Miraculous Master For English Language
၂၀၁၃ ကမ္ဘာ့အကောင်းဆုံး သိပ္ပံတက္ကသိုလ်များ
s
Category: စာဖတ်ခန်း
Written by မင်းထက်
1. Pohang University of Science and Technology

တောင်ကိုရီးယားနိုင်ငံတွင်ရှိသည်။ ကျောင်းသားပေါင်း ၃၃၀၀ ခန့်တက်ရောက်ပညာသင်ကြားနေသည်။ ကျောင်းလခ ဒေါ်လာ ၅၄၀၀ ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံး သိပ္ပံကျောင်းများတွင် နံပါတ်တစ်အဆင့် သတ်မှတ်ထားခြင်းခံရသည်။
2. École Polytechnique Fédérale de Lausanne
ဆွစ်ဇာလန်နိုင်ငံတွင်ရှိသည်။ ကျောင်းသား ၈၅၀၀ ခန့်တက်ရောက်ပညာသင်ကြားနေသည်။ ကျောင်းလခ ဒေါ်လာ ၂၇၀၀ ဖြစ်သည်။ ကမ္ဘာ့အဆင့်နှစ်ဖြစ်သည်။
3. Korea Advanced Institute of Science and Technology (KAIST)
တောင်ကိုရီးယားနိုင်ငံတွင်ရှိသည်။ ကျောင်းသား ၁၀၂၅၀ ခန့် တက်ရောက်ပညာသင်ကြားနေသည်။ ပထမနှစ် တက်ရောက် လာသူတိုင်း အခမဲ့ဖြစ်သည်။ သတ်မှတ်ထားသည့် အနိမ့်ဆုံး Grade 3.0 အဆင့်ကျော်ရမှာသာ အခမဲ့ ဆက်လက်ပညာ သင်ကြားခွင့်ရသည်။ ပျမ်းမျှ Grade 2.0 နှင့် 3.0 ကြားတွင် ရသူများသည် ကျောင်းလခ ဒေါ်လာ ၁၄၆၅ ပေးပြီး ဆက်လက်ပညာသင်ကြားခွင့်ရှိသည်။
4. Hong Kong University of Science and Technology
ဟောင်ကောင်တွင်ရှိသည်။ ကျောင်းသား ၁၂၆၀၀ ဦးခန့် တက်ရောက်ပညာသင်ကြားနေကြသည်။ ကျောင်းလခ ဒေါ်လာ ၁၅၅၅၀ ဖြစ်သည်။
5. University of California, Irvine
အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ Irvine တွင်ရှိသည်။ ကျောင်းသား ၂၇၀၀၀ ဦးပညာသင်ကြားနေကြ သည်။ ကာလီဖိုးနီးယားပြည်နယ်တွင် မနေထိုင်သူများသာ ကျောင်းလခ ဒေါ်လာ ၃၆၀၀၀ ပေးရသည်။
6. Maastricht University
နယ်သာလင်နိုင်ငံ၊ Maastricht မြို့တွင်ရှိသည်။ ကျောင်းသားပေါင်း ၁၅၀၀၀ ဦးခန့်ရှိသည်။ ဥရောပစီးပွားရေးဧရိယာ ပြင်ပမှ လာတက်သော နိုင်ငံတကာကျောင်းသားများသာ ငွေပေးရသည်။ ကျောင်းလခ ဒေါ်လာ ၁၁၄၀၀ မှ၁၂၇၀၀ အတွင်း ရှိသည်။ တက်ရောက်သည့် ဘွဲ့အလိုက် ကျောင်းလခကွာခြားနိုင်သည်။
7. University of York
အင်္ဂလန်နိုင်ငံ၊ York တွင်ဖွင့်လှစ်ထားသည်။ ကျောင်းသားပေါင်း ၁၆၀၀၀ ဦးခန့် တက်ရောက်ပညာသင်ကြားနေသည်။ နိုင်ငံတကာမှ လာတက်သောကျောင်းသားများအတွက် ဒေါ်လာ ၁၉၀၀၀ မှ ၂၆၀၀၀ အတွင်းကျောင်းလခပေးရသည်။ တက်ရောက်သည့်ဘွဲ့အလိုက် ကျောင်းလခကွာခြားမှုရှိနိုင်သည်။
8. Nanyang Technological University
စင်ကာပူနိုင်ငံတွင်ရှိသည်။ ကျောင်းသားပေါင်း ၃၃၀၀၀ ဦးခန့်တက်ရောက် ပညာသင်ကြားနေကြသည်။ ကျောင်းလခမှာ ဒေါ်လာ ၂၂၀၀၀ ဖြစ်သည်။
9. Université Pierre et Marie Curie
ပြင်သစ်နိုင်ငံ ပဲရစ်တွင်ရှိသည်။ ကျောင်းသားပေါင်း ၃၂၀၀၀ ဦးတက်ရောက်ပညာသင်ကြားနေသည်။ ကျောင်းလခ ၃၃၅ ဒေါ်လာဖြစ်သည်။
10. Université Paris-Sud
ပြင်သစ်နိုင်ငံ Orsay တွင်ရှိသည်။ ကျောင်းသားပေါင်း ၂၇၀၀၀ ခန့်တက်ရောက် ပညာသင်ကြားနေကြသည်။ ကျောင်းလခ မရှိ။ အခမဲ့ တက်ရောက်ပညာသင်ကြားနိုင်သည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။