Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, July 15, 2013

"ထင်ရှားသူတို့၏ ဘဝပုံပြင်"

 
Nine Nine Sanay @ နိုင်းနိုင်းစနေ
Run Run Shaw (23 November 1907- )

----လက်တွေ့ကျကျလုပ်ဆောင်ပါ၊ စိတ်ကူးယှဉ်မှုထဲမှာပဲ သာယာမနေပါနဲ့

Run Run Shawက ဟောင်ကောင်ရုပ်မြင်သံကြားအသံလွှင့်ဌာန (TVB) ဥက္ကဌဖြစ်သလို Shaw Brothers (SB) ရုပ်ရှင်ကုမ္ပဏီကို တည်ထောင်ခဲ့သူလည်းဖြစ်တယ်။ ဟောင်ကောင် နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်သူလည်းဖြစ်ပါတယ်။


မွေးဖွားကြီးပြင်းပုံ

Run Run Shawကို ၁၉ဝ၇ခုနှစ် ရှန်ဟိုင်းမြို့က ချမ်းသာကြွယ်ဝတဲ့ ကုန်သည်မိသားစုမှ မွေးဖွားခဲ့တယ်။ ၇နှစ်အရွယ်မှာ ဖခင်က သူ့ကို ရှန်ဟိုင်းမြို့က အမေရိကန်လူမျိုးတွေဖွင့်လှစ်တဲ့ကျောင်းမှာ အင်္ဂလိပ်စာကို သင်ယူစေခဲ့တယ်။ အလယ်တန်းရောက်တော့လည်း အမေရိကန်လူမျိုးဖွင့်တဲ့ ကျောင်းမှာပဲ ပညာသင်ကြားခဲ့တယ်။ ဒါဟာ သူ့ကို အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်စေရုံတင်မက အရှေ့အနောက်တိုင်းရောစပ်တဲ့ ပညာရေး၊ ယဉ်ကျေးမှုကိုပါ သင်ယူစေနိုင်ခဲ့ပါတယ်။

၁၉၂၅ခုနှစ်မှာ တတိယအစ်ကိုဖြစ်တဲ့ Runme Shawက Tian Yi ရုပ်ရှင်ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး စင်ကာပူနိုင်ငံကို ဈေးကွက်ဖြန့်ခဲ့တယ်။ Run Run Shawကတော့ ၁၉၂၆ခုနှစ်မှ ရုပ်ရှင်လောကထဲ ဝင်ခဲ့တာဖြစ်တယ်။ အဲဒီနှစ်က တက္ကသိုလ်တက်ဖို့ သူပြင်ဆင်နေချိန်ဖြစ်တယ်။ အစ်ကိုRunme Shawက သူ့ကို စင်ကာပူလာပြီး အတူတကွလုပ်ကိုင်ဖို့ ဆက်သွယ်ခဲ့လို့ ပညာရေးကိုသူစွန့်လွှတ်ပြီး စင်ကာပူကိုရောက်ခဲ့တယ်။ အဲဒီကစ ရုပ်ရှင်လောကထဲ သူခြေတစ်လှမ်းချင်းစဝင်ခဲ့တယ်။ ဒါဟာ သူ့ဘဝမှာအရေးပါတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့တယ်။

Shaw ညီအစ်ကိုဟာ Nanyang မှာ အလုပ်စထူထောင်တုန်းက အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရတယ်။ စင်ကာပူရောက်စမှာလည်း အိမ်အိုအိမ်ဟောင်းတစ်လုံးငှားပြီး ရုပ်ရှင်ကားတွေကို သူတို့တည်းဖြတ်ခဲ့တယ်။ ပိုစတာတွေလုပ်ခဲ့တယ်။ ၁၉၂ဝခေတ်ကအရှေ့တောင်အာရှမှာ မြို့ပြကြီးတွေမှာသာ ရုပ်ရှင်ရုံရှိခဲ့သလို လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းခဲ့ဘူး။ လူနည်းစုလောက်သာ မြို့ပေါ်တက် ရုပ်ရှင်ကြည့်နိုင်ခဲ့တယ်။ အဲဒီခေတ်ရဲ့ရုပ်ရှင်ဖြန့်ချီရေးဟာ ဘယ်လောက်ခက်ခဲကြောင်း တွေးကြည့်နိုင်ပါတယ်။

Shaw ညီအစ်ကိုဟာ နေ့လယ်ပိုင်းမှာ ရုပ်ရှင်ပြစက်၊ ဇာတ်ကားနဲ့ ရုပ်ရှင်ပြသရာမှာလိုအပ်တဲ့ ပစ္စည်းတွေကို ငှားလာတဲ့ကားပေါ်တင်ပြီး မြို့အနှံ့ ရွာအနှံ့ ပို့ဆောင်ခဲ့ပြီး ညပိုင်းမှာ မြူတွေကြားကကွင်းပြင်ကျယ်မှာ ရုပ်ရှင်တွေပြသခဲ့တယ်။

ချမ်းသာကြွယ်ဝတဲ့မိသားစုက မွေးဖွားလာခဲ့ပြီး မြို့ပြမှာကြီးပြင်းခဲ့တဲ့ Shaw ညီအစ်ကိုဟာ အခက်အခဲ ပင်ပန်းမှုကြောင့် ဒီအလုပ်ကို လက်လွှတ်ဖို့ အကြိမ်ကြိမ်တွေးခဲ့ဖူးပေမယ့် နောက်ဆုံးမှာ အခက်အခဲကို သူတို့ကျော်ဖြတ်နိုင်ခဲ့ကြတယ်၊ အောင်နိုင်ခဲ့ကြတယ်၊ တောင့်ခံနိုင်ခဲ့ကြတယ်။ နှစ်ပေါင်း ဆယ်စုနှစ်ကြာတဲ့အခါ Run Run Shaw က “အဲဒီလိုဘဝမျိုးမှာ ကျွန်တော်အများကြီး သင်ယူလေ့လာနိုင်ခဲ့တယ်။ သင်ခန်းစာရခဲ့တယ်။ တချို့အရာတွေက ကျွန်တော့်ဘဝတစ်သက်တာကို အကျိုးအမြတ်ဖြစ်ခဲ့တယ်။ တကယ်လို့ အဲဒီဘဝအတွေ့အကြုံသာမရှိခဲ့ရင် ကျွန်တော်လည်း ဒီကနေ့ဆိုတာ ဖြစ်လာမှာမဟုတ်ဘူး။ အခုခေတ် လူငယ်လူရွယ်တွေက ရည်မှန်းချက်ကြီးကြတယ်၊ ပညာလည်းတတ်ကြတယ်။ ဒါပေမယ့် ပင်ပန်းတဲ့ဒဏ်ကို သူတို့မခံနိုင်ကြဘူး။ ဒါဟာ သူတို့အတွက် ကြီးမားတဲ့ချွတ်ယွင်းချက်ပဲ”လို့ ပြောခဲ့တယ်။

အခက်အခဲမုန်တိုင်းကြားမှာ Shaw ညီအစ်တို့ရဲ့ရုပ်ရှင်လုပ်ငန်းဟာ တဖြည်းဖြည်း လူသိလာခဲ့တယ်။ ၁၉၃၉ခုနှစ်မှာ Run Run Shaw ရှန်ဟိုင်းပြန်ပြီး သူ့အကြီးဆုံးအစ်ကိုကိုသွားတွေ့ချိန် သူတို့မှာ ရုပ်ရှင်ရုံပေါင်း ၁၃ဝကျော်ရှိနေခဲ့ပြီ။ အဲဒီရုပ်ရှင်ရုံတွေက မလေးရှား၊ ထိုင်း၊ စင်ကာပူနဲ့ အင်ဒိုးနီးရှားတွေမှာဖြစ်တယ်။

Shaw ညီအစ်ကိုတို့ရဲ့ ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့က အဆင်ပြေပြေဖြစ်လာခဲ့တာ မဟုတ်ပါဘူး။ တည်ထောင်စကနေ ရုပ်ရှင်ရုံများစွာပိုင်ဆိုင်တဲ့အထိ ဆင်းရဲဒုက္ခအမျိုးမျိုးကို သူတို့ရင်ဆိုင်ခဲ့ရပါတယ်။ ရုပ်ရှင်လုပ်ငန်းကိုပြိုပျက်စေတဲ့ ဒုက္ခကို ရင်ဆိုင်ခဲ့ရတာလည်း အကြိမ်မနည်းခဲ့ပါဘူး။

ပထမအကြိမ်က ၁၉၃၁ခုနှစ် သြဂုတ်လ ၆ရက်နေ့မှာ ဖြစ်ခဲ့ပါတယ်။ ဟောင်ကောင်မှာ အခြေတည်ထားတဲ့ Tian Yi ကုမ္ပဏီ မီးလောင်ခဲ့ပါတယ်။ မီးဘေးဒဏ်ကြောင့် အဆောက်အဦးတစ်ခုလုံ ပြာကျခဲ့ပြီး ရုပ်ရှင်သုံးပစ္စည်း၊ ရုပ်ရှင်ကားတွေအားလုံး မီးလောင်တိုက်သွင်းခံခဲ့ရတယ်။

ဒုတိယအကြိမ်က ၁၉၄၁ခုနှစ် ဒီဇင်ဘာမှာဖြစ်တယ်။ ဂျပန်တွေ ဟောင်ကောင်နဲ့စင်ကာပူကို ဝင်ရောက်ကျူးကျော်ချိန် သူတို့ရဲ့ရုပ်ရှင်လုပ်ငန်း ထိခိုက်နစ်နာမှုများစွာရှိခဲ့တယ်။ စစ်ပွဲအတွင်းမှာ သူတို့ဖွင့်ထားတဲ့ ရုပ်ရှင်ရုံတော်တော်များများ ပျက်စီးခဲ့တယ်။ Run Run Shaw ကိုယ်တိုင်လည်း ဂျပန်တော်လှန်ရေးကားတွေရိုက်ကူးတယ်ဆိုတဲ့ ပုဒ်မနဲ့ ဂျပန်တွေရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရတယ်။ ၁ဝရက်ကြာ အချုပ်ခံခဲ့ရတယ်။ နောက်ပိုင်းမှာ ဒီအကြောင်းကို လူတွေမေးဖြစ်တော့ Run Run Shaw က “ပြီးခဲ့တာတွေ ပြီးသွားပြီ .. အစပြန်မဖော်ချင်ဘူး”လို့သာ ဆိုခဲ့ပါတယ်။

တတိယအကြိမ်က ၁၉၇ဝခုနှစ် သူတို့ရဲ့ရုပ်ရှင်လုပ်ငန်း အောင်မြင်ချိန်မှာဖြစ်ခဲ့တယ်။ ဒါဟာ ကုမ္ပဏီအတွင်းရေး ပြဿနာဖြစ်တယ်။ သူတို့ဆီမှာ ၁၂နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ “ဖြန့်ချီရေးဝိဇ္ဇာ”လို့ တင်စားခံရသူနဲ့ Run Run Shawတို့ အမြင်မတူ၊ သဘောထားကွဲလွဲမှုကြောင့် ဖြန့်ချီသူဟာ ဝန်ထမ်းကောင်းတွေကိုခေါ်ထုတ်ပြီး ကုမ္ပဏီက ခွာခဲ့တယ်။ သူကိုယ်တိုင် ရုပ်ရှင်ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့တယ်။ Shaw တို့ရဲ့ကုမ္ပဏီက တခဏတွင်းချင်းမှာ “လူသူမဲ့တဲ့အရပ်”ဖြစ်သွားခဲ့တယ်။

ရုပ်ရှင်လုပ်ငန်းကို ပြိုကွဲပျက်ဆီးစေတဲ့ ဒုက္ခတွေ၊ အခက်အခဲတွေများစွာ ကြုံတွေ့ခဲ့ရပေမယ့် Run Run Shaw မတုန်လှုပ်ခဲ့ဘူး။ ဒီကုမ္ပဏီကို အောင်မြင်အောင်ထူထောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုပဲ သူရဲရဲချခဲ့တယ်။ အခက်အခဲပြဿနာတွေကို အံကြိတ်တောင့်ခံပြီး ရင်ဆိုင်ခဲ့တယ်။ ကျော်ဖြတ်ခဲ့တယ်။ အောင်မြင်မှုဆီ တစ်လှမ်းချင်း လှမ်းခဲ့တယ်။

၁၉၅၅ခုနှစ် ဟောင်ကောင်မြို့ရဲ့ Clear Water Bay ဆိုတဲ့အရပ်မှာ “Shaw ရုပ်ရှင်မြို့” ကိုတည်ထောင်ခဲ့တယ်။ ၁၉၅၈ခုနှစ်မှာ ဟောင်ကောင်အခြေစိုက် “Shaw Brothers”ဆိုတဲ့ ရုပ်ရှင်ကုမ္ပဏီကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့တယ်။

နောက်ပိုင်းမှာ ခေတ်တွေ တဖြည်းဖြည်း ပြောင်းလဲတိုးတက်လာတာနဲ့အမျှ ရုပ်ရှင်လုပ်ငန်းကလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့တယ်။ အောင်မြင်မှုသရဖူဆောင်းခဲ့တဲ့ ရုပ်ရှင်ရုံတွေ ပျောက်ပျက်ကုန်ကြတယ်။ Shaw Brothers ကုမ္ပဏီလည်း အရင်ကမကြုံခဲ့ဖူးတဲ့ ခေတ်ရဲ့စိန်ခေါ်မှုတွေကို ခံခဲ့ရတယ်။ လုပ်ငန်းအတွေ့အကြုံအရ ဒီရုပ်ရှင်လုပ်ငန်းကို ခေတ်နဲ့အညီ ပြောင်းလဲမှုတွေ မဖြစ်မနေလုပ်ရမယ်ဆိုတာကို Run Run Shaw နားလည်လိုက်တယ်။ အဲဒီလို ပြောင်းလဲတိုးတက်မှုတွေ ရှိခဲ့တာကြောင့် ဒီကနေ့မှာ ဟောင်ကောင်ရုပ်မြင်သံကြားအသံလွှင့်ဌာန (TVB)က သူ့အတွက် အကျိုးအမြတ်များစွာကို သယ်ဆောင်ပေးလာခဲ့ပါတယ်။ သူ့ရဲ့အတွေ့အကြုံ၊ စဉ်းစားတွေးခေါ်မှု၊ အမြင်ကျယ်မှုတွေဟာ လူတွေ အားကျအတုယူဖွယ် ဖြစ်ခဲ့ပါတယ်။


Li Ming Yi (李明義)ပြုစုရေးသားတည်းဖြတ်သော "ထင်ရှားသူတို့၏ ဘဝပုံပြင်" စာအုပ်မှ

နိုင်းနိုင်းစနေ ဘာသာပြန်သည် (15, July, 2013)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။