တို့ချစ်တဲ့ ကမ္ဘာ ... တို့ချစ်တဲ့ ကလေးတွေ
" မိဘကောင်းတစ်ယောက် - DR. သုခ "
လူ့ဘ၀ရဲ့ အသက်အရွယ်အပိုင်းအခြားတွေ အများကြီးထဲမှာ မိဘတစ်ယောက်အနေနဲ့ ဘ၀ကိုဖြတ်သန်းရတဲ့အချိန်ဟာ အနည်းဆုံးပျမ်းမျှ ဘ၀သက်တမ်းတစ်ဝက်လောက်တော့ ရှိပါတယ်။ နို့စို့ဖို့၊ ငိုဖို့၊ ရှုးပေါက်ဖို့ကလွဲပြီး ဘာမှ ရေရေရာရာ မသိသေးတဲ့ ရင်သွေးလေးကို လူပုံအလယ်မှာ ထည်ထည်ဝါ၀ါ ရပ်တည်နိုင်အောင်၊ အသိဉာဏ်ဖွံ့ဖြိုးထက်မြက်လာေ
ရင်သွေးငယ်ကိုပျိုးထောင်တဲ့
ဒီဆောင်းပါးမှာတော့ ရင်သွေးလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဘယ်လိုကောင်းမွန်အောင် တည့်မတ် သင်ကြားသွားမလဲ ဆိုတာကို ခြုံငုံသုံးသပ်ပေးထားပါတယ်။
* သင် ဘာတွေလုပ်နေလဲ။
မိဘရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ အမူအကျင့်၊ အလေ့အထ (သို့မဟုတ်) မိဘက တခြားလူတွေ အပေါ်ကို ဘယ်လိုဆက်ဆံတယ်ဆိုတာကို ရင်သွေးငယ်က အမြဲတမ်း စောင့်ကြည့်မှတ်သားနေတာပါ။ ဒါဟာ အရမ်းအရေးကြီးပါတယ်။ သင် သူ့ကို ဘယ်လိုကလေးမျိုးဖြစ်လာစေချင
* ကလေးကို အရမ်း မချစ်ပြပါနဲ့။
ကိုယ့်ရင်သွေးကို မိဘတိုင်း ချစ်ကြတာချည်းပါပဲ။ ဒါပေမယ့် ချစ်ကြောင်းကို ပြသပုံလွန်တဲ့အခါ (ဥပမာ - တောင်းဆိုသမျှ အလို လိုက်ခြင်း၊ ပူဆာသမျှ ၀ယ်ခြမ်းပေးခြင်း၊ စာမေးပွဲကျသည့်အခါတွင် လမ်းညွှန်ဆုံးမမှု မပြုခြင်း)မှာတော့ ကလေးရဲ့ စိတ်ဓာတ်က ပျက်စီးဖို့ လွယ်ကူလာပါတယ်။ ရင်သွေးကိုချစ်တာ မင်္ဂလာပေမယ့် ချစ်ခြင်းကို ပြသပုံတော့ မလွန်ကဲပါစေနဲ့။
* သင့်ရဲ့ ဆုံးမစောင့်ရှောက်မှု ပုံစံကို ကလေးအသက်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲပေးပါ။
သင့်ကလေး တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတာကို မျက်ခြေမပြတ် အမီလိုက်နိုင်အောင် ကြိုးစား ပါ။ အသက်ကြီးလာတာနဲ့အမျှ သူ့ ရဲ့ အမူအကျင့်တွေကလည်း ပြောင်းလဲသွားတတ်ပါတယ်။
* ကလေးအတွက် စည်းမျဉ်းစည်းကမ်းတွေကို သေသေချာချာ စဉ်းစားပြင်ဆင်ထားပါ။
ကလေးရဲ့ အမူအကျင့်တွေထဲက မနှစ်သက်တဲ့ အချက်တွေကို ငယ်ရွယ်စဉ်တည်းက မပြုပြင်ခဲ့ဘူး ဆိုရင် သူအရွယ်ရောက်လာတဲ့အခါ၊ သင်နဲ့ သူနဲ့ အတူရှိတဲ့အချိန် ပိုနည်းသွားတဲ့အခါကျမှ ပြုပြင်ဖို့ဆိုတာ တော်တော်ကို ခက်ခဲသွားမှာပါ။
မိဘတစ်ယောက်ဖြစ်လာပြီဆိုရင်
* ကလေးကို ထိုက်သင့်သလောက် လွတ်လပ်ခွင့်ပေးပါ။
ကလေးကို စည်းမျဉ်း၊ စည်းကမ်းနဲ့ တည့်မတ်ပေးတာဟာ အရွယ်ရောက်တဲ့အခါ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိအော
မိဘတွေ တော်တော်များများက ကလေးလွတ်လွတ်လပ်လပ် နေချင်တဲ့အခါ ပြောစကား နားမထောင်ဘူးလို့ သမုတ်တတ်ကြပါတယ်။ တကယ်တော့ ကလေးဆိုတာလဲ လူသားပေးပဲမို့ လူ့သဘာဝအရ လွတ်လပ်ခွင့်ကို လိုလားပါတယ်။ တခြားသူက တရားလွန်ဝင်ရောက်စွက်ဖက်တာက
* တသမတ်တည်း ရှိပါစေ။
ကလေးအတွက် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို တစ်နေ့တစ်မျိုး ပြောင်းနေမယ်ဆိုရင် (သို့မဟုတ်) ရံဖန်ရံခါမှ စည်းကမ်းထုတ်ပြန်လိုက်၊ ပြန်ရုပ်သိမ်းလိုက် လုပ်နေမယ်ဆိုရင်တော့ သင့်ကလေး မလိမ်မိုး၊ မလိမ်မာ ဖြစ်ခဲ့မယ်ဆိုရင်လည်း အဲဒါ သူ့အပြစ်မဟုတ်ဘဲ သင့်အပြစ်လို့ပဲ ပြောရမှာပါ။
ကလေးအတွက် စည်းကမ်းချက်ချမှတ်တဲ့အခါမှ
* ရက်စက်တဲ့ နည်းလမ်းတွေကို မသုံးပါနဲ့။
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ
* ကလေးရဲ့ အသက်အပိုင်းအခြားနဲ့ ဉာဏ်ရည် ဉာဏ်သွေးကို နားလည်ပေးပါ။
မိဘတိုင်းဟာ သားသမီးကို ကောင်းကောင်းမွန်မွန် ကြီးပြင်းစေချင်တဲ့ စေတနာအပြည့်ရှိကြပါတယ်။ စေတနာလွန်ကဲပြီး ကလေးကို အရွယ်နဲ့ မမျှအောင် သွန်သင်မိတာမျိုးလဲ ဖြစ်တတ်ပါတယ်။ (၃)တန်း၊ (၄)တန်း အရွယ် သားသမီးကို အများကြီးရှင်းပြဆုံးမပြီး မြီးကောင်ပေါက် သားသမီးကိုတော့ ရှင်းပြသင့်သလောက် တောင် မရှင်းပြမိဘဲ ဖြစ်တတ်ပါ တယ်။ ဒါဟာ သင့်ကလေးရဲ့ အသက်နဲ့ဦးနှောက်က လက်ခံနိုင်စွမ်းကို သင် သေသေချာချာ နားမလည်ဘူးဆိုတာ ပြနေတာပါ။ သင့်မှာရှိတဲ့
အတွေ့အကြုံနဲ့ ဆုံးဖြတ်နိုင်စွမ်းတွေက သူတို့မှာ မရှိနိုင်ဘူးလေ။
* သင့်ကလေးကို လေးစားပါ။
အံ့သြသွားပါသလား။ သင့်ရဲ့ ရှုမငြီးတဲ့ သားငယ်၊ သမီးငယ်လေးက သင့်ကို ရိုသေလေးစားစေဖို့ အကောင်းဆုံးနည်းလမ်းက သူ့ကို လေးစားပေးခြင်းပါ။ တစ်ခြားသူတွေကို သင် အလေးထားပြီး၊ ဆက်ဆံ သလို သင့်ကလေးကိုလည်း အဲဒီလိုလေး ဆက်ဆံပါ။ သူ့ကို ချိုချိုသာသာပြောပါ။ သူ့ရဲ့ ထင်မြင်ချက်တွေ၊ အတွေးတွေကို ဂရုစိုက်ပေးပါ။ သူ သင့်ကို စကားပြောတဲ့အခါ အဓိပ္ပါယ် ရှိရှိ၊ မရှိရှိ နားထောင်ပေးလိုက်ပါ။ ကြင် ကြင်နာနာ ထွေးပွေ့ပါ။ သင် အလုပ်များနေရင်တောင်မှ အချိန်ပေးနိုင်တာနဲ့ ချက်ချင်း သူ့ကို ချော့မြူပေးပါ။
ကလေးတွေ ကြီးပြင်းအရွယ်ရောက်တဲ့အခါမ
အနှစ်ချုပ်ရရင်တော့ မိဘဆိုတာ သားသမီးကို ချစ်ခင်ကြတာချည်းပါပဲ။ ဒါပေမယ့် ချစ်ပုံချစ်နည်း မှန်ကန်ပါမှ ရိုးသားပြီး ကြင်နာမှုရှိတဲ့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသလို ထိန်းချုပ်နိုင်စွမ်းလည်းရှ
ဒါ့အပြင် ကိုယ့်ရင်သွေးလေး စိတ်ဓာတ်မကျအောင်၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးပင်ပန်းမှု မရှိအောင်၊ အစားအသောက်ကို သမမျှတစွာ မနည်းလွန်း၊ မများလွန်း စားတတ်အောင်၊ လူမှုရေးအသိုင်းအ၀ိုင်းမှာ ၀င်ဆန့် အောင် ၊ အရက်နဲ့ မူးယစ်ဆေးဝါး မသုံးစွဲမိအောင်လည်း ကူညီကာကွယ်ပေးရမှာပါ။
“မိဘတိုင်း အောင်မြင်ပျော်ရွှင်သော ရင်သွေးရတနာလေးများဖြစ်အောင
DR .သုခ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။