည်းက တရားတွေ ဆက်ဟောကြတယ်။ ညနေပိုင်းလည်း ကျရော ကျောင်းတွေ ပိတ်လိုက်ပါတယ်။ ကျောင်းသားတွေ ကလည်း နယ်ပြန်တဲ့ သူတွေက ပြန်ကြတယ်။ ဒါပေမယ့် လှုပ်ရှားမှုကတော့ ဆက်ရှိနေတယ်။

အဲဒီလိုနဲ့ စက်တင်ဘာ ၁၂ ရက်နေ့လည်း ကျရော မြန်မာတနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးမှာ ဆေးကျောင်းသားတွေက ကျနော်တို့ ဆေး ၁ ရဲ့ သီရေတာမှာ ဖွဲ့စည်းလိုက်ပါ တယ်။ ကျောင်းသား ခေါင်းဆောင်ပေါင်း ၁၁၉ ယောက်တက်ပြီး ဖွဲ့စည်းနိုင်ခဲ့တယ်။

စက်တင်ဘာ ၁၃ ရက်မှာ ကျနော်တို့ အပြောအရ ကြားဖြတ် အစိုးရ ဖွဲ့စည်းရေး အတွက် ကြီး ၅ ကြီးပေါ့။ ဒေါ်အောင်ဆန်း စုကြည်၊ ဦးတင်ဦး၊ ဦးနု၊ ဗိုလ်ရန်နိုင်၊ ဦးဝင်းကို တို့က စည်းဝေးတယ်၊ ကျနော် တို့ ကျောင်းသားတွေက ကြားဖြတ် အစိုးရ အတွက် ဘယ်လိုလဲ ဆိုပြီး တောင်းဆိုကြတယ်။ ဒါပေမယ့် သူတို့က အချိန်ယူ စဉ်းစားမယ်လို့ ဆိုတယ်။

ဆေး ၁ ကလည်း ကျနော်တို့ ဆေးကျောင်းသားတွေ အားလုံးရဲ့ သပိတ်စခန်း ဖြစ်တယ်။ နေ့တိုင်းလာကြ၊ စုဝေးကြတယ်။ မြို့ထဲကို ချီတက် ဆန္ဒပြကြတယ်။ စက်တင်ဘာ ၁၈ ရက်ကျတော့ ဆေး ၁ ရဲ့ အစာငတ်ခံ ဆန္ဒပြပွဲကို မနက် ၈ နာရီခွဲ လောက် ကတည်းက စတယ်။ ကျောင်းသား ခေါင်းဆောင်တွေ၊ ပါတီအဖွဲ့တွေ လည်း လာတယ်၊ တရား ဟောကြတယ်။ ပါဝင်ဆင်နွှဲတဲ့ လူတွေအားလုံးကလည်း သီချင်းတွေ ဆိုကြရင်း ညနေ ၄ နာရီလောက် ရောက်တဲ့အခါမှာ စစ်တပ်ကနေ အာဏာသိမ်းလိုက် ပါတယ်။

အဲဒီအချိန်အထိ ဘာမှ မဖြစ်သေးဘူး။ ဆက်ပြီး ဆန္ဒပြနေကြတုန်းပဲ။ မှောင်လာတဲ့ အချိန်လည်းကျရော စစ်တပ်ကနေ လူစု ခွဲဖို့၊ မခွဲရင် ပစ်ခတ်ရပါမယ်လို့ အော်တယ်။ အဲဒီမှာ ကျနော်တို့က ဘာလုပ်ကြမှာလဲ၊ ဆက်ပြီးတော့ ပြမှာလား၊ အဖြိုခွင်း ခံမလား ဖြစ်လာတော့ ကျနော်တို့ ဆေး ၁ ပါမောက္ခချုပ်က
“သားတို့သမီးတို့၊ ဒီအချိန်က လူစုခွဲဖို့ အချိန်တန်ပြီ။ ဆရာ တောင်းပန်ပါတယ်၊ လူစုခွဲပေးပါ” ဆိုပြီး ပြောတော့ အားလုံးက ပြန်ကြတယ်။ မိဘတွေကလည်း စိုးရိမ်တကြီးနဲ့ လာကြနဲ့ အကုန်လုံး ပြန်ကြတယ်။

အဲဒီမှာ ကျနော့် သူငယ်ချင်း ညိုဝင်း၊ ညီဝင်းနဲ့ ကျနော်က ဆေးရုံကြီးရဲ့ အခန်း ၅ နဲ့ ၆ မှာ သွားအိပ်တယ်။ အဲဒီမှာ ကိုစောလွင်တာ တာဝန်ကျတယ်။ ကျနော်တို့က ကိုစောလွင်ကို ဘာလုပ်ပေးရမလဲလို့ မေးတော့ သူက ဒီမှာတော့ ကေ့စ်တွေက အများကြီးပဲ။ မင်းတို့ လုပ်နိုင်တာ လုပ်ကြပါဆိုတော့ ကျနော်တို့က ဆေးကျောင်းသားပဲ ဖြစ်နေသေးတဲ့ အတွက် အများကြီး လုပ်လို့မရဘူး။ လူနာတွေကို နေရာချပေးတဲ့ အလုပ်၊ ဆေးထိုး၊ သွေးပေါင်ချိန်၊ သွေးလိုရင် ယူပေးတဲ့ အလုပ် လောက်ပဲ လုပ်ပေးတယ်။

၁၉ ရက်နေ့ ရောက်လာတော့ ၀ပ်ဒ်ထဲမှာ ချီတက်သွားတဲ့ အသံကို ကြားလိုက်တယ်။ ဆေး ၁၊ ဆေး ၂ နဲ့ ကြည့်မြင်တိုင် ဘက်က အဖွဲ့တွေ ချီတက်တာ။ ဆေး ၁ ကိုတော့ ဆရာတွေက တားလိုက်လို့ ရပေမယ့် ဆေး ၂ နဲ့ ကြည့်မြင်တိုင် ဘက်က အဖွဲ့တွေ ဆက်ချီတက်သွားတယ်။ ကျနော်တို့က ၀ပ်ဒ်ထဲမှာရှိနေတုန်း ပစ်နေပြီဆိုတဲ့ သတင်းကို ကြားရတယ်။

၁၀ နာရီခွဲလောက်လည်း ကျရော ကျနော်တို့ ၀ပ်ဒ်ထဲကို ဆရာဦးဝင်းကိုက ရောက်လာတယ်။ ပစ်နေတယ် ကြားတယ်၊ လူနာ ကောက် ထွက်ကြမယ်လို့ ပြောတယ်။ ကျနော်က လိုက်မယ်လို့ ပြောတော့ ဂျူတီကုတ် ၀တ်ခဲ့ပြီး လိုက်ခဲ့ဆိုတာနဲ့ အရေးပေါ် ကားနဲ့ ထွက်လာကြတယ်။ ဆရာဦးဝင်းကို၊ ဒေါက်တာ စောလွင်၊ ဒေါက်တာ သက်နိုင်သွင်တို့လည်း ပါတယ်။ ကားဆရာနဲ့ အပါအ၀င် ၅ ဦးက ဗိုလ်ချုပ်လမ်း အတိုင်း ထွက်လာကြတယ်။

သိမ်ဖြူလမ်း ခုံးတံတားကြီး (စတော့ဂိတ်ခုံး) မှာ ပထမတခေါက် လူနာကောက်တယ်။ ဒုတိယ တခေါက်က အတွင်းဝန် ရုံးဘက်မှာ ကောက်တယ်။ တတိယ တခေါက် ကောက်ဖို့လုပ်တော့ ဆူးလေမှာ ပစ်နေတယ်လို့ ပြောတာနဲ့ ဆူးလေကို တန်းလာခဲ့တယ်။ ဆူးလေဘုရားကို ပတ်ပြီး ထွက်လာတဲ့အချိန်မှာပဲ ကျနော့် တသက်မှာ မေ့လို့မရတဲ့ မြင်ကွင်းကို ကြုံလိုက် ရတာပဲ။

ထိတဲ့သူ အများကြီး စုပြုံနေတာကိုတွေ့ရတယ်။ ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က အသက်ရှင် ကျန်တဲ့သူကို ဦးစားပေး သွားကြည့်တယ်။ အဲဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကလည်း မြေမှာခနေတယ်။ ခွပ်ဒေါင်းလည်း မကနိုင်တော့ဘူး။ သွေးကွက်တွေ ကလည်း ပြန့်ကျဲနေတယ်။ ဖိနပ်တွေကလည်း ပလူပျံနေတယ်။ နိုင်မြန်မာရဲ့သီချင်းထဲကလို ပေတရာပေါ်မှာ ပြည်သူ့ အလောင်းတွေကိုတောင် သတိမရ အားခဲ့ဘူး။

အဲဒီလို အလောင်းတွေ စုပြုံနေတဲ့ရှေ့မှာ အသက်ရှင်စရာ ဘယ်သူရှိမလဲလို့ ကြည့်တော့ အသက်ကို ဖြည်းညင်းစွာ ရှူနေ၊ ရင်ဘတ်က ဖောင်းချည်၊ နိမ့်ချည်ဖြစ်နေတဲ့ ကလေးမလေးကို တွေ့လိုက်တယ်။ ကျနော် အဲဒီကောင်မလေး နားကို ကပ်လိုက်တဲ့အခါမှာ “အစ်ကိုရယ် … ကယ်ပါဦး” လို့ ဆိုတော့ “အစ်ကိုတို့က ကယ်ဖို့လာတာ၊ စိတ်ချ၊ ဘာမှမဖြစ်စေရဘူး၊ စိတ်တင်းထား” လို့ အားပေးလိုက်ပြီး အနားမှာရှိနေတဲ့ ကိုစောလွင်က ခြေထောက်က၊ ကျနော်က လက်မောင်း ၂ ဘက်ကနေ ကိုင်လာရင်း အရေးပေါ်ကားဆီကို သယ်လာတယ်။

အဲဒီလို သယ်နေတဲ့ အချိန်မှာ ဖျတ်ခနဲ မီးတချက် ပွင့်သွားတယ်။ အဲဒီအချိန်မှာ အပေါ်ကနေ ဓာတ်ပုံမရိုက်နဲ့၊ ဓာတ်ပုံရိုက်ရင် ပစ်မယ်ဆိုတဲ့ အမိန့် ပေးပါတယ်။ အဲဒီ “အစ်ကိုရယ်၊ ကယ်ပါဦး” ဆိုတဲ့သူက မ၀င်းမော်ဦးပဲ။ ကျနော်နဲ့ ကိုစောလွင်တို့ သူ့ကို သယ်လာတဲ့ အဲဒီဓာတ်ပုံကလည်း သမိုင်းဝင်ဓာတ်ပုံ ဖြစ်သွားတယ်။

သူနဲ့အတူ လူနာတွေကို သယ်လာပြီး အရေးပေါ်မှာ ချခဲ့တယ်။ ကျနော်တို့က ထပ်ထွက်တယ်။ တနေ့လုံး လူနာကောက်တဲ့ အလုပ်လုပ်တာ။ မ၀င်းမော်ဦးကို IC အတွင်းမှာ ထားတယ်။ အဲဒီထဲမှာ ဆေး ၂ က သူငယ်ချင်းဖြစ်တဲ့ မိုးသူဝင်းက ဒဏ်ရာနဲ့ ရောက်လာတယ်။ သူထိထားတာ လက်မောင်းမှာ။ ရောက်လာတဲ့ အချိန်မှာ သွေးပေါင်ချိန်က သုည ဖြစ်နေပြီ။ သူ့ကို ခွဲတာက ဆရာကြီး ဦးကျော်မြင့်နိုင်နဲ့ ကိုမြတ်ထူးရာဇတ် တို့က ခွဲတာ။ ခွဲပြီးတော့ သူ့ကိုလည်း အဲဒီ IC ထဲမှာပဲ ထားတာ။

အဲဒီနေ့ ညနေမှာ IC ထဲကို ရောက်တော့ မိုးသူဝင်းကို တခေါက် သွားကြည့်သေးတယ်။ အဲဒီမှာ ကျနော်တို့ သယ်ခဲ့တဲ့ မ၀င်း မော်ဦးကို ဖျတ်ကနဲ သတိရလိုက်လို့ သွားကြည့်တော့ သူက အသက် ရှိသေးတယ်။ သူက ညာဘက် လက်မောင်းကို ကျည်ဆံ တချက် ထိတယ်၊ အဆုတ်ကို တချက်ထိတယ်၊ ခြေထောက်ကို တချက်ထိတယ်။ အဆုတ်ကို ထိတဲ့အတွက်ကြောင့် အဆုတ် တခြမ်းကို လှီးထုတ်လိုက်ရတယ်။ ဆိုးသွားတာက မ၀င်းမော်ဦး ရောက်တဲ့ အချိန်မှာ သွေးပေါင်ချိန်က သုည ဖြစ်နေတယ်။ ခွဲပြီးတဲ့အခါ ကျတော့လည်း အခြေအနေက သိပ်ပုံမှန် မဖြစ်ဘူး။ သူတကယ် သေသွားတယ် ဆိုတာကို နောက်နေ့မှ ကျနော် သိရတယ်။

http://blog.irrawaddy.org/2013/08/blog-post_1683.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။