Zaw Zaw Latt
“ ပြည်ထောင်စုအတွက် အကျိုးရှိနိုင်မယ့် တည်တံ့ခိုင်မြဲရေးအတွက် ဦးတည်နိုင်မယ့် အခြေခံစည်းမျဉ်ဥပဒေတစ်ခု ထပ်ပြီးတော့ ရေးဆွဲရပါလိမ့်မယ်။ ဒီ ဥပဒေရေးဆွဲရေးအတွက် ပင်လုံညီလာခံကြီးတစ်ခု ပြန်ပြီးတော့ ခေါ်ရမယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ အားလုံးရဲ့အကျိုးအတွက် ဦးတည်မယ်။ အားလုံးက ညီညီညွတ်ညွတ်နဲ့ တတ်နိုင်သမျှလုပ်မယ်။ တစ်ယောက်နဲ့ တစ်ယောက် ညီရင်းအစ်ကိုလို စေတနာ၊ မေတ္တာထားမယ်ဆိုပြီးတော့ အများက သဘောတူညီချက်ရှာမယ်ဆိုရင် အဖြေဟာ ပေါ်နိုင်ပါတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ……
တိုင်းရင်းသားလူမျိုးစုတွေအားလုံးရဲ့ အရေးတွေကို ဖြေရှင်းနိုင်မယ့် ပင်လုံညီလာခံမျိုးဆိုတာ ပြည်သူလူထုတင်မြှောက်တဲ့ အစိုးရမျိုးကမှသာ ခေါ်ယူပိုင်ခွင့် ရှိပါတယ်။ ဒီ ညီလာခံကနေပြီးတော့ ဒီမိုကရေစီနိုင်ငံ၊ ပြည်ထောင်စုသစ်ဖော်ထုတ်ရေးအတွက် ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒီလိုကိစ္စများဟာ အများပြည်သူလူထုကနေပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများမှတစ်ဆင့် တင်မြှောက်တဲ့ အစိုးရမျိုးကမှသာ လုပ်ပိုင်ခွင့်ရှိတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ အများပြည်သူ မတင်မြှောက်ထားတဲ့ အဖွဲ့အစည်းမျိုးက ဒီလိုညီလာခံမျိုးကို ဘာမှ ထိထိရောက်ရောက်လုပ်နိုင်မှာ မဟုတ်ပါဘူး ”
** ဒေါ်အောင်ဆန်းစုကြည် **

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။