Burmese Treasure
တစ်ခါတုန်းက သမီးလေးတစ်ဦးနဲ့ ဖခင်တစ်ဦးဟာ တံတားတစ်စင်းအပေါ် ဖြတ်ကူးကြတယ် ။ အဖေဖြစ်သူက စိုးရိမ်တဲ့အတွက် သူ့သမီးလေးကိုပြောတယ်။
“ သမီးလေးရေ မြစ်ထဲ ပြုတ်ကျမသွားရအောင် အဖေ့ လက်ကို မြဲမြဲကိုင်ထားနော် ” အဲဒီအခါ သမီးဖြစ်သူက အဖေ့ကိုပြန်ပြောတယ်။
“ ဟင့်အင်း မကိုင်ဘူးဖေဖေ ဖေဖေပဲ သမီးလက်ကို ကိုင်ထားပါ ”
အဲဒီအခါ ဖခင်ဖြစ်သူက အံ့သြသွားပြီး “ ဘာများကွာလို့လဲ သမီးလေးရဲ့ ” လို့ပြန်မေးတယ် ။

“ အကယ်၍ သမီးက ဖေဖေ့လက်ကို ကိုင်ထားလို့ တခုခုဖြစ်တဲ့အခါ သမီးက အဖေ့လက်ကို လွှတ်ချလိုက်ရမှာလေ အကယ်၍သာ ဖေဖေက သမီးလက်ကို ဆုပ်ကိုင်ထားခဲ့ရင် --- သမီးကျိန်းသေသိတာက ဘာတွေဘယ်လိုပဲ ဖြစ်ပျက်နေပါစေ ဖေဖေဟာ သမီးလက်ကို ဘယ်တော့မှ လွှတ်မှာမဟုတ်ဘူး ” တဲ့ ။
###########################################
ဒါကြောင့် ဘ၀မှာ သင့်ကို တကယ်ချစ်တဲ့ သူရဲ့ လက်ကို မြဲမြဲဆုပ်ကိုင်ထားလိုက်ပါ ။ အဲဒီသူဟာ ဘာတွေဘယ်လို ပဲဖြစ်ပျက်နေပါစေ သင့်ကိုဘယ်တော့မှ လွှတ်ချလိုက်မှာမဟုတ်ဘူး ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။