Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, August 16, 2013

လိပ်ခဲတည်းလည်း အိန္ဒိယမြန်မာ နယ်စပ်ပြသာနာ

 
Burma-Newselite
လိပ်ခဲတည်းလည်း အိန္ဒိယမြန်မာ နယ်စပ်ပြသာနာ
(ထားထားမြင့် ဆဲဗင်ဒေးသတင်းစာပါဆောင်းပါး)

အိန္ဒိယနှင့်မြန်မာ ထိစပ်နေသော နယ်စပ်အရှည် ၁၉၂၄ ကီလိုမီတာအရှည်ရှိသည့်အနက်မှ
အိန္ဒိယနိုင်ငံမဏိပူရ ပြည်နယ်နှင် မြန်မာနိုင်ငံစစ်ကိုင်းတိုင်း ထိစပ်နေသည့် အရှည် ၃၉၈ ကီလိုမီတာကို နယ်စပ်ခြံစည်းရိုးခတ်သည့်ပြသာနာနှင့်ပတ်သတ်ပြီး အိန္ဒိယနိုင်ငံဘက်မှာယခုရက်အတွင်း ဆူဆူညံညံ ရတက်မအေးဖြစ်နေကြသည်။

ကွန်မြုနစ်ပါတီအပါအ၀င်အိန္ဒိယနိုင်ငံက နိုင်ငံရေးပါတီကြီးများ။ လူမှူအဖွဲ့ အစည်းများက အိန္ဒိယအစိုးရကို နယ်စပ်ခြံစည်းရိုးခတ်နေမှုကို ချက်ချင်းရပ်တန့် ရန်တောင်းဆိုလိုက်သည်။ ထို့ အပြင် မြန်မာဘက်နှင့်ညိနှိုင်းဆွေးနွေးပြီး နယ်စပ်ပိုင်နယ်နယ်မြေကို ပူးတွဲသူတေသန ပြုလုပ်ရန်လည်းတောင်းဆိုလိုက်သည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိနယ်စပ်ခြံစည်းရိုးခတ်မှုအရ မဏိပူရပြည်နယ်ရှိဧရိယာအတော်များများမှာ မြန်မာပိုင်နက်ထဲသို့ ပါသွားနိုင်သည့်အတွက်ကြောင့်ဖြစ်သည် ဟုဆိုသည်။ အနည်းဆုံး နာဂ၊ချင်း၊ကူကီးတိုင်းရင်းသားများနေထိုင်သည့်ကျေးရွာ ၁၅ရွာလောက်မှာ မြန်မာပိုင်နက်ထဲကို ဆုံးရှုံးသွားစေနိုင်သဖြင့် အစိုးရက အချိန်မှီတခုခုမလုပ်ပါက မဏိပူရ ပြည်နယ်တွင် အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများဖြစ်လာနိုင်သည်ဟု အတိုက်အခံပါတီများက အစိုးရကို သတိပေးနေကြသည်။

မဏိပူရပြည်နယ်ဝန်ကြီးချုပ် အိုခရမ်အိုဘိုဘီ ဆင်းကလည်းအိန္ဒိယ၀န်ကြီးချုပ် မန်မိုရမ်ဆင်းနှင့် ပြည်ထဲရေးဝန်ကြီးချုပ် ဆူရှီးလ်ကူမာရှင်ဒဲလ်ထို့ ထံ နယ်စပ်က နယ်နမိတ်တိုင်တချို့ ကို ပြန်လည်တိုင်းတာရန်နှင့် မြန်မာတမူးမြို့ နှင့်ထိစပ်နေသည့် အိန္ဒိယဘက်ခြမ်းမိုးရေးမြို့ အနီးမှာ နယ်နမိတ်တိုင်တွေ ပျောကိဆုံးနေကြောင်းစာရေးသားပေးပို့ ခဲ့ သည်။
‘ အစိုးရကမသိဘဲနဲ့ တော့ ဒီခြံစည်းရိုးခတ်တဲ့ အဖွဲ့ က အိန္ဒိယပိုင်မြေတွေကို မြန်မာဘက်မပေးလိုက်ဘူး”ဟုသူကပြောကြားလိုက်သည်။
သို့ သော်လည်း အိန္ဒိယအစိုးရအတွက် အလောသုံးဆယ် ခြံစည်းရိုးကို ခတ်နေရသည်မှာ ခိုင်မာသောအကြောင်းရှိသည်။ အဓိကအကြောင်းက မြန်မာအိန္ဒိယနယ်စပ်ကို အခြေပြုပြီး သူပုန်ထကြွမှု၊မူးယစ်ဆေးဝါးနှင့်လက်နက်ရောင်းဝယ်နေမှုလမ်းကြောင်းကို ပိတ်ပင်ရန်ဖြစ်သည်။
အိန္ဒိယခွဲထွက်ရေးသူပုန်များသည်မြေအောက် တော်လှန်ရေးသင်တန်းများကို မြန်မာနိုင်ငံဘက်မှာ သွားရောက်ပြုလုပ်နေသည့်အတွက် နယ်စပ်တလျှောက်ဆက်ကြေးတောင်း တိုက်ခိုက်မှုများလုပ်နေသဖြင့် အိန္ဒိယနိုင်ငံနယ်စပ်တလျှောက် တရားဥပဒေစိုးမိုးရေးနှင့်ငြိမ်ဝပ်ပိပြားမှမရှိချေ။

အထူးသဖြင့် NDFBခေါ် ဘိုဒိုလန်ပြည်နယ် ဒီမိုကရက်တစ်တပ်ဦး ခွဲထွက်ရေးသူပုန်အဖွဲ့ သည်အိန္ဒိယနိုင်ငံတွင် ပြန်ပေးဆွဲခြင်းတိုက်ခိုက်ခြင်းများကြောင့် အိန္ဒိယအစိုးရ ကအကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ထားသော လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
မကြာသေးခင်က (NDFB) ခွဲထွက်ရေးသူပုန်အဖွဲ့ က တပ်သားသစ် ၁၅ယောက်ကို မြန်မာနိုင်ငံဘက်ကိုသွားမည့် လမ်းပေါ်မှာ အာသံပြည်နယ်ရဲများက ဖမ်းဆီးရမိသည်ဟု Time of India သတင်းစာကဆိုသည်။ ထို့ ကြောင့်သူပုန်တွေကို နောက်ခံအားပေးနေသလိုဖြစ်သည့် မြန်မာနိုင်ငံဘက်က နယ်စပ်လမ်းကြောင်းကို အိန္ဒိယဘက်က ခပ်မြန်မြန်ပိတ်ပြီး ခြံစည်းရိုးခတ်လိုက်ခြင်းဖြစ်သည်။

“မိုရေးကနေအင်ဖာသွားတဲ့  ကားလမ်းက လုံခြုံမှုမရှိဘူး သူပုန်တွေက စခန်းတွေလုပ်ပြီး လမ်းတောက်လျှောက်ဆက်ကြေးအမြဲတောင်းတယ်။ဒါကို အိန္ဒိယအစိုးရအာဏာစက်ကလဲ မရောက်တော့ ထိထိရောက်ရောက်မဖြေရှင်းနိုင်ဘူးပေါ့ဒါကြောင့်သူပုန်တွေခိုနေတယ်ဆိုတဲ့ အဲဒိရွာတွေကို မြန်မာဘက်ခြမ်းဘက်ပေးပြီး လမ်းစဖြတ်လိုက်တာဘဲ”ဟုတမူးမြို့ မှ ကုန်သည်ဦးမောင်မြင့်က ပြောကြားသည်

တကယ်တမ်းတွင်မှု အိန္ဒိယမြန်မာ နှစ်နိုင်ငံနယ်နမိတ်ခြံစည်းရိုးနယ်နမိတ်သည် ၂၀၀၃ခုနှစ်နှစ်နိုင်ငံအဖွဲ့ များ အသေအချာတိုင်းတာပြီးပြုလုပ်ထားခြင်းဖြစ်သည်။ တကယ်တမ်းပြောကြစတမ်းဆို အိန္ဒိယဘက်ကရွာအချို့ လည်း မြန်မာဘက်ရောက်နေသလို မြန်မာရွာတချို့ကလည်း အိန္ဒိယပိုင်နက်ထဲရောက်နေသည်ဟု မြန်မာအစိုးရဘက်ကအရာရှိတဦးက သတင်းစာတွေကို မကြာသေးခင်က ပြောကြားခဲ့သည်။

မြန်မာမင်းဘကြီးတော်လက်ထက်စစ်သူကြီးမဟာဗန္ဓုလနှင့်မြ၀တီမင်းကြီးဦးစတို့ အောင်ပွဲခတ်ကသည့်
ကုန်းဘောင်ခတ်မြေပုံအထောက်အထားများအရဆို ယခုလက်ရှိတည်ရှိနေသည့် မဏိပူရနှင့်အာသံပြည်နယ်ထဲက နယ်မြေတချို့ ပင်လျှင် မြန်မာပိုင်မြေ ဖြစ်ခဲ့ဖုး၏
သို့ သော်လည်း ယခင်မြန်မာစစ်အစိုးရလက်ထက်အဆက်ဆက် ဒေသခံအာဏာပိုင်များက နယ်စပ်အနီးမှာရှိသော ချင်းရွာများနှင့် တိုင်းရင်းသားနယ်စပ်ရွာများကို နှိပ်စက်ညှင်းပန်းမှုများပြုလုပ်ခဲ့ သည်အတွက် အချို့ ကလည်း မြန်မာပိုင်နက်ရွာပင်ဖြစ်လင့်ကစား အိန္ဒိယနိုင်ငံဘက်ပါရန်အားသန်နေကြသည်လည်းရှိသည်။

“ဥပမာကျွန်းတောရေရှင်တို့ လိုရွာတွေဆိုရင် လူရှိုင်းချင်းလူမျိုးတွေနေကြတယ် ။သူတို့ ကို စစ်အစိုးရလက်ထက်အဆက်ဆက်ကနှိပ်စက်ထားတော့ သူတို့ ကလဲ မြန်မာအစိုးရကို မကျေနပ်ကြဘူး”ဟု
ဦးမောင်မြင့်ကဆိုသည်။

ယခုအချိန်ထိတော့ အိန္ဒိယဘက်က
ဆူဆူပူပူပြသာနာများတက်နေသော်လည်း မြန်မာဘက်က ဘာမှတရားဝင်တုံ့ ပြန်ဖြေရှင်းမှုမပြုလုပ်သေး။ အိန္ဒိယဘက်က စွပ်စွဲပြောကြားသလို ကျေးရွာတွေမြန်မာဘက်ပါသည်မပါသည်ဆိုသည်ကတော့ နှစ်နိုင်ငံပူးပေါင်းပြီးထပ်မံ တိုင်းတာစစ်ဆေးမှသာလျှင် ရှင်းရှင်းလင်းလင်းသိရမည်ဖြစ်သည်။
ထားထားမြင့်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။