သက်တန့်ချို
လူတချို့က
အစစ်အမှန်ကိုကြောက်ရွံ့တယ် ရုပ်လုံးမပြတတ်ကြဘူး
လူတချို့က
အားနာလို့ အ ချင်ယောင်ဆောင်တာကို တကယ် အ တယ်လို့ထင်တတ်ကြတယ်
လူတချို့က
နည်းနည်းလေး အလျော့ပေး အလေးထားဆက်ဆံတာနဲ့ ခေါင်းပေါ်တက်ဖို့ ၀န်မလေးကြဘူး

ရိုးရှင်းတဲ့ကိစ္စရပ်တချို့ကို ကိုယ့်မှာရှိတဲ့မရိုးမရှင်းစိတ်ထားနဲ့တွေးတောပြီး ရှုပ်ထွေးအောင်လည်းပြုတတ်ကြတယ်
လူတချို့က
ဖြစ်သင့်မဖြစ်သင့်မစဉ်းစားပဲ ကိုယ်ဖြစ်ချင်တာကိုသာဦးစားပေးပြီးမြေခွေးပမာ အကောက်ကြံတတ်ကြတယ်
လူတချို့က
အရှေ့မှာပြုံးနေသလောက်အနောက်မှာ မဲ့နေတတ်ကြတယ်
လူတချို့က
အပေါ်ယံမှာ သကာချိုတွေပြည့်နေသလောက်အတွင်းစိတ်မှာ မစင်ပုပ်တွေနဲ့ပြည့်နေတတ်ကြတယ်
လူတချို့က
ဘ၀ဆိုတာ တိုတိုလေးဆိုတာ မသိကြဘူး ပူလောင်ခြင်း မနာလိုခြင်း ကောက်ကျစ်ခြင်း ကုန်းချောခြင်း တွေနဲ့ပဲအချိန်ကုန်နေတတ်ကြတယ်
( သက်တန့်ချို )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။