ကျန်းမာရေးစာတိုများစုစည်းမှု
ကျောက်ကပ်ရောဂါ
===========
မှန်ကန်သောအစာစားသောက်မှု ပုံစံက ကျောက်ကပ်ရောဂါဖြစ်ပွားခြင်းကို ကာကွယ်တားဆီးနိုင်ပါတယ်။
ဆိုးရွားသော အစာစားသောက်မှု့  ၊ ဆေးလိပ်သောက်ခြင်း အလေ့အထနှင့် အဝလွန်ခြင်းများသည်ကျောက်ကပ်ရောဂါပိုမိုများပြားလာပါတယ် ။
ဆိုးရွားသောအစာစားပုံစံရှိသူတွေစားသုံးပုံမှာ အသားစားသုံးမှုများခြင်း ၊ သကြားများများဖြင့် ဖျော်ထားသော အဖျော်ယမကာများ သောက်သုံးခြင်း ၊ သစ်သီးဝလံအခွံမာသီးများ ၊ ပဲ ၊ ကောက်ပဲသီးနှံများ စားသုံးမှု့ နည်းပါးခြင်း ကဲ့သို့  ဆိုးရွားစွာ အစာစားသောက်မှုပုံစံက ကျောက်ကပ်ရောဂါကို ပိုမိုဖြစ်ပွားလာစေပါသည် ။
...

ထို့ ကဲ့သို့ သင်စားသောက်မှု့ များစားသောက်ခြင်းဖြစ်နေခဲ့လျှင် ပုံမှန်စားသောက်သူများကဲ့သို့  ကျောက်ကပ်ဖြစ်ပွားမှု့ ကို စောစီးစွာ ရောဂါလက္ခဏာပြလေ့ရှိပါသည် ။
ကိုယ့်အလေးချိန် ( BMI )အနည်းဆုံး ၃၀ ရှိသူ အဝလွန်သူများတွင် ကျောက်ကပ်ရောဂါဖြစ်ပွားမှု့ သာမန်လူများထက် နှစ်ဆပိုမိုဖြစ်နိုင်ခြေများပြီး ဆေးလိပ်သောက်သူများ အနေဖြင့် ၆၀ ရာခိုင်နှုန်းကျော် ဖြစ်နိုင်ခြေပိုများပါတယ် ။
ကျောက်ကပ်ရောဂါထိန်းချုပ်နိုင်စေရန်အတွက် သင့်ကိုယ်တိုင် ကောင်းမွန်သော အစာစားသောက်မှု့ မှန်ကန်ပါစေ ၊ ဆေးလိပ်သောက်ခြင်းရှောင်ကျဉ်ပါ ၊ မိမိ ကိုယ်ခန္ဓာအလေးချိန်ကို ပုံမှန်ထိန်းသိမ်းခြင်းဖြင့် လုပ်ဆောင်နိုင်ပါသည် ။
သင့်ပိုင်ဆိုင်သော သင့်ကျောက်ကပ် ရောဂါ မဖြစ်စေရန် ရှောင်သင့်တာကို ရှောင့်လိုက်ပါ ။ကာကွယ်ခြင်းသည့် ကုသခြင်းထက် အကောင်းဆုံးဖြစ်နေလို့ ပါ ။
အသက်ရာကျော် ရှည်ပါစေ
credit to Mg Mandalay

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။