Popular Journal
ရွှေမှုံရတီ ပြောတဲ့ ရှုတင်နဲ့ ကျူရှင်
===================
အခုလတ်တလောမှာ ရွှေမှုံ ရတီက ဒါရိုက်တာ သိန်းဟန် (ဖီးနစ်) ရိုက်ကူးနေတဲ့ဇာတ်ကားမှာ ခန့်စည်သူနဲ့အတူ ရိုက်ကူးနေပါ တယ်။ဒီ ဇာတ်ကားထဲမှာ ရွှေမှုံရတီ ကဗေဒင်ပညာကိုယုံတဲ့ ဆရာဝန်မ တစ်ယောက်အဖြစ် သရုပ်ဆောင် ထားပါတယ်။ရွှေမှုံရတီက ကျောင်း စာသင်နေရင်း တစ်ဖက်မှာလည်း အနုပညာအလုပ်ကို ပရိသတ်တွေ အတွက် အချိန်ပေးပြီး ဇာတ်ကား တွေကို ရိုက်ကူးဖြစ်နေပါတယ်။
"ရွှေမှုံကအခုအချိန်မှာ ပညာ သင်နေရင်းနဲ့ အတတ်နိုင်ဆုံး ပရိ သတ်အကြိုက်တွေ့အောင်တော့ ရိုက်ကူးဖြစ်နေပါတယ်။ အဲဒီ အပေါ် မှာ ရွှေမှုံလိုအပ်သွားတာ လေးတွေရှိရင်လည်း ခွင့်လွှတ်ပါ လို့ ပြောချင် ပါတယ်။ ရွှေမှုံ့အနေ နဲ့က ဇာတ်ကားတစ်ကားနဲ့ တစ် ကားမှာမတူအောင်၊ ကာရိုက် တာကိုလည်း အတတ်...နိုင်ဆုံး ကွဲအောင် သရုပ်ဆောင်ဖြစ် တယ်။ နောက်ပြီး အဝတ်အစား၊ ဆံပင်ပုံစံ ကအစ သေသေချာ ချာ လေးတော့ ပြင်ဆင်ပြီး သရုပ် ဆောင်ဖြစ်ပါတယ်။အဲဒီအတွက် ပရိသတ်လည်း အားရ ကျေနပ် မယ်လို့ မျှော်လင့်ပါတယ်။ ရွှေမှုံ အများကြီးလိုအပ် တာလေးတွေ ရှိတာကို လည်း ရွှေမှုံသိပါတယ်။ ဒါပေမဲ့ ရွှေမှုံထပ်ပြီးတော့ ကြိုးစားသွားမှာပါ။ အခု ရွှေမှုံအနေ နဲ့ကတော့ ကျောင်းစာလည်းသင်နေ ရတယ်။ မနက်ဆို ကားရိုက်တယ်။ ညနေဆို ကျောင်းစာကို ဂရုစိုက်ပြီး သင်ယူဖြစ်နေတယ်။ အခုအချိန် မှာ တော့ ရှုတင်နဲ့ ကျူရှင်ဆိုပြီး အချိန် တွေခွဲပြီးတော့ ပညာရေးနဲ့ အနုပညာ အလုပ်ကိုပဲ အဓိကအချိန်ပေးပြီး လုပ်ဖြစ်နေတယ်" လို့ပြောပါတယ် ။ ရွှေမှုံရတီက စိတ်ကို အမြဲပျော်အောင် ထားပြီး အလုပ်လုပ်တဲ့အချိန် မှာတော့ စိတ်ကို လူကြီးစိတ်နဲ့ပဲ အလုပ်ထဲမှာ စိတ်နှစ်ထားပြီးလုပ်ဖြစ် တယ်လို့ ပြောပါတယ်။

"ရွှေမှုံရဲ့စိတ်ကိုက ပျော်အောင် နေတတ်တယ်။ ကလေးစိတ်၊ လူကြီး စိတ်ဆိုပြီး ခွဲမထားဘူး။ ကလေးစိတ် ဆိုတဲ့အချိန်ဆိုတာ ရွှေမှုံ့မှာ မရှိဘူး။ ရွှေမှုံ စာလုပ်ရတယ်။ အလုပ်လုပ်ရ တယ်။ စာလုပ်တဲ့အချိန်ဆို ရင် ကျောင်းသူတစ်ယောက်စိတ်နဲ့ လုပ် တယ်။ အနုပညာအလုပ်လုပ်တဲ့ အချိန်ဆိုရင်လည်း အလုပ်လုပ်တဲ့ အသက် အရွယ်၊ စိတ်မျိုးကိုပဲ စိတ်ထဲ မှာထားပြီးလုပ် တယ်။အဲဒီလိုမျိုး စိတ် ကိုနှစ်ပိုင်းခွဲပြီးလုပ်တယ်။ ရှုတင်သွားလာနေတဲ့ အချိန်ပဲ လွတ်လွတ် လပ်လပ်လေးနေဖြစ် တယ်။ တကယ့်အလုပ်ထဲကို ရောက်သွားတဲ့ အချိန်မှာကလေး တစ်ယောက်လို လုံးဝမနေပါ ဘူး။ လူကြီးစိတ် သွင်းပြီးတော့ အလုပ်ကိုပဲ အာရုံ ထားပြီး လုပ်ဖြစ် တယ်" လို့ ပြောပါတယ်။ ရွှေမှုံ ရတီက ဒီနှစ်ထဲမှာ လည်းရုပ်ရှင် ဇာတ်ကားကြီးရိုက်ကူးဖို့အ တွက် အစီအစဉ်ရှိတယ်လို့ သိ ရပါတယ်။
လွင်လွင်ထွန်း
လွင်လွင်ထွန်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။