Ko Nay Myo
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အမေ့သား စကားတိုးတိုးပြောလှည့်ပါ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကာ ရံ ချို မြ
သွေး စ စွန်း ထင်း နေ တယ်
တ ယော ကြိုး လည်း
တီး တိုး ငို ကြွေး နေ တယ်
ဂစ် တာ တစ် လက်
အုတ် ခုံ ထက် မှာ
အ သက် မ ရှိ ရှာ တော့ ဘူး ။
အမေ့သား စကားတိုးတိုးပြောလှည့်ပါ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကာ ရံ ချို မြ
သွေး စ စွန်း ထင်း နေ တယ်
တ ယော ကြိုး လည်း
တီး တိုး ငို ကြွေး နေ တယ်
ဂစ် တာ တစ် လက်
အုတ် ခုံ ထက် မှာ
အ သက် မ ရှိ ရှာ တော့ ဘူး ။
အ မေ့ အိမ် နား
ဒီ ည များ မှာ
စစ် သား ဖိ နပ်
တ ခွပ် ခွပ် နဲ့
ရပ် လို့ စောင့် နေ တယ် ။
အိမ် လည် ကြူး တဲ့ သား
မိုး စက် တွေ ကြား မှာ
ငှက် ဖျား မိ နေ ရော့ သ လား ။
အ မေ့ နား မှာ
သား ခေါ် သံ များ
တိုး တိုး ကြား လျင်
နား ကို လှည့် စား
ဒီ ည များ
ဘယ် သွား နေ လဲ လူ က လေး ရယ် ။
သား တို့ ကျောင်း က
ခွပ် ဒေါင်း လံ က လေး
ရေ မြောင်း ဘေး မှာ
သွေး တွေ စွန်း လျက်
ည နေ ဘက် မှာ
အ ရပ် ထဲ က လူ တွေ တွေ့ ခဲ့ သ တဲ့ ။
အ မေ့ သား
စ ကား တိုး တိုး ပြော လှည့် ပါ ။
တင် မိုး
*****
(ဒေါင်းအိုးဝေစာစောင် ၊ အတွဲ(၁) ၊ အမှတ် (၇) အောက်တိုဘာလ ၊ ၁၉၈၉..မှ...)
ဒီ ည များ မှာ
စစ် သား ဖိ နပ်
တ ခွပ် ခွပ် နဲ့
ရပ် လို့ စောင့် နေ တယ် ။
အိမ် လည် ကြူး တဲ့ သား
မိုး စက် တွေ ကြား မှာ
ငှက် ဖျား မိ နေ ရော့ သ လား ။
အ မေ့ နား မှာ
သား ခေါ် သံ များ
တိုး တိုး ကြား လျင်
နား ကို လှည့် စား
ဒီ ည များ
ဘယ် သွား နေ လဲ လူ က လေး ရယ် ။
သား တို့ ကျောင်း က
ခွပ် ဒေါင်း လံ က လေး
ရေ မြောင်း ဘေး မှာ
သွေး တွေ စွန်း လျက်
ည နေ ဘက် မှာ
အ ရပ် ထဲ က လူ တွေ တွေ့ ခဲ့ သ တဲ့ ။
အ မေ့ သား
စ ကား တိုး တိုး ပြော လှည့် ပါ ။
တင် မိုး
*****
(ဒေါင်းအိုးဝေစာစောင် ၊ အတွဲ(၁) ၊ အမှတ် (၇) အောက်တိုဘာလ ၊ ၁၉၈၉..မှ...)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။