Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, June 18, 2013

Prevention of Urinary Tract Infection ကာကွယ်နိုင်သော ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

 
 
ဆီး လမ်းကြောင်း ပိုးဝင်ခြင်းဟာ အဖြစ်များ တဲ့ ပြဿနာ ဖြစ်ပြီး ခံစားရ ခက်စေရုံ သာမက စနစ်တကျ မကုသရင် အန္တရာယ်လည်း ဖြစ်စေ နိုင်ပါတယ်။ သို့သော် လည်း ကံကောင်း တာက ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကာကွယ်နိုင်တဲ့ လက်တွေ့ကျတဲ့ နည်းလမ်းတွေ ရှိနေတာပါ။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းတွေ ထဲက အဖြစ် များတဲ့ ဆီးအိမ် ပိုးဝင်ခြင်းနဲ့ ကျောက်ကပ် ပိုးဝင်ခြင်းတို့ အကြောင်းကို ရေးသား ဖော်ပြမှာ ဖြစ်ပါတယ်။
ဆီးအိမ်ပိုးဝင်ခြင်း
ဆီးအိမ် ပိုးဝင်တာကို ဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေ အမျိုးမျိုး ရှိပေမယ့် အများဆုံး ဖြစ်စေတဲ့ ရောဂါပိုးကတော့ E.coli ဘက်တီးရီးယားပဲ ဖြစ်ပါတယ်။ Sptaphylococcur Saprophyticus ဗက်တီးရီးယားတွေ ဟာလည်း ဆီးအိမ် ပိုးဝင်တာ ကို ဖြစ်စေပြီး ကျောက်ကပ်မှာ ကျောက်တည်စေနိုင် ပါတယ်။ အများ အားဖြင့် ခန္ဓာကိုယ် အပြင်ဘက်ကို ဆီးစွန့်ထုတ်ပေးတဲ့ ဆီးသွားပြွန်က တစ်ဆင့် (ဝမ်း လမ်းကြောင်းကနေ) ဆီးအိမ်ကို ရောက်ရှိလာတဲ့ ဗက်တီးရီးယားတွေက ဆီးလမ်းကြောင်း ပိုးဝင် ခြင်းဖြစ်အောင် အစ ပျိုးပေးလိုက်တာ ဖြစ်ပါ တယ်။
ရောဂါလက္ခဏာများ
ဆီးအိမ် ပိုးဝင်ခြင်းရဲ့ လက္ခဏာတွေကတော့ အသေးအဖွဲ့ကနေ အလွန်ဆိုးရွားတဲ့ ဝေဒနာ အထိ ဖြစ်စေနိုင်ပါတယ်။
ဆီးသွားတဲ့အခါ နာကျင်တာ
ဆီးသွားနေစဉ် ပူစပ်ပူလောင်ခံစားရတာ
မကြာခဏဆီးသွားချင်တာ
တကယ်ဆီးသွားတဲ့အခါမှာတော့ နည်းနည်း လေးသာထွက်တာ
ဆီးအရောင် နောက်တာ
သွေးပါတာ
ဆီးအနံ့ပြင်းတာ
ဗိုက်နာတာနဲ့
ဖျားတာတွေ ဖြစ်တတ်ပါတယ်။
ကုသမှု
ဆီးအိမ် ပိုးဝင်တာဟာ မပြင်းထန်ရင် သူ့ဘာသာသူ ပျောက်သွားနိုင်ပေမယ့် အများ အားဖြင့် ပဋိဇီဝ ပိုးသတ်ဆေးတွေနဲ့ ကုသဖို့ လိုအပ်ပါတယ်။ စနစ်တကျ ကုသ ရင်တော့ ဆီးအိမ် ပိုးဝင်တာက အများအားဖြင့် နောက်ဆက်တွဲ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ဆီးအိမ် ပိုးဝင်တာကို ဂရုမစိုက်ဘဲ စနစ်တကျ ကုသမှု မလုပ် ရင်တော့ ရောဂါပိုးတွေ ဟာ ဆီးအိမ် ကနေ ကျောက်ကပ် ကို ရောက်ရှိပျံ့နှံ့ သွားနိုင်ပါတယ်။
ဆီးအိမ်ပိုးဝင်ခြင်း အဖြစ်များသူများ
အမျိုးသမီးတွေဟာ အမျိုးသား တွေထက် ဆီးအိမ် ပိုးဝင်တာ ပိုပြီး အဖြစ် များပါတယ်။ အမျိုး သမီးတွေ အားလုံးရဲ့ ၂ဝ ရာခိုင်နှုန်းဟာ ဘဝမှာ အနည်းဆုံး တစ် ကြိမ်တော့ ဆီးလမ်းကြောင်း ပိုးဝင်တာ ဖြစ်နိုင်ပါတယ်။ ဒီရောဂါ ဖြစ်တဲ့ အမျိုးသမီး တွေထဲက ၈ဝ ရာခိုင်နှုန်း ကတော့ တစ်နှစ် အတွင်း နောက်တစ်ကြိမ် ရော ဂါ ပြန်ဖြစ်နိုင်ပါတယ်။
အမျိုးသားတွေ မှာလည်း ဆီးအိမ် ပိုးဝင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အမျိုးသား မှာတော့ အများအားဖြင့် ဆီးကျိတ် ကြီးတာကြောင့် ဆီးလမ်းကြောင်း ပိတ်ဆို့မှု ဖြစ်တာ နဲ့ ဆက်စပ်ဖြစ်ပေါ် တတ်ပါတယ်။
အမျိုးသမီးများနှင့်ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
အမျိုးသမီးတွေ ရဲ့ ခန္ဓာဗေဒ တည်ဆောက်ပုံ မှာ ဆီးသွားပြွန်က ပိုတိုပါတယ်။ ဒီအခါ ဗက်တီးရီယားတွေဟာ ဆီးသွားပြွန် ကနေတစ်ဆင့် ဆီးအိမ် နဲ့ ဆီးလမ်းကြောင်း က တခြား နေရာတွေ ကို ရောက်ရှိဖို့ လမ်းကြောင်းက တိုနေတဲ့ အတွက် ပိုမို လွယ်ကူတာပါ။ လိင်ဆက်ဆံမှုရှိ တဲ့ အမျိုးသမီးတွေမှာ ဘက်တီးရီးယား တွေဟာ ဆီးပြွန် ထဲ သို့ အလွယ်တကူ ရောက်ရှိ သွားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ မှာတော့ ဟော်မုန်း ပြောင်းလဲမှုကြောင့် ဆီးလမ်းကြောင်း ပိုးဝင် ခြင်း ဖြစ်နိုင်ခြေ ပိုများ ပါတယ်။
ဒ့ါအပြင် သန္ဓေ တားဆေးသောက်တဲ့ အမျိုးသမီး တွေမှာလည်း ဆီးလမ်းကြောင်း ပိုးဝင်နိုင် ခြေများပါတယ်။ ဆီးသွားချင်တဲ့ အခါ ချက်ချင်း မသွားဘဲ အချိန်ကြာ ကြာအောင့် ထားတတ်တဲ့ အမျိုးသမီးတွေ မှာလည်း ဖြစ်နိုင်ခြေ များပါတယ်။ အချိန်ကြာကြာ ဆီးပိုက် အသုံးပြုရသူတွေမှာ လည်း သူတို့ရဲ့ ခုခံအား စနစ်မှာ အပြောင်း အလဲ တွေ ဖြစ်လာနိုင်ပါတယ်။ ဆီးတွေရဲ့ စီးဆင်းမှု ကို ပိတ်ဆို့စေတဲ့ ကျောက် ရှိနေရင်လည်း ဆီးအိမ် ပိုးဝင်တာနဲ့ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ တခြား ရော ဂါတွေ ဖြစ်နိုင်ပါတယ်။
ဆီးအိမ်ပိုးဝင်ခြင်းအတွက် ကာကွယ်မှု
ဆီးအိမ် ပိုးဝင်တာနဲ့ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ တခြားရောဂါတွေကို ကာကွယ်ဖို့ အတွက် လိုက်နာ လုပ်ဆောင်နိုင်ရန် အောက်ပါ အကြုံပြုချက် တွေကို ဖော်ပြပေး လိုက်ပါတယ်။
ဖျော်ရည်သောက်ပါ
ဆီးအိမ် ပိုးဝင်တာကို ဆန့်ကျင်တွန်းလှန် နိုင်ဖို့ ချဉ်တဲ့ သစ်သီးဖျော်ရည် တစ်မျိုးမျိုးကို သောက်နိုင်ပါတယ်။ ဒီဖျော်ရည် မှာပါတဲ့ ဗီတာမင် စီက ဆီးလမ်းကြောင်း ပိုးဝင် တာကို ဆန့်ကျင် ကာကွယ်ပေးနိုင်ပါတယ်။
ရေများများသောက်ပါ
ရေများများ သောက်ရင် ဆီးများများသွား အောင် လှုံ့ဆော်ပေးပြီး ခန္ဓာကိုယ်ထဲမှ ဗက်တီးရီးယားတွေကို ဆေးကြော ထုတ်ပစ်လိုက်သလို ဖြစ်စေပါတယ်။ ဆီးအောင့် ထားတဲ့ အကျင့်ရှိသူ ကိုလည်း အိမ်သာကို မသွားရ မနေနိုင်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။
ဆီးသွားချင်တဲ့အခါ အောင့်မထားပါနဲ့
ဆီးသွားချင်တဲ့အခါ မသွားရ မနေနိုင်ဖြစ်တဲ့ အချိန်အထိအောင့်မထားဘဲ ချက်ချင်းသွားပါ။
အန္တရာယ်နည်းတဲ့ ဆက်ဆံမှုဖြစ်အောင်
လိင် ဆက်ဆံမှု မလုပ်ခင်နဲ့ လုပ်ပြီး နောက်မှာ ဆီးသွားပေးတာက ဗက်တီးရီးယားတွေကို ဖယ်ရှားပေးရာမှာ ကူညီနိုင်ပြီး ဆီးလမ်းကြောင်းပိုး ဝင်နိုင်ခြေကို နည်းစေနိုင် ပါတယ်။
သန္ဓေတားနည်းကို လိုအပ်ရင်ပြောင်းပါ
သန္ဓေ တားဆေး သောက်တဲ့ အမျိုးသမီးတွေ နဲ့ Nonoxynol-9 ပါဝင်တဲ့ သုတ်ပိုး သတ်ဆေးကို သုံးတဲ့ အမျိုးသမီးတွေမှာ ဆီးအိမ် ပိုးဝင်နိုင်ခြေများ ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို မကြာ ခဏခံစားရတဲ့ အမျိုးသမီးတွေ အနေနဲ့ သန္ဓေတား နည်းပြောင်း သုံးဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။
တစ်ကိုယ်ရေသန့်ရှင်းမှု လုပ်ပါ
အမျိုးသမီးတွေဟာ အိမ်သာတက် အပြီး သန့်စင်တဲ့ အခါ အူမကြီးမှ ဘက်တီးရီးယား ပိုးတွေ ဆီးပြွန်ဘက်ကို ရောက်ရှိ မလာစေဖို့အတွက် အရှေ့ အနောက်သို့ သာ ဆေးကြော သန့်စင်သင့် ပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို မကြာခဏ ခံစားရတတ်တဲ့ အမျိုးသမီးတွေ အနေ နဲ့ ရေချိုး ကန်ထဲမှာ ရေစိမ် ချိုးတာမျိုး မလုပ်သင့်ပါဘူး။ ရေလောင်း ချိုးတာရေပန်း နဲ့ ချိုးတာတွေသာ လုပ်သင့်ပါတယ်။ မိန်းမ ကိုယ် နဲ့ စအိုနေရာကို သန့်စင်တဲ့ အခါမှာလည်း ဆပ်ပြာ အပျော့စား ကိုသာသုံးပါ။ မိန်းမကိုယ် သန့်စင်တဲ့ စပရေးတွေ ဆပ်ပြာ အပြင်းတွေ၊ မွှေးရနံ့ပါတာ တွေကို မသုံးပါနဲ့။
ဆီးအိမ် ပိုးဝင်ခြင်းဟာ မသက်မသာ ဝေဒနာ တွေကို ခံစားရပေမယ့် ကျန်းမာရေး အတွက် အန္တရာယ် အလွန်မကြီးပါဘူး။ ကျောက်ကပ်ပိုး ဝင်ခြင်းက ဆီးအိမ် ပိုးဝင်ခြင်း ထက် ပိုအန္တရာယ် များပါတယ်။ ကျောက်ကပ် ပိုးဝင်ခြင်း အကြောင်း ကို ဆက်လက်ဖော်ပြလိုက်ပါတယ်။
ကျောက်ကပ်ပိုးဝင်ခြင်း
ကျောက်ကပ် ပိုးဝင်ခြင်းဟာ အများအားဖြင့် ဆီးအိမ် ပိုးဝင်ခြင်းလိုမျိုး ဆီးလမ်းကြောင်း ပိုးဝင် တဲ့ရောဂါတွေကို စနစ်တကျ မကုသတဲ့ အခါ ဖြစ်လာတာပါ။ ဆီးအိမ် ပိုးဝင်ခြင်း ကို ဖြစ်စေတဲ့ ဘက် တီးရီးယားတွေကပဲ ကျောက်ကပ် ပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ် တခြား အစိတ် အပိုင်းမှာ ရောဂါပိုး ဝင်ရောက်ရာမှ ဗက်တီးရီးယား တွေဟာ သွေး စီးကြောင်းကနေ တစ်ဆင့် ကျောက်ကပ်ကို ရောက်ရှိ ကူးစက်တာမျိုး လည်း ဖြစ်နိုင်ပါတယ်။ ကျောက်ကပ် ပိုးဝင်တာ ကို ပိုးသတ်ဆေးတွေ နဲ့ ကုသနိုင်ပါတယ်။
ရောဂါလက္ခဏာများ
ကျောက်ကပ် ပိုးဝင်တဲ့အခါ ဆီးအိမ် ပိုးဝင် ရင် ခံစားရတဲ့ လက္ခဏာတွေ အားလုံးရှိနိုင်ပါတယ်။ ဒါပေမဲ့ ဗိုက်နာတာ နဲ့ ကျောနာတာ ပို ပြင်းထန်နိုင်ပါတယ်။ အဖျားက ၁၂ဝ ဒီဂရီ ဖာရင်ဟိုက် ထက် ကျော်နိုင်ပြီး နှစ်ရက်ထက်ပိုကြာနိုင်ပါတယ်။
ချမ်းတုန်တာ
အန်တာ
အရေပြားနီရဲစိုစွတ်နေတာ
မောပန်းနွမ်းနယ်တာတွေ ဖြစ်နိုင်ပါတယ်။
ရောဂါ လက္ခဏာတွေဟာ အသက်ကြီးတဲ့ လူနာတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။ ကျောက် ကပ်ပိုးဝင်တဲ့ အသက်ကြီး လူနာတွေဟာ အထက် ပါ လက္ခဏာတွေ အပြင် စိတ်ရှုပ်ထွေးနေနိုင်ပါ တယ်။
ကာကွယ်မှု
ဆီးလမ်းကြောင်း ပိုးဝင်ရောဂါတွေကို စနစ်တကျ မြန်မြန် ကုသမှုခံယူခြင်းဟာ ကျောက်ကပ် ပိုးဝင်ခြင်း မဖြစ်အောင် ကာကွယ်နိုင်တဲ့ အကောင်း ဆုံးနည်းလမ်းဖြစ် ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင် ခြင်းကို ဖြစ်စေတဲ့ ဗက်တီရီးယားတွေကို မကုသရင် (သို့မဟုတ်) သင့်တော်တဲ့ ပဋိဇီဝဆေးနဲ့ လုံလောက်အောင် ကုသမှု မယူရင် ကျောက်ကပ် ပိုးဝင်ခြင်း ဖြစ်လာနိုင် တာကြောင့်ပါ။ ဒီ ဗက်တီးယားပိုးတွေဟာ ကျောက်ကပ် နဲ့ ဆီးအိမ်ကို ဆက်ထားတဲ့ ဆီးပြွန်ကနေ တစ်ဆင့် ကျောက်ကပ် ကို ရောက်ရှိ ကူးစက်လာတာ ဖြစ်ပါတယ်။
ကျောက်ကပ်ပိုးဝင်ခြင်းဖြစ်နိုင်ခြေများသူများ
သက်ကြီး ရွယ်အိုတွေနဲ့ ခန္ဓာကိုယ် ခုခံအား စနစ် အားနည်းနေတဲ့ သူတွေဟာ ကျောက်ကပ်ပိုး ဝင်ခြင်း ဖြစ်နိုင်ခြေ များပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ ရောဂါ မကြာ ခဏဖြစ်တတ်သူ (ဒါမှမဟုတ်) ကျောက်ကပ် ကျောက်တည်ခြင်းလိုမျိုး ဆီးလမ်းကြောင်း ပိတ်ဆို့မှုဖြစ်ဖူးတဲ့ သူတွေမှာ လည်း အဖြစ်များပါတယ်။ ဆီးလမ်းကြောင်း ပိုး ဝင် တဲ့ သူတွေဟာ စနစ်တကျ ကုသမှု ခံယူရင်တော့ ကျောက်ကပ် ပိုးဝင်တာ မဖြစ်အောင် ကာကွယ် ထားနိုင်ပါတယ်။
ပဋိဇီဝဆေးတွေ ရွေးချယ်တဲ့အခါ
ဗက်တီးရီးယားပိုး ကူးစက်မှုတွေ အတွက် ပဋိဇီဝ ပိုးသတ်ဆေးတွေ အသုံးပြုတဲ့အခါ ဝင် ရောက် ကူးစက်နေတဲ့ ပိုးကို သတ်နိုင်တဲ့အထိ ရောက်ဆုံး အာနိသင်ရှိပြီး လူနာ အတွက် အသင့်တော်ဆုံး ပဋိဇီဝဆေးကို သုံးရမှာ ဖြစ်ပါတယ်။ ရောဂါပိုး တစ်မျိုးအတွက် အထိရောက်ဆုံး ပဋိဇီဝဆေးဟာ အခြား ရောဂါပိုး အတွက် ထိရောက်ချင် မှ ထိရောက်ပါ လိမ့်မယ်။ ဒါ့အပြင် လူနှစ်ယောက်ကို ကူးစက်တဲ့ ရောဂါပိုး အမျိုး အစားချင်း တူရင်တောင်မှ လူနှစ်ယောက်ရဲ့ ခန္ဓာ ကိုယ်က ဆေးကို ဘယ်လို စုပ်ယူသလဲ၊ နဂို ရောဂါ အခံ ဘာတွေရှိသလဲ၊ တခြား ဘာဆေးတွေ သောက်နေရသလဲ ဆိုတဲ့ အချက်တွေပေါ် မူတည်ပြီး အသုံးပြုသင့်တဲ့ ပဋိဇီဝ ပိုးသတ်ဆေးချင်း မတူ ကွဲပြား သွားနိုင်ပါတယ်။ ဒါကြောင့် ပဋိဇီဝ ပိုးသတ်ဆေးတွေကို ကိုယ့်သဘော နဲ့ ကိုယ်မသောက်သင့်ဘဲ ရောဂါပိုး ကူးစက်ခံရတဲ့အခါ ဆရာဝန်ပြပြီး ညွှန်ကြားချက် အတိုင်း သာ သောက်သင့်ပါတယ်။ ဆရာဝန်က အထက်ဖော်ပြပါ အချက်တွေကို နှိုင်းချိန် စဉ်းစားပြီး အကောင်းဆုံး ပဋိဇီဝဆေးကို ရွေးချယ်ပေးပါ လိမ့်မယ်။ ဓာတ်ခွဲခန်း ရလဒ်တွေ နဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေ အပေါ် မူတည်ပြီး လို အပ်ရင်လည်း ဆေးပြောင်းပေးနိုင်ပါတယ်။
အချုပ်အားဖြင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း လိုမျိုး ကူးစက်တတ်တဲ့ ရောဂါတွေဟာ သတိပြု ဆင်ခြင်ပြီး၊ တစ်ကိုယ်ရည် သန့်ရှင်းမှု နဲ့ အတူ မိမိ ရဲ့ ကျန်းမာရေး အသိ ပညာ ဗဟုသုတနဲ့ ပေါင်းစပ် ကာကွယ်နိုင်တာမို့ ကျောက်ကပ် ပိုးဝင်သွားနိုင်တဲ့ အဆင့် အထိ အဖြစ်မခံဘဲ ကျန်းမာရေး အသိ ကျန်းမာရေး သတိရှိကြပါလို့ တိုက်တွန်းနှိုးဆော် ရေးသားဖော်ပြလိုက်ပါတယ်။
ဒေါက်တာအောင်ဆန်းဝင်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။