Popular Journal
အကြည်တော် ပြောပြတဲ့ ဇာတ်ညွှန်း အကြောင်း
===========================
ဇာတ်ညွှန်းသည် ဝတ္ထုထက် ပို ကျယ်ပြန့်ပြီး သူများ ကြည့်နေသည့် အမြင်အပေါ် ဇာတ်လမ်း ဝင်ဆင် ပေးရခြင်းဖြစ်ကြောင်း စာရေးဆရာ အကြည်တော်က ပြောသည်။
”ဝတ္ထုရေးတယ် ဆိုတာ စာကြောင်း တွေကို စာရွက်ပေါ် မှာချရေးတယ်။ ဝတ္ထုရဲ့ သဘောတရား က သူများရဲ့ ဦးနှောက်ထဲမှာ ဇာတ်လမ်းဝင်ဆင် ရတာ။ ဇာတ်ညွှန်း ကျတော့ ဝတ္ထုထက် ပိုကျယ်ပြန့်သွားပြီ။ ဇာတ်ညွှန်း ပညာကို ရုပ်ရှင် အစည်းအရုံး ကလုပ်တဲ့ သင်တန်း တွေမှာတော့ သူတို့က သင်ပေးပါလို့ ကမ်းလှမ်း လာတာနဲ့ သင်ပေး ဖူး တာတွေ ရှိပါတယ်” ဟု ၄င်းက ဆိုသည်။
”လုံးချင်း လိုင်းက ကျတယ်လို့တော့ ပြောကြတာပဲ။ တချို့ တော်တော် များများ ကတော့ ရပ်ကုန်ကြတာပဲ။ ဒါပေမဲ့ အသစ်တွေ လည်း အများကြီး ထ...ွက်နေကြ တာပဲ။ ရောင်းအားတွေ ကျနေတယ် ဆိုတာ ရုတ်တရက် အခြေ အနေကြောင့် ဖြစ်မှာပါ။ ရေရှည်မှာ တော့ သူ့လိုင်းနဲ့ သူ ရပ်တည်သွားကြ မှာပါ။ အသစ်တွေ အနေ နဲ့ လည်း စာရေးတယ် ဆိုကတည်းက ဝါသနာပါ လို့ ရေးတာ ဆိုတော့ ဝမ်းသာနေပြီးသား။ ကောင်းမွန်အောင် ရေးနိုင်တဲ့ လုံးချင်း ဝတ္ထု အသစ်လေးတွေ ထွက်လာ ရင်တော့ ပိုကောင်းတာပေါ့” ဟု အကြည်တော် က ပြောသည်။

မျိုးမောင်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။